CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label FEM. Show all posts
Showing posts with label FEM. Show all posts

Thursday, November 23, 2017

Finite Element Method ( Notes)

Finite Element Method (FEM)

Finite Element Method (FEM) ဆိုတာ ကျွှန်တော်တို့ analysis လုပ်မယ့် structure model တစ်ခုရဲ့ ရှာချင်တဲ့/သိချင်တဲ့တန်ဖိုး (ဥပမာ − temperature, stress, displacement, etc.) တွေကို အနီးစပ်ဆုံးတိကျမှုရအောင် mathematical matrix model တစ်ခုတည်ဆောက်ပြီးရှာဖွေ တွက်ချက်ခြင်းဖြစ်ပါတယ်။ ယခုကျွှန်တော် structure တစ်ခုရဲ့ stress analysis ကို FEM သုံးပြီးပြုလုပ်သွားပုံ၊ တနည်းဆိုရရင် mathematical matrix model တည်ဆောက်ပုံကို အဆင့်များဖြင့်အကြမ်းဖျင်းတင်ပြသွားပါမယ်။

(၁) Discrete and Select element configuration
ပထမအဆင့်မှာတော့ ကျွှန်တော်တို့ analysis လုပ်မယ့် structure model တစ်ခုလုံးကို သင့်တော်သောအရွယ်အစားရှိတဲ့ elements ကလေးများဖြစ်အောင် စိတ်ပိုင်းပါမယ်။ meshing လုပ်တယ်လို့ပြောကြပါတယ်။ structural analysis type ပေါ်မှုတည်ပြီး စိတ်ပိုင်းထားတဲ့ elements ကလေးများကိုအမျိုးအစား (element type) သတ်မှတ်ပေးရပါမယ်။ element types တွေကတော့ link/beam/plane/solid/shell elements စသည်ဖြင့်အမျိုးမျိုးရှိကြပါတယ်။ element တိုင်းမှာ nodes များရှိပါမယ်။ ဥပမာ link and beam element မှာဆိုရင် 2 nodes, plane element ဆိုရင် 3/4/5/6/8 nodes စသည်ဖြင့် အသီးသီးရှိကြပါတယ်။ ၎င်း nodes အသီးသီးမှာလည်း structural analysis type (1D/2D/3D) ပေါ်မှုတည်ပြီး Degree of freedom (DOF) (i.e. X,Y,Z displacements and X,Y,Z rotations) များရှိပါမယ်။
ဒီနေရာမှာ သင့်တော်သောအရွယ်အစားရှိတဲ့ elements ကလေးများ လို့ဆိုရတာကတော့ FEM နဲ့ရင်းနှီးပြီးသားသူများအတွက် အလွယ်တကူနားလည်နိုင်ပေမယ့်၊ အစကနဦးသူများ အတွက်တော့ နားလည်ရခက်ပါလိမ့်မယ်။ ဆိုလိုတာက structure ရဲ့မိမိစိတ်ဝင်စားတဲ့နေရာ၊ stress concentration များတဲ့နေရာ၊ stress gradient များတဲ့နေရာ စသည့်နေရာတွေမှာတော့ elements များကို သေးငယ်သောအရွယ်စားများအဖြစ်ပိုင်းရန်လိုအပ်တာပါ။ မလိုအပ်ပဲ သေးလွန်းလျှင်လည်း calculation time ကြာပါလိမ့်မယ်။
(၂) Select Approximation models or Functions
Element တစ်ခုဟာ ၎င်းအပေါ်အပြင်မှသက်ရောက်တဲ့ forces, pressures, temperature စသည့်အချက်တွေကြောင့် nodes အသီးသီးမှာ X,Y,Z displacement/rotation များဖြစ်ပေါ်ပါတယ်။ ဒီအဆင့်ကတော့ ၎င်း nodes အသီးသီးရဲ့ X,Y,Z displacement/rotation (unknown values) အချင်းချင်းဆက်သွယ်ချက်ကို approximate function သုံးပြီး formula ထုတ်ခြင်းဖြစ်ပါတယ်။ formula ပုံစံကတော့ {u}=[N]{d} matrix ပုံစံရှိပါတယ်။ [N] ကိုတော့ interpolation or approximation function လို့ခေါ်ပြီး၊ {d} ကတော့ unknown variables at node points များပါဝင်တဲ့ unknown vector set တစ်ခုဖြစ်ပါတယ်။ stress analysis မှာတော့ nodal displacement/rotation ကို primary unknown variables အဖြစ်သုံးကြပါတယ်။
ဒီနေရာမှာပြောကြတာကတော့ မိမိတည်ဆောက်ထားတဲ့ mathematical matrix model ဟာတကယ့် real structure နဲ့တူ/မတူ ဆိုတာက function [N] ယူဆချက်ပေါ်မူတည်ပါတယ်။ element types အသီးသီးအတွက် သတ်မှတ်ထားသော [N] အသီးသီးရှိကြတဲ့အတွက် တနည်းဆိုရရင် မိမိ mathematical matrix model ရဲ့တိကျမှုက အသုံးပြုထားတဲ့ element types ပေါ်မူတည်တယ်လို့လည်းပြောလို့ရတာပေါ့။

