CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Thursday, December 31, 2015

Google SketchUp 8 (Myanmar)



Google SketchUp 8 (Myanmar)
Attachments:
  Download (2288Kb) 

တခြား Ebook များ

အဆောက်အအုံလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာလက်စွဲ - ဦးကျော်နိုင်



အဆောက်အအုံလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာလက်စွဲ - ဦးကျော်နိုင်
Attachments:
  Download (9636Kb)

U Nyi Hla Nge - Refresher course and field reference manual for site engineers and inspectors


U Nyi Hla Nge - Refresher course and field reference manual for site engineers and inspectors

Download

www.ceanalysisofrates.com

Basics but essentials to know (6) Dowel & Tie Bars in Concrete Pavement Joints

Basics but essentials to know (6)
Dowel & Tie Bars in Concrete Pavement Joints

Dowel Bars တွေကို ကွန်ကရစ်လမ်းရဲ့ ကန့်လန့်ဖြတ် (Transverse Joints) တလျောက် Slab ရဲ့ အလယ် (mid-depth) မှာထည့်ရပါတယ်။
ထည့်ရတဲ့ ရည်ရွယ်ချက်က Slab တကွက်နဲ့ တကွက် load transfer လုပ်ဖို့ပါ။ Movement ကိုတော့ မချုပ်ထားပါဘူး။ ဒါကြောင့် ချောမွတ်တဲ့သံလုံး (သို့) Epoxy သုတ်ထားတဲ့ သံလုံး (round, smooth, epoxy coated steel bars)ကို သုံးရပါတယ်။
Dowel Bars ရဲ့ Diameter ကိုတော့ Germany ကတော့ 25mm လို့ သတ်မှတ်ပြီး USA ကတော့ Concrete thickness 200mm အောက်ကို 25mm, 200-250mm ကို 32 mm နဲ့ 250 mm အထက်ကိုတော့ 38mm လို့ သတ်မှတ်ထားပါတယ်။
Dowel length ကတော့ Germany က 500 mm နဲ့ USA က 450 mm လို့ သတ်မှတ်ထားပါတယ်။
Dowel Spacing ကိုတော့ Germany က ဘီးလမ်းကြောင်း (Wheel Path) မှာ 250mm ခြားနဲ့ အဲ့အပြင်ကိုတော့ 500mm ခြားလို့ ပြောပါတယ်။ USA ကတော့ 300mm နဲ့ Non-uniform လို့ ပေးပါတယ်။
Tie Bars တွေကိုတော့ ကွန်ကရစ်လမ်းရဲ့ အလျားလိုက် (Longitudinal Joints) တလျောက် Slab ရဲ့ အလယ် (mid-depth) မှာထည့်ရပါတယ်။
ထည့်ရတဲ့ ရည်ရွယ်ချက်က လမ်း lane တစ် lane နဲ့ lane တစ် lane ကွာမသွားအောင် နောက် အနိမ့် အမြင့် (Differential Settlement) မဖြစ်ရအောင်ပါ။ Load Transfer လုပ်ဖို့ထည့်တာ မဟုတ်ပါဘူး။ သူကိုတော့ Deformed Bars သုံးရပါတယ်။
Tie Bar ရဲ့ Diameter ကိုတော့ Germany ကတော့ 20mm နဲ့ USA က 12.5mm နဲ့ 16mm လို့ ပြောပါတယ်။
Tie Bar Spacing ကတော့ Germany က Construction Joint အတွက်ကို slab တစ်ကွက်အတွက် 5 ချောင်းနဲ့ Contraction Joint အတွက်ကိုတော့ 3 ချောင်းလို့ ပြောပါတ.်။ USA ကတော့ Bar Dia 12.5 နဲ့ 16mm အတွက်ကို တမျိုးစီ Table နဲ့ ပေးပါတယ်။
Ref: Dowel and Tie Bars in Concrete Pavement Joints: Theory and Practice by Lev Khazanovich
A Self-Learning Manual, Mastering Different Fields of Civil Engineering Works by Vincent T. H. CHU
(ဗိုလ်ဗိုလ်ကျော်)

Causes of Formwork Failures (3)


Causes of Formwork Failures (3)
2) Inadequate Bracing
Formwork တွေပြိုကျစေတဲ့ အကြောင်းရင်းတွေက ရိုးရိုးရှင်းရှင်း Vertical loading (အပေါ်ကလာတဲ့ အလေးဝန်) တွေကြောင့်ချည်းပဲ ရယ်လို့ မဟုတ်ပါဘူး။
တနေရာတည်းကို ကွန်ကရစ်တွေ စုပုံလောင်းတဲ့အခါ၊ ဒါမှမဟုတ် စက်ယန္တရားတွေ၊ ပစ္စည်းတွေ တနေရာတည်း စုပုံတဲ့အခါ load (အလေးဝန်) တွေတနေရာတည်းမှာ စုပုံကုန်ပြီး Formwork တွေပြိုကျကုန်ပါတယ်။
ဒါပေမယ့် Formwork တွေ failure (ပြိုကျ) ဖြစ်ရတာရဲ့ အဓိကအကြောင်းက ထောက်ထားတဲ့ ဒေါက်တိုင်တွေကို ဘေးတိုက်တွန်းတဲ့အားတွေ ဖြစ်ပေါ်ရခြင်းရဲ့ ဖြစ်ပါတယ်။
Cross bracing တွေ Horizontal bracing တွေ မလုံလောက်တာက Formwork တွေ failure (ပြိုကျ) ဖြစ်ရတာရဲ့ အများဆုံးအကြောင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။
တနေရာမှာ အသေးစားလေး Failure (ပြိုကျ) ဖြစ်ပြီးဆိုရင်ကို Bracing တွေ မလုံလောက်ရင် အဲ့တနေရာကနေ နေရာတော်တော်များများကို ဒါမှမဟုတ် အတွဲလိုက်ကြီး Formwork system တခုလုံးကို ပြိုကျသွားစေနိုင်ပါတယ်။
3) Vibration
တခါတလေတော့လဲ ယာဉ်တွေ ပစ္စည်းပစ္စယတွေ လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေ ကွန်ကရစ်ကို vibrator ထိုးတာတွေကနေ vibration (တုန်ခါမှု) တွေဖြစ်ပြီး ထောက်ထားတဲ့ ငြမ်းတွေရွှေ့ပြီး Formwork တွေပြိုနိုင်ပါသေးတယ်။
Case တခုမှာဆိုလို့ရှိရင် Roof deck (အမိုးပြင်တခု) ကို အလျော့အတင်းလုပ်ယူလို့ရတဲ့ (Extensible jacks) တွေနဲ့ diagonal bracing မပါပဲ ထောက်ထားပါတယ်။
ကွန်ကရစ်လောင်းတဲ့အခါကြတော့ ထောက်ထားတဲ့ဒေါက်တချို့က လောင်းတဲ့ပြင်ပေါ်မှာ သွားလာကြတဲ့ Concrete buggies တွေကြောင့် vibration ဖြစ်ပြီး Formwork တွေ failure ဖြစ်ပါတော့တယ်။
ဒီ case မှာ Vibration က Failure ဖြစ်ရတာရဲ့ ကနဦးအကြောင်းရင်း ဖြစ်ပေမယ့် diagonal bracing တွေမပါတာက လုံးဝပြိုကျရခြင်းရဲ့ နောက်ဆက်တွဲ အဓိကအကြောင်းတရားပဲ ဖြစ်ပါတယ်။
နောက်ဆက်ရေးပါဦးမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)

