Monday, August 27, 2018

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁)

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁)
Compaction Measurement and Reporting of AC pavement
- နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကဘာလဲ။
နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်က နိုင်လွန်ကတ္တရာအတွင်းမှာရှိတဲ့ လေရဲ့ထုထည် လျော့ကျသွားအောင်လို့ဖြစ်ပါတယ်။ ပြင်ပမှ forces များကို (compactor ၏ forces များ) အသုံးပြုခြင်းဖြင့် နိုင်လွန်ကတ္တရာအရောအနှောအတွင်းပါသော aggregates ဟုခေါ်သော ကျောက်များနေရာရွေ့ပြီး ပိုမိုပူးကပ်စေခြင်းဖြင့် လေခိုပေါက်လေးများကို ကျဉ်းမြောင်းစေသည်။ ၎င်း air voids လို့ခေါ်တဲ့ လေခိုပေါက်လေးတွေရဲ့ထုထည်က နိုင်လွန်ကတ္တရာထုထည်ရဲ့ ရာခိုင်နှုန်းဘယ်လောက်ပါသလဲ ဆိုတာကိုတိုင်းတာပြီး Percent Air Voids အနေဖြင့်ဖေါ်ပြလေ့ရှိတယ်။
- အဲဒီ Percent Air Voids ကို ဘယ်လိုသိနိုင်သလဲ။
Percent Air Voids ကို ၎င်းနိုင်လွန်ကတ္တရာရဲ့ Theoretical Maximum Density (TMD) နဲ့ test specimen ရဲ့ Bulk Density ကို အသုံးပြုပြီးတွက်နိုင်တယ်။
- Percent Air Voids တွက်ဖို့ ကိုးကားရမည့် standards တွေ procedure တွေ ရှိလား။
ရှိပါတယ်။ AASHTO T269 ဒါမှမဟုတ် ASTM 3203 စတဲ့ standards တွေမှာပါတဲ့ procedures တွေအတိုင်းတွက်နိုင်တယ်။ အဲဒီထဲက procedures တွေအရဆိုရင် လမ်းကြိတ်ပြီးတဲ့ နိုင်လွန်ကတ္တရာလမ်းကနေပြီး အချင်း ၄-၆ လက်မ (၁၀၀-၁၅၀ မီလီမီတာ) ရှိတဲ့ core sample တွေကိုစက်နဲ့တူးထုတ်ပြီး ဓါတ်ခွဲခန်းပို့ပေးရတယ်။ ဓါတ်ခွဲခန်းမှာ ၎င်း core sample တွေရဲ့ Bulk Specific Gravity (Gmb) ကိုတွက်ယူရတယ်။ ရတဲ့ Bulk Specific Gravity ရယ် Theoretical Maximum Specific Gravity (Gmm) ရယ်ကို အောက်က formula ထဲမှာထည့်ပြီး Percent Air Voids ကိုရှာလို့ရတယ်။
Percent Air Voids = 100 * (Gmm - Gmb) / Gmm
အဲဒီနည်းတွေနဲ့ Percent Air Voids ကိုရှာတာက အတိကျဆုံးဖြစ်ပေမဲ့ အချိန်ကုန်ပြီး ငွေကုန်ကြေးကျများတယ်။
- Percent Air Voids နဲ့ Density ကဘာကွာလဲ။
နိုင်လွန်ကတ္တရာမှာ အဓိကစိတ်ဝင်စားတာက Percent Air Voids ဘဲ။ ဒါပေမဲ့လည်း မကြာခဏ Percent Air Voids ကို Density အနေနဲ့ interpret လုပ်ပြီးသုံးလေ့ရှိတယ်။ ဥပမာအနေနဲ့ 4% Air Voids အစား 96% of density လို့လည်းဖေါ်ပြနိုင်တယ်။
- Percent Air Voids ကိုစမ်းတာ အချိန်ကုန်ငွေကုန်များတယ်ဆိုတော့ compaction ကိုစမ်းဖို့ အခြားနည်းလမ်းတွေရှိသေးလား။
Percent Air Voids ကိုတိုက်ရိုက်မတိုင်းဘဲ density ကို Nuclear Density Gauge ကိုသုံးပြီးဖြစ်စေ၊ Non-Nuclear Density Gauge (Electrical Density Gauge) ဖြစ်တဲ့ Pavement Quality Indicator (PQI)ကိုအသုံးပြု၍ဖြစ်စေ တိုင်းတာလို့ရပါတယ်။
- အဲဒီနည်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေ ပြောပါဦး။
အဲဒီနည်းသုံးမျိုးဖြစ်တဲ့
1. Core Extraction Method
2. Nuclear Density Gauge Method
3. Electrical Density Gauge Method တွေမှာ တစ်ခုခြင်းစီအလိုက် အားနည်းချက်အားသာချက်တွေရှိတယ်။ အကြမ်းအားဖြင့် cold sample method က အတိကျဆုံးအဖြေထုတ်ပေးနိုင်သော်လည်း အချိန်ကုန်ငွေကုန်များတယ်။ အဲဒါကြောင့် core sample အများကြီးကောက်ဖို့ခက်ခဲတယ်။ အဖြေချက်ချင်းမရဘူး။ Nuclear density method ကျတော့ density value ကိုချက်ချင်းအဖြေထုတ်ပေးနိုင်သော်လည်း radioactive source ပါတဲ့အတွက် license လိုတယ်။ Electrical Density Gauge ဖြစ်တဲ့ PQI ကတော့ radioactive source