CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Lateral Load. Show all posts
Showing posts with label Lateral Load. Show all posts

Monday, January 23, 2017

Wind Load Part 3

UBC-97 နဲ့ Wind pressure ကိုတွက်ထုတ်မယ့် Equations q = Ce Cq qs Iw ကိုအသေးစိတ်လေးရေးမှာပါ ။ Wind အကြောင်းရေးလာလိုက်တာ အခုက Part (3) ပါ။အခုအပိုင်းက နည်းနည်းပို၇ှည်ပါ့မယ်။ ဒါပေမယ့် နောက်ဆုံးပိုင်းပါ။ အခု Part 3 ကိုမဖတ်ခင် အရင်ရေးခဲ့တဲ့ Part 1 and Part 2 ကိုဖတ်စေချင်ပါတယ် ။ပြီးမှ Part (3) ကိုဖတ်ဖို့ အကြံပေးပါရစေ။
Part 1 Link
https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/
Part 2 Link
https://www.facebook.com/kyaw.t.naing.165/posts/1375598512474335
UBC97 ရဲ့ Wind Pressure တွက်ထုတ်တဲ့ Equation မှာ အပိုင်း (၄) ပိုင်းပါပါတယ်။
Ce = combined height , exposure and gust factor coefficient
Cq = Pressure Coefficient
Qs = Wind stagnation pressure
Iw = Building Important Factor ပါ ။
Equation ကိုလေ့လာလိုက်ရင် Directly proportional ဖြစ်နေတဲ့အတွက် တန်ဖိုးများလေ Wind pressure များလေဆိုတာသတိထားမိမယ်ထင်ပါတယ်။
ပထမဆုံး qs = wind stagnation pressure ကိုရှင်းပါရစေ ။ qs ကိုရဖို့အတွက် mass of air with density Rho ရယ် , Velocity v ကိုအခြေခံထားတဲ့ Bernoulli’s Equation ကိုသုံးပါတယ်။ qs = 0.5 Rho V^2 ပါ။ ဒီနေရာမှာ density of air ဟာ 0.0765 pcf ပါ ။ ဘယ်အချိန်ကဟာကိုယူတာလဲဆိုတော့ Standard အနေနဲ့ 59 degree F and barometric pressure (29.92 in of mercury ) ပါ။ ပုံမှန်အားဖြင့် ကျနော်တို့ Wind map တွေမှာပေးလေ့ရှိတာက mile per hour နဲ့ပေးတဲ့အတွက် pcf ကို MPH ပြောင်းလိုက်တဲ့အခါ qs = 0.00256 V^2 ဆိုတဲ့ Equation လေးရပါတယ်။ ဥပမာ wind speed က 80 mph လို့ဆိုရင် qs = 0.00256 x 80^2 = 16.38 psf ရပါတယ်။ ဒါကို ဒသမတိုးပြီး UBC က 16.4 psf လို့ပေးပါတယ် ။ qs table မှာလေ့လာကြည့်ပါ ။ သတိထားရမှာက UBC ဟာ အမြင့်တိုးတဲ့အတွက် လေထုရဲ့သိပ်သည်းဆ (density) ကျသွားတာကို ထည့်သွင်းစဉ်းစားခြင်းမပြုပါဖူး။ (ပုံမှန်ဆိုအပေါ်ရောက်လေ density ကျလေပါ)
ဒုတိယအနေနဲ့ Ce coefficient အကြောင်းဆွေးနွေးပါရစေ ။ Ce coefficient ဟာ UBC 97 ရဲ့ Master piece လို့ပဲဆိုပါရစေ ။ UBC ကိုရှုပ်၇ှုပ်ထွေးထွေးတွေမဖြစ်စေပဲ လွယ်အောင်လုပ်လိုက်နိုင်တဲ့ coefficient ပါ။ သူက height ၊ Exposure and gust factor တွေကိုပေါင်းပြီး Coefficient Ce တစ်ခုတည်းနဲ့ကိုယ်စားပြုလိုက်ပါတယ်။ အခြားဟာတွေဖြစ်တဲ့ ဥပမာ ASCE 7 တို့လိုမျိုးမှာ ဒီထက်ပို၇ှုပ်ထွေးပါတယ် ။ နားလည်ရလဲခက်ပါတယ် ။ ASCE 7 မှာက Velocity pressure exposure coefficient ( Kz ) , gust response factor (Gh) စတာတွေကို တသီးခြားစီထည့်ပေးထားပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ အဆောက်အဦးတွေမှာ ASCE 7 ကပေးထားတဲ့ Wind pressure ၇ှာတဲ့နည်းက ပိုပြီးသင့်တော်ပါတယ် ။ Ce မှာအဓိကကတော့ height မြင့်လာလို့တက်လာတဲ့ Wind pressure ရယ်၊ ကိုယ့် Structure နားက မြေမျက်နှာသွင်ပြင် အခြေအနေ (Exposure Part 2 မှာအသေးစိတ်၇ှင်းထားတာ၇ှိပါတယ်) ကိုလိုက်ပြီး Coefficient ကိုပေးပါတယ်။ ဒါ့အပြင် gust (၇ုတ်တရက် လေအရမ်းတိုက်လိုက်တာ ) ကြောင့်ဖြစ်လာမယ့် air turbulence and dynamic building behavior ကိုပါထည့်သွင်းစဉ်းစားထားပါတယ်။ Ce တန်ဖိုးတွေကို Height တွေနဲ့ပေးထားလို့ ကိုယ်လိုချင်တဲ့ Height ကိုရဖို့ လိုအပ်ရင် Interpolate လုပ်ယူရပါ့မယ် ။
တတိယအနေနဲ့ Cq factor ကိုဆွေးနွေးပါ့မယ် ။ Cq coefficient က building shape နဲ့ location ကိုပေါ်မူတည်ပါတယ် ။ သူက load ကဖိမလား (Pressure) , ဆွဲထွက်မလား (Suction) ကိုယူတာပါ။ အဲ့မှာ အပိုင်း ၂ ပိုင်းပါပါတယ် ။ 1) Primary Frames Systems ဒါက Building ကြီးတစ်ခုလုံးကိုယူတာပါ ။ 2) က Elements and components of structure ဒါက Building ရဲ့ အကာတွေကို (Cladding) design လုပ်ဖို့ယူတာပါ ။