Causes of Formwork Failures (2)



Causes of Formwork Failures (2)

ဆောက်လုပ်ရေးကာလအတွင်းမှာ Failure (ပြိုတဲ့) ဖြစ်ရတာရဲ့ အကြောင်းအများစုက ကွန်ကရစ်လောင်းတုန်း Formwork Failures (ငြိမ်းပြိုကျတာ) ဖြစ်လို့ ဖြစ်ပါတယ်။

Formwork system တစ်ခုက သူ့အပေါ်မှာ လောင်းချမဲ့ concrete တွေကို ထမ်းထားရပြီး stable(တည်ငြိမ်) ဖြစ်တဲ့ structure တစ်ခုမဟုတ်ပါဘူး။
ဒီအချိန်မှာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လို့ member တစ်ချောင်းတစ်လေ ပျက်စီးသွားရင်ကို Formwork structure တစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။
ဘာပဲပြောပြော formwork design ကောင်းကောင်း လုပ်ထားမယ် နောက် construction မှာလည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်ဆိုရင်တော့ ဒီလိုအဖြစ်မျိုးကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။

Formwork failure ဖြစ်တဲ့အထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတစ်ခု ရှိပါတယ်။
လုပ်ရမယ့်ပုံစံကလည်း ဒီပုံစံပဲ design ကလည်း ဒီပုံစံပဲ ဒါကို အမှားအယွင်းမရှိ အကြိမ်အများကြီး လုပ်လဲ လုပ်ခဲ့ဖူးပြီ။
ဒါပေမယ့် ဒီလိုမပြိုခဲ့တာက ကံကောင်းနေလို့လဲ ဖြစ်နိုင်ပါတယ်။
တကယ်တမ်းမှာ lateral bracing (ကျား) တွေ သေချာမထည့်ခဲ့ဘူး။ ဒါပေမယ့်လဲ ကံကောင်းလို့ lateral (ဘေးတိုက်တွန်းအား)ကြီးကြီးမားမား မဖြစ်ခဲ့တော့ ဘာ accident မှာမဖြစ်ခဲ့ဘူးပေါ့။
ဒါမျိုးနောက်တခါလုပ်တုန်းမှာ ကွန်ကရစ်တွေ တနေရာတည်းပုံမိတာမျိုးလို lateral force ပေါ်လာစေတဲ့အခါမျိုးမှာ ပြိုတော့တာပါပဲ။



Causes of Formwork Failures

Formwork Failures ဖြစ်စေတဲ့တဲ့အကြောင်းတွေကတော့


1) Improper Stripping and Shore Removal
အချိန်မတန်ခင် formwork တွေဖြုတ်တာ၊ ပြန်ထောက်တာ (Reshore) တွေမှာလည်း သတိလက်လွတ်လုပ်မိတဲ့ အခါ Structure ကြီးတစ်ခုလုံးကို ပြိုကျတာ ဒါမှမဟုတ် ချို့ယွင်းမှုတွေကို ဖြစ်စေပါတယ်။

၁၉၇၂ က Virgina မှာ Shore(ထောက်ထားတာ) တွေကို စောစောဖြုတ်မိတဲ့အတွက် ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။
အဲ့အဆောက်အဦက ၂၆ထပ် နဲ့ Penthouse ပါပါတယ်။ Flat Plate နဲ့ Apartment building ပါ။ Basement ကတော့ ၄ထပ်ပါ။ Column layout (တိုင်ပန္နက်) က ၂၆ထပ်လုံးတူပြီး 20-20 ft ကြားဝေးပါတယ်။
Structure design က အဲ့ project complex မှာရှိတဲ့ ဆောက်ပြီးလူတောင်နေထိုင်နေတဲ့ အဆောက်အဦ(၂)လုံးနဲ့ တပုံစံတည်း အတူတူပါပဲ။

Floor တခုကို 7 ရက်နဲ့ ရာသီဥတုအတွက်ထပ်ဆောင်း ၁ရက်နဲ့ ကွန်ကရစ်လောင်းဆိုပြီး ပထမ ၂၁ထပ်ကို အဲ့ပုံစံနဲ့တက်ပါတယ်။
Form(ပုံ) ကို အောက်က 7 ရက်သားရှိတဲ့ ကြမ်းခင်းကထမ်းထားပါတယ်။အဲ့ကြမ်းခင်းကိုလည်း အောက်က 14ရက်သားရှိတဲ့ ကြမ်းခင်းကနေ ထောက်ထားပါတယ်။

