Monday, August 27, 2018

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၂)

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၂)







Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Compactor တွေအသုံးပြုပြီး နိုင်လွန်ကတ္တရာလမ်း ကြိတ်ရာမှာ ဘာ forces တွေကို အသုံးပြုလဲ။
Compactor တွေ အသုံးပြုပြီး compaction လုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ forces တွေအနေနဲ့
(1) Static
(2) manipulation
(3) impact
(4) vibration
ဆိုပြီး အကြမ်းဖြင်းလေးမျိုးရှိတယ်။ Compactor အမျိုးအစားပေါ်မူတည်ပြီး အဲဒီ forces လေးမျိုးထဲက တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုး ဒါမှမဟုတ် လေးမျိုးလုံးသုံးနိုင်တယ်။
Static နဲ့ manipulation force တွေက အားမပြင်းတဲ့ အမျိုးအစားဖြစ်ပြီး၊ dynamic forces တွေဖြစ်တဲ့ impact နဲ့ vibration force တွေက အားပြင်းတဲ့အမျိုးအစားတွေဖြစ်တယ်။
- Static Load ဆိုတာဘာလဲ။ ဘယ်လို compactor တွေမှာ အသုံးပြုလဲ။
Static load ကို အသုံးပြုပြီး compact လုပ်နိုင်တဲ့ compactors အမျိုးအစားတွေက (1) steel drums static rollers (2) vibratory compactors တွေနဲ့ (3) Pneumatic compactors တွေဘဲ။
Pneumatic compactor တွေကို tires compactors သို့မဟုတ် Pneumatic Tires Roller (PTR) လို့လည်းသုံးတယ်။ PTR လို့အလွယ်ခေါ်ကြတာများတယ်။
Steel drum static roller နဲ့ vibratory compactors တွေရဲ့ static load ကို static pressure အနေနဲ့ဖေါ်ပြတတ်သလို linear load အနေနဲ့လည်းဖေါ်ပြလေ့ရှိတယ်။ Static pressure ကိုသိချင်ရင် compactor မှာတပ်ထားတဲ့ steel drum ရဲ့ weight ကို အဲဒီ drum ရဲ့ကတ္တရာသားပေါ်ထိနေတဲ့ area နဲ့ အချိုးချခြင်းဖြင့်သိနိုင်တယ်။ Drum weight များရင် သို့မဟုတ် contact area နည်းရင် static pressure များမယ်။ Static pressure ကို kPa သို့မဟုတ် psi နဲ့ပြလေ့ရှိတယ်။
Linear load ကိုသိချင်ရင်တော့ drum ရဲ့ weight ကို drum ရဲ့ width နဲ့စားရမယ်။ Linear load ကို kg/cm သို့မဟုတ် pound per liner inch (PLI) ဆိုပြီးပြလေ့ရှိတယ်။ Steel drum static roller နဲ့  vibratory compactors တွေရဲ. linear load က တသမတ်တည်းရှိတယ်။
- Steel drums static rollers နဲ့ vibratory compactors တွေက ဘယ်လိုကွာတာလဲ။
Steel drums static rollers ဆိုတာက အလွယ်တကူပြောရရင် ရှေ့မှာ steel drum တစ်လုံး နဲ့ နောက်မှာ steel drums နှစ်လုံးပါပြီး စက်ရဲ့ weight ကိုသုံးပြီး ရှေ့တိုးနောက်ဆုတ် rolling လုပ်ပြီး ကြိတ်ရတဲ့ လမ်းကြိတ်စက်ဘဲ။ အဲဒါကြောင့် သူ့ကို Roller လို့ဘဲ အလွယ်တကူခေါ်ကြတယ်။
Vibratory compactors တွေမှာကျတော့ steel drum ရှေ့တစ်လုံး၊ နောက်တစ်လုံး နှစ်လုံးပါပြီး လမ်းကြိတ်ရာမှာ static load အပြင် vibratory forces တွေပါ အသုံးပြုပြီး compact လုပ်လို့ရတဲ့အတွက် သူ့ကိုကြတော့ compactor လို့ အသုံးများတယ်။ တချို့ကလည်း roller လို့ဘဲ အလွယ်တကူသုံးတုန်းဘဲ။ Drum ရှေ့နောက်တစ်လုံးစီတပ်ထားလို့ Tandem Roller လို့ လည်း ခေါ်ကြသေးတယ်။ သူ့ရဲ့သဘောသဘာဝအရ vibratory compactor လို့သုံးတာတော့ ပိုသဘာဝကြတယ်လို့ ထင်တယ်။
- ဟုတ်ပါပြီ။ ဒါဆို Static Rollers တွေမှာ static load တစ်ခုဘဲ သုံးလို့ရတာဆိုတော့ weight များလေလေ compaction ကောင်းလေလေပေါ့။
