CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Friday, December 26, 2014

CE Analysis of rates - Version3



(CE) Analysis of rates version 3 တင်ပေးလိုက်ပါတယ် ။
အရင် version နဲ့ မတူတဲ့အချက်ကတော့
Unit converter ရယ်
ကြွေပြားကပ်တဲ့ လုပ်ငန်းရယ်
မိမိသိလိုတဲ့ သစ်သား တစ်တန်မှာရှိတဲ့ Rft တန်ဖိုးတွေ
တွက်လို့ရအောင်ထည့်ထားပေးပြီး
Concrete လုပ်ငန်းမှာ Machine Mixed Item ပါ ဖြည့်ထားပေးပါတယ်
ကျေးဇူးတင်ပါတယ်
Htun Aung Phyoe ( Meikhtila TU )


Tuesday, December 16, 2014

Column Kicker




Tuesday, December 9, 2014

MNS မြေတိုင်းသင်တန်း

ဆောက်လုပ်ရေး ၊ လမ်း ၊ တံတား နှင့် မြေအောက်( Tunnel Survey )
လုပ်ငန်းများတွင် အသုံးဝင်သောမြေတိုင်းတာခြင်း ( Survey and GPS)
လုပ်ငန်းများအား ချောမွေ့မြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် MNS မှ ခေတ်မီမြေတိုင်း
စက်များဖြင့် မြေတိုင်းတာခြင်း ၊ Data များပြန်လည်စီစဉ်ခြင်း ၊
မြေပုံ များပြန်လည်ပြုလုပ်ခြင်း စသည့်နည်းပညာများအား . . . . . . . .
MNS Technique Training .... မှ မြန်ဆန်စွာဖြင့် လက်တွေ့ အသုံးချနိုင်ရန်သင်ကြားပေးနေပါပြီ ။

MNS Technique Training
Course Applied Software
-Surveying -AutoCAD Land Development(Contour Software)
-GPS -Mapping Software
-Data Processing -Civil CAD(Demo)
-Global Mapper -Microsoft Excel


နယ်ပယ်အသီးသီးမှ စိတ်ဝင်စားသူများ .. . .
အသက်မွေးပညာရပ်အနေဖြင့် စိတ်ဝင်စာားသူများ တက်ရောက်နိုင်ပါသည်။
Survey Project များအားသင့်တင့်သောဈေးနှုန်းများဖြင့်
MNS မှတာဝန်ယူဆောင်မှုပေးနေပါပြီ ။
လုပ်ငန်းပဲအပ်အပ် ၊ သင်တန်းပဲ တက်တက် အကျိုးရှိစေမည့် Engineering Service ဖြစ်ပါသည်။

လိပ်စာ - သမိုင်းလမ်းဆုံ အနီး၊ ဗဟိုလမ်း ၊ မုဒိတာ အိမ်ရာ No(C-517)
ဖုန်း - 09421763321




Monday, December 8, 2014

Concrete cover cover ထား ရခြင်း အကြောင်း ရင်း

သံကို Center ကေ န အဝေး ဆုံး နေ မှာ cover မချန် ဘဲ ထား ရင် Arm များး လို့ stress ကို ပို ထမ်း နိုင် ပါတယ်
ဒါ ပေ မဲ့ concrete ရဲ့ ညှစ် အား bond stress ရှိဖို့ Concrete ထဲ ပြန် သွင်း ရတယ်
cover နဲလွန်း ရင် bond မကောင်း သလို မီး လောင် ရင် steel တွေ မြန် မြန် အပူ ချိန် တက် ပြီး ပြတ် ကျ ချိန် စော ပါ တယ်
ရေ နဲ့ ထိ နေတဲ့ အပိုင်း တွေ မှာ ရေ concrete ထဲ စိမ့် ဝင် နိုင် တဲ့ အကွာ အဝေး မှာမ ရှိ မှ steel မဆွေး မှာ ပါ
cover များ လွန်း ရင် Steel က concrete တွေ ကို မဆွဲ ထား နိင် လို့  concrete တွေ spalling ဖြစ် ပြီး ကြွေ ကျ တတ် ပါ တယ်
concrete strength နဲ့ ဆိုင် ပါ သည်
ကောင်း ရင် Cover နည်း လို့  ရပါ တယ်
ဒါ ဆို cover ကို နား လည် ပြီ ပေါ့

Famaous Silver

Did you know about the cube and cylinder test???