အဲ့နောက်မှာ အလုပ်ကို အရှိန်မြှင့်ပြီးလုပ်လာပါတယ်။
အဲ့လိုအရှိန်မြှင့်ပြီးနောက် 24 ထပ်လောင်းပြီးတဲ့အချိန်မှာ ပြိုပါတော့တယ်။
24 ထပ် ကို 5ရက်သားရှိတဲ့ 23ထပ်က ထမ်းထားပါတယ်။ အလုပ်သမားတွေက 23ထပ်ကို ထောက်ထားတဲ့ Shore (ဒေါက်) တွေကို ဖြုတ်လိုက်ပါတယ်။
Structure Designer ပေးထားတာက လောင်းတဲ့ ကြမ်းပြင်အောက် 2ထပ်စာအပြည့် Shore ထောက်ပြီး 1ထပ်ကိုတော့ Reshore (ပြန်ထောက်) ခိုင်းထားတာပါ။
Overload ခံရတဲ့ 23ထပ်က column အနားတဝိုက်မှာ Shear failure ဖြစ်ပြီး ပြိုပါတယ်။ အဲ့နောက် အဆောက်အဦတခုလုံးပါဆွဲချပြီး အားလုံးပြိုပါတော့တယ်။
ဒီဖြစ်ရပ်မှာ လူ(၁၄)ဦး သေဆုံးခဲ့ရပါတယ်။
နောက်ဆက်ရေးပါဦးမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)


Causes of Formwork Failures (1) Introduction



Causes of Formwork Failures (1)
Introduction

20.6.2015 နေ့လည် ၂ နာရီကျော်လောက်က မင်္ဂလာမန္တလေး အိမ်ယာစီမံကိန်းက Pullman hotel ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကွန်ကရစ်လောင်းတုန်း ထောက်ထားတဲ့ ငြမ်းတွေ (Falsework, Formwork) တွေ ပြိုကြပါတယ်။
အဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ(၂)ဦး၊ ဆေးရုံမှာအတွင်းအပြင်လူနာ(၂၀)ဦး ရှိခဲ့ပါတယ်။
ဒီလိုကြွေကွဲစရာဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် နောက်နောက်ဒါမျိုးထပ်မကြုံကြိုက်ရလေအောင် နောင်ရှောင်ကျဉ်နိုင်ဖို့ ဖြစ်ပွားရတဲ့အကြောင်းအရင်း စုံစမ်းဖော်ထုတ်နိုင်ဖို့လိုအပ်ပါတယ်။
အခုအချိန်မှာ အားလုံးလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး Awareness ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒီလို Formwork Failures တွေဖြစ်ရတဲ့ အကြောင်းအရင်းတွေ သိရှိထားနိုင်ဖို့အတွက် ဖတ်မှတ်ထားတာလေး ပြန်ဝေမျှပါမယ်။
Formwork
Formwork ဆိုတာ concrete လောင်းဖို့အတွက် mold (မို) တခုဆိုတာထက် Temporary structure (ယာယီအဆောက်အအုံ) တခုလို့ပြောရင် ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ဘာလို့ဆို သူတို့က သူတို့ own weight (ကိုယ်ပိုင်အလေးဝန်) အပြင် ကွန်ကရစ်တွေ၊ လူတွေ၊ စက်ယန္တရားတွေရဲ့ အလေးချိန်တွေကို ထမ်းထားရပါတယ်။
Formwok တည်ဆောက်သူတွေမှာ ရည်မှန်းချက်(၃)ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့
1) Quality
လိုချင်တဲ့ size(ဆိုဒ်)၊ shape (ပုံသဏ္ဍန်း)၊ position(အနေအထား)၊ finish(ကွန်ကရစ်မျက်နှာပြင်အသွင်အပြင်) ရအောင်ဆောင်ရွက်ပါမယ်
2) Safety
Formwork တွေက သူတို့ယာယီထမ်းထားရမဲ့ dead load (ကိုယ်ပိုင်အလေးချိန်၊ ကွန်ကရစ်အလေးချိန်)၊ live load (လူတွေ၊ စက်ယန္တရားတွေရဲ့ အလေးချိန်) တွေကို ထမ်းထားနိုင်ရပါမယ်။ မပြိုကျစေရပါဘူး။ လူတွေကိုအသက်အန္တရာယ်မဖြစ်စေရပါဘူး။
3) Economy
အချိန်ကုန်သက်သာစေရပါမယ်။ ငွေကုန်သက်သာစေရပါမယ်။
Formwork တွေကို ဒီဇိုင်းလုပ်တဲ့အခါနဲ့ တည်ဆောက်တဲ့အခါမှာ quality နဲ့ safety ကို မထိခိုက်စေပဲ maximum economy (အသက်သာဆုံး) ဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ကြပါတယ်။
Formwork တွေ Failure(ပြို) ရတဲ့အကြောင်းအရင်းကို နောက်ဆက်ရေးပါမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)

Basics but essentials to know (5) Prestressed Concrete (Introduction)


Basics but essentials to know (5)
Prestressed Concrete
(Introduction)

Prestressed concrete ဖြစ်ဖို့ concrete member ကို prestress force သက်ရောက်ပေးရပါတယ်။ ဒါကို Prestressing လုပ်တယ်လို့ဆိုနိုင်ပါတယ်။

Concrete က Compression ကိုခံနိုင်ရည်ရှိပါတယ်။ Tension ခံနိုင်ရည်ကတော့ compression ခံနိုင်ရည်နဲ့ နှိုင်းယှဉ်ရင် အတော်လေးနဲပါးပါတယ်။

Prestressed concrete မှာ အဲ့လိုခံနိုင်ရည်အားနဲတဲ့ Tension ကို နည်းအောင် လုပ်ဖို့အတွက် Member ကို Tension ရဲ့ဆန့်ကျင်ဘက် Compression ကို ကြိုပေးထားပါတယ်။
အဲ့တော့ Loading ထမ်းရလို့ Tension လာတဲ့အခါ ကြိုပေးထားတဲ့ compression နဲ့ကြေသွားအောင် မရှိအောင်မလုပ်နိုင်တောင် Tension ကိုနဲပါးအောင်လျော့ချပေးနိုင်ပါတယ်။

အဲ့လို compression ကြိုပေးတာကို Prestressing လုပ်င်္ပြီးရနိုင်ပါတယ်။ ဒီလို Prestressing (compression ကြိုပေး) လုပ်ထားတဲ့ Concrete ကို Prestressed Concrete လို့ခေါ်ပါတယ်။