(၃) Define Strain (Gradient)-Displacement (Unknown) and Stress-Strain Relationships
ကျွှန်တော်တို့သိပြီးကြတဲ့အတိုင်း elongation or shorten length (displacement) ကို original length နဲ့ divided လုပ်ရင် Strain ရပါမယ်။ ၎င်း Strain ကို modulus of elasticity မြှောက်ရင် Stress ရပါတယ်။ elements တစ်ခုရဲ့ Strain-Displacement Relationships အတွက်ဆိုရင် {e}=[B]{d} ပုံစံဖြစ်ပြီး၊ Stress-Strain အတွက်ဆိုရင်တော့ {s}=[C]{e} ဖြစ်ပါမယ်။ ဒီမှာတော့ [B] က strain-displacement transformation matrix ဖြစ်ပြီး၊ [C] ကတော့ stress-strain matrix ဖြစ်ပါတယ်။ ဒါကြောင့် Stress-displacement ဆိုရင် ယခုလိုဖော်ပြနိုင်ပါတယ် {s}=[C][B]{d} ။


(၄) Derive Element equation
FEM မှာ Element equation ကိုရှာတဲ့အခါမှာ အဓိကအားဖြင့် methods နှစ်မျိုးသုံးပြီး ရှာပါတယ်။ ၎င်းတို့ကတော့ (၁) Energy method နဲ့ (၂) Residual method တို့ဖြစ်ကြပါတယ်။ methods တစ်မျိုးမျိုးမှာ အပေါ်အဆင့်များမှရရှိလာသော Relationship equations ကိုထည့်ပြီး တွက်လိုက်ပါက နောက်ဆုံးရရှိလာသော Element equation ပုံစံမှာ [k]{d}={q} ဖြစ်ပါတယ်။ [k] ကတော့ stiffness matrix ဖြစ်ပြီး၊ {q} ကတော့ nodal force vector matrix ဖြစ်ပါတယ်။
Element တစ်ခုရဲ့ configurations နှင့် material properties သိမယ်ဆိုရင် ၎င်း element ရဲ့ stiffness matrix [k] ကိုရှာနိုင်ပါတယ်။ nodal force vector matrix {q} မှာတော့ element nodes ပေါ်သက်ရောက်နေတဲ့ reaction forces or applied forces တွေပါဝင်ပါတယ်။