အထက်က ပုံလေးကို လေ့လာလိုက်ပါ

Saturday, December 6, 2014

Bored Pile များအကြောင်း

ဒီတစ်ခါတော့ ကျွန်တော့်ဆိုဒ်မှာ လုပ်ခဲ့တဲ့ ဘိုးပိုင် (Bored Piles) တွေအကြောင်းကို ဂျူနီယာ ညီ ညီမတွေ ဗဟုသုတရအောင် နဲနဲပြောပြချင်ပါတယ်။ ကျွန်တော်ဟာ Piling Specialist တစ်ယောက်မဟုတ်တဲ့အတွက် အမှားပါခဲ့ရင် ခွင့်လွှတ် ဝေဖန်ထောက်ပြပေးကြဖို့ ကြိုတင်ပြောထားပါရစေ။

ကျွန်တော်လုပ်ခဲ့ဖူးတဲ့ ဘိုးပိုင်တွေကတော့ စင်ကာပူ အိုးအိမ်က ၂၅ ထပ်မြင့်တဲ့ တိုက်ခန်းတွေအတွက်ပဲ ဖြစ်ပါတယ်။ ပိုင် အမျိုးအစားကတော့ ရိုးရိုး ဘိုးပိုင်ပါ။ ဆိုဒ်က 600mm ကနေ 1500mm အထိရှိပါတယ်။ ပျမ်းမျှ မြေ၀င်က မီတာ ၃၀ လောက်ရှိပြီး ကျောက်လွှာထဲ ၀င်ရတဲ့ (Rock Socketing) က ပိုင် အခြင်းရဲ့ ၂ ဆ ပါ။ wet method (Bentonite Slurry ကို အသုံးပြုတဲ့စနစ်) နဲ့ တူးတာဖြစ်ပြီးတော့ Bucket တွေကို အသုံးပြု တူးဖော်ပါတယ်။

ဆိုဒ်ရဲ့ မြေအမျိုးအစားကတော့ ၂၆ မီတာကနေ မီတာ ၃၀ အနက်လောက်အထိက Sandy Silt ဖြစ်ပြီးတော့ အဲဒီအောက်မှာ Bukit Timah Granite ကျောက်တွေဖြစ်ပါတယ်။
ပိုင်တူးဖို့အတွက် ပထမဆုံးလုပ်ရတာက surveyor က ပွိုင့်ပေးရတာပါ။ အဲဒီမှာ ပိုင်ရဲ့ location, ground level စတာတွေကို ပေးရပါတယ်။

ပြီးရင် Auger ကိုသုံးပြီး ၆ မီတာလောက် dry bore လုပ်ပြီး Steel casing ကို တပ်ဆင်ပါတယ်။ Steel Casing ရဲ့ Length က ၆ မီတာခန့်ရှိပါတယ်။

