Saturday, December 6, 2014

အယူအဆအလွဲများ(၁၈)

Beam တွင် bottom bar မှာ top bar ထက် အမြဲပိုလိုသည်ဟု မှတ်ယူနေခြင်း

Structure design မပါပဲ ဒီအတိုင်းဆောက်လေ့ရှိတဲ့သူတွေနဲ့ ကျောင်းပြီးစအင်/ယာ တော်တော်များများက Beam တွေမှာ bottom bar က top bar ထက် ပိုလိုတယ်လို့ အသေမှတ်ထားတတ်ကြတာကို သတိထားမိပါတယ်။
ကျွန်တော် Structure စတွက်ခါစက ကိုယ်ကလည်း အစဆိုတော့ Senior ကြီးတွေရဲ့ မယုံသင်္ကာနဲ့ "မင်းဟာက bottom bar ထက် top bar တွေက များနေပါလားဟ" လို့ အပြောခံရတတ်ပါတယ်။
နောက် Group တွေမှာလည်း ကျောင်းဆင်းစလေးတွေ Structure design မှာ bottom bar ထက် top bar ကို ပိုပေးတာတွေ့လို့  Design မှားတယ်ထင်တယ်လို့ ဆွေးနွေးကြတာကို ဖတ်ရပါတယ်။

ဘာလို့ဒီလို မှတ်ကြသလဲဆို ထင်တာကတော့ ကျောင်းတွေမှာ Simply supported beam တွေပဲ အတွက်များလာလို့ထင်ပါတယ်။
လက်တွက်တွက်တာဆိုတော့ determinate ဖြစ်တဲ့  Simply supported beam တွေပဲ အဆင်ပြေတော့ ဒါတွေက အတွက်များတဲ့သဘောရှိပါတယ်။
လက်တွေ့မှာကြတော့ determinate ထက် indeterminate တွေပဲ များပါတယ်။ Determinate အနေနဲ့ simply supported က Secondary beam လောက်ပဲယူလို့ရတာဆိုတော့လေ။
ကျန်တာတွေက Column နဲ့ beam တွေက fixed action ဆိုတော့ indeterminate ဖြစ်တာက အများဆုံးပါ။


၁) Simply supported beam  ကတော့ ပုံမှာပြထားတဲ့အတိုင်း +ve moment က wl^2/8 ဖြစ်ပြီး အဲ့အတွက် bottom bar ထည့်ပေးရမှာပါ။


၂) ပုံမှာက Approximate method ကိုသုံးပြီးထုတ်ထားတဲ့ အခန်းဖွဲ့တူ နှစ်ခန်းစာအတွက် moment ကို ပြထားပါတယ်။ အဲ့ဒီမှာ maximum moment က -ve moment ဖြစ်ပြီး +ve moment ထက်ပိုများပါတယ်။ ဒါကြောင့် ဒီလို Indeterminate beam တွေမှာဆို column strip မှာ top bar က bottom bar ထက်ပိုလေ့ရှိပါတယ်။


၃) ဒီပုံကတော့ အခန်းဖွဲ့တူ Span အမျိုးမျိုးရှိတဲ့ beam တွေအတွက် moment ကို ပေးထားပါတယ်။ ပုံကို မရှင်းတော့ပါဘူး။ လေံလာကြည့်ရင် နားလည်ပါမယ်။
ထုတ်နုတ်ဖော်ပြထားတဲ့ ပုံတွေရဲ့ မူရင်းစာအုပ်တွေကို ပုံမှာ ဖော်ပြထားပါတယ်။


၎) အပေါ်မှာပြောခဲ့တာတွေက gravity load အတွက် ဖြစ်ပြီးတော့ Earthquake လိုမျိုး lateral load မျိုးပေးရင် နောက်ထပ်အမှတ်မှားလေ့ရှိတဲ့ midspan steel က column strip (support နား) မှာရှိတဲ့ steel ထက်ပိုတယ်ဆိုတာနဲ့ ဆန့်ကျင်နေတယ် ဆိုတာပုံမှာတွေ့ရပါမယ်။ ပုံမှာ support နားမှာ moment တွေများနေတာ တွေ့ရပါမယ်။ ဒီပုံကတော့ Structure တွက်ထားတဲ့ Etabs file တစ်ခုက ယူထားတာပါ။

ထုတ်နုတ်ဖော်ပြထားတဲ့ ပုံတွေရဲ့ မူရင်းစာအုပ်တွေကို ပုံမှာ ဖော်ပြထားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system