(၅) Assemble Element equations to obtain Global and Introduce Boundary conditions
ကျွှန်တော်တို့ အထက်ကဖော်ပြခဲ့တဲ့ Element equation [k]{d}={q} ရရှိအောင် ရှာဖွေပုံအဆင့်တွေဟာ element တစ်ခုအတွက်သာဖြစ်ပါတယ်။ structure မှာပါတဲ့ elements တွေအားလုံးအတွက်ဆိုရင် elements အသီးသီးရဲ့ Element equations တွေကို Assembly ပြုလုပ်ရပါမယ်။ အဲဒါကို structure တစ်ခုလုံးရဲ့ Global Element Equation ရအောင်ပြုလုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီ Global Element Equation ထဲကို structure ရဲ့ Boundary conditions တွေထည့်လိုက်ရင် ကျွှန်တော်တို့လိုချင်တဲ့၊ တနည်း real structure ကိုကိုယ်စားပြုနေတဲ့ mathematical matrix model ရပါပြီ။
Global Element Equation or mathematical matrix model ရဲ့ပုံစံကလည်း [K]{D}={Q} ပါပဲ။ stiffness matrix [K] မှာတော့ elements အသီးသီးရဲ့ stiffness matrix [k] လေးတွေပါပါမယ်။ matrix [K] properties ကတော့ structure မှာရှိတဲ့ nodes စုစုပေါင်းအရေတွက်နဲ့၊ node တစ်ခုမှာရှိတဲ့ degree of freedom အရေတွက်မြှောက်ထားခြင်း ဖြစ်ပါတယ်။ ဥပမာ ကျွှန်တော်တို့ရဲ့ structure တစ်ခုလုံးမှာ nodes စုစုပေါင်း ၅ ခုရှိတယ်ဆိုပါစို့။ node တစ်ခုစီမှာ degree of freedom ၃ ခုရှိမယ်ဆိုရင် Global stiffness matrix [K] ရဲ့ properties က ၁၅x၁၅ ရှိပါမယ်။ Structure Boundary conditions ကို unknown vector matrix ဖြစ်တဲ့ {D} မှာထည့်သွင်းပါတယ်။ {Q} မှာတော့ structure ပေါ်သက်ရောက်နေတဲ့ applied forces နဲ့ reaction forces တွေပါဝင်ပါမယ်။

(၆) Solve for the Primary Unknown
ကျွှန်တော်အဆင့်(၂) မှာပြောခဲ့တဲ့အတိုင်း stress analysis မှာတော့ displacement/rotation တွေကို primary unknown variables တွေအဖြစ်သတ်မှတ်ကြပါတယ်။ ဒီအဆင့်မှာတော့ mathematical matrix model [K]{D}={Q} ကိုသုံးပြီး ၎င်း unknown variables တွေကိုရှာတာပါ။ ၁၅ unknown variables ရှိရင် matrix model မှာ equations ၁၅ ကြောင်းရှိ ပါလိမ့်မယ်။

(၇) Solves for Derived or Secondary Quantities
ကျွှန်တော်တို့ရဲ့ structural stress analysis မှာ stress values များဟာ Secondary quantities ဖြစ်ပါမယ်။ unknown variables (displacement/rotation) တွေရပြီဆိုရင်တော့ အဆင့် (၃) မှာပြုလုပ်ခဲ့တဲ့ Strain-Displacement Relationships နဲ့ Stress-Strain Relationships တွေကိုသုံးပြီး လိုချင်တဲ့ elements stress/strain တွေကိုရှာနိုင်ပါပြီ။

