Thursday, January 19, 2017

HOW TO GENERATE BEAM DESIGN RESULT FROM ETABS (FOR BEGINNER LEVEL)

HOW TO GENERATE BEAM DESIGN RESULT FROM ETABS
(FOR BEGINNER LEVEL)

Etabs ထဲမှာ Design တွက်ပြီးတဲ့အခါ Etabs က steel area တွေပေးပါတယ် ထွက်လာတဲ့ area တွေကိုကြည့်ပီး Bar size, Bar nos တွေထည့်ပေးရပါတယ် Result ဖတ်တဲ့အခါ
Moment အတွက် Lognitudinal Reinforcing (Main Steel)
Shear အတွက် Shear Reinforcing (Stirrup)
Torsion အတွက် Torsion Reinforcing ( Torsion Steel at Beam Middle Depth)   ဆိုပီး ၃ ခါဖတ်ပီးထည့်ပေးရပါတယ်

နမူနာအနေနဲ့ Beam တစ်ချောင်းကိုဖတ်ပြပါမယ်
Etabs က Beam (Longitudinal Reinforcing) အတွက်ဆို Steel Area (၆)ခု ပေးပါတယ် (ပုံ - ၁)
(Reinforcing Steel ခေါ်ကြည့်တာကိုတော့ သိပြီးသားဖြစ်မယ်ထင်လို့ မရေးတော့ပါ)

Top Bar အတွက် Left  Mid  Right
Bottom Bar အတွက်  Left  Mid  Right  ဆိုပီးပေးပါတယ်
Moment Diagram ကိုကြည့် ရင် သိသာပါတယ်
Etabs ကပေးတဲ့ Moment Diagram က ကျောင်းမှာသင်ရတာနဲ့ပြောင်းပြန်ပါ
သူက Positive Moment ကို အောက်မှာဆွဲပါတယ်
Moment များရင် Steel Area များမယ်ပေါ့ မှတ်ရပိုလွယ်ပါတယ်

Shear Reinforcing အတွက်ဆို ၃ ခုပေးပါတယ် (ပုံ - ၃)
Stirrup တစ်ကွင်းပတ်ရင် ၂ဖက်ရတဲ့အတွက် 2Legs စာ ဧရိယာဖြစ်ပါတယ်

Torsion Reinforcing အတွက်ဆို ၆ ခုပေးပါတယ် (ပုံ - ၄)
အပေါ် (၃) ခုက Torsion အတွက် ထည့်ရမယ့် Stirrup area ဖြစ်ပါတယ်
ဆိုလိုတာက အပေါ်က (၃) ခု ကို Shear Reinforcing မှာ သွားပေါင်းပေးရမယ်ပေါ့ တစ်ခုရှိတာက Torsion အတွက်ပေးတာက
1Leg စာပဲဖြစ်တဲ့အတွက် 2legs စာဖြစ်အောင်  2 နဲ့ မြှောက်ပီးမှ သွားပေါင်းရမှာပါ

အောက်မှာပေးထားတဲ့ (၃) ခုက Torsion အတွက်ထည့်ရမယ့် Main Steel ဖြစ်ပါတယ်
ဒီနေရာမှာ တစ်ခုရှိတာက ကိုယ် Design လုပ်နေတဲ့ Beam Depth
က 18" နဲ့ 18" ထက်များရင် အဲ့ Steel area (၃) ခုကို (၃) နဲ့ စားပီး
longitudinal reinforcing ရဲ့ top မှာ (1/3) ပေါင်း
Bottom မှာ (1/3) ပေါင်း
ကျန်တဲ့ (1/3) က Beam middle depth မှာ  ထည့်ရမယ့် Torsion Steel ပဲဖြစ်ပါတယ်

Beam Depth 18" အောက်ဆိုရင်တော့ 2 နဲ့ပဲစားပီး top နဲ့ bot မှာပေါင်းပေးယုံပါပဲ Middle depth မှာ ထည့်စ၇ာမလိုပါဘူး

အခုမှစသုံးမဲ့သူတွေကတော့ ရှုပ်နေပါလိမ့်မယ် အဲ့လို မရှုပ်အောင် ကျနော်ကတော့ Excel ထဲမှာ Spreadsheet လေးရေးထားလိုက်တယ်
( IF,Vlookup Function သုံးပီးတော့ပါ လွယ်ပါတယ်) ပုံ (၅)
Table Ref ကတော့ ဆရာဦးညီလှငယ် RC Design စာအုပ်
Part (B) , Chapter (16) ,page (35) မှာရှိပါတယ်
Etab ကပေးတဲ့ result တွေနဲ့ ကိုယ်ထည့်ချင်တဲ့ bar sizeေ၇ွးလိုက်တာ့
သူ့ဟာသူထည့်ပေးသွားမှာပါ
ကျွမ်းကျင်လာရင်တော့ calculator လေးနဲ့တွက်ပီးထည့်ပေးလိုက်ယုံပါ
spreadsheet တွေလုပ်နေစရာမလိုပါဘူး

စာရှည်သွားလို့ အပိုင်း(၂) ဆက်ရေးပါဦးမည်

Htet Aung Khant
BE-Civil
TU-DAWEI












0 comments:

Post a Comment

Disqus Shortname

Comments system