ဒီပုံမှာတွေ့ရတာက Steel Casing တွေဖြစ်ပါတယ်။




အောက်ကပုံကတော့ Dry Boring လုပ်တဲ့ နေရာမှာ သုံးတဲ့ Auger ပုံပါ။



အဲဒီနောက် bentonite slurry ကို bore hole ထဲထည့်ပြီး boring bucket (မြေသားအပေါ်မူတည်ပြီးတော့ Soil Bucket နဲ့ Rock Bucket ဆိုပြီးတော့ရှိပါတယ်) ကိုသုံးကာ ဆက်လက်တူးဖော်ပါတယ်။ အဲ ကျောက်လွှာကို ရောက်ပြီဆိုရင် boring bucket နဲ့ ရှေ့ဆက်တူးလို့မရတော့ဘူး၊ အဲဒီအခါကျရင် cleaning bucket ကိုသုံးပြီး Bore hole ရဲ့ အောက်ခြေကိုသန့်ရှင်း (cleaning) လုပ် ပြီးရင် ကျောက်လွှာရဲ့အနက်ကိုတိုင်းပြီး confirm လုပ်၊ ကျော်သားနမူနာ ယူရပါတယ်။ ကျောက်လွှာ တကယ်ရောက်မရောက်ကို boring လုပ်နေတဲ့အချိန်မှာ boring machine ကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ အားနဲ့ boring လုပ်တဲ့အချိန်မှာ boring machine က တုန်ခါနေပါတယ်။

အာက်ပါပုံတွေကတော့ Boring Bucket အမျိုးအစား ပုံတွေပဲ ဖြစ်ပါတယ်။

အောက်ကပုံကတော့ Soil Bucket ဖြစ်ပါတယ်။ သာမန်မြေမျိုးမှာ အသုံးပြုပြီးတော့ မြေကြီးတွေကို တူးထုတ်ရတာပါ။



အောက်ကပုံကတော့ Rock Bucket ပုံပါ။ ကျောက်ရော မြေသားတွေ နဲ့ မြေမာတွေမှာ အသုံးပြုပါတယ်။



ဒီပုံကတော့ Cleaning Bucket ပုံဖြစ်ပါတယ်။ ဒီ Bucket အမျိုးအစားကိုသုံးပြီး Bore Hole ရဲ့ အောက်ခြေက နုန်းတွေရှင်းလင်း (Base Cleaning) လုပ်ပေးရပါတယ်။

 

အောက်ကပုံက ကျွန်တော့်ဆိုဒ်ထဲက Bucket မျိုးစုံပုံပါ။ နောက်မှာ မြင်ရတာကတော့ Bentonite Slurry ထည့်တဲ့ Tank ဖြစ်ပါတယ်။ Bentonite Slurry တွေကို ပိုက်လိုင်းတွေမှတဆင့် ပိုင်တူးတဲ့ နေရာဆီကို ပို့ပေးရပါတယ်။



ကျောက်လွှာရောက်တာကို သေချာအောင် စစ်ဆေးပြီးပြီဆိုရင် လိုအပ်တဲ့ ကျောက်သားလွှာအနက်ရောက်အောင် Rock Coring လုပ်ပြီး Socketing လုပ်ရပါတယ်။ Rock Coring လုပ်ရာမှာ အသုံးပြုတာတွေကတော့ Core Barrel တွေပါ။ Core Barrel မှာလဲ Bullet Teeth Core Barrel နဲ့ Roller Bit Core Barrel ဆိုပြီး ကျောက်သားအမာအပျော့အပေါ်မူတည်ပြီး သုံးစွဲရပါတယ်။ အောက်က ပုံတွေကတော့ Core Barrel ပုံတွေပဲ ဖြစ်ပါတယ်။

ဒီပုံကတော့ Bullet teeth Core Barrel ပါ။



အောက်ကပုံကတော့ Roller bit Core Barrel ဖြစ်ပါတယ်။ ကျောက်သား အလွန်မာသောအခါ အသုံးပြုပါတယ်။



အောက်ကပုံကတော့ Rock Coring လုပ်ရာမှာ ထွက်လာတဲ့ ကျောက်သားပါ။ Granite ကျောက်အမျိုးအစားဖြစ်ပြီး အလွန်မာကြောပါတယ်။ တူနဲ့ထုတောင် လွယ်လွယ်နဲ့ မကွဲနိုင်ပါ။ ကျွန်တော့်ဆိုဒ်မှာ Rock Coring လုပ်ရာမှာ ပိုင်အရွယ်အစားနဲ့ ကျောက်သားအမာအပျော့ အပေါ်မူတည်ပြီး ၂ နာရီမှ တစ်ခါတစ်လေ ၁ ရက်ခန့်အထိကြာမြင့်တတ်ပါတယ်။