(၈) Interpretation of Results
နောက်ဆုံးဒီအဆင့်ကတော့ ရရှိပြီးပြီဖြစ်တဲ့ elements တွေရဲ့ displacements /stress/strain တွေကို Tables/Graphs/Pictures စတာတွေနဲ့ နားလည်မှုလွယ်ကူအောင် တင်ပြခြင်းဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် FEM method ကိုသုံးခြင်းအားဖြင့် ကျွှန်တော်တို့ analysis လုပ်မယ့် structure တစ်ခုရဲ့ကြိုက်တဲ့နေရာမှာရှိတဲ့ stress/strain/displacement တွေကိုအနီးစပ်ဆုံးရှာလို့ရပါတယ်။ structure မှာ composite material တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ element types အရွေးမှန်ရပါမယ်။ element size များကိုနေရာပေါ်မူတည်ပြီး adjustment လုပ်ပေးရပါမယ်။ applied point loads နဲ့ boundary conditions ပေးမယ့်နေရာတွေမှာတော့ nodes တွေသတ်မှတ်ပေးဖို့လိုပါမယ်။ သက်ရောက်နေသော applied loads တွေဟာ nodes တွေကတဆင့် elements အသီးသီးဆီကိုအဆင့်ဆင့် ကူးယူသွားပါတယ်။
FEM methods သုံးပြီး structural analysis ကို hand calculation ဖြင့်ပြုလုပ်ရန်မလွယ်တဲ့အတွက် FEM methods သုံး analysis software များကိုအသုံးပြုနေကြပါပြီ။ ဥပမာ ANSYS လို analysis software ပေါ့။ software များသည်လည်း program ဖြင့်တည်ဆောက်ထားခြင်းဖြစ်တဲ့အတွက် ခိုင်းတာပဲလုပ်တတ်တာပါ။ သူတို့ကတော့ input data ပေါ်မူတည်ပြီး output results များထုတ်ပေးရုံပါပဲ။ input မှားရင် reasonable မဖြစ်တဲ့ output များရလာပါမယ်။ ဆိုလိုချင်တာက software အသုံးပြုသူရဲ့ ကျွှမ်းကျင်မှု၊ အတွေ့အကြုံ့ရင့်ကျက်မှု၊ basic theory နားလည်မှု စတဲ့အရည်အချင်းတွေကတော့ အမြဲမှန်ကန်နေမယ့်လိုအပ်ချက်များပါပဲ။
ကျွှန်တော့်အနေဖြင့် FEM method အပေါ်မိမိနားလည်သလိုတင်ပြထားတဲ့အတွက် အားနည်းချက်များ ရှိကောင်းရှိနိုင်ပါတယ်။ ကျွှမ်းကျင်နားလည်သောသူများမှ အမှားများရှိခဲ့ရင် ပြုပြင်ပေးစေလိုပါကြောင်းတင်ပြရင်း နိဂုံးချုပ်ပါရစေ။
 Credit Soe Nyi
http://www.myanmarengineer.org/forums/archive/index.php/t-2123.html

Discussion
 ဂျွန်မိုးအိမ်

Finite Element Method ၏ အကျိုးကျေးဇူးများ
1) Irregular geometry ဒီဇိုင်းတွေအတွက် သင့်တော်ပါတယ်..
2) Boundary Type အမျိုးမျိုးကို ဒီဇိုင်း လုပ်နိုင်ပါတယ်
3) Material တွေရဲ့ Isotrophic နဲ့ homogenious မဖြစ်မှုကို ခက်ခက်ခဲခဲ စဉ်းစားစရာ မလိုပါဖူး
4) Loading Type အမျိုးမျိုး ဒီဇိုင်းလုပ်ရတာ လွယ်ကူစေပါတယ်....

င်္Finite Element Method ရဲ့ မကောင်းတဲ့အချက်များ
1) အခြား analysis တွေလို prove ပြရခက်ခဲစေပါတယ်...
2) Calculation မှာ Manual မလုပ်နိုင်ပါဖူး...
3) Stiffiness ကို အခြေခံထားတဲ့အတွက် Element တွေရဲ့ possible behavior ဟာ အခြား analysis တွေနဲ့ ကွာခြားသွားနိုင်ပါတယ်
4) Stress Value တွေဟာ ပြောင်းလဲနေတတ်ပါတယ်
5) Element တွေရဲ့ Aspect Ratio ဟာ final result မှာ တစ်ခါတစ်ရံ ထူးခြားနိုင်ပါတယ်...

င်္FEM ဟာ
Theory တွေကို Derive လုပ်ထားတာ ဖြစ်ပါတယ်...
Actual problem ကို Approximate problem တစ်ခုအဖြစ် Idealize လုပ်ထားခြင်း ဖြစ်ပါတယ်
Computer Program Development ဟာ ၄င်းကို သက်ရောက်မှု ရှိပါတယ်...
Data Information Processing တွေနဲ့ Numerical Method တွေကို စဉ်းစားထားပါတယ်....