Prestressed concrete ရဲ့ အသုံးတည့်မှုကို ပုံနဲ့တွဲပြီး လေ့လာကြည့်ပါမယ်။

ပုံ(a) မှာကြည့်ကြည့်ပါ။ Reinforcement မပါတဲ့ beam တချောင်းကို အလယ်တည့်တည့်ကနေ Pt load "W" သက်ရောက်ထားပါတယ်။
Loading ကြောင့် Elastic range အတွင်းမှာပဲ Stress ဖြစ်မယ်ဆိုရင် Midspan မှာရှိမယ့် linear လိုက်ရှိမယ့် Stress ကို ပုံ(a) အစွန်မှာ ကြည့်နိုင်ပါတယ်။ အပေါ်ပိုင်းက compression အောက်ပိုင်းက tension ကိုခံစားရပါမယ်။
ပုံ(b) မှာကြည့်ပါ။ အဲ့မှာ Prestressing force (P) ကို Beam အလယ်မှာ သက်ရောက်လိုက်ပါတယ်။ အဲ့ force ကြောင့်ဖြစ်မယ့် Stress က compression ပါ။
နောက် ပုံ(a) လို loading သက်ရောက်လိုက်တဲ့အခါ bottom မှာ နဂိုသက်ရောက်ထားတဲ့ compression နဲ့ loading ကြောင့်ဖြစ်တဲ့ tesnsion ကြေသွားတာကို သရုပ်ပြပုံမှာတွေ့နိုင်ပါတယ်။
ပုံ(c), (d), (e) ကိုတော့ မရှင်းတော့ပါဘူး။ ပုံတွေကြည့်ရင် နားလည်လွယ်ပါတယ်။

Prestressed concrete ဖြစ်ဖို့ concrete member ကို prestress force သက်ရောက်ရာမှာ နည်းနှစ်နည်းရှိပါတယ်။
ပထမနည်းက Pretensioning လို့ခေါ်ပါတယ်။ Concrete မလောင်းခင် Steel ကို ကြိုတင် tension (ဆွဲဆန့်) ပေးထားတာပါ။ လောင်းပြီးလိုချင်တဲ့အတိုင်းအတာ တစ်ခုရောက်မှ tension ပေးထားတာကနေ ပြန်လွှတ်ပေးပါတယ်။
ဒုတိယနည်းက Post-tensioning လို့ခေါ်ပါတယ်။ Concrete လောင်းမယ့်အထဲ Steel ချောင်းတွေ ထည့်ထားပြီး Concrete လောင်းပြီးမှ အဲဒီ Steel တွေကို tension ပေးတာပါ။
(Photo credit : Design of Concrete Structures, Arthur H. Nilson)
(ဗိုလ်ဗိုလ်ကျော်)

သံချောင်း grade (or Yield Strength) ဘယ်လောက်သုံးခိုင်းထာားလဲ



အဆောက်အဦတစ်ခုကို Structure Design တွက်ချက်မှုတွေနဲ့ဆောက်တဲ့အခါမှပေါ့။ တော်တော်များများကပေါ့ သံချောင်းဆိုဒ်ဘယ်နှယ်လုံးသုံးထားတယ်။ ဘယ်ဆိုဒ်သုံးထားတယ်ဆိုတာကိုပဲ အာရုံစိုက်ကြလေ့ရှိပါတယ်။
Designer က သံချောင်း grade (or Yield Strength) ဘယ်လောက်ကို သုံးထားခိုင်းသလဲဆိုတာကိုတော့ သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။
နောက် concrete ဆိုလည်း Concrete grade ဘယ်လောက်သုံးခိုင်းသလဲဆိုတာထက် ထိုင်းဆင်တွေ၊ Crown တွေ၊ AAA တွေစသဖြင့် ဘိလပ်မြေတံဆိပ်တွေပေါ်ပဲ အာရုံရောက်နေတတ်ပါတယ်။ Concrete အကြောင်းကတော့ ရေးဖူးပြီးသားဆိုတော့ Steel အကြောင်းပဲ ဆက်ပြောချင်ပါတယ်။
အထပ်မြင့်အဆောက်အဦတွေဖြစ်လာရင် Steel နဲ့ Concrete ကို grade မြှင့်သုံးမှ အဆင်ပြေမယ့်အနေအထားတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်သုံးနေကြ grade တွေ Market က အလွယ်တကူရတဲ့ Steel တွေသုံးနေတဲ့အလေ့အထကနေ Designer နဲ့တိုင်ပင်ပြီး သူပေးတဲ့ grade အတိုင်းသုံးရပါမယ်။ ဒါမှသာ တွက်တာနဲ့ ဆောက်တာနဲ့ တူညီတဲ့ grade တွေဖြစ်ပြီး တွက်ချက်ထားတဲ့အတိုင်း ခိုင်ခံ့မှုရရှိမှာ ဖြစ်ပါတယ်။
ဒီမှာ Market မှာ ဝင်တာက အများစုက china တွေပဲဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီမှာ သူတို့က HRB400, HRB460, HRB500 စသဖြင့် Grade ကိုဖော်ပြထားကြပါတယ်။ သံအစည်းတွေမှာ ပုံမှာပြထားတဲ့ Label card လေးတွေပါလာပါတယ်။ တချို့လည်း ဆိုင်တွေက လက်လီပြန်ဖြန့်တော့ ပါမလာတော့ တွေ့ဖူးချင်မှ တွေ့ဖူးပါမယ်။ (ဘာမှမပြောဘဲဝယ်ရင်တော့ HRB400 တွေပဲဖြစ်ပါမယ်။ သူက Market မှာအသုံးအများဆုံးဖြစ်ပါတယ်။)
အဲ့ဒီမှာ HRB400 က Yield strength 400MPa, HRB460 က Yield strength 460MPa, HRB500 က Yield strength 500MPa စသဖြင့်ရှိပါတယ်လို့ ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။
(Grade တွေကတော့ ပြည့်တာများပါတယ်။ ဆိုဒ်(Diameter) တွေကတော့ တံဆိပ်မျိုးစုံ နဲတာနဲ့ များတာပဲကွာမယ်။ အကုန်လျော့မယ်ထင်ပါတယ် smile emoticon )
အဲ့ဒီမှာမှ HRB400E, HRB500E ဆိုပြီးတော့လည်းရှိပါသေးတယ်။ E က Earthquake ကိုဆိုလိုတာလို့ Internet မှာရှာဖတ်ကြည့်တော့ သိရပါတယ်။
ဒီ China Standard တွေနဲ့ပတ်သက်လို့ ကျွန်တော်လည်း သိပ်မသိပါဘူး။ ဒါတွနဲ့ပတ်သက်လို့ သိထားတာရှိရင်လည်း ဝေမျှပေးကြပါဦး။
(ဗိုလ်ဗိုလ်ကျော်)