အဆောက်အဦးနားမှာရှိတဲ့ wind gust က အများဆုံး Pressure ကို အဆောက်အဦးမျက်နှာပြင်တစ်ခုလုံး ရုတ်တရက်ကြီးမဖြစ်စေနိုင်ပါဖူး ။ ဒါကြောင့် Primary frame and system အတွက် design လုပ်တဲ့အခါ average wind pressure and suction ကိုပဲယူပြီး လုပ်ကြပါတယ် ။ ဒါပေမယ့် Cladding ၊ Curtain Wall တွေအတွက်ကတော့ ရုတ်တရက်ဖြစ်လာတဲ့ Peak pressure ကအရေးကြီးပါတယ် ။ သူက area သေးတော့ Suction force ကသေးသေးပဲ၇တယ်။ ဒါကြောင့်မို့ Table မှာပေးထားတဲ့ Pressure coefficient တွေကိုကြည့်ရင် Primary frame and structure ကနည်းနေပြီး Building components လေးတွေအတွက်ပေးထားတဲ့ Pressure ကများနေတာတွေ့ရမှာပါ ။
Wind pressure နဲ့ Suction ဟာ Primary system အတွက်ဆိုရင် အဓိကက Building Height ပါ ။ အဆောက်အဦးပုံစံ ၊ အဆောက်အဦးအပြင်မျက်နာပြင် ကြမ်းတမ်းမှု ၊ အဆောက်အဦးအလျားနဲ့ အနံ အချိုးတွေက သက်ရောက်မှု၇ှိပေမယ့် UBC 97 က ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး ။ ဥပမာ ကျနော်အရင် Telecom Tower design လုပ်တုန်းက ဖတ်ဖူးတဲ့ TIA-222G မှာဆိုရင် Radio antenna တွေရဲ့ Shape ဟာ EPA (Effective Projected Area) ကိုသက်ရောက်မှု၇ှိပါတယ်။ တစ်ကယ်လို့ အ၀ိုင်းပုံစံဖြစ်ခဲ့တယ်ဆိုရင် Shape factor (0.8) နဲ့မြှောက်ပေးရပါတယ်။ ပြောချင်တာက လေးထောင့်ထက်စာရင် အ၀ိုင်းမျက်နှာပြင်က Area နည်းတယ် ။ 80% လောက်ပဲ၇ှိတယ် ။ ဒါ့ကြောင့် shape factor ဆိုပြီး မြှောက်ခိုင်းတယ် ။ ဒါပေမယ့် UBC-97 ကဒါမျိုး လျှော့ချတာကို လက်မခံပါဖူး ။
Primary frame အတွက် UBC 97 မှာ Method 2 ခု၇ှိပါတယ် ။ Method 1 ကို Normal force Method လို့ခေါ်ပြီး သူကို Structure အားလုံးမှာသုံးလို့ရပါတယ် ။ ဒီ Method ဟာ Gable roof building အတွက် သုံးဖို့ရာတစ်ခုတည်းသော method ပါ ။ သူက Wind load တွေက နံရံ နဲ့ ခေါင်မိုးမျက်နှာပြင်တွေကို ထောင့်မှန်ကျပြီးသက်ရောက်တယ်လို့ ယူဆပါတယ် ။ နောက်တစ်ခုက တော့ Method 2 Projected Area Method လို့ခေါ်ပါတယ် ။ သူက Wind pressure and suction ကို တန်ဖိုးတစ်ခုပဲယူခိုင်းပါတယ် ပြီးတော့ အဆောက်အဦးရဲ့ entire projected area တိုင်းကို သက်ရောက်တယ်လို့ယူပါတယ်။ ဒီ Method ၂ ခု၇ဲ့ အဓိက ခြားနားချက်နောက်တစ်ခုက Method 1 မှာ Ce တန်ဖိုးတစ်ခုပဲ၇ှိပြီး roof ရဲ့ အမြင့်ကို mean ယူပြီး Winward and leeward ကိုတွက်ချက်ပါတယ်။ Method 2 ကတော့ Ce တန်ဖိုးဟာ အမြင့်နဲ့ ဆိုင်ပါတယ် အမြင့်ကိုလိုက်ပြီးပြောင်းလဲပါတယ် ။ ဒါကြောင့် Method 2 ဟာ ပိုမြင့်တဲ့ Structure တွေမှာ wind load ကိုလျှော့ယူသလိုဖြစ်သွားပါတယ် ။ ဒါကြောင့်မို့ Method 2 ကို အမြင့် ၂၀၀ ပေနဲ့အောက်မှာပဲယူပါလို့ UBC ကပြောတာပါ ။ Leeward ဖက်မှာလျှော့ယူထားတာကို ကာကွယ်ချင်လို့ဖြစ်ပါတယ် ။
Import factor (Iw) အကြောင်းဆွေးနွေးရအောင်ပါ ။ ဟိုးအရင်က Code တွေမှာ Important factor ဆိုတာမပါပါဖူး ။ နောက်ပိုင်းမှ သဘာဝဘေးအန္တရာယ်ဖြစ်ပြီးတောင်မှ ဆက်ပြီးကျန်ခဲ့ရမယ့် အဆောက်အဦး (ဥပမာ ဆေးရုံ ၊ ရဲစခန်း ၊ ဓာတ်အားပေးစက်ရုံ) စတာတွေရယ် ၊ Failure ဖြစ်ရင် အန္တရာယ်များတဲ့ Structure ( Nuclear Plant , Toxic Plant , Chemical Plant ) စတာတွေကြောင့် Important factor ကိုထပ်ပြီးထည့်သွင်းထားတာပါ။ UBC မှာတော့ Categories 5 မျိုးခွဲလိုက်ပါတယ် ။ အရေးကြီး တဲ့အဆောက်အဦးတွေကို Load ကို 15% တိုးပြီးယူခိုင်းပြီး Failure ဖြစ်မယ့် Probability ကိုလျော့ချပါတယ်။
UBC-97 နဲ့ Wind Load စဉ်းစားတဲ့ အကြောင်းကို အခုတတိယအပိုင်းမှာပဲ အဆုံးသတ်ပါ့မယ် ။
လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။
Ko Tuna (SYE)
18.1.2017
Ref: : UBC – 97 ,
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath






