Saturday, December 19, 2015

Basics but essentials to know (3) Concrete Cover


Basics but essentials to know (3)
Concrete Cover
Concrete cover ကို concrete ရဲ့ အပြင်မျက်နှာပြင်ကနေ အပြင်ဆုံးမှာရှိတဲ့ steel မျက်နှာပြင်ထိ ယူရပါတယ်။ (ဒါကြောင့် Stirrups တွေပါရင် stirrups တွေရဲ့ အပြင်မျက်နှာပြင်ကနေ ယူရပါမယ်။ မှားတတ်လို့ပါ။ ACI က ပြောထားတာကို မျဉ်းတားပေးထားပါတယ်။)
Concrete cover ထားရတဲ့ ရည်ရွယ်ချက်က
1. Reinforcement တွေကို ရာသီဥတုဒဏ်နဲ့ အခြားဒဏ်တွေကနေ ခံနိုင်အောင်ပါ။ အဲ့အတွက် steel ကို concrete ကနေကာကွယ်ဖို့ လုံလောက်တဲ့ cover ထားပေးရပါတယ်။ ကာကွယ်ရမယ့် အခြအနေဆိုးရင် ဆိုးသလောက် cover ပိုထားပေးဖို့လိုပါမယ်။ (ACI က သတ်မှတ်ထားတဲ့ Specified minimum cover for reinforcement ကို ပုံမှာပြပေးထားပါတယ်။)
2. Steel နဲ့ concrete ကြားမှာရှိရမယ့် bond နဲ့ anchorage အတွက် လိုအပ်တဲ့ cover ထားပေးရပါတယ်။ Steel ဘယ်လောက်ထည့်ထည့် လုံလောက်တဲ့ cover မရှိရင် steel နဲ့ concrete ကြား Bond မကောင်းနိုင်လို့ Rc သဘော မဟုတ်ပဲ concrete သက်သက် steel သက်သက် သဘောဖြစ်ပြီး ခံနိုင်ရည်နည်းပါမယ်။
Cover များများထားရင် anchorage ကောင်းတယ် durability ကောင်းတယ်။ ဒါပေမယ့် effective depth နဲမယ် အဲ့အတွက် moment ခံနိုင်ရည်နည်းမယ်။ ဒါကြောင့် စိတ်ချရတဲ့ durability နဲ့ anchorage ရနိုင်မယ့် (Code က ဒါကို သတ်မှတ်ပေးထားပါတယ်။) minimum cover မှာဆိုရင်တော့ effective depth များမှာဖြစ်ပြီး moment ခံနိုင်ရည်လည်းများပါမယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system