Basics but essentials to know (4) Arching Action in Masonry Wall Design of Masonry Lintels

Basics but essentials to know (4)
Arching Action in Masonry Wall
Design of Masonry Lintels
ပုံက Masonry Wall (အုတ်နံရံ) အပေါက်ပေါ် lintel beam ရှိနေပြီး အပေါ်ကလာမယ့် load တွေကိုသူက ထမ်းပါမယ်။
ပုံ(a) နဲ့ ပုံ(b) ဘယ် lintel beam က weight ပိုထမ်းမလဲမေးရင် တော်တော်များများက (a) ကိုဖြေကြပါမယ်။
အနဲဆုံး သူ့ span length နဲ့ အထက်ရှိတဲ့ နံရံ weight ကိုထမ်းတဲ့ lintel beam တစ်ချောင်းမှာ "Arch Action" ဆိုတာရှိပါတယ်။ အဲဒါဘာလဲဆို lintel က horizontal ကနေ 45 deg စောင်းထားတဲ့ dashed lines ထဲက wall ရဲ့ dead load တွေကိုပဲ ထမ်းရမှာ ဖြစ်ပါတယ်။
အဲဒီအပြင်က weight တွေကတော့ lintel beam ကမထမ်းပါဘူး။ အပေါက်ဘယ်ညာက wall ပေါ် ကျသွားပါတယ်။
ဒါကြောင့် ပုံ(a) က Arch action ပေါ်ပြီး dashed line အတွင်းက wall ရဲ့ load ကိုပဲ ထမ်းရမှာဖြစ်ပါတယ်။
ပုံ(b) ကတော့ wall height ကတော့ arch action ဖြစ်ဖို့ လုံလောက်တဲ့ height မရှိတဲ့အတွက် lintel beam က အပေါ်က wall က weight တွေနဲ့ wall ကထမ်းထားတဲ့ roof load တွေအားလုံးကို ထမ်းရမှာ ဖြစ်ပါတယ်။ အဲဒီ load တွေက ပုံ(a)က lintel beam ထမ်းရမဲ့ load ထက်များနေပါတယ်။
Masonry wall တွေမှာရှိတဲ့ Arching Action ကို သတိပြုမိအောင် ဝေမျှတာပါ။
All-in-One PE စာအုပ်က Chapter 115 Masonry Design မှာ lintel beam design အသေးစိပ်ကို ဖတ်နိုင်ပါတယ်။ စာအုပ်တစ်အုပ်မှာတော့ Arch action ဖြစ်တဲ့ degree ကို 60 deg လိုဖတ်မိပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

အဆောက်အအုံနဲ့ လျှပ်စစ်လိုင်း သတ်မှတ်စံနှုန်းအကွာအဝေး နမူနာလေးပါ

အဆောက်အအုံနဲ့ လျှပ်စစ်လိုင်း
သတ်မှတ်စံနှုန်းအကွာအဝေး
နမူနာလေးပါ
တည်ဆောက်ပြီးမြို့ပြတွေဟာ
အန္တရာယ်ကြားရှင်သန်နေရသလိုပ