Wind Load part 2


ဟိုတစ်လောကရေးထားတဲ့ Wind Load အကြောင်းရဲ့ အဆက်ဒုတိယပိုင်းပါ။ ပထမပိုင်းကို ဖတ်ပြီးမှ အခုဒုတိယပိုင်းကို ဖတ်တာပိုပြီးကောင်းပါတယ်။
ပထမပိုင်းကို ဒီ Link ကနေ၀င်ရောက်ဖတ်၇ှုနိုင်ပါတယ်။

https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/

ကျနော် UBC 97 ကိုသုံးပြီး Wind pressure ကိုတွက်ထုတ်တဲ့အကြောင်းလေးရေးမှာပါ ။ UBC 97 ကို Reference လုပ်ရတာက ကျနော်တို့နိုင်ငံမှာ အများဆုံး Lateral load နဲ့ပတ်သတ်ရင် Reference လုပ်ပြီးတွက်ကြလို့ပါ။

Uniform Building Code 1997 (UBC 97 လို့ပဲအတိုကောက်ရေးပါ့မယ်) က American Society of Civil Engineer 7 – 88 (ASCE 7 – 88 ) ကိုအခြေခံပြီး တွက်ရတာလွယ်အောင်လုပ်ထားတဲ့ Code ပါ။ ASCE မှာ 7 ဆိုတာက “Minimum Design loads for Buildings and Other Strucutres” ကိုဆိုလိုတာပါ ။ design လုပ်ရမယ့် Wind speed ကို အမြန်ဆုံးလေတိုက်နှုန်းရယ် 3 sec gust ရယ်ကို နှိုင်ယှဉ်ပြီးယူထားတာပါ ။ Gust ဆိုတာက ရုတ်တရက် လေက တသတ်မတ်တည်းတိုက်ရာကနေ ပိုပြီးပြင်းပြင်းထန်ထန်တိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ 3 sec အတွင်းအပြင်းဆုံးပြောင်းသွားတဲ့လေကို ယူပါတယ်။ Gust က 3 sec to 8 sec ထိရှိနိုင်ပါတယ်။UBC 97 မှာအနီးအနားမှာ၇ှိတဲ့ အဆောက်အဦးရဲ့ မိမိအဆောက်အဦးကို ကာကွယ်တဲ့ shielding effect ကိုမယူရပါဖူး။ ကိုယ့်အနီးအနားမှာ၇ှိတဲ့ အဆောက်အဦးက တစ်ကယ်မှာတော့ Funneling effect (ကျဉ်းမြောင်းတဲ့ တောင်ကြား အပေါက်ကနေလေပိုတိုက်တဲ့ Effect) ဒါမှမဟုတ် Turbulence ကိုတိုးစေပါတယ်။ Turbulence ဆိုတာက ကျနော်တို့လေယာဉ်စီးတဲ့အခါ ပုံမှန်မဟုတ်တဲ့လေစီးကြောင်းနဲ့တွေ့လို့လေယာဉ်တုန်ခါနေတယ် ခါးပတ်ပတ်ထားကြပါဆိုတာမျိုးပြောတာကြားဖူးပါလိမ့်မယ်။ တူတူပါပဲ။ ပုံမှန်မဟုတ်ပဲ Pressure ပိုပြင်းတဲ့လေစီးကြောင်းတွေဖန်တီးနိုင်လို့ပါ။ နောက်ထပ်အကြောင်းရင်းတစ်ခုက ကျနော်တို့စဉ်းစားနေတဲ့ Building ဘေးမှာရှိတဲ့အဆောက်အဦးက ကျနော်တို့building design life မှာ ဖယ်ရှားလိုက်တာမျိုး (building design life ကိုပုံမှန်က နှစ်၅၀ သတ်မှတ်ပါတယ် ။ လွှတ်တော်လိုအဆောက်အဦးကိုတော့ Century building (100 yrs) လို့ Design Life သတ်မှတ်ပါတယ်။) ဖြစ်နိုင်လို့ပါ။