မပါတဲ့အတွက် လိုင်စင်မလိုဘူး။ Density ကိုချက်ခြင်းထုတ်ပေးနိုင်တဲ့အပြင် Mat Temperature ကိုပါဖေါ်ပြပေးတဲ့ အားသာချက်ရှိသည်။ သို့သော် PQI ကနည်းပညာအသစ်ဖြစ်တဲ့အတွက် industry က လက်သင့်ခံနိုင်ဖို့အတွက် အချိန်ပေးရဦးမယ်။ တော်တော်များများ agencies တွေက PQI အသုံးပြုခြင်းကို လက်ခံကျင့်သုံးနေပြီဖြစ်သော်လည်း တချို့သော နိုင်ငံများနဲ့ အေဂျင်စီများက အသုံးပြုခွင့်ပေးနိုင်ရန် ဆွေးနွေးဆဲဖြစ်တယ်။ သတိပြုရမှာက Nuclear ရော၊ PQI ရော အသုံးပြုရာတွင် core sample ရဲ့ data တွေနဲ့ correlate လုပ်ပေးရတယ်။ Calibrate လုပ်ပေးရတယ်။ Proper Correlation မလုပ်ထားခဲ့ရင် results ရဲ့ accuracy ကျတယ်။
- အဲဒါဆို ဘယ်နည်းကို အသုံးပြုသင့်သလဲ။
ဘယ်နည်းအသုံးပြုရမလဲဆိုတာတော့ contract ပေါ်မှာအဓိကမူတည်တယ်။ ပုံမှန်အားဖြင့် စာချုပ်ချုပ်ရင် အသုံးပြုရမည့် compaction measurement methods နဲ့ equipment အမျိုးအစားတွေကို စာချုပ်ထဲမှာထည့်သွင်း ဖေါ်ပြလေ့ရှိတယ်။ များသောအားဖြင့် core sample method နဲ့ nuclear density method ကို တွဲသုံးခိုင်းလေ့ရှိတယ်။
- Compaction report တွေကို ဘယ်လိုပေးလေ့ရှိလဲ။
အထက်မှာပြောခဲ့သလိုဘဲ အဓိကစိတ်ဝင်စားတာတော့ Percent Air Voids ဘဲ။ ဒါပေမဲ့ report မှာကျတော့ density percentage အနေနဲ့ အောက်ကသုံးမျိုးထဲက တမျိုးမျိုးနဲ့ပေးခိုင်းလေ့ရှိတယ်။
(1) Percentage of Theoretical Maximum Density (Rice Density)
(2) Percentage of Lab Density
(3) Percentage of a control test strip density
- Percent Air Voids က ဘယ်လောက်ရှိသင့်လဲ။
အဲဒါက mix design ပေါ်မှာ မူတည်တယ်။ အသုံးများတဲ့ Dense-graded Hot Mix Asphalt မှာဆိုရင်တော့ 3% - 8% အတွင်းမှာ ရှိသင့်တယ်။ သုသေတနစာတမ်းတစ်စောင်ရဲ့အဆိုအရ air voids 7% ထက် 1% ပိုများသွားတိုင်း pavement life 10% ကျဆင်းသွားတယ်လို့ဆိုတယ်။
- Dense-graded Hot Mix Asphalt မှာ air voids 3% ထက်နည်းပြီး 8% ထက်များရင် ဘာတွေဖြစ်နိုင်လဲ။
သုသေတနစားတမ်းတွေရဲ့ တွေ့ရှိချက်တွေအရ
- Air voids များသွားရင် stiffness, tensile strength နဲ့ stability ကျသွားလေ့ရှိတယ်။
- Air voids များရင် လမ်းရဲ့ fatigue life ကျတယ်။ Air voids 1% တိုးလာတိုင်း fatigue properties 30-40% ထိလျော့ကျလေ့ရှိတယ်။ Air voids ကို 8% ကနေ 3% အထိ လျော့ချလိုက်ရင် fatigue life နှစ်ဆတက်သွားတယ်လို့ဆိုတယ်။
- Well-designed paving mixture ကို Air voids နည်းအောင် သေချာကြိတ်ခင်းထားပါက asphalt binder harden ဖြစ်နှုန်းကြာရှည်ပြီး pavement သက်တမ်းရှည်စေတယ်။ pavement maintenance cost သက်သာစေတယ်လို့ တွေ့ရတယ်။
- Air voids 8% ထက်များရင် raveling က အဓိကပြဿနာဖြစ်လာပြီး 15% ကျော်ရင် raveling ဆိုးဆိုးရွားရွားဖြစ်ပေါ်စေတယ်။
- Rutting ဖြစ်နှုန်းကတော့ Air voids နဲ့ ပြောင်းပြန်အချိုးကျတယ်။ Air voids အရမ်းနိမ့်ပါက vertical consolidation နဲ့ lateral consolidation ဆိုတဲ့ rutting type နှစ်မျိုးလုံး မြန်မြန်ဆန်ဆန်ဖြစ်လေ့ရှိတယ်။
- Compaction လုံလောက်အောင်ကြိတ်မထားသော နိုင်လွန်ကတ္တရာလမ်း(Insufficient compacted HMA ) များမှာ air voids များပြီး moisture ကြောင့် လမ်းပျက်စီးမှုမြန်ဆန်စေသည်ကို တွေ့ရတယ်။
အထက်ပါ အကြောင်းတွေ၊ တွေ့ရှိချက်တွေအရ dense-graded HMA အမျိုးအစား နိုင်လွန်ကတ္တရာလမ်းအတွက် air voids 3-8% အတွင်းထားခြင်းသည် အကောင်းဆုံးဖြစ်တယ်လို့ သုံးသပ်ထားတယ်။
ဆက်ပါဦးမည်
Credit
ဝိုင်ကေတီ (စက်မှု)
Ye Kyaw Thu

0 comments:

Post a Comment

Disqus Shortname

Comments system