Excavation Work

Excavation Work
မြေကြီးတူးတဲ့အကြောင်းက nothing special ပါ ဒါပင်မဲ့ မြေကြီးတူးရာမှာ မြေကြီးမတည်ငြိမ်မူတွေနဲ့ ကြုံတဲ့အခါမှာဘယ်လိုဖြေရှင်းကြလဲဆိုတဲ့အကြောင်းနဲ့ မြေကြီးကိုတည်ငြိမ်အောင် လုပ်ဆောင်ပြီး ဘယ်လို excavate လုပ်ဆောင်ခဲ့ကြတယ်ဆိုတာတွေနဲ့ မြေကြီးexcavation အတွက်စောင့်ကြည့်တဲ့ instrumentation အကြောင်းကို လေ့လာမှတ်သားမိထားသလောက်different conditions လေးတွေစုပြီး ဒီတလောမှာ share ပေးမှာပါ
1) Shaft (Caisson Ring ) Construction
Jacking pipes တွေ installation လုပ်ဘို့ အတွက် shaft တွေကို ပထမဦးဆုံး ပြုလုပ်ရပါတယ် စလုံးမှာတော့ မြေကြီးတူးရာမှာ temporary အထောက်ကူပြုသော် ERSS ( Earth retaining systems) design မှာ structure types တွေ အမျိုးမျိုးပါဝင်တဲ့ အထဲမှာမှ အလုပ်ထဲမှာတော့ shaft တွေကိုတည်ဆောက်ဘို့အတွက် ERSS systems တခုဖြစ်တဲ့ cast in-situ caisson ring အမျိုးအစားကိုသုံးပါတယ်။
Shaft တွေမှာ lunching နဲ့ receiving shaft ၂မျိုးတွေ့ ရပါတယ် receiving sfaft ကတော့ ပိုက်လိုင်းတွေရှည်တဲ့ အတွက်ကြားမှာ shaft တခုခံတာတို့, transition sump တွေနဲ့တွဲတဲ့နေရာမှာတို့ သုံးကြပါတယ် lunching shaft ကတော့ pipe တွေကို စတင် jack တဲ့ shaft တွေပါ၊ shaft တွေက pipes line invert level တွေပေါ် မူတည်ပြီး တချို့ shafts တွေက shallow ဖြစ်ပင်မဲ့ တချို့ shaft တွေကတော့ တော်တော် ကို deep ဖြစ်ပါတယ် အလုပ်ထဲမှာတော့ 10~30m depth & 7.5~14m dia: shaft တွေကိုမှ cast in- situ caisson ring ~1.2m depth တွေနဲ့ တည်ဆောက်ပါတယ်၊
Shallow shafts တွေတည်ဆောက်ရာမှာ အခက်အခဲ သိတ်မရှိပင်မဲ့ တချို့ shaft တွေမှာတော့ soil condition ကလဲတော်တော်ကိုညံ့ water level ကလဲမြင့်တော့ အနက်တခုကိုရောက်တာနဲ့ အောက်ပိုင်း ring တွေမှာ crack line တွေစတင်ပေါ်လာပါတယ် failure ဖြစ်မဲ့ crack line တွေနဲ့ settlement တွေမြင့်တက်မူ, ring တခုနဲ့ တခုကြား water တွေက စိမ့်ထွက်လာ ခြင်း ring တခုနဲ့ တခုကြား ဟထွက်သွားခြင်းတို့ ဖြစ်တဲ့ condition တွေကြောင့် QP တွေကို အလျင်အမြန်အကြောင်းကြားပြီ stop work order ထုတ်ပြီး shaft တခုလုံးကို backfilling လုပ်ခဲ့ရပါတယ်
Backfillingပြီတဲ့ နောက် ground condition ပေါ် မူတည်ပြီ QP တွေက shaft ရဲ့ အပေါ်ဆုံး ring နဲ့ ဘေးပတ်ဝန်ကျင်တဝိုက်ကို RC slab တွဲ လောင်းသော် shaft strengthing work တွေလုပ်ဘို့ အကြောင်းကြားပါတယ် slab လောင်းပြီ နောက် အခြေအနေကိုထပ် စောင့်ကြည့်ပါတယ် ၊
အခြေအနေစောင့်ကြည့်တဲ့အကြောင်းပြောရင်း instrumentation အကြောင်းကို ကြားဖြတ်ပြောပါစေ jacking pipe ရဲ့ ERSS submission မှာပါဝင်တဲ့ instrumentation တွေအနေနဲ့ inclinometer, piezometer,waterstand pipe, ground settlement makers, prism တို့ပါဝင်ပါတယ် instrumentation တွေ အကြောင်းအသေးစိတ်နဲ့ installation လုပ်ပုံ, reading ရယူပုံကို အောက်မှာ attach တွဲပေးထားပါတယ်၊
အခြေအနေစောင့်ကြည့်တယ် ဆိုတာ instrumentation တွေကို daily ရယူပြီး QP တွေနဲ့ discussion လုပ်ကြရပါတယ် အခြေအနေတည်ငြိမ်တယ် ဆိုမှ excavation ကို proceed လုပ်နိုင်မှာပါ excavation စဘို့ကို QP တွေက confirm လုပ်ပြီ official Annex C (COS) and Annex D ကိုထုတ်ပေးရပါမယ် BCA ရဲ့ requirement အတိုင်းပါ၊ every ring excavation မစခင်မှာလဲ ထုတ်ပေးရပါတယ် QP တွေဘက်ကလဲ every month BCA ကို report Annex E form submit လုပ်ကြရပါတယ်။
အဲ့ဒီနောက် frist crack line condition ကတည်ငြိမ်တယ်လို့ ထင်ရအပြီးမှာ နောက် ring construction ကိုပြန်တူးဘို့စပါတယ် second time excavation အခြေအနေမှာလဲ cassion ring နဲ့ slab တွဲထားတဲ့ slab ကလဲထိထိရောက်ရောက် ထိန်းမထားနိုင်ခဲ့ပါဘူး အဲဒီမှာဘဲ settlement က working suspension level လောက်ထိကိုမှ တော်တော်ကိုတက်သွားပြီး အပေါ်ပိုင်း slab နဲ့ တွဲring နဲ့ second ring ကြားမှာလဲဟ ထွက်သွားပါတယ် အဲဒီအခြေအနေကိုထပ်ကြုံတွေရပြန်ပါတယ် အခုအခါမှာလဲimmediate action အနေနဲ့ ဘဲ့ shaft တခုလုံးကိုနောက်တကြိမ်ထပ်ပြီ မြေကြီးပြန်ဖို့ရပြန်ပါတယ်၊
second condition အခြေအနေမှာတော့ တော်တော်ကို လုပ်ဘို့ကိုင်ဘို့ခက်ခဲ့လာပါပြီ soil data နဲ့တွက်ထားတဲ့ design တွေကတော့ အဆင်ပြေနေရက်နဲ့ကို on site မှာတကယ်ကိုခက်နေပါတယ် နောက်ထပ်discussion တွေလုပ်ပြီး QP နဲ့ပါမရတော့ဘဲ & AC အဖွဲ့ အထိပါ ထပ်approval ယူကြရပါတယ် နောက်ထပ် proposal ကတော့ shaft ရဲ့ အပြင်ဘက်ကနေ jet grouting ကိုထက်ပြီးလုပ်ဘို့ ဆုံးဖြတ်ကြပါတယ် jet grouting ကို shaft ရဲ့ final level အထိကို groud improvement လုပ်ကြရမှာပါ jet grouting တွေ complete ဖြစ်မှ ဟထွက်သွားတဲ့ ring 2ခုကြားကို ထပ်ပြီ ring beam install ထပ်လုပ်ပါတယ် all of retification work တွေပြီးမှသာ ring အသစ် excavation လုပ်ခွင့်ပြုပါတယ်
third condition အနေနဲ.ဘာထပ်ကြုံရလဲဆိုတော့ အောက်ဘက်ပိုင်းအနက်တခုရောက်နေသော် ring တွေအရောက်မှာတော့ ring တပတ်လုံး excavation လုပ်ပြီး ring rebar တွေ installation လုပ်နေတဲ့ အချိန်မှာ မိုးရွာတဲ့အချိန်နဲ့တိုးတာက တကြောင်း ring နောက်ပိုင်း မြေကြီးက တဖြေးဖြေးပြို လာပြန်တဲ့အတွက် ring ရဲ့ concrete strength quality တွေလျော့လာမှာဖြစ်မှာကို ကြိုတင်ကာကွယ်တဲ့အနေဖြင့် ring တွေကို တခုလုံး excavation လုပ်ခွင့်မပေးတော့ ring တခုကို လေးပိုင်းပိုင်းပြီ Q1,Q2,Q3 &Q4 ဆိုပြီး Q1 casting ပြီးတဲ့ အချိန်မှာမှ Q3 နောက် Q2 ,Q4 ဆိုပြီး တဖြေးဖြေးထိန်းပြီး excavation , casting လုပ်ကြပါတယ် လေးပိုင်းခွဲလောင်းတဲ့ အခါအလုပ်လုပ်ရတာလဲပို မြန်ပြီ ring ရဲ့ quality ကိုလဲ အပြည့်အဝထိန်းနိုင်တာကိုတွေ့ရပါတယ်၊
shaft တည်ဆောက်ပုံ method step by step နဲ့ site photo တချို့ ကို attach တွဲပေးထားပါတယ်
ကျေးဇူးပါ
Yin Wai Aung့




