အဲ လိုအပ်တဲ့ rock socketing ကိုရပြီဆိုရင်တော့ base cleaning လုပ်၊ Pile Verticality ကိုစစ်ပြီး Pile Depth ကို confirm လုပ်ရပါတယ်။ ပြီးရင် သံခြင်း (Rebar Cage) ချ၊ ကွန်ကရစ် မှာ။ Rebar cage က compression only pile ဆိုတော့ 1 length ပဲထည့်ရပါတယ်။ Cage အလျားက ၁၂ မီတာပါ။

ဒီပုံကတော့ Pile Verticality စစ်ဆေးရတဲ့ပုံစံပါ။ စစ်တဲ့အခါ အနား ၄ ဘက် Vertical ဖြစ်မဖြစ်ရယ် အနက်တူမတူ ဆိုတာရယ်ကို စစ်ဖို့လိုပါတယ်။

 

အောက်ကပုံက သံခြင်း ချနေပုံပါ။



သုံးတဲ့ ကွန်ကရစ်အမျိုးအစားက Grade 35 High Slump concrete။ slump က 170-225mm ဖြစ်ပြီး setting time 4 hr concrete ကို အသုံးပြုပါတယ်။ ကွန်ကရစ် လောင်းတဲ့အခါ Tremie Pipe ကို အမြဲတမ်း concrete ထဲ မြုတ်နေစေရန် Tremie pipe ဖြတ်တဲ့အခါမှာ သတိပြုရပါတယ်။

ဒါကတော့ ကွန်ကရစ်လောင်းနေတာဖြစ်ပါတယ်။



ကွန်ကရစ်လောင်းတဲ့အခါ Cut off level အထက်ကို အနည်းဆုံး ၁ မီတာ ပိုလောင်းရပါတယ်။ ကွန်ကရစ်လောင်းပြီးရင်တော့ Steel Casing ကို ပြန်ထုတ်ရတာပေါ့။ အဲဒါကိုတော့ Crawler Crane နဲ့ဖြစ်ဖြစ် Vibro Hammer ကိုသုံပြီးဖြစ်ဖြစ် ပြန်ဆွဲထုတ်ရပါတယ်။

ဒီပုံကတော့ Crawler Crane ကိုအသုံးပြုပြီး Steel Casing ကို ပြန်ဆွဲထုတ်နေတဲ့ပုံ ဖြစ်ပါတယ်။



ကဲ စာလဲ နည်းနည်းရှည်သွားပြီ (အရုပ်တွေများနေပြီ) ဆိုတော့ (ကျွန်တော်ဆို စာအုပ်ဖတ်ရင် အရုပ်ပါတဲ့ စာမျက်နှာပိုကြိုက်လို့ ပုံတွေနဲနဲများသွားတာ) ဒီတစ်ခေါက်တော့ဒီလောက်နဲ့ပဲ နားပါအုံးမယ်။ နောက်တစ်ခေါက်ကျမှ Pile Test လုပ်တဲ့ အကြောင်းတွေ ထပ်ပြောပြမယ်။

Aung Hsu Myat

Top Down Construction Method အကြောင်း တစေ့တစောင်း

ဒီတစ်ခါ Top Down Construction Method အကြောင်း Junior ညီ ညီမတွေသိအောင် အနည်းငယ် ပြောပြချင်ပါတယ်။ (For Information Only ပါ)