FEM ရဲ့ Design Principle တွေမှာ စဉ်းစားသင့်တာတွေကတော့
1) Equilibrium ဖြစ်ခြင်း...- ( Overall Equilibrium, Joint Equilibrium, Member Equilibrium ဖြစ်ခြင်း)
2) Compatibility ဖြစ်ခြင်း....- ( Structure တစ်ခုရဲ့ member အားလုံးဟာ External Load ကို တစ်ခုနဲ့ တစ်ခု
ဆက်စပ်လျက် cohesively act ပြန်လုပ်နိုင်ခြင်း)
3) Material Behavior Data များ... - ( အဓိက အားဖြင့် External Load ရဲ့ force / Stress များကြောင့် ဖြစ်လာမယ့် Displacement / Strain များ)
4) Boundary Condition.... များ ဖြစ်ပါတယ်...


ဒါတွေကတော့ ကျွန်တော့် အနေနဲ့ ဒီတလော FEM ကို အချိန်ရခိုက် ဖတ်မိ လေ့လာမိတာလေးတွေပါ...
ကိုယ့်အနေနဲ့က Self-Learning လုပ်ရတော့ နားလည်မှုတွေ လွဲကောင်း လွဲမှာပါ...
FEM အကြောင်း သိထားတဲ့ အစ်ကို အစ်မများ... လမ်းညွှန်မှုများ ပေးကြဖို့ မျှော်လင့်ပါတယ်

ခင်မင်လေးစားလျက်
ဂျွန်မိုးအိမ်

FE အကြောင်း တစေ့တစောင်း

Finite Element Analysis ကို ကျနော်တို့ တုန်းက undergrad course တွေမှာ မသင်ခဲ့ရဘူး။ အခုတော့ သင်နေပြီလား မသိ။ ၉၄/ ၉၅ ဝန်းကျင်လောက်က ဆိုတော့ ကွန်ပျူတာ ဆိုတာတောင် တကျောင်းလုံးမှာ ၄/ ၅ လုံး နဲ့ မြင်ဖူးရုံလောက် ရှိတာ။


Fortran 77 ကိုတော့ သင်ခဲ့ရသေးတယ်။ ကိုယ်တိုင်ကလဲ အဲဒီ အချိန်မှာ စာ သိပ်မဖတ်တဲ့သူ ဆိုတော့ ဘာမသိ ညာမသိ ပါဘဲ… :D  မှတ်မိတာက စာမေးပွဲမှာ program တပုဒ် ရေးခိုင်းတယ်။ အလွတ်ကျက်ထားတာ ချရေးကြရတယ်။ ဒါဘဲ။


တကယ်တော့ space လေး ပြောင်းရင်တောင် program က run မှာ မဟုတ်ဘဲ error တက်မဲ့ဟာမျိုး။ ဖြစ်သင့်တာက coursework/ assignment မျိုးနဲ့ လုပ်ခိုင်းရမှာ။ အဲဒီ အချိန်က ဆရာတွေလဲ computer နဲ့ ပတ်သက်တဲ့ training လဲ ကောင်းကောင်း မရထားတော့ ဝေဝေဝါးဝါး ဘဲ ထင်ပါရဲ့။


အခုတော့ computer တွေ လဲ လှိုင်လှိုင် ပေါနေပြီ။ software တွေလဲ မြန်မာငွေ ၁၅၀၀ နဲ့ ခိုးကူးတွေ ကြိုက်သလောက် ဝယ်လို့ရနေပြီ ဆိုတော့ နောက်ပိုင်း လူငယ်တွေ တော်တော်များများ က computer analysis တွေနဲ့ ကျနော်တို့ တုန်းကထက် ပို ရင်းနှီးလာကြတယ်။ အားရစရာဘဲ။ ဒါပေမဲ့ သိသင့်သိထိုက် တဲ့ limitation တွေ သိရဲ့လား ဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေအုံးမယ် ထင်မိတယ်။


