Saturday, December 6, 2014

Top Down Construction Method အကြောင်း တစေ့တစောင်း

ဒီတစ်ခါ Top Down Construction Method အကြောင်း Junior ညီ ညီမတွေသိအောင် အနည်းငယ် ပြောပြချင်ပါတယ်။ (For Information Only ပါ)

Top Down Construction ဆိုတာက Basement တွေကို အပေါ်ကနေ (Ground Level ကနေ) စပြီး  အောက်ဘက်ကို ဆောက်ရင်း မြေတူးသွားရတဲ့ Construction Method အမျိုးအစားဖြစ်ပါတယ်။ အထူးသဖြင့် Construction Schedule ကို မြန်စေလိုတဲ့အခါ နဲ့ Steel Strut တွေမသုံးလိုတဲ့အခါ တွေမှာ Top Down Construction Method ကို သုံးကြပါတယ်။ ဆောက်လုပ်မှုပုံစံ အကြမ်းဖျဉ်း အနေနဲ့ ဆိုရင်တော့ ပထမ Pile တွေနဲ့ Retaining Structure တွေကို အရင် လုပ်ရပါတယ်။ Retaining Wall တွေအနေနဲ့တော့ Diaphragm Wall သို့မဟုတ် Secant Pile Wall တွေကို လုပ်လေ့ရှိပါတယ်။ နောက်ပြီး Pile တွေမှာ Plunging Columns လို့ခေါ်တဲ့ Steel Column တွေ တပ်ဆင်ပေးရပါတယ်။ အဲဒီ Plunging Column တွေက Construction လုပ်နေချိန်မှာ Slabs တွေကို Support လုပ်ပေးဖို့အတွက် ဖြစ်ပါတယ်။ အောက်ကပုံတွေက Plunge Column ပုံ အချို့ ဖြစ်ပါတယ်။

ပုံ ၁ Basement Slab တွေကို Plunge Column တွေက ထောက်မထားတဲ့ပုံပါ။



ပုံ ၂ Plunge Columns တွေ မတပ်ဆင်ခင် တွေ့ရပုံတွေပါ။ Plunge Column မှာ Shear Stud တွေဆင်ထားတာ တွေ့ရမှာပါ။



ပုံ ၃ Plunge Columns တွေ ပိုင်မှာ ဆင်နေတဲ့ပုံပါ။



ပုံ ၄ Plunge Columns တွေ ကို မြေကြီးတူးတဲ့အခါ တွေ့ရတာပါ။



Top Down Construction မှာ Construction method အပေါ်အခြေခံပြီးတော့ Full Top down နဲ့ Semi Top Down Method ရယ်လို့ရှိပါသေးတယ်။ Construction Schedule လိုအပ်ချက် အပေါ်မူတည်ပြီးတော့ Full Top Down သို့မဟုတ် Semi Top Down method ကို ရွေးချယ်ရတာပါ။

Fully Top down ဆိုတာက Slab တစ်ပြင်လုံးကိုတစ်လွှာပြီးတစ် လွှာ လောင်းပြီး အောက်ကိုဆင်းသွားတာပါ။ Material နဲ့ Equipment access အတွက် slab opening တွေတော့ ချန်ထားပေးရပါတယ်။ Fully top down method ကို အသုံးပြုတဲ့အခါ basement နဲ့ superstructure ကို တပြိုင်ထဲ လုပ်သွားနိုင်ပါတယ်။ basement မှာ ramp တွေပါခဲ့ရင်တော့ အဲဒီနေရာတွေမှာ Temporary slab လောင်းခြင်းသော်၎င်း၊ strut များဖြင့်သော်၎င်း support လုပ်ပေးရပါတယ်။ Top Down Construction Method မှာ Ground Floor Slab ကို Working Platform အဖြစ်အသုံးပြုနိုင်တဲ့အတွက် Logistic အတွက် မြေနေရာ အခက်အခဲရှိတဲ့ Down town area လိုနေရာမျိုးအတွက် စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခု သတိထားရမှာက Ground Slab Design ဖြစ်ပါတယ်။ Temporary Use အတွက် Ground Slab ကို Plunge Column တွေက Support လုပ်ထားတဲ့အတွက် Support Location တွေက Permanent အခြေအနေနဲ့ ကွဲပြားနိုင်ပါတယ်။ နောက်ပြီး Construction Load တွေကို ခံနိုင်ရည်ရှိအောင်လဲ Design လုပ်ဖို့လိုပါတယ်။