Top Down Construction ဆိုတာက Basement တွေကို အပေါ်ကနေ (Ground Level ကနေ) စပြီး  အောက်ဘက်ကို ဆောက်ရင်း မြေတူးသွားရတဲ့ Construction Method အမျိုးအစားဖြစ်ပါတယ်။ အထူးသဖြင့် Construction Schedule ကို မြန်စေလိုတဲ့အခါ နဲ့ Steel Strut တွေမသုံးလိုတဲ့အခါ တွေမှာ Top Down Construction Method ကို သုံးကြပါတယ်။ ဆောက်လုပ်မှုပုံစံ အကြမ်းဖျဉ်း အနေနဲ့ ဆိုရင်တော့ ပထမ Pile တွေနဲ့ Retaining Structure တွေကို အရင် လုပ်ရပါတယ်။ Retaining Wall တွေအနေနဲ့တော့ Diaphragm Wall သို့မဟုတ် Secant Pile Wall တွေကို လုပ်လေ့ရှိပါတယ်။ နောက်ပြီး Pile တွေမှာ Plunging Columns လို့ခေါ်တဲ့ Steel Column တွေ တပ်ဆင်ပေးရပါတယ်။ အဲဒီ Plunging Column တွေက Construction လုပ်နေချိန်မှာ Slabs တွေကို Support လုပ်ပေးဖို့အတွက် ဖြစ်ပါတယ်။ အောက်ကပုံတွေက Plunge Column ပုံ အချို့ ဖြစ်ပါတယ်။

ပုံ ၁ Basement Slab တွေကို Plunge Column တွေက ထောက်မထားတဲ့ပုံပါ။



ပုံ ၂ Plunge Columns တွေ မတပ်ဆင်ခင် တွေ့ရပုံတွေပါ။ Plunge Column မှာ Shear Stud တွေဆင်ထားတာ တွေ့ရမှာပါ။



ပုံ ၃ Plunge Columns တွေ ပိုင်မှာ ဆင်နေတဲ့ပုံပါ။



ပုံ ၄ Plunge Columns တွေ ကို မြေကြီးတူးတဲ့အခါ တွေ့ရတာပါ။



Top Down Construction မှာ Construction method အပေါ်အခြေခံပြီးတော့ Full Top down နဲ့ Semi Top Down Method ရယ်လို့ရှိပါသေးတယ်။ Construction Schedule လိုအပ်ချက် အပေါ်မူတည်ပြီးတော့ Full Top Down သို့မဟုတ် Semi Top Down method ကို ရွေးချယ်ရတာပါ။

Fully Top down ဆိုတာက Slab တစ်ပြင်လုံးကိုတစ်လွှာပြီးတစ် လွှာ လောင်းပြီး အောက်ကိုဆင်းသွားတာပါ။ Material နဲ့ Equipment access အတွက် slab opening တွေတော့ ချန်ထားပေးရပါတယ်။ Fully top down method ကို အသုံးပြုတဲ့အခါ basement နဲ့ superstructure ကို တပြိုင်ထဲ လုပ်သွားနိုင်ပါတယ်။ basement မှာ ramp တွေပါခဲ့ရင်တော့ အဲဒီနေရာတွေမှာ Temporary slab လောင်းခြင်းသော်၎င်း၊ strut များဖြင့်သော်၎င်း support လုပ်ပေးရပါတယ်။ Top Down Construction Method မှာ Ground Floor Slab ကို Working Platform အဖြစ်အသုံးပြုနိုင်တဲ့အတွက် Logistic အတွက် မြေနေရာ အခက်အခဲရှိတဲ့ Down town area လိုနေရာမျိုးအတွက် စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခု သတိထားရမှာက Ground Slab Design ဖြစ်ပါတယ်။ Temporary Use အတွက် Ground Slab ကို Plunge Column တွေက Support လုပ်ထားတဲ့အတွက် Support Location တွေက Permanent အခြေအနေနဲ့ ကွဲပြားနိုင်ပါတယ်။ နောက်ပြီး Construction Load တွေကို ခံနိုင်ရည်ရှိအောင်လဲ Design လုပ်ဖို့လိုပါတယ်။

အောက်ကပုံက Top Down Construction Site တစ်ခုရဲ့ Ground Slab ဖြစ်ပါတယ်။



အောက်က ပုံက ပုံမှန် Bottom Up Construction Site တစ်ခုပါ။ Ground Level မှာ Temporary Working Platform လုပ်ထားတာကို တွေ့ရမှာပါ။