အရင်တုန်းက structural analysis မှာ သုံးခဲ့ကြတဲ့ နည်းစနစ်တွေ ဆိုတာက engineering formula တွေ ထုတ်ပြီး တွက်ထုတ်ယူတာဘဲ။ simple analytical form ရောက်သွားအောင် ရှင်းထုတ် ယူလိုက်တယ်၊ အဲဒီကမှ ခေတ်အဆက်ဆက် သက်သေပြ တွက်ထုတ်လာတဲ့ formula တွေနဲ့ တွက်ချက် ယူတယ်။ အားနည်းချက်က complex geometry အတွက်ဆို safe side ယူရတဲ့ အတွက် conservative method ဖြစ်တယ် လို့ ဆိုနိုင်တယ်။


အဲဒါကို ပိုပြီး တိတိကျကျ ဖြစ်အောင် လေ့လာလာကြပြီး အသုံးများလာတာက Finite Element Analysis ဘဲ။ ၁၉၆၀ ကျော်ကျော် ကမှ စပြီး develop လုပ်လာတာ ဆိုတော့ အရင်က အင်ဂျင်နီယာကြီးတွေ သိပ်မရင်းနှီးတဲ့ အပြင် လက်ခံဖို့ နည်းနည်းတွန့်တယ်။ မယုံရဲတဲ့ သဘောပေါ့။ တခုခု ဖြစ်ရင် သူက designer ဆို ထိမှာက သူ လေ။


FE နဲ့ ပတ်သက်ရင် ၆၀ ဝန်းကျင် နှစ်တွေမှာ research လုပ်ခဲ့တဲ့ Clough, Zienkiewicz, Cheung တို့က ဆရာ ကျတယ်။ pioneer တွေပေါ့။ FE analysis က တကယ်တမ်း ဆိုရင် Building Structure ထက် ပိုရှုပ်ထွေးတဲ့  aero နဲ့ mechanical အတွက် ပိုပြီး အသုံးဝင်တယ်။ flat plate နဲ့ ပတ်သက်ရင် Wood & Armer က နံမည်ကြီး။ ရလာတဲ့ FE result ကို reinforcement ဘယ်လို ထည့်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အခုထိ သုံးနေရတုန်း။


Finite Element Method (FEM) ကို အတိုချုပ်ပြောရရင် analyse လုပ်ချင်တဲ့ structure ကို 1D/ 2D/ 3D element အမျိုးအစား အသီးသီး လုံလောက်တဲ့ အသေးဆုံး ပမာဏထိ စိတ်ပိုင်း လိုက်တယ်။ ပြီးတော့ material properties သတ်မှတ်၊ loading ပေး၊ support တွေကို fixed လား pinned လား စတဲ့ degree of freedom ကို limit လုပ်တဲ့ boundary condition သတ်မှတ်ပြီး numerical method နဲ့ တွက်ထုတ်တာဘဲ။


node တွေ နဲ့ ချိတ်တွဲထားတဲ့ element သေးသေးလေးတွေဟာ ပေးထားတဲ့ loading ကြောင့် ရွေ့သွားတယ်။ displacement  ဖြစ်လာတယ်ပေါ့။ ရွေ့သွားတဲ့ အရွေ့ ကနေ strain တွက်ထုတ်လို့ ရတယ်။ strain ကနေ stress တွက်ထုတ်ယူတယ်။ Hooke’s Law ကို သုံးတယ်။


အဲဒီလို တွက်ရာမှာ လက်နဲ့ တွက်ရင် ၁လ ကိုးသီတင်းတွက်တောင် မရနိုင်တဲ့ matrix အကြီးကြီး တွေ ကို သုံးပြီး စက္ကန့်ပိုင်း နဲ့ ရှင်းထုတ်ပြီး တွက်ယူတယ်။ ပြီးတော့ stress တွေ ကို element တွေ ကြားထဲ ခွဲဝေသွားတာမှာ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်ဆိုပြီး တွက်သွားတာဘဲ။ detail သိချင်ရင် FE စာအုပ် တအုပ်သာ ဖတ် လိုက်တော့.. background theory ဘယ်လို ဆိုတာ ကျော်လိုက်မယ်။

(ပိုင်တယ်နော်.. မည်သို့ လုပ်လိုက်သည် မသိ .. FEM ကို ရှင်းပြစ်တာ… :D )


