Saturday, December 6, 2014

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၀)

Can 100 % lap splice be permitted?
မေး - သံချောင်း lapping အဆက်တွေကို 100% splice ဆက်နိုင်ပါသလား
ဖြေ -  100% splice ဆက်နိုင်ပါသလားဆိုရင် ဆက်နိုင်ပါတယ်
Splice တွေမှာ Tension splice နဲ့ Compression splice ဆိုပြီး ၂ မျိုးရှိပါတယ်။ ပုံမှန်အားဖြင့် beam တွေမှာ tension splice ကိုသုံးပြီးတော့ column တွေမှာ compression splice ကိုသုံးပါတယ်။ ဒါပေမယ့် column တွေမှာ moment ကြောင့် column မျက်နှာစာတစ်ဖက်ဟာ tension ခံစားရနိုင်ပါတယ်။ အဲ့အတွက် tension splice အနေနဲ့လည်း စဉ်းစားပေးဖို့လိုမယ်ထင်ပါတယ်။

Tension splice မှာ ဆက်တဲ့ ရာခိုင်နှုန်း(% of splice) ပေါ်မူတည်ပြီး ဆက်ရမယ့်အရှည် (splice length) ပြောင်းလဲမှုရှိပါတယ်။ 100% splice လုပ်မယ်ဆိုရင် Class B လို့သတ်မှတ်ပြီးတော့  Splice length ကို Tension development length ရဲ့ 1.3 ဆ (1.3ld) ထည့်ပေးရမှာဖြစ်ပါတယ်။ 50% အောက် splice လုပ်မယ် နောက်ပြီးထည့်ထားတဲ့ steel ကလည်း analysis တွက်ချက်လို့ရတဲ့ steel ထက် ၂ဆ ရှိတယ်ဆိုရင်တော့ Class A လို့သတ်မှတ်ပြီးတော့  Splice length ကို Tension development length အတိုင်း (ld) ထည့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ထည့်ထားတဲ့ steel က analysis တွက်ချက်လို့ရတဲ့ steel ၂ဆအောက်ငယ်တယ်ဆိုရင်တော့ Class B လို့သတ်မှတ်ပြီးတော့  Splice length ကို Tension development length  ရဲ့ 1.3 ဆ (1.3ld)အတိုင်း ထည့်ပေးရမှာဖြစ်ပါတယ်။

Tension development length က မှီခိုတဲ့ factors အများကြီးရှိပါတယ်။ Formula ဖော်ပြဖို့ရာမှာ modification factor တွေအများကြီးရှိတာမှာ ဒီမှာသုံးနေတဲ့ specification တွေအရ ရိုးရှင်းတဲ့ပုံစံဖော်ပြပေးလိုက်ပါတယ်။ (အကျယ်ကို စာအုပ်မှာ ရှာဖတ်ပါ။) 3/4" bar အောက်ဆိုရင် Tension development length က fy db/(25 sqrt fc') ဖြစ်ပြီးတော့  3/4" bar အထက်ဆိုရင်တော့ Tension development length က fy db/(20 sqrt fc') ဖြစ်ပါတယ်။

Compression splice ကတော့ ဆက်တဲ့ ရာခိုင်နှုန်း(% of splice) ပေါ်မူတည်ပြီး ဆက်ရမယ့်အရှည် (splice length) ပြောင်းလဲမှုမရှိပါ။ သူ့ရဲ့ splice length ကတော့ steel ရဲ့ yield strength ပေါ်မူတည်ပါတယ်။ fy 60000 psi အထိဆိုရင် Compression splice length ကို 0.0005 fy db လို့ပေးပြီး  fy 60000 psi အထက်ဆိုရင်တော့ Compression splice length ကို (0.0009 fy - 24) db လို့ပေးပါတယ်။ ဒါပေမယ့်  Compression splice length က 12" အောက်ငယ်လို့မရပါဘူး။ နောက် fc' က 3000psi အောက်ဆိုရင် splice length ကို ၃ပုံ၁ပုံထပ်ဆောင်းပေးရပါဦးမယ်။
ထပ်မံဖတ်လိုသူများ  ACI 318-08 Code စာအုပ်သို့မဟုတ် RC စာအုပ်တွေရဲ့ Bond, Anchorage & Development Length ဆိုတဲ့ အခန်းမှာ ဖတ်နိုင်ပါတယ်။
(Reference; ACI 318-08)
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system