CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Htet Aung Khant. Show all posts
Showing posts with label Htet Aung Khant. Show all posts

Thursday, January 19, 2017

Safe ထဲတွင် Single Footing(Square) တစ်ခုကို design result ဖတ်ယူခြင်း (Part 2)



Safe ထဲတွင် Single Footing(Square) တစ်ခုကို design result ဖတ်ယူခြင်း (Part 2)

Settlement Checking အရင်လုပ်ပါမယ်

Settlement တန်းဖိုးက approximately 1" ဖြစ်ရပါမယ်
1" ကျော်ခဲ့ရင် Footing width ကို ကြီးပေးရပါမယ်
Analysis လုပ်ပီးတဲ့အခါ Show Deformed Shape(F6)-->
Load နေရာမှာ COMB1(or)Unfactored COMBO ကိုရွေးပါ
Settlement ဖြစ်မယ့် value တွေကို Safe က colour တွေနဲ့ခွဲပြပါတယ်
အဲ့မှာ colour တွေမျိုးစုံဖြစ်နေရင်တော့ တစ်ခုခုမှားခဲ့လို့ပါ
load တင်တဲ့အခါဖြစ်ဖြစ် section define လုပ်တုန်းက unit မှားခဲ့တာတွေပြန်စစ်ရပါမယ်
Settlement Check တဲ့အခါ Unit က (in) ဖြစ်ရပါမယ်
Settlement ဖြစ်တဲ့အတွက် safe က value တွေကို minus(-) နဲ့ပေးပါတယ်
အကြီးဆုံးတန်ဖိုးက ဘယ်ဘက်အစွန်က ခရမ်းရောင်အ၇င့်ဖြစ်ပါတယ်
ပုံမှာက (-990)လို့ပြထားပါတယ် ညာဘက်အစွန်မှာပြထားတဲ့ E-3 က
10 power (-3) ပါ  ဆိုတော့ value က 0.99 ဖြစ်ပါတယ်
0.99"~1" ဆိုတော့ ok ပါတယ် အဲ့ဒါက footing အားလုံးအတွက်ပါ

Footing တစ်ခုချင်းကို ကြည့်ချင်ရင်တော့ footing ပေါ်မှာ mouse pointer တင်ကြည့်လိုက်ရင် ဘယ်ဘက်အောင်ထောင့်မှာ value is = ??? ဆိုပီးပြပါတယ် 1.01 လောက်ဆို မကြီးပေးလည်းရပါတယ်

Soil Pressure Checking
Unit (Ft) ဖြစ်ရပါမယ်

Display-->Show Reaction Forces-->Load နေရာမှာ
COMB 1 or Unafactored COMB
Type of Load မှာ Soil Pressure ကို ရွေး -->ok
Soil Pressure ကိုတော့ ကာလာအစုံနဲ့ပြပါတယ်
value ကြည့်တဲ့အခါ ညာဘက်အစွန်က အဖြူရောင်ကိုကြည့်ရပါမယ်
Spring ပေးခဲ့တုန်းက 1tsf of 2.24ksf ဆိုရင်
2.24 ထက်မကျော်ရပါဘူး
ဒါပေမယ့် 10% ထိကျော်ခွင့်ရှိတယ်လို့ သင်ဖူးပါတယ် မကျော်ရင်တော့ပိုကောင်းတာပေါ့
ပုံမှာက 2.45<2.24+(2.24x10%) ဆိုတော့ ok ပါတယ်

Design ဆက်လုပ်ပါမယ်
Design --> Select Design Combo--> Combo 2 (1.4DL+1.7LL)
နဲ့လုပ်ပါမယ် Earthquake တို့ Wind တို့ပါရင်တော့ Combo ပြောင်းမှာပါ
Design--> Start Design 
Design လုပ်ပီးရင် Checking တစ်ခုကျန်ပါတယ်
Punching Shear Check ပါ
Design--> Display Punching Shear Ratio
Punching Shear Value က 1 ထက်ကြီးလို့မရပါဘူး
ကြီးခဲ့ရင် thickness တိုးပေးရပါမယ်

Checking 3 ခုလုံး OK ရင်တော့ result ဖတ်လို့ရပါပီ

Design --> Display Slab Design Info-->
Choose Strip Direction မှာ X direction ကိုရွေးပါ