ရလာတဲ့ stress ကနေမှ design အတွက် လိုတဲ့ force/ moment တွေကို ဆက်တွက်ယူတယ်။  analysis result ကနေမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ အလိုက် Code တွေ က limitation တွေ formula တွေနဲ့ ချိတ်ပြီး complete design ကို ဆက်ထုတ်ပေးတယ်။ ဒါက FE software တွေ အကြမ်းဖျင်း အလုပ်လုပ်ပုံ။


ပြောရရင် ခေတ်အဆက်ဆက် က တွက်ထုတ်လာတဲ့ engineer formula တွေကလည်း simplify လုပ်ထားတဲ့ approximation method တွေ ဖြစ်သလို လုံးဝ ကွဲပြားခြားနားတဲ့ numerical method ကို အခြေခံထားတဲ့ Finite Element Analysis/ Method ကလဲ approximation method ဘဲ။  FE မှာ အားသာချက် က complex geometry ကို analyse လုပ်လို့ရတယ်။ meshing မှာ မျိုးစုံ ကစားပြီး accuracy ကို ဆွဲတင်လို့ရတယ်။


ဒါပေမဲ့ FE program တခုမှာ design လုပ်တာမှာ user input မှားနေရင် accuracy တက်မလာတဲ့ အပြင် လုံးဝ မှားတာနေတာတောင် ဖြစ်နိုင်တယ်။ result တွေက စာမျက်နှာ ၁၀၀ လောက် ထုတ်ပေးနေမှာ ဆိုတော့ မှားလို့ မှားမှန်းလဲ အလွယ်တကူ မသိနိုင်ဘူး။


ဒါကြောင့် FE process မှာ အရေးကြီးတဲ့ အပိုင်းက nodes တွေ နဲ့ တွဲစပ်ပြီး တွက်ယူရတာမို့ meshing မှန်ဖို့ လိုတယ်။ ဘယ်လို လုပ်မလဲ ဆိုတာကတော့ သုံးတဲ့ software ပေါ်မှာ မူတည်ပြန်တယ်။ ဒုတိယက  boundary condition က ကိုယ်လိုချင်တဲ့ structural analysis ကို ကိုယ်စားပြု မပြု သိဖို့လိုတယ်။ restraints မှာ degree of freedom မှန်မှန်ကန်ကန် ဖြစ်ဖို့ လိုတယ်ပေါ့ဗျာ။ တတိယက applied loading နဲ့ ပေးတဲ့ ပုံစံ မှန်ဖို့ လိုတယ်။ node တည့်တည့်မှာ ပေးရတဲ့  point load, nodal moment စတဲ့ result က peak တွေ ထွက်တတ်တယ်။ software တွေမှာ peak smoothing function ပါလေ့ရှိတယ်။


အဓိက ကျတဲ့ အဲဒီ ၃ ခု မှန်လို့ stress မှန်မှန်ကန်ကန် ထွက်ပြီ ဆိုရင်တော့ ကျန်တဲ့ အပိုင်းက အပေါ်မှာ ပြောသလိုဘဲ ကိုယ်ရွေးထားတဲ့ code က equation တွေနဲ့ ဆက်သွားတော့တာ။ ကိုယ်ဘာသာ analysis က result ဆွဲထုတ်ပြီး လက်နဲ့ ချတွက်လည်း အတူတူပါဘဲ။


ဒါကလည်း finite element ကို သုံးတဲ့ software တွေ အတွက် သတိထားရမဲ့ ၃ ချက်ပေါ့လေ။ တချို့ software လေးတွေက FE ကို အခြေခံမထားဘဲ equation တွေကို နောက်က program ဆောက်ပြီးတွက်ပေးတာမျိုး တွေဆိုရင် သိပ် ပူစရာ မရှိပါဘူး။


တော်တော်များများ FE software တွေကလည်း user friendly ဖြစ်အောင် လုပ်ပေးလာတော့ အဲဒီ အပိုင်းတွေကိုတောင် template ပုံစံ program default setting တွေနဲ့ run လာတာရှိတယ်။ user friendly တော့ တော်တော် ဖြစ်အောင် လုပ်ထားတော့ analysis အတွက် flexible မဖြစ်တာလဲ ရှိနိုင်တယ်။