Yin Wai Aung   
 Credit https://web.facebook.com/photo.php?fbid=496652233875541&set=pcb.496659233874841&type=3

 

အသုံးများသော AutoCAD command များ



L - Line - မျဉ်းဖြောင့်တစ်ကြောင်းဆွဲခြင်း

ML - Multiline - မျဉ်းဖြောင့်၂ကြောင်းပြိုင်ဆွဲခြင်း

REC - Rectangle - ထောင့်မှန်စတုဂံဆွဲခြင်း

C - Circle - စက်ဝိုင်းဆွဲခြင်း

POL - Polygon - အနားညီပိုလီဂွန်(ဗဟုဂံ)များဆွဲခြင်း

A - Arc - စက်ဝန်းပိုင်းဆွဲခြင်း

EL - Ellipse - ဘဲဥပုံစက်ဝိုင်းဆွဲခြင်း

PL - Polyline - တစ်ဆက်တည်းဖြစ်သော မျဉ်းများဆွဲခြင်း

M - Move - နေရာရွှေ့ခြင်း

E - Erase - ဖျက်ခြင်း

TR - Trim - အနားစများ တိခြင်း/ညှိခြင်း

EX - Extend - မျဉ်းများ/မျဉ်းကွေးများအား ဆန့်ထုတ်ခြင်း

F - Fillet - မျဉ်းပြိုင်မဟုတ်သော မျဉ်း၂ကြောင်း(သို့)စက်ဝိုင်း/စက်ဝန်း၂ခုအား ဆုံမှတ်တစ်ခုတွင် သတ်မှတ် အချင်းဝက်တစ်ခုဖြင့်ဆက်သွယ်ပေးခြင်း

CHA - Chamfer - မျဉ်းပြိုင်မဟုတ်သော မျဉ်း၂ကြောင်းအား ဆုံမှတ်တစ်ခုတွင် သတ်မှတ်အရှည်ရှိသော မျဉ်းတစ်ကြောင်းဖြင့်ဆက်သွယ်ပေးခြင်း

CO/CP - Copy - ပုံများ ပုံတူပွားခြင်း

O - Offset - မျဉ်းများ၏၉၀ဒီဂရီအတိုင်း အကွာအဝေးတူညီစွာ/အချိုးတူညီစွာဖြင့် ပုံပွားပေးခြင်း

RO - Rotate - ပုံများအား ဗဟိုချက်တခုထား၍လှည့်ပေးခြင်း

S - Stretch - ပုံများအား လိုအပ်သောနေရာမှစ၍ ဆွဲကျုံခြင်း/ဆွဲဆန့်ခြင်း

SC - scale - အရွယ်အစား အကြီး/အသေး ပြောင်းလဲခြင်း

MI - Mirror - ပုံများအား မှန်ရိပ်တွင်ပေါ်သကဲ့သို့ ပြောင်းပြန်လှန်ပေးခြင်း

AR - Array - ပုံများအား တူညီသောအကွာအဝေးပေး၍ ပုံတူများပွားထုတ်ခြင်း

X - Explode - တစ်ဆက်တည်းဖြစ်နေသော မျဉ်းများ ပုံများအား ပြန်လည်ခွဲထုတ်ခြင်း

DIV - Divide - မျဉ်းများအား အကွာအဝေးတူညီစွာ အမှတ်များဖြင့် ပိုင်းဖြတ်ခြင်း

H - Hatch - သတ်မှတ်ဘောင်တခုထဲတွင် အစင်းကြောင်းများ၊ အမှတ်များ...စသည်ဖြင့် ဖြည့်ပေးခြင်း

T/MT - Multiline Text - စာရိုက်ခြင်း

P - Pan - မြင်ကွင်းအား ရွှေ့၍ကြည့်ခြင်း

Z - Zoom - မြင်ကွင်း ချုံ့/ချဲ့၍ ကြည့်ခြင်း

UN - Unit - အတိုင်းအတာယူနစ် ပြောင်းလဲခြင်း

LI - Limits - ပုံဆွဲမည့် ဧရိယာအား အတိုင်းအတာတစ်ခု သတ်မှတ်ပေးခြင်း

PR/OP - Option - အထွေထွေ အသုံးပြုမှုများပြောင်းလဲခြင်း

V - View - သတ်မှတ်မြင်ကွင်းတစ်ခုအား သိမ်းဆည်းထားခြင်း

OS - Object Snap - ပုံများ၏သတ်မှတ်နေရာတစ်ခုအားcursor ကို ရောက်အောင်မသွားပဲ အတိအကျယူခြင်း

RE - Regenerating - ပုံများကို မြင်ကွင်းအမှန်မြင်ရရန်အတွက် ပြောင်းလဲပေးခြင်း

U - Undo - ပြုလုပ်ပီးသား commandအား ပြန်လည်ဖျက်သိမ်းခြင်း

REDO - Redo - ဖျက်သိမ်းပြီးသား command အား ပြန်လည်ခေါ်ယူခြင်း

PE - Polyline Edit - မျဉ်းကြောင်းများအား တစ်ဆက်တည်းဖြစ်အောင်ပြုပြင်ခြင်း

ED - Text Edit - စာသားများအား ပြုပြင်ခြင်း

DDEDIT - Text Edit - စာသားများအား ပြုပြင်ခြင်း

HE - Hatch Edit - hatch များအား ပြုပြင်ခြင်း

MA - Match Properties - objectတစ်ခု(သို့)objectများ၏ propertiesများကို အခြား objectတစ်ခု၏propertiesဖြင့်တူညီအောင် ပြုလုပ်ပေးခြင်း

CH - Change Properties - objectတစ်ခု(သို့)objectများ၏ propertiesများကို ပြောင်းလဲပေးခြင်း

