Saturday, December 19, 2015

Ties, Stirrups & Hoops


Ties, Stirrups & Hoops
Transverse reinforcement အတွက်သုံးတဲ့ကွင်းတွေပါ။ ဒီဝေါဟာရသုံးခုက တူသလိုနဲ့မတူပါဘူး၊ technically ကွဲပြားခြားနားတဲ့ အသုံးတွေရှိပါတယ်။

၁) Compression members (ဥပမာ column) အတွက်သုံးတဲ့ကွင်းကို Ties လို့ခေါ်ပါတယ်။ Flexural members (Beams) အတွက်သုံးတဲ့ကွင်းကို Stirrups လို့ခေါ်ပါတယ်။
၂) Stirrups က Open လည်းဖြစ်နိုင်ပါတယ်(ဥပမာ U shaped)၊ Closed လည်းဖြစ်နိုင်ပါတယ်(Column မှာသုံးတဲ့Ties ကတော့ Closed ဘဲသုံးပါတယ်)။ အဲဒီမှာ closed stirrups ကို hoops လို့သုံးပါတယ်။
၃) Shear resistance ဘဲလိုတဲ့နေရာမှာ closed မဟုတ်ဘဲ open stirrups တွေသုံးနိုင်ပါတယ်။ Hoops တွေကိုတော့ Shear အတွက်တင်မက confinement အတွက်ပါလိုတဲ့နေရာမှာ သုံးရပါတယ်။
> ပုံမှာ beam တစ်ခုရဲ့ closed stirrups (hoops) နဲ့ open stirrups ကိုတွေ့နိုင်ပါတယ်။ ပုံမှာလေ့လာကြည့်ပါ column face နားမှာ closed stirrups (hoops) သုံးပြီး mid span မှာ open stirrups သုံးနိုင်တာကို တွေ့ရပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system