Rebar Location Shown နေရမှာက အားလုံးသိတဲ့အတိုင်း
square footing မှာ top bar ထည့်စရာမလိုတဲ့အတွက်
Show Bottom Rebar ကို check ပါတယ်-->ok
ဘယ် footing ပဲဖြစ်ဖြစ် col strip မှာ positive bending moment (bott steel) ပေါ်ပါတယ် etab တို့ safe တို့ က +moment ကို အောက်ဘက်မှာဆွဲပါတယ် moment ပေါ်တဲ့နေရာမှာ steel ထည့် ဆိုတော့ မှတ်ရပိုလွယ်ပါတယ်

Bar area 9.037 ပေးထားတဲ့ footing ကိုဖတ်ပါမယ်
အပေါ်မှာပြထားတဲ့ 0.449 ကိုတော့ ဟိုဘက် တစ်ဝက်
ဒီဘက် တစ်ဝက်ပေါင်းပေးရပါမယ်
ဒီတော့ 9.037+(0.449/2)=9.26 sqin ရပါတယ်

Y dir ကိုဆက်ဖတ်ပါမယ်
8.232 +(0.96+1.496)/2=9.46 sqin ရပါတယ်

Column ဖြစ်ဖြစ် beam ဖြစ်ဖြစ်footing ဖြစ်ဖြစ် design လုပ်ပီး steel area
ရွေးတဲ့အခါ ACI ကသတ်မှတ်ထားတဲ့ Min Steel Area နဲ့ နှီုင်းယှဉ်ပေးရပါတယ် Min Steel area ထက်နည်းပီးထည့်လို့မရပါဘူး

square footing ရဲ့ Asmin = 200/fy bd (beam ရဲ့ Asmin နဲ့တူပါတယ်)
fy= အသုံးပြုမယ့် steel ရဲ့ yield strength
b= footing ရဲ့steel စီမယ့် width
d= effective depth
ပုံမှာသုံးထားတဲ့ footing size က 11.5'x11.5'x23"

Asmin = 200/40000 x(11.5x12)x(23-3.5)=13.46sqin>9.46sqin

ဒါကြောင့် Asmin ကပိုများတဲ့အတွက် Min steel control ဖြစ်တယ်လို့ပြောပါတယ်

အများအားဖြင့် sq footing တွေမှာ min steel က ctrl ဖြစ်လေ့ရှိပါတယ်

Bar Size ရွေးပါမယ် 6" spacing နဲ့မှန်းပါတယ်
11.5' = 13.46 sqin
1' = 1.17 sqin
6" = 0.58 sqin

22mm ရဲက bar area က 0.589sqin ဆိုတော့ 22mm ကိုရွေးပါတယ်
no of bar = 13.46/0.589 =22.85 ~ 23 nos
ဆိုတော့ 23-22mm bothway ဆိုပီးပေးလိုက်ယုံပါပဲ

အများအားဖြင့်တော့ single footing ဆို safe ထဲတွက်မနေတော့ပါဘူး
hand calc; or spreadsheet နဲ့ပဲတွက်လိုက်တာများပါတယ်

Etabs ထဲကနေ reaction result ထုတ်ပီး spreadsheet ထဲ ထည့်လိုက်ရင် ခဏလေးနဲ့ပီးပါတယ်

HTET AUNG KHANT (BE-CIVIL)
TU(DAWEI)










HOW TO GENERATE BEAM DESIGN RESULT FROM ETABS PART-2

HOW TO GENERATE BEAM DESIGN RESULT FROM ETABS
PART-2

Longitudinal Steel ကိုအရင်စထည့်ပါမယ် Steel ထည့်မယ်ဆိုအရင်ဆုံး
Beam ရဲ့ minimum steel ကို အရင်တွက်ထားရပါမယ်
အခုကျနော်ထည့်ပြမယ့် Beam က 12"x18" , 20' Span Beam ပါ
အဲ့တော့ သူ့ရဲ့ min steel က 200/40000x12x(18-2.5) = 0.93 sq-in
ဖြစ်ပါတယ်

Etabs ကပေးတဲ့ longitudinal steel နဲ့ Torsion Steel (1/3) နဲ့ပေါင်းတော့
Top Steel       = 3.23    1.011    2.902
Bottom Steel  = 1.265   1.93     1.365   ရပါတယ်