UBC 97 က တွက်ချက်ရတာမြန်ဆန်အောင်လို့ ရိုးရှင်းတဲ့ ယူဆချက်တွေဖန်တီးပါတယ်။ ဒါကြောင့် ဒီလို ယူဆချက်တွေကြောင့် Flexible building တွေမှာသုံးခွင့် UBC97 ကခွင့်မပြုပါဖူး။ Flexible building ဆိုတာက သူ၇ဲ့ အမြင့်နဲ့ အကျယ်အချိုးဟာ ၅ ဆထက်ကြီးတာ ၊ အဆောက်အဦး၇ဲ့ အမြင့်ဟာ ပေ ၄၀၀ ထက်မြင့်တဲ့ အဆောက်အဦးတွေကိုဆိုလိုပါတယ်။

UBC 97 မှာဖော်ပြထားတဲ့ provision တွေဟာ Normal force method (Method 1) အတွက် အမြင့် ၄၀၀ ပေ ကျော်တဲ့အဆောက်အဦးတွေ ။ Projected area method (Method 2) အတွက် ပေ ၂၀၀ ကျော်တဲ့အဆောက်အဦးတွေအတွက် မသုံးရပါဖူး ။ UBC 97 နဲ့ Cover မဖြစ်တဲ့အဆောက်အဦးတွေက ပေ ၄၀၀ ( Method 1) , ပေ ၂၀၀ (Method 2) ထက်ကျော်တဲ့ အဆောက်အဦးတွေပါ ။ အဲ့လိုအဆောက်အဦးတွေကိုတော့ Wind Tunnel Test result ကရတဲ့ result တွေနဲ့ Design လုပ်ရပါ့မယ်။

ပထမဆုံးကျနော်တို့ Design လုပ်မယ့်အဆောက်အဦးရဲ့ တည်နေရာကိုလိုက်ပြီး Basic Wind Speed ကိုယူရပါ့မယ်။ အခြားနိုင်ငံတွေမှာတော့ Wind speed map ဆိုပြီးရှိပါတယ် ။ကျနော်တို့နိုင်ငံမှာတော့ Myanmar National Building Code(MNBC) မှာ Wind Speed တွေကို မြို့တွေနဲ့တွဲပေးထားတာ၇ှိပါတယ်။ အောက်မှာလေ့လာကြည့်ပါ။ UBC 97 မှာပေးထားတဲ့ Wind speed ကတော့ Exposure C terrain ကို ၃၃ ပေအမြင့်မှာတိုင်းထားတဲ့ အမြန်ဆုံး Wind speed ကိုယူထားတာပါ။ နှစ် ၅၀ စာအတွက် recurrene interval စဉ်းစားထားတာပါ။ ဆိုလိုတာက နှစ် ၅၀ အတွင်းအများဆုံးဖြစ်နိုင်ချေ၇ှိတဲ့ Wind speed ကိုဆိုလိုတာပါ ။ 2% လောက်တိုးသွားနိုင်တယ်လို့ဆိုလိုပါတယ်။

