Tuesday, December 8, 2015

မြေကြီးကို ကောက်ယူပြီး ခန့် မှန်းခြေ အကြမ်းဖြင်း ခပ်တည်တည်နှင့် manual test လုပ်လို့  ရတယ်လို့  ဆိုပါတယ်။



site ထဲမြေတူးနေတုန်း ထွက်လာတဲ့ မြေကြီးကို ကောက်ယူပြီး ခန့် မှန်းခြေ အကြမ်းဖြင်း ခပ်တည်တည်နှင့် manual test လုပ်လို့  ရတယ်လို့  ဆိုပါတယ်။

မြေကြီးကို အလုံးလေးလုံးပြီး အချောင်းလေးဖြစ်အောင် လိမ့်ကြည့်ပါတဲ့။ မကျိုးမပျက်ပဲ ၁/၈ လက်မလောက် အချောင်းလေးရရင် cohesive soil ပဲ plasticity ကောင်းတယ် စသဖြင့် ပြောလို့ ရသတဲ့။

မြေကြီးအတုံးလေးကို လက်ဝါးပေါ်မှာ လက်မလေးနှင့် ပုံမှန် ခြေကြည့်တဲ့အခါ ကြေညက်သွားရင် အင်း ... မြေကြီးက granular soil ပဲသာပြောလိုက်ပါတဲ့။ မကြေညက်သွားပဲ အစိပ်အပိုင်းလေးတွေ အလိုက် ရှိနေရင် သြော် ... clay soil ရွံ့ စေးမြေ သို့ မဟုတ် silt နူန်းမြေ ပါလားပေါ့။

မြေကြီးတုံးလေး ကောက်ယူပြီး အလယ်ခေါင်ကို လက်မလေးနှင့် ဖိကြည့်လိုက်လို့  မာရေကြောရေနှင့် တောင့်ခံနေလို့ ကတော့ အမယ် ... unconfined compressive strength ကောင်းသဟ Type A soil ပဲ ဘာညာ။ မြေကြီးထဲ လက်မ ၀င်သွားလို့ ကတော့ Type C ပေါ့။

Ref; Excavations, Safe Practices for Small Business Owners and Contractors by Oregon OSHA

0 comments:

Post a Comment

Disqus Shortname

Comments system