ရလာတဲ့ Steel Area တွေက မျိုးစုံဖြစ်နေပါတယ် construction မှာလုပ်ရလွယ်ဖို့အတွက်  Adjust လုပ်ရပါမယ်
Top Steel မှာ Tension steel ဖြစ်တဲ့ Left နဲ့ Right 2 ခုမှာ များတာယူပါမယ် Comp Steel (mid) မှာက တစ်ခုတည်းဆိုတော့ ဒီအတိုင်းထားပါမယ် (Tension steel , comp steel ခွဲဖို့ moment diagram ပြန်ကြည့်ပါ)

Bottom Steel မှာဆို Top နဲ့ပြောင်းပြန်ပါ။ Adjust လုပ်ပြီးတဲ့အခါ

Top Steel       = 3.23    1.011    3.23
Bottom Steel  = 1.365   1.93     1.365   ရပါတယ်
Top မှာ Comp steel ကိုစထည့်ပါမယ် 1.011 ဆိုတော့ min ထက်များပါတယ် အကယ်လို့ Min ထက်နည်းခဲ့ရင် min ကိုယူ၇ပါမယ်
22mm - 2 nos = 1.178 တောက်လျှောက်ထည့်ပါမယ် mid အတွက်လိုအပ်တာထည့်ပီးပါပီ Left ,Right အတွက် မပြည့်သေးတဲ့အတွက် extra bar အနေနဲ့ထပ်ထည့်ပေးရပါမယ်
3.23-1.178 = 2.025 ထပ်ထည့်ရပါမယ် extra bar ဖြစ်တဲ့အတွက် col face ကနေ (span lengthx1/4) အထိပဲထည့်ရပါမယ်
22mm -4 nos = 2.356 ထပ်ထည့်ပေး လိုက်ရင်ရပါပီ
အခုက နမူနာထည့်ပြတာဖြစ်လို့ လိုအပ်တာထက်ပိုများနေပါတယ်
ပိုပီးနီးစပ်အောင် bar size တွေပြောင်းပီးထည့်ကြည့်ပါ
အခုလောက်ဆို bottom အတွက်လည်းထည့်လို့ရမယ်ထင်ပါတယ်

Torsion Steel ထည့်ပါမယ် etabs ကပေးတဲ့ အောက်က ၃ ခုရဲ့ (1/3) ပါ
part 1 မှာရေးထားပီးပါပီ ပြန်ဖတ်ကြည့်ပါ
(၃) ခုမှာ များတာယူရပါမယ် 0.435 ရပါတယ် torsion steel ထည့်တဲ့အခါ
တစ်ဖက်တည်းမထည့်ရပါ symmetric ဖြစ်ဖို့ ဘယ်ညာ ထည့်ပေး၇ပါမယ်
ဆိုလိုတာက အနဲဆုံး (၂) ချောင်းထည့်၇မယ်လို့ပြောတာပါ
16mm-2nos = 0.624 တောက်လျှောက်ထည့်ပေးရပါမယ်

နောက်ဆုံး Shear Reinforcement (Stirrup) ထည့်တာက ပုံ(၅) က
table မှာကြည့်လိုက်ရင်ရှင်းပါတယ်
spacing ရှာတာက 2Ab/As ပါ
Ab က ကိုယ်ေ၇ွးတဲ့ bar area
As က လိုအပ်တဲ့ Steel area ဖြစ်ပါတယ်
ထွက်လာတဲ့ spacing က max spacing ထက်မများရပါဘူး
များခဲ့ရင် အောက်က (၃) ခုမှာ အနဲဆုံးကိုယူရပါမယ်

Max Spacing (For gravaty load only)
1. 2Ab x Fy/50bw
2. d/2
3. 24"

စလေ့လာတဲ့ Junior  များ အဆင်ပြေကြပါစေ

HTET AUNG KHANT
BE-CIVIL
TU- DAWEI


HOW TO GENERATE BEAM DESIGN RESULT FROM ETABS (FOR BEGINNER LEVEL)

HOW TO GENERATE BEAM DESIGN RESULT FROM ETABS
(FOR BEGINNER LEVEL)