Exposure Effect အကြောင်းလေးပြောပါ့မယ်။Exposure ဆိုတာဟာ အဆောက်အဦးနားမှာ၇ှိတဲ့ မြေမျက်နှာသွင်ပြင် အခြေအနေကိုဆိုလိုတာပါ။ အဆောက်အဦးတိုင်းက တခြားဘယ်အဆောက်အဦးနဲ့မှမတူတဲ့ မြေမျက်နှာသွင်ပြင်အနေအထား၇ှိပါတယ် ။ အခုလို ၇ိုး၇ှင်းအောင်လုပ်ထားတဲ့ Code တွေက အားလုံးအတွက် ခြုံငုံမိအောင် မလုပ်ထားနိုင်ပါဖူး ။ (ဒီနေရာကြုံလို့ တစ်ခုလောက်ပြောပြချင်ပါတယ်။ ACI Code ကပထမဆုံး Chapter 1.2.5 မှာအတိအလင်းပြောထားတာက ACI code ဟာ Minimum requirement တွေကိုသာရေးထားတာဖြစ်ပါတယ်တဲ့ ။ တစ်ကယ်လို့ ရေးထားတဲ့ Minimum requirement တွေထက်ပိုပြီးယူမယ်ဆိုရင် Code ကိုဆန့်ကျင်သလိုမဖြစ်ဖူးလို့ဆိုလိုပါတယ်။ တစ်ကယ်လို့ Local Building Code က ACI ထက်ပိုပြီးလွှမ်းမိုးမယ်ဆိုရင်လဲ Local Building Code ကိုယူပါလို့ဆိုပါတယ်။ ဥပမာ Residential building အတွက် live load 40 psf ယူရမယ်လို့ဆိုပါတယ် ။ ဒါပေမယ့် 50 psf လို့ယူလဲ Code ကိုဆန့်ကျင်တယ်လို့မပြောနိုင်ပါဖူး။ ကိုယ့်အဆောက်အဦးအကြောင်း ကိုယ်အသိဆုံးလို့ယူဆလို့ပါ။Designer မှာအဲ့လို ဆုံးဖြတ်ပိုင်ခွင့်၇ှိပါတယ်။ Code ဆိုတာက Designer တွေကို ကိုယ့်ဘာသာစဉ်းစားတတ်တာကို အားနည်းအောင်လုပ်တာမဟုတ်ပါဖူး ။ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှဆိုးလို့ ကာကွယ်ထားတာသူဖြစ်ပါတယ်။ ပေးထားတဲ့ Minimum standard တွေထက်နည်းလို့မရဖူးလို့ဆိုလိုချင်တာပါ။ )

Exposure ကိုဆက်ပါ့မယ် ။ ဒါကြောင့် ကိုယ့်အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် Exposure Categories တွေကိုခွဲပစ်လိုက်ပါတယ်။ UBC method မှာ Exposure 3 ခုခွဲပါတယ်။ ( B,C & D ပါ ). D ကအပြင်းထန်ဆုံးအခြေအနေဖြစ်ပြီး B ကအနည်းဆုံးသက်ရောက်နိုင်တဲ့အခြေအနေပါ ။ အဲဒီမှာမေးစရာ၇ှိတာက B,C,D ပဲပါပြီး A မပါဖူးလားလို့မေးစရာ၇ှိပါတယ်။ အင်္ဂလိပ်အက္ခရာက A ကနေစတာကိုး ။ ပါပါတယ် :D ။ A ဆိုတဲ့ Exposure က မြို့ကြီးတွေရဲ့ အလယ်လိုနေရာ ကိုယ့်ဘေးနားမှာ၇ှိတဲ့ အဆောက်အဦးတွေကလဲ အမြင့်ပေ ၇၀ ကျော်တဲ့ အခြေအနေကိုဆိုလိုပါတယ်။ ဒါပေမယ့် UBC ကဒါကို အသိအမှတ်မပြုပါဖူး ။ အဲ့လိုအခြေအနေကို Exposure B လို့ပဲယူဆခိုင်းပါတယ်။ ဒါကြောင့် A ဆိုတာမပါတာပါ။

Exposure B ဆိုတာကို ဒီလိုဆိုပါတယ်။ Exposure B မှာ မြေမျက်နှာသွင်ပြင်အနေနဲ့ အဆောက်အဦး ၊ သစ်တော ဒါမှမဟုတ် မညီညာတဲ့ မျက်နှာပြင်တွေဟာ ၁ မိုင် ဒါမှမဟုတ် ၁ မိုင်ထက်ပိုတဲ့အကွာအဝေးမှာ ၂၀ ရာခိုင်နှုန်းအနည်းဆုံး၇ှိနေတယ်လို့ဆိုလိုပါတယ် ။အလွယ်ဆိုတစ်မိုင်အတွင်း အနည်းဆုံး ၂၀ ၇ာခိုင်နှုန်းသော အကျယ်အ၀န်းကို အဆောက်အဦးတွေ ၊ သစ်တောတွေနဲ့ မညီညာတဲ့မျက်နှာပြင်တွေနဲ့ ပြည့်နေတယ်ဆိုလိုတာပါ။
(Exposure B has terrain with buildings, forest, or surface irregularities, covering at
least 20% of the ground level area extending 1 mile (1.61 km) or more from the site.)