အောက်ကပုံက Top Down Construction Site တစ်ခုရဲ့ Ground Slab ဖြစ်ပါတယ်။



အောက်က ပုံက ပုံမှန် Bottom Up Construction Site တစ်ခုပါ။ Ground Level မှာ Temporary Working Platform လုပ်ထားတာကို တွေ့ရမှာပါ။



အောက်ကပုံကတော့ Fully Top Down Construction Method အတွက် Study လုပ်ထားတဲ့ပုံပါ။ စင်ကာပူနိုင်ငံ မရီနာဝမ်း ပရိုဂျက်အတွက် တင်ဒါသွင်းဖို့ Construction Methodology Study လုပ်ခဲ့စဉ်က လုပ်ထားတာပါ။ (စင်ကာပူ မလေးရှား ဖက်စပ် လုပ်ငန်းတစ်ခုဖြစ်ပြီးတော့ အလွန်ကြီးတဲ့ Project တစ်ခုပါ။ Project Value ဒေါ်လာ က ၇ ဘီလီယံ လို့ သိရပါတယ်)






အောက်ကပုံတွေကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ ဆောက်လုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငွေကြေးစင်တာ အမှတ်၂ ရဲ့ Construction Sequence ကို Study လုပ်တဲ့ပုံပဲ ဖြစ်ပါတယ်။ Fully Top Down စနစ်ဖြစ်ပြီး Basement က ၅ ထပ်ပါ။




အောက်ကပုံတွေကတော့ Top Down Construction Project တစ်ခုမှာ မြေတူးနေတဲ့ပုံတွေပါ။



ဒါကတော့ Column တွေလောင်းတဲ့ပုံပါ။ ဗိယက်နမ်က ဆိုဒ်တစ်ခုကပုံတွေပါ။




Semi Top down method မှာတော့ slab နဲ့ column တစ်ချို့ကို Top down method နဲ့ လုပ်ပြီး Lift wall, shear wall စသည်တို့ကို foundation ပြီးမှ Bottom up method နဲ့ ပြန်လုပ်ပါတယ်။ semi Top down လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Temporary working platform ရဖို့နဲ့ strut တွေ လျှော့ဖို့ပဲဖြစ်ပါတယ်။ Superstructure အနေနဲ့ Foundation ပြီးအောင်စောင့်ရတဲ့အတွက် construction က ပိုကြာမှာပါ။

အောက်ကပုံကတော့ Semi Top Down Method ကိုသုံးတဲ့ စင်ကာပူ Site တစ်ခုပုံဖြစ်ပါတယ်။ Lift Core wall တွေကို Foundation Slab ပြီးမှ Bottom Up စနစ်နဲ့ ပြန်ဆောက်တဲ့ နည်းစနစ်မျိုးပါ။
 

အောက်ကပုံတွေက Semi Top Down Construction Sequence ပုံတွေပါ။ မရီနာဝမ်း ပရိုဂျက်အတွက် Construction Sequence Study လုပ်ထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။







အောက်ကပုံတွေကတော့ ဗိယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်မှာ ဆောက်မယ့် ဆိုင်ဂုံ စင်တာအတွက် Plunging Column Layout Plan နဲ့ Elevation ပုံတွေပဲ ဖြစ်ပါတယ်။ Construction Method က Semi Top Down Method ဖြစ်ပါတယ်။ (Slab နဲ့ Column တွေကို Top Down Method နဲ့ ဆောက်လုပ်မှာဖြစ်ပြီး Lift Wall တွေကို Bottom Up Method နဲ့ ဆောက်လုပ်မှာဖြစ်ပါတယ်။ Basement က ၅ ထပ်ရှိပြီးတော့ Tower က ၃၈ ထပ်ပါ။

ဒီပုံကတော့ Plunge in Steel Column Layout Plan ပုံ ဖြစ်ပါတယ်။




ဒီပုံတွေကတော့ Plange In Column Drawing တွေပါ။

 

ကျေးဇူးတင်ပါတယ်
အောင်ဆုမြတ်
၃၀ နိုဝင်ဘာ ၂၀၁၄

0 comments:

Post a Comment

Disqus Shortname

Comments system