A - Layer - လေယာများစီစဉ်ခြင်း

LT - Line Type - မျဉ်းကြောင်း အမျိုးအစားများ ရွေးချယ်ခြင်း

LW - Line Weight - မျဉ်းကြောင်းအထူအပါးများအား ရွေးချယ်ခြင်း

CTS - Line Type Scale - မျဉ်းကြောင်းအမျိုးအစားများအား ရွေးချယ်ခြင်း

D - Dimension Style - အညွှန်းစာများထိုးခြင်း

DI - Distance - အကွာအဝေးတိုင်းတာခြင်း

LEN - Lenthen - အရှည်အလျားတိုင်းတာခြင်း

AA - Area - ဧရိယာတိုင်းတာခြင်း

SL - Slice - 3D ပုံများအား လှီးဖြတ်ခြင်း

UNI - Union - 3D ပုံများအား ပေါင်းစပ်ခြင်း

SU - Subtract - 3Dပုံဆုံမှတ်များ တစ်ခုမှ တစ်ခုဖယ်ထုတ်ခြင်း

3A - 3D Array - 3D ပုံများအား အကွာအဝေးတူညီစွာဖြင့် ပုံတူများပွားထုတ်ခြင်း

F1 - Help
F2 - Text Window
F3 - Object Snap
F4 - Tablet
F5 - Isoplane(L,R,T view)
F6 - Coordinates - ON/OFF
F7 - Grid - ON/OFF
F8 - Ortho - ON/OFF
F9 - Snap - ON/OFF
F10 - Polar Tracking - ON/OFF
F11 - Osnap Tracking - ON/OFF

Differences Between Cement and Concrete

There are some misconceptions among so many that cement and concrete are same. There are some major differences between cement and concrete. The differences are shown by a cement vs concrete  table below. You can also know about the differences between concrete and mortar here.


Cement

Concrete

  • Cement is made of limestone and clay.
  • Concrete is made of cement, rocks, sand and water.
  • Cement is a binding agent or glue.
  • Concrete is an actual construction material.
  • Cement can only be mixed in small batches.
  • Concrete can be mixed in large quantity.
  • Cement is not strong and cannot be used in sidewalks and for walls.
  • Concrete is strong and is excellent for walls, foundations and sidewalks.
  • Color and drying time can be altered by slightly altering the chemical compounds.
  • Color can only be changed by using a tint.
  • Cement is used in concrete and mortar.
  • Concrete is the final product.
  • Cement was created before concrete.
  • Concrete was developed after cement.
  • Thawing and freezing resistant portland cements help concrete to fight these factors under adverse climate.
  • Concrete is highly exposed to freezing and thawing under adverse climate if normal cement . If it is exposed, air entraining admixtures need to be added.
  • Cement contains 10% to 15% of the total concrete volume.
  • In the concrete mixture, aggregate contains about 60% to 75%, water 15% to 20% and the remaining is cement.

Concrete Curing Methods

Concrete curing is the process of keeping concrete under a specific environmental condition for promoting hydration by controlling the temperature and moisture movement from and into the concrete. Concrete curing is done to increase concrete strength & stability. Concrete curing method is decided according to the working procedure and weather condition. Generally, there are some common concrete curing methods applied widely that are described below.
 Concrete curing method involves ponding, spraying or sprinkling of water, membrane, surface covering and shading etc.  Below are 5 concrete curing methods with their individual advantages and limitations. If you have confusion between concrete and cement then read this post.

1. Sprinkling water

 
 Sprinkler concrete curing

This concrete curing method requires huge amount of water. In this method, water is applied to the concrete after an interval of time. The water should be continuously applied so that the concrete does not dry out.

Advantages

Disadvantages

1. Concrete never dries as water is applied frequently.
1. This method requires huge amount of water, so it is a bit costly.
2. This method can be used in any surface i.e. horizontal, vertical.

2. Ponding method

 

Concrete curing with ponding method
Ponding method is a popular and widely used concrete curing method. Concrete is cured by storing water on the horizontal plane i.e. slab, roof, road etc. After concrete casting, the surface is covered with canvas. After 24 hours, the canvas is removed and water is filled in small rectangular panels. A boundary is given in all the 4 sides so that the water cannot flow and stored so that the concrete beneath the water is cured properly. Ponding curing method is better than the others but it becomes hard to clean after curing is finished.

Advantages

Disadvantages

1. Better method compared to others in most conditions. 1. Ponding method cannot be used in vertical surface.
2. Advantageous for horizontal surface. 2. Again, this method requires good amount of water.
3. Helps in cement hydration process.
3. After concrete curing is finished, it is difficult to clean the surface.

3. Membrane curing

Membrane curing

In this curing method, the concrete surface is covered with water resistant membrane. Membrane concrete curing will take about a week. The main purpose of this process is to resist the concrete evaporation. Wax emulsion, bitumen emulsion, water resistant bitumen paper and plastic sheet etc are used as membrane in this method. This is also known as sealing compound. In membrane curing, concrete strength gain is less than the concrete moisturizing methods.
 

Advantages

Disadvantages

1. Reduced evaporation. 1. Concrete strength is reduced.
2. Easy to use in horizontal surface. 2. Membrane curing method is costly as wax emulsion, bitumen emulsion etc is used.
3. Protects concrete surface from weathering.

4. Steam curing




 Steam concrete curing example

  

Steam is applied in small precast members and the concrere takes less time to cure properly. In this concrete curing method, the curing process is aggregated above 22° temperature. You can check this article for preferred concrete curing temperature under different conditions.

Advantages

Disadvantages

1. Concrete curing time is less than the others. 1. Steam curing method cannot be applied in large surface.
2. Steam curing is better in cold weather. 2. It is costly as curing is done in temperature above 22°C.
3. In small precast members, this method is advantageous.

5. Sealed Curing

Sealed concrete curing
The main objective of this method is to prevent the evaporation of concrete and contain the moisture. Waterproof paper, plastic sheeting and curing membranes are the most widely used material for sealed curing. Each of these materials simply reduces the amount of water lost to evaporation. The major advantage is the flexibility of application to any number of shapes and sizes of concrete structures.

Advantages

Disadvantages

1. Protects concrete surface from weathering. 1. Rarely used.
2. Resist evaporation of concrete. 2. Costly method as it requires water resistant paper, plastic sheets etc.

 

 Credit - http://civilengineersforum.com/

Tuesday, December 29, 2015

Perimeter of Circle formula




Friday, December 25, 2015

Myanmar Enginnering Council Law and Rule

Myanmar Engineering Council Law « Download »


Myanmar Engineering Council Rule « Download »










Credit - http://www.mes.org.mm/mes_page/myanmar-enginnering-council-law

Disqus Shortname

Comments system