Exposure C ကိုတော့ မြေမျက်နှာသွင်ပြင်အနေနဲပ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ အနည်းဆုံး ၁ မိုင်ခွဲ ဒါမှမဟုတ် ပိုသောအကွာအဝေးထိ၇ှိတယ်လို့ဆိုပါတယ်။ Building ကိုစက်ဝိုင်းအလယ်မှာထားကြည့်ပြီး လေးစိတ်စိတ်လိုက်ပြီး တစိတ်အပြည့်အခြမ်းတစ်ခုလုံးကို ယူရမယ်လို့ဆိုလိုပါတယ်။ ပြောချင်တာက တစ်ခါတလေမှာ ကိုယ်က ပင်လယ်ဖက်ကို မျက်နှာမူပြီး အဆောက်အဦးတစ်ခုဆောက်တယ်ပေါ့ ။ မျက်နှာမူရာဖက်က ပင်လယ်ဖက်ဆိုတော့ Exposure D (အောက်မှာအကျယ်ဖတ်ပါ) ၊ နောက်ဖက်ခြမ်းက Exposure C ဖြစ်နေနိုင်ပါတယ်။ ဒါမျိုးကို လေးပိုင်းပိုင်းပြီး One quadrant (90 degree) အပြည့်ယူရမယ်လို့ဆိုတာပါ။
အဲ့လိုတစ်ဖက်နဲ့တစ်ဖက်မတူရင် အဆိုးဆုံးအခြေအနေကိုယူရမယ်ဆိုပါတယ်။ Exposure D ကို Design Exposure အဖြစ်ယူရမှာပါ။
(Exposure C has terrain that is flat and generally open, extending one-half mile
(0.81 km) or more from the site in any full quadrant.)

Exposure D ကတော့ အဆိုးဆုံးအခြေအနေလို့ဆိုလိုနိုင်ပြီး Basic Wind speed 80 mph နှင့်အထက်၇ှိ၇ပ့ါမယ် ။ သူမှာ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ ရေပြင်ကြီးက အနည်းဆုံး ၁ မိုင် ဒါမှမဟုတ် ဒီ့ထက်ပိုရမယ်အခြေအနေပါ ။ Exposure D ကို ကုန်းတွင်းမှာ ¼ mile ဒါမှမဟုတ် အဆောက်အဦး အမြင့်ရဲ့ ဆယ်ဆမှာ ကြီးတဲ့တန်ဖိုးအထိယူရမယ်လို့ ပြောပါတယ်။ ဆိုလိုချင်တာက ကိုယ့်အဆောက်အဦးက ရေပြင်ကနေ ဘယ်အကွာထိ Exposure D အဖြစ်သတ်မှတ်ရမလဲဆိုတာကို UBC ကသတ်မှတ်နေတာပါ ။ အခုအတိုင်းဆို ပေ ၁၃၂၀ ( 0.25 x 5280) ဒါမှမဟုတ် အဆောက်အဦး အမြင့်ဆယ်ဆ ထိ Exposure D ထဲပါတယ်လို့ပြောချင်တာပါ။
(Exposure D represents the most severe exposure in areas of basic wind speeds of
80 mph (129 km/h) or greater, and has terrain that is flat and unobstructed facing large Minimum basic wind speeds in miles per hour ( × 1.61 for km/h). Bodies of water over one mile (1.61 km) or more in width relative to any quadrant of the
building site. Exposure D extends inland from shoreline one-fourth mile (0.4 km) or 10 times the building height, whichever is greater.)

Exposure ယူတဲ့အခါ D ကအလွယ်ဆုံးပါပဲ ။ေ၇ပြင်နားဆို D လို့သာယူလိုက် မမှားဖူးရယ် ။ ဒါပေမယ့် C နဲ့ D ကတော့ ယူရတာခက်ခဲပါတယ်။Code ထဲမှာဖော်ပြထားတာတွေက တူသလိုလိုဖြစ်နေတာကိုး ။ တခါတစ်လေမှာ ကိုယ့်အဆောက်အဦးနားက မြေမျက်နှာသွင်ပြင်က တသတ်မတ်တည်းမဖြစ်ပဲ ပြောင်းနေတတ်ပါတယ်။ အဲတော့ကိုယ်က B လို့ယူဆလိုက်တဲ့အချိန်မှာ သူများက C လို့ယူဆနိုင်ပါတယ် ။ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် ပိုပြီးပြင်းထန်တဲ့အခြေအနေကိုယူရပါ့မယ် ။ UBC က Exposure C ကို အကာအကွယ်မဲ့ ပြန့်ပြူးတဲ့မြေမျက်နှာသွင်ပြင်ကို 90 degree အတွင်းမှာ မိုင်ဝက်အတွင်း၇ှိရမယ်လို့ ဆိုထားပါတယ်။ (ကြိုက်တဲ့နေရာကနေ 0 to 90 degree quadrant ဆွဲလိုက်ပါ) ။ ဒါကြောင့် 90 degree ထက်နည်းမယ် ၊ မိုင်ဝက်ထက်နည်းမယ်ဆိုရင် B လို့ယူလိုက်ပါ ။ Exposure B နဲ့ C ကိုယူတာဟာ သင့်တော်တဲ့အခြေအနေကို ယူမိဖို့ ကျနော်တို့အေ၇းကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ခုကြားမှာ ကွာခြားချက်က 65 % ရှိပါတယ်။ ဆိုလိုတာက C ကိုရွေးသင့်တာကို ကျနော်က B လို့ရွေးရင် force 100 သက်ရောက်ရမယ့်နေရာမှာ 35 ပဲသက်ရောက်မိသလိုဖြစ်နိုင်ပါတယ် ။ တစ်ကယ်လို့ ကိုယ့် site ဟာ တောင်ကုန်းပေါ် ၊ အငူပေါ်ရောက်နေတဲ့အခါ Exposure C ကနေ D ကိုပြောင်းယူလိုက်ခြင်းအားဖြင့် ပိုပြင်းတဲ့ Wind ကိုရစေနိုင်ပါတယ်။ Designer အနေနဲ့ မသေချာမှတွေကိုကာကွယ်ဖို့အတွက် ပြောင်းယူလို့လဲရတဲ့ ဆုံးဖြတ်ချက်ကို ချနိင်ပါတယ်။ Designer က Building တစ်ခုလုံး Safe ဖြစ်ဖို့အတွက် တာဝန်အရှိဆုံးကိုး ။

