Thursday, December 31, 2015

Basics but essentials to know (6) Dowel & Tie Bars in Concrete Pavement Joints

Basics but essentials to know (6)
Dowel & Tie Bars in Concrete Pavement Joints


Dowel Bars တွေကို ကွန်ကရစ်လမ်းရဲ့ ကန့်လန့်ဖြတ် (Transverse Joints) တလျောက် Slab ရဲ့ အလယ် (mid-depth) မှာထည့်ရပါတယ်။
ထည့်ရတဲ့ ရည်ရွယ်ချက်က Slab တကွက်နဲ့ တကွက် load transfer လုပ်ဖို့ပါ။ Movement ကိုတော့ မချုပ်ထားပါဘူး။ ဒါကြောင့် ချောမွတ်တဲ့သံလုံး (သို့) Epoxy သုတ်ထားတဲ့ သံလုံး (round, smooth, epoxy coated steel bars)ကို သုံးရပါတယ်။
Dowel Bars ရဲ့ Diameter ကိုတော့ Germany ကတော့ 25mm လို့ သတ်မှတ်ပြီး USA ကတော့ Concrete thickness 200mm အောက်ကို 25mm, 200-250mm ကို 32 mm နဲ့ 250 mm အထက်ကိုတော့ 38mm လို့ သတ်မှတ်ထားပါတယ်။
Dowel length ကတော့ Germany က 500 mm နဲ့ USA က 450 mm လို့ သတ်မှတ်ထားပါတယ်။
Dowel Spacing ကိုတော့ Germany က ဘီးလမ်းကြောင်း (Wheel Path) မှာ 250mm ခြားနဲ့ အဲ့အပြင်ကိုတော့ 500mm ခြားလို့ ပြောပါတယ်။ USA ကတော့ 300mm နဲ့ Non-uniform လို့ ပေးပါတယ်။
Tie Bars တွေကိုတော့ ကွန်ကရစ်လမ်းရဲ့ အလျားလိုက် (Longitudinal Joints) တလျောက် Slab ရဲ့ အလယ် (mid-depth) မှာထည့်ရပါတယ်။
ထည့်ရတဲ့ ရည်ရွယ်ချက်က လမ်း lane တစ် lane နဲ့ lane တစ် lane ကွာမသွားအောင် နောက် အနိမ့် အမြင့် (Differential Settlement) မဖြစ်ရအောင်ပါ။ Load Transfer လုပ်ဖို့ထည့်တာ မဟုတ်ပါဘူး။ သူကိုတော့ Deformed Bars သုံးရပါတယ်။
Tie Bar ရဲ့ Diameter ကိုတော့ Germany ကတော့ 20mm နဲ့ USA က 12.5mm နဲ့ 16mm လို့ ပြောပါတယ်။
Tie Bar Spacing ကတော့ Germany က Construction Joint အတွက်ကို slab တစ်ကွက်အတွက် 5 ချောင်းနဲ့ Contraction Joint အတွက်ကိုတော့ 3 ချောင်းလို့ ပြောပါတ.်။ USA ကတော့ Bar Dia 12.5 နဲ့ 16mm အတွက်ကို တမျိုးစီ Table နဲ့ ပေးပါတယ်။
Ref: Dowel and Tie Bars in Concrete Pavement Joints: Theory and Practice by Lev Khazanovich
A Self-Learning Manual, Mastering Different Fields of Civil Engineering Works by Vincent T. H. CHU
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system