အောက်ကပုံကတော့ Fully Top Down Construction Method အတွက် Study လုပ်ထားတဲ့ပုံပါ။ စင်ကာပူနိုင်ငံ မရီနာဝမ်း ပရိုဂျက်အတွက် တင်ဒါသွင်းဖို့ Construction Methodology Study လုပ်ခဲ့စဉ်က လုပ်ထားတာပါ။ (စင်ကာပူ မလေးရှား ဖက်စပ် လုပ်ငန်းတစ်ခုဖြစ်ပြီးတော့ အလွန်ကြီးတဲ့ Project တစ်ခုပါ။ Project Value ဒေါ်လာ က ၇ ဘီလီယံ လို့ သိရပါတယ်)






အောက်ကပုံတွေကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ ဆောက်လုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငွေကြေးစင်တာ အမှတ်၂ ရဲ့ Construction Sequence ကို Study လုပ်တဲ့ပုံပဲ ဖြစ်ပါတယ်။ Fully Top Down စနစ်ဖြစ်ပြီး Basement က ၅ ထပ်ပါ။




အောက်ကပုံတွေကတော့ Top Down Construction Project တစ်ခုမှာ မြေတူးနေတဲ့ပုံတွေပါ။



ဒါကတော့ Column တွေလောင်းတဲ့ပုံပါ။ ဗိယက်နမ်က ဆိုဒ်တစ်ခုကပုံတွေပါ။




Semi Top down method မှာတော့ slab နဲ့ column တစ်ချို့ကို Top down method နဲ့ လုပ်ပြီး Lift wall, shear wall စသည်တို့ကို foundation ပြီးမှ Bottom up method နဲ့ ပြန်လုပ်ပါတယ်။ semi Top down လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Temporary working platform ရဖို့နဲ့ strut တွေ လျှော့ဖို့ပဲဖြစ်ပါတယ်။ Superstructure အနေနဲ့ Foundation ပြီးအောင်စောင့်ရတဲ့အတွက် construction က ပိုကြာမှာပါ။

အောက်ကပုံကတော့ Semi Top Down Method ကိုသုံးတဲ့ စင်ကာပူ Site တစ်ခုပုံဖြစ်ပါတယ်။ Lift Core wall တွေကို Foundation Slab ပြီးမှ Bottom Up စနစ်နဲ့ ပြန်ဆောက်တဲ့ နည်းစနစ်မျိုးပါ။
 

အောက်ကပုံတွေက Semi Top Down Construction Sequence ပုံတွေပါ။ မရီနာဝမ်း ပရိုဂျက်အတွက် Construction Sequence Study လုပ်ထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။







အောက်ကပုံတွေကတော့ ဗိယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်မှာ ဆောက်မယ့် ဆိုင်ဂုံ စင်တာအတွက် Plunging Column Layout Plan နဲ့ Elevation ပုံတွေပဲ ဖြစ်ပါတယ်။ Construction Method က Semi Top Down Method ဖြစ်ပါတယ်။ (Slab နဲ့ Column တွေကို Top Down Method နဲ့ ဆောက်လုပ်မှာဖြစ်ပြီး Lift Wall တွေကို Bottom Up Method နဲ့ ဆောက်လုပ်မှာဖြစ်ပါတယ်။ Basement က ၅ ထပ်ရှိပြီးတော့ Tower က ၃၈ ထပ်ပါ။

ဒီပုံကတော့ Plunge in Steel Column Layout Plan ပုံ ဖြစ်ပါတယ်။




ဒီပုံတွေကတော့ Plange In Column Drawing တွေပါ။

 

ကျေးဇူးတင်ပါတယ်
အောင်ဆုမြတ်
၃၀ နိုဝင်ဘာ ၂၀၁၄

Disqus Shortname

Comments system