အခုစာလဲ၇ှည်သွားပြီမို့ ဒုတိယပိုင်းကို ဒီနားမှာ ရပ်ခွင့်ပြုပါ ။ တတိယပိုင်းအနေနဲ့တော့ UBC 97 မှာပေးထားတဲ့ Wind pressure တွက်တဲ့ Equation က P = Ce Cq qs Iw ကို တစ်ခုချင်းစီအသေးစိတ်ရှင်းပြပါ့မယ်။

လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။

Ko Tuna (SYE)
14.1.2017
Ref: : UBC – 97 , MNBC
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath


Wind Load Part 1



ကျနော် Lateral Load အကြောင်းရေးဖို့စဉ်းစားနေတာကြာပါပြီ ဒါပေမယ့် အခုမှပဲ ရေးဖြစ်ပါတယ်။ Lateral Load ဆိုရင်တော့ Earthquake and Wind အကြောင်းပါ။ Wind အကြောင်းလေး အရင်ဆုံးရေးပါရစေ။

အရင်ဆုံးလေဘာလို့တိုက်လဲဆိုတာ စဉ်းစားကြည့်ရအောင်။ Pressure မတူလို့လေတိုက်ပါတယ်။

ဘာနဲ့တူလဲဆိုတော့ ဆပ်ကပ်မှာ လူတွေတစ်ဆင့်ပြီးတစ်ဆင့်တက်ပြီးပြတဲ့ ပြကွက်လိုပဲ အောက်ဆုံးမှာရှိတဲ့သူက pressure အများဆုံးခံရပါတယ်။ ဒါကြောင့်မို့ မြေပြင်နဲ့နီးလေလေ Pressure များလေလေပါ ။ လေဟာ Pressure များရာကနေ နဲရာကိုတိုက်ပါတယ်။ လေတိုက်တာ ပြင်းတယ်ဆိုတာဟာ အဲဒီနေရာနှစ်ခုမှာ Pressure difference သိပ်များလွန်းလို့ပါ။ လေပြေလေညင်း (Breeze) ဆိုရင်တော့ Pressure သိပ်မကွာဖူးလို့သိနိုင်ပါတယ်။

ကျနော်တို့ စမ်းသပ်ချက်တစ်ခုလုပ်လို့ရပါတယ် ။ ကိုယ့်ပါးစပ်ေ၇ှ့မှာ လက်ကိုကာပြီး လေမှုတ်ကြည့်လိုက်ပါ။ မမှုတ်ခင်လေးမှာ ကျနော်တို့အဆုတ်ကနေလေကို Area နဲအောင် ကျဉ်းပစ်လိုက်တာ(အမှန်တော့ အဆုတ်အတွင်းကလေကို Pressure များသွားအောင်) တွေ့ရမှာပါ။ ကျနော်တို့မှုတ်လိုက်တဲ့လေနဲ့ ပေါ့တဲ့အရာဝတ္ထုတွေကိုေ၇ွ့အောင်လုပ်လို့ရတာတွေ့ရမှာပါ။ ဒါဆိုရင် လေကို Force တစ်ခုအနေနဲ့ စဉ်းစားပေးရမယ်ဆိုတာ တွေးလို့ရမယ်ထင်ပါတယ်။

နောက်တစ်ခါ စက်ဘီးတာယာထဲက လေထွက်တဲ့အခါ ရှုးခနဲထွက်သွားတာဟာ တာယာလေထဲလေက Pressure အရမ်းများပြီး ပြင်ပကလေက Pressure နဲလို့ လေအရမ်းတိုက်သွားတာပါ ။ နောက်လေထုဖိအားက မနည်းပါဖူး။ ကျနော်တို့ကို လေထုက တစ်လက်မပတ်လည်ကို ၁၄.၇ ပေါင် (14.7 psi) နဲ့ဖိနေတာပါ။ ဥပမာ ၄ ပေပတ်လည်၇ှိတဲ့ စားပွဲတစ်လုံးဟာ 48x48x14.7 = 33868.8 lbs (15.12 ton) လောက်အဖိခံနေရတာပါ။ စားပွဲကဘာလို့ ပြိုမသွားတာပါလိမ့် ။ အကြောင်းက အောက်ကနေပြန်ပြီး တွန်းတင်ပေးတဲ့ Pressure ကလဲ ညီတူညီမျှနီးပါ၇ှိနေလို့ပါတဲ့ ။ ကျနော်တို့ခန္ဓာကိုယ်ကိုလဲ ဖိနေတဲ့ Air pressure ကလည်းမနည်းပါဘူး ။ သို့သော်လည်း ကျနော်တို့ကိုယ်တွင်းမှာ၇ှိတဲ့ သွေးရဲ့ဖိအားက ညီတူနီးပါ၇ှိတဲ့အတွက် ကျနော်တို့က လေထုရဲ့ Pressure ကိုမခံရတာပါ ။ ဒါကြောင့် သွေးပေါင်ကျတဲ့အခါမှာ လေထုဖိအားကိုခံရပြီး မူးဝေနေတာပါ။