Etabs ထဲမှာ Design တွက်ပြီးတဲ့အခါ Etabs က steel area တွေပေးပါတယ် ထွက်လာတဲ့ area တွေကိုကြည့်ပီး Bar size, Bar nos တွေထည့်ပေးရပါတယ် Result ဖတ်တဲ့အခါ
Moment အတွက် Lognitudinal Reinforcing (Main Steel)
Shear အတွက် Shear Reinforcing (Stirrup)
Torsion အတွက် Torsion Reinforcing ( Torsion Steel at Beam Middle Depth)   ဆိုပီး ၃ ခါဖတ်ပီးထည့်ပေးရပါတယ်

နမူနာအနေနဲ့ Beam တစ်ချောင်းကိုဖတ်ပြပါမယ်
Etabs က Beam (Longitudinal Reinforcing) အတွက်ဆို Steel Area (၆)ခု ပေးပါတယ် (ပုံ - ၁)
(Reinforcing Steel ခေါ်ကြည့်တာကိုတော့ သိပြီးသားဖြစ်မယ်ထင်လို့ မရေးတော့ပါ)

Top Bar အတွက် Left  Mid  Right
Bottom Bar အတွက်  Left  Mid  Right  ဆိုပီးပေးပါတယ်
Moment Diagram ကိုကြည့် ရင် သိသာပါတယ်
Etabs ကပေးတဲ့ Moment Diagram က ကျောင်းမှာသင်ရတာနဲ့ပြောင်းပြန်ပါ
သူက Positive Moment ကို အောက်မှာဆွဲပါတယ်
Moment များရင် Steel Area များမယ်ပေါ့ မှတ်ရပိုလွယ်ပါတယ်

Shear Reinforcing အတွက်ဆို ၃ ခုပေးပါတယ် (ပုံ - ၃)
Stirrup တစ်ကွင်းပတ်ရင် ၂ဖက်ရတဲ့အတွက် 2Legs စာ ဧရိယာဖြစ်ပါတယ်

Torsion Reinforcing အတွက်ဆို ၆ ခုပေးပါတယ် (ပုံ - ၄)
အပေါ် (၃) ခုက Torsion အတွက် ထည့်ရမယ့် Stirrup area ဖြစ်ပါတယ်
ဆိုလိုတာက အပေါ်က (၃) ခု ကို Shear Reinforcing မှာ သွားပေါင်းပေးရမယ်ပေါ့ တစ်ခုရှိတာက Torsion အတွက်ပေးတာက
1Leg စာပဲဖြစ်တဲ့အတွက် 2legs စာဖြစ်အောင်  2 နဲ့ မြှောက်ပီးမှ သွားပေါင်းရမှာပါ

အောက်မှာပေးထားတဲ့ (၃) ခုက Torsion အတွက်ထည့်ရမယ့် Main Steel ဖြစ်ပါတယ်
ဒီနေရာမှာ တစ်ခုရှိတာက ကိုယ် Design လုပ်နေတဲ့ Beam Depth
က 18" နဲ့ 18" ထက်များရင် အဲ့ Steel area (၃) ခုကို (၃) နဲ့ စားပီး
longitudinal reinforcing ရဲ့ top မှာ (1/3) ပေါင်း
Bottom မှာ (1/3) ပေါင်း
ကျန်တဲ့ (1/3) က Beam middle depth မှာ  ထည့်ရမယ့် Torsion Steel ပဲဖြစ်ပါတယ်

Beam Depth 18" အောက်ဆိုရင်တော့ 2 နဲ့ပဲစားပီး top နဲ့ bot မှာပေါင်းပေးယုံပါပဲ Middle depth မှာ ထည့်စ၇ာမလိုပါဘူး

အခုမှစသုံးမဲ့သူတွေကတော့ ရှုပ်နေပါလိမ့်မယ် အဲ့လို မရှုပ်အောင် ကျနော်ကတော့ Excel ထဲမှာ Spreadsheet လေးရေးထားလိုက်တယ်
( IF,Vlookup Function သုံးပီးတော့ပါ လွယ်ပါတယ်) ပုံ (၅)
Table Ref ကတော့ ဆရာဦးညီလှငယ် RC Design စာအုပ်
Part (B) , Chapter (16) ,page (35) မှာရှိပါတယ်
Etab ကပေးတဲ့ result တွေနဲ့ ကိုယ်ထည့်ချင်တဲ့ bar sizeေ၇ွးလိုက်တာ့
သူ့ဟာသူထည့်ပေးသွားမှာပါ
ကျွမ်းကျင်လာရင်တော့ calculator လေးနဲ့တွက်ပီးထည့်ပေးလိုက်ယုံပါ
spreadsheet တွေလုပ်နေစရာမလိုပါဘူး