အခုနောက်ပိုင်းမှာ အပြင်မှာ software အသုံးများလာတာမှာ အင်ဂျင်နီယာ လူကြီးပိုင်း အနေနဲ့ သဘောမကျတဲ့ အချက်တွေ ရှိတယ်။ software အားကိုးတာ များတော့ engineering theory ကို မသိတော့မှာ စိုးရိမ်လာကြတယ်။ calculator ပေါ်လာစ အချိန်မှာ ကလေးတွေ လက်တွက် မတွက်တတ်တော့မှာ စိုးရိမ်သလိုပေါ့။


ကျောင်းတက်ရတဲ့ limited period အတွင်း အခြေခံ သီအိုရီ သင်ပေးတော့ အင်္ဂလိပ်စာ နဲ့ ပတ်သက်တဲ့ note ထဲ ရေးထားသလိုဘဲ ဘာသာရပ် တခုကို ၂ လလောက် အတွင်း ရိုက်သွင်းရတယ်။ professional life တခုလုံးနဲ့ ယှဉ်ရင် ဒါဟာ intensive training သဘောလောက်ဘဲ သက်ရောက်ပါတယ်။


ဒါကြောင့် ကျောင်းသားကို ဘယ်ဟာ အရေးကြီးလဲ၊ ဘယ်လောက် သင်မလဲ၊ ဘယ်လို သင်မလဲ၊ သင်လိုက်တာကို အပြင်လောက မှ သုံးလို့ ရတဲ့အဆင့်ရောက်သွားအောင် ဘာတွေ ပေးလွှတ်လိုက်မလဲ ဆိုတာက တော့ သင်ရိုးညွန်းတမ်းတွေမှာ ချိန်ညှိရမဲ့ ကိစ္စ ဖြစ်လာတယ်။


UK ကျောင်းတွေကတော့ hand calculation တွေမှာ simple exercise တွေ နဲ့ theory ပိုင်း concept နားလည်ရုံ လောက်ဘဲ လုပ်ခိုင်းတယ်။ ဟိုးအရင်လို ရှုပ်ထွေးပွေလီတဲ့ exercise တွေ မလုပ်ခိုင်းတော့ဘူး။ Design စာအုပ် မှာလဲ အဲဒီ approach မျိုးဘဲ.. ဥပမာ Dr Chanakya Arya ရဲ့ Design of Structural Elements စာအုပ်ဆို သိပ် သိသာတယ်။ theory ပြောတယ်၊ အဲဒီ theory သုံးထားတဲ့ very simple example တခု ချပြလိုက်တယ်၊ ဒါဘဲ။


ပြီးတော့ FE theory အခြေခံတွေ၊ computer analysis တွေရဲ့ အခြေခံ သဘောတရားတွေ၊ engineering theory ကို computer analysis နဲ့ ဘယ်လို ဆက်စပ် applied လုပ်မလဲ ဆိုတာတွေ၊ အားသာချက် အားနည်းချက်တွေ ကို သိအောင် assignment/ coursework တွေနဲ့ အပြင်မှာ ခြေချမဲ့ ဘွဲ့ကြို ဘွဲ့ရ ကျောင်းသားတွေ အတွက် ပြင်ဆင်ပေးတာမျိုး လုပ်လာကြတယ်။ ဒီဘက်က ပြောင်းလဲလာတဲ့ syllabus ပေါ့။


FE အကြောင်း တစေ့တစောင်း ကတော့ ဒီအပိုင်းမှာ ဒီလောက်နဲ့ဘဲ ရပ်လိုက်မယ်။ သိပ်များသွားရင် ပျင်းသွားမယ် ထင်တယ်။

Credit
Min Zaw
 
https://www.facebook.com/notes/min-zaw/fe-%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%B1%E1%80%85%E1%80%B7%E1%80%90%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/551530038249189/

Disqus Shortname

Comments system