လေရဲ့ Force ကိုကျနော်တို့ Civil Engineering မှာဘယ်လိုစဉ်းစားသလဲဆိုတော့ ကျနော်တို့အဆောက်အဦးကို ဘေးတိုက်ရွေ့အောင်တွန်းတယ်လို့စဉ်းစားပါတယ် ။ Building Code တွေကလည်း Structure တွအပေါ်သက်ရောက်တဲ့ Wind Load ကိုတွက်ချက်ဖို့ အမျိုးမျိုးသော Formula တွေပေးပါတယ်။ကျနော်တို့ကတော့ လေက Pressure တစ်ခု (Pressure ဆိုတာ unit area ပေါ်သက်ရောက်တဲ့ Load ) အဖြစ်ယူပါတယ်။ ကျနော်တို့ Structure မှာ EPA( Effective Projected Area) ယူပြီး လေကသက်ရောက်တဲ့ Pressure ကို Area နဲ့မြှောက်ပြီး Force အဖြစ်ပြောင်းယူပါတယ်။

ဥပမာ ကျနော်က မြစ်ကမ်းဘေးမှာရပ်နေမယ် အဲ့အချိန်မှာ နာဂစ်လိုမုန်တိုင်းတိုက်နေမယ်ဆိုပါစို့ ။ ဒါဆိုရင် နာဂစ်က 120 miles per hour ဆိုရင် Pressure ကခန့်မှန်း 40 psf လောက်၇ှိပါတယ်။ ကျနော့ရဲ့ Body က Area 10 psf ရှိတယ်ဆိုရင် ပေါင် ၄၀၀ နဲ့ ကျနော့ကိုတွန်းနေမှာပါ။ ကျနော့ Body နေရာမှာ အလျား ပေ ၆၀ x အမြင့် ပေ ၁၀၀ ရှိတဲ့ အဆောက်အဦးကြီးလို့စဉ်းစားကြည့်ပါ ။ 100 x 60 x 40 = 240000 lbs ( 107.14 tons) လောက်နဲ့ တွန်းနေတာပါ။ ဒါကို ကျနော်တို့ Structure က ခံနိုင်ရပါမယ် ။ခံနိုင်အောင် Design လုပ်တာကို Lateral Load (Wind) ကိုခံနိုင်အောင် ထည့်သွင်းစဉ်းစားတယ်လို့ ပြောကြပါတယ်။

ကျနော်တို့က လေတိုက်တာကို ကာကွယ်လို့မရပေမယ့် EPA (Effective Projected Area) နဲအောင်တော့ ကာကွယ်လို့ရပါတယ်။ ဥပမာ တစ်ခါတစ်လေ Sign Board တွေမှာ တြိဂံပုံစံအကွက်လေးတွေ ဖြဲထားတာတွေ့ရမှာပါ ။ ဒါဟာ EPA နဲအောင်လုပ်ပြီး Force ကိုလျှော့ပစ်တာပါ။ Nargis တုန်းက ကျနော်တို့ အဒေါ်အိမ်က တစ်အိမ်လုံးကိုပိတ်ထားတာပါ ။ ဒါကိုဦးလေးကလေတိုးတာနဲအောင်ဆိုပြီး ပြတင်းသွားဖွင့်လိုက်တော့ လေက ခေါင်မိုး (EPA များ) ကိုတွန်းပြီး အမိုးကြီးတစ်ခုလုံးပါသွားဖူးပါတယ်။ Sign Board တွေမှာတော့ Wind ကြောင့်ဖြစ်တဲ့ Sliding အရွေ့အပြင် Sign Board အောက်ခြေကနေ Moment Arm ယူပြီး Overturning Moment ကိုပါစဉ်းစားရပါတယ် ။ Telecom tower တွေလဲအဲလိုပါပဲ ။ Overturning Moment ကြီးများလွန်းတော့ အဲ့ Moment ကိုပြေလည်အောင်လုပ်နိုင်ရင် ကျန်တာအတော်များများ အဆင်ပြေတာပါပဲ။

နောက် Post မှာတော့ Uniform Building Code 97 အရ Wind pressure တွက်ထုတ်ပုံ အဆင့်ဆင့်ကို ၇ှင်းပြပါ့မယ့်။

Ko Tuna (SYE)
9.12.2016

Disqus Shortname

Comments system