အဲဒီလိုတော့ အလွယ်တကူပြောလို့မရဘူး။ ဒီနေရာမှာ တခုသိထားရမှာက စက်တစ်စီးလုံးရဲ့ weight များတိုင်း linear load များတယ်လို့ယူဆလို့မရဘူး။ စက်ရဲ့ weight ထက် linear load ကသာ တကယ် compaction လုပ်တဲ့ force ဘဲ။ ဥပမာ စက်တခုလုံးရဲ့ weight ချင်းတူတဲ့ rollers နှစ်စီးမှာ တစ်စီးက drum weight ပိုများရင်ဖြစ်စေ၊ drum width ကျဉ်းရင်ဖြစ်စေ linear load များမယ်။ linear load များနေရင် အဲဒီစက်က compaction ပိုကောင်းတာဘဲ။
- PTR လို့ခေါ်တဲ့ တာယာရိုလာတွေမှာရော static pressure ကိုဘယ်လိုသိနိုင်လည်း။
PTR တွေမှာ တာယာ ၇-လုံး၊ ၈-လုံး၊ ၉-လုံး စသည်ဖြင့်ပါတယ်။ သူ့ရဲ့ pressure ကို သိဖို့အတွက် စက်တစ်စီးလုံးရဲ့ weight ကို တပ်ထားတဲ့တာယာအရေအတွက်နဲ့စား၊ အဲဒါဆို တာယာတလုံးပေါ်မှာ သက်ရောက်နေတဲ့ အားကိုရမယ်။ အဲဒီအားကို တာယာတစ်လုံးစီရဲ့ ကတ္တရာသားနဲ့ ထိတွေ့နေတဲ့ area နဲ့စားရင် သူရဲ့ ground pressure သို့မဟုတ် static pressure ရမယ်။ တာယာပေါ်သက်ရောက်တဲ့စက်ရဲ့weight များရင် သို့မဟုတ် တာယာရဲ့လေပေါင်ကိုတင်လိုက်ရင် contact area နည်းသွားပြီး ground pressure များလာမည်။ pressure များလာရင် ကတ္တရာသားထဲ ပိုပြီး နက်နက်သက်ရောက်နိုင်တယ်။ တမျိုးပြောရင် ကတ္တရာသားထူထူကြိတ်နိုင်တယ်။ နောက်ပိုင်းခေတ်ပေါ် PTR တွေမှာ စက်ရဲ့ weight ကို အမျိုးမျိုးပြောင်းလို့ရသလို တာယာရဲ့လေပေါင်ကိုလည်း စက်မောင်းနေစဉ် အပြောင်းအလဲလုပ်လို့ရတဲ့ air-on-the-run လို့ခေါ်တဲ့ စနစ်တွေ ထည့်ဝယ်လို့ရတယ်။ Steel drums roller တွေမှာတော့ linear load ကိုပြောင်းလို့မရပေမဲ့ PTR တွေမှာတော့ ground pressure ကို စက်ရဲ့weight ကိုပြောင်း၍၎င်း၊ တာယာရဲ့လေပေါင် ပြောင်း၍၎င်း လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို ပြောင်းလဲပေးလို့ရတယ်။
Manipulation ဆိုတာကရောဘာလဲ။
- Manipulation ဆိုတာလည်း static force တမျိုးပါဘဲ။ ဒါပေမဲ့ သူကအားကို ကတ္တရာလမ်းပေါ်ထောင့်မှန်ကျ သက်ရောက်ရုံသာမကဘဲ direction မျိုးစုံကနေ သက်ရောက်စေတာဖြစ်တယ်။ ဂျုံနယ်တဲ့ သဘောသဘာဝနဲ့တူတယ်။ Manipulation force က ကတ္တရာသားကို ဘက်ပေါင်းစုံက သက်ရောက်ဖိနှိပ်စေတဲ့အတွက် ကတ္တရာသားကိုပို၍ကျစ်လစ်စေပြီး surface texture ကောင်းကိုရစေတယ့်အပြင် moisture penetration ကိုလည်း နည်းပါးစေတယ်။ Manipulation forces အသုံးပြုတဲ့ စက်တွေက PTR နဲ့ Oscillation ပါအသုံးပြုလို့ရတဲ့ vibratory Compactor တွေဖြစ်တယ်။
- Manipulation forces သုံးတဲ့စက်တွေက နိုင်လွန်ကတ္တရာလမ်းတိုင်းမှာ သုံးလို့ရလား။
Dense-graded mixes တို့၊ SMA တို့မှာတော့ ပြဿနာမရှိဘူး။ သုံးလည်းသုံးတယ်။ သုံးလည်းသုံးသင့်တယ်။ ဒါပေမဲ့ Porus asphalt (Open-Graded Friction Course OGFC) အမျိုးအစားကတ္တရာခင်းရင်တော့ manipulation forces ကိုအသုံးမပြုရဘူး။ Porous asphalt ရဲ့ ရည်ရွယ်ချက်က ရေကိုကတ္တရာအလွှာထဲကနေ ဖြတ်စီးနိုင်အောင် အသုံးပြုတာ။ air voids အရမ်းများတယ်။ OGFC placement and compaction အကြောင်း နောက်များ အလျင်းသင့်ရင် ပြောကြသေးတာပေါ့။
- တခြားကျန်သေးတဲ့ Forces အကြောင်းတွေပြောပါဦး။
နောက်ရက်မှ ဆက်ကြရအောင်ဗျာ
Credit 
ဝိုင်ကေတီ (စက်မှု)

0 comments:

Post a Comment

Disqus Shortname

Comments system