စာရှည်သွားလို့ အပိုင်း(၂) ဆက်ရေးပါဦးမည်

Htet Aung Khant
BE-Civil
TU-DAWEI












SAFE ထဲတွင် Single Footing (Square) တစ်ခုကို Design Result ဖတ်ယူခြင်း (For Beginner Level)




SAFE ထဲတွင် Single Footing (Square) တစ်ခုကို Design Result ဖတ်ယူခြင်း
(For Beginner Level)

SAFE အကြောင်းပြောမှာဖြစ်လို့ Etabs ထဲကနေ
SAFE ထဲကို Import လုပ်တာကနေစပြောပါမယ် Foundation အတွက် Etabs ထဲမှာလုပ်ခဲ့ရမှာတွေကို အတိုချုံးပဲပြောပါမယ်

Etabs ထဲမှာ Column Base တွေအားလုံးကို Fixed ပေးပီး Analysis လုပ်ပါ
Display --> Show Tables ---> Analysis results ---> Reactions
Load case ---> select all
Select case combo ---> COMB1(or)Unfactored Load Combo
OK
Edit ---> Copy Entire Table ---> Paste in Excel
Fz / Bearing Capacity (qa) = Footing area
Square Root ( Footing area) = width
Thickness ကိုကျတော့ width ကို 2 နဲ့မြှောက်ပီး ခန့်မှန်းပါတယ်
eg; 5'x5' footing
      width = 5x2=10in
ရလာတဲ့ footing size တွေကို define လုပ်ပီး
model ထဲထည့်ဆွဲ ရပါမယ် ပီးရင် meshing လုပ်ပါ
Base Level က point အားလုံးကို free ပေးပါ
ပီးမှ col base only ကို select လုပ်ပီး translation X,Y ကို check ok
footing အားလုံး select လုပ်ပီး Spring ပေးရပါမယ်
qa က 1tsf/in ဆိုရင် 2.24ksf/in
in ကို ft ပြောင်းတော့ 2.24x12=26.88ksf/ft
Assign--> Shell area ---> Area Spring
Direction ---> Local 3
Value ---> 26.88 -- > ok
Run Analysis --> Show Undeformed Shape
File-->Export-->Save storey as Safe v.8 f2k text file
Storey to export--> base
check export floor load and load from above
Select case --> select all --> ok
save file
open safe --> File--> import --> Safe v6/v7 f2k file-->
ခုန save ထားတဲ့ file ကိုရွေးပေးပါ--> open
Etab ထဲက Load တွေ safe ထဲ ပါမပါအ၇င်ကြည့်ရပါမယ်
col pt ကို right click ထောက်ပီး applied load ဘေးက fz နေရာမှာ load value ရှိနေရပါမယ် မပါခဲ့၇င် import ပြန်လုပ်ပါ

Define --> Slab Properties -->Etab ထဲမှာ define လုပ်ခဲ့တဲ့ footing တစ်ခုကို select လုပ်ပါ --> Modify show property -->
Type မှာ footing ကိုရွေးပါ
check orthotropic --> Thickness အောက်က အကွက်သုံးခုကို
thickness ထဲကနေ cover 3" လျော့ပီးထည့်ရပါမယ်
Design property data အောက်က cover 4 နေရာကို 3 2 2 3 ပေးပါ

Analysis-->Set option-->max mash dimension ကို 24 ပေးပါ
etab ထဲမှာ mesh လုပ်ခဲ့တဲ့ 2' ထက်ကြီးတာတွေကို auto mesh ပြန်လုပ်ခိုင်းတာပါ

Analyse --> Run analysis
Analysis လုပ်ပီးရင် checking 2 ခုလုပ်ရပါမယ်
Settlement checking နဲ့ Soil pressure checking ပါ

စာရှည်သွားလို့နောက်မှဆက်ရေးပါမယ်
ETAB အကြောင်းပြောနေတာနဲ့ စာက လိုရင်းအရောက်ဘူးဖြစ်သွားတယ်

HTET AUNG KHANT (BE CIVIL)
TU (DAWEI)


Disqus Shortname

Comments system