Monday, January 23, 2017

Wind Load Part 3

UBC-97 နဲ့ Wind pressure ကိုတွက်ထုတ်မယ့် Equations q = Ce Cq qs Iw ကိုအသေးစိတ်လေးရေးမှာပါ ။ Wind အကြောင်းရေးလာလိုက်တာ အခုက Part (3) ပါ။အခုအပိုင်းက နည်းနည်းပို၇ှည်ပါ့မယ်။ ဒါပေမယ့် နောက်ဆုံးပိုင်းပါ။ အခု Part 3 ကိုမဖတ်ခင် အရင်ရေးခဲ့တဲ့ Part 1 and Part 2 ကိုဖတ်စေချင်ပါတယ် ။ပြီးမှ Part (3) ကိုဖတ်ဖို့ အကြံပေးပါရစေ။
Part 1 Link
https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/
Part 2 Link
https://www.facebook.com/kyaw.t.naing.165/posts/1375598512474335
UBC97 ရဲ့ Wind Pressure တွက်ထုတ်တဲ့ Equation မှာ အပိုင်း (၄) ပိုင်းပါပါတယ်။
Ce = combined height , exposure and gust factor coefficient
Cq = Pressure Coefficient
Qs = Wind stagnation pressure
Iw = Building Important Factor ပါ ။
Equation ကိုလေ့လာလိုက်ရင် Directly proportional ဖြစ်နေတဲ့အတွက် တန်ဖိုးများလေ Wind pressure များလေဆိုတာသတိထားမိမယ်ထင်ပါတယ်။
ပထမဆုံး qs = wind stagnation pressure ကိုရှင်းပါရစေ ။ qs ကိုရဖို့အတွက် mass of air with density Rho ရယ် , Velocity v ကိုအခြေခံထားတဲ့ Bernoulli’s Equation ကိုသုံးပါတယ်။ qs = 0.5 Rho V^2 ပါ။ ဒီနေရာမှာ density of air ဟာ 0.0765 pcf ပါ ။ ဘယ်အချိန်ကဟာကိုယူတာလဲဆိုတော့ Standard အနေနဲ့ 59 degree F and barometric pressure (29.92 in of mercury ) ပါ။ ပုံမှန်အားဖြင့် ကျနော်တို့ Wind map တွေမှာပေးလေ့ရှိတာက mile per hour နဲ့ပေးတဲ့အတွက် pcf ကို MPH ပြောင်းလိုက်တဲ့အခါ qs = 0.00256 V^2 ဆိုတဲ့ Equation လေးရပါတယ်။ ဥပမာ wind speed က 80 mph လို့ဆိုရင် qs = 0.00256 x 80^2 = 16.38 psf ရပါတယ်။ ဒါကို ဒသမတိုးပြီး UBC က 16.4 psf လို့ပေးပါတယ် ။ qs table မှာလေ့လာကြည့်ပါ ။ သတိထားရမှာက UBC ဟာ အမြင့်တိုးတဲ့အတွက် လေထုရဲ့သိပ်သည်းဆ (density) ကျသွားတာကို ထည့်သွင်းစဉ်းစားခြင်းမပြုပါဖူး။ (ပုံမှန်ဆိုအပေါ်ရောက်လေ density ကျလေပါ)
ဒုတိယအနေနဲ့ Ce coefficient အကြောင်းဆွေးနွေးပါရစေ ။ Ce coefficient ဟာ UBC 97 ရဲ့ Master piece လို့ပဲဆိုပါရစေ ။ UBC ကိုရှုပ်၇ှုပ်ထွေးထွေးတွေမဖြစ်စေပဲ လွယ်အောင်လုပ်လိုက်နိုင်တဲ့ coefficient ပါ။ သူက height ၊ Exposure and gust factor တွေကိုပေါင်းပြီး Coefficient Ce တစ်ခုတည်းနဲ့ကိုယ်စားပြုလိုက်ပါတယ်။ အခြားဟာတွေဖြစ်တဲ့ ဥပမာ ASCE 7 တို့လိုမျိုးမှာ ဒီထက်ပို၇ှုပ်ထွေးပါတယ် ။ နားလည်ရလဲခက်ပါတယ် ။ ASCE 7 မှာက Velocity pressure exposure coefficient ( Kz ) , gust response factor (Gh) စတာတွေကို တသီးခြားစီထည့်ပေးထားပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ အဆောက်အဦးတွေမှာ ASCE 7 ကပေးထားတဲ့ Wind pressure ၇ှာတဲ့နည်းက ပိုပြီးသင့်တော်ပါတယ် ။ Ce မှာအဓိကကတော့ height မြင့်လာလို့တက်လာတဲ့ Wind pressure ရယ်၊ ကိုယ့် Structure နားက မြေမျက်နှာသွင်ပြင် အခြေအနေ (Exposure Part 2 မှာအသေးစိတ်၇ှင်းထားတာ၇ှိပါတယ်) ကိုလိုက်ပြီး Coefficient ကိုပေးပါတယ်။ ဒါ့အပြင် gust (၇ုတ်တရက် လေအရမ်းတိုက်လိုက်တာ ) ကြောင့်ဖြစ်လာမယ့် air turbulence and dynamic building behavior ကိုပါထည့်သွင်းစဉ်းစားထားပါတယ်။ Ce တန်ဖိုးတွေကို Height တွေနဲ့ပေးထားလို့ ကိုယ်လိုချင်တဲ့ Height ကိုရဖို့ လိုအပ်ရင် Interpolate လုပ်ယူရပါ့မယ် ။
တတိယအနေနဲ့ Cq factor ကိုဆွေးနွေးပါ့မယ် ။ Cq coefficient က building shape နဲ့ location ကိုပေါ်မူတည်ပါတယ် ။ သူက load ကဖိမလား (Pressure) , ဆွဲထွက်မလား (Suction) ကိုယူတာပါ။ အဲ့မှာ အပိုင်း ၂ ပိုင်းပါပါတယ် ။ 1) Primary Frames Systems ဒါက Building ကြီးတစ်ခုလုံးကိုယူတာပါ ။ 2) က Elements and components of structure ဒါက Building ရဲ့ အကာတွေကို (Cladding) design လုပ်ဖို့ယူတာပါ ။
အဆောက်အဦးနားမှာရှိတဲ့ wind gust က အများဆုံး Pressure ကို အဆောက်အဦးမျက်နှာပြင်တစ်ခုလုံး ရုတ်တရက်ကြီးမဖြစ်စေနိုင်ပါဖူး ။ ဒါကြောင့် Primary frame and system အတွက် design လုပ်တဲ့အခါ average wind pressure and suction ကိုပဲယူပြီး လုပ်ကြပါတယ် ။ ဒါပေမယ့် Cladding ၊ Curtain Wall တွေအတွက်ကတော့ ရုတ်တရက်ဖြစ်လာတဲ့ Peak pressure ကအရေးကြီးပါတယ် ။ သူက area သေးတော့ Suction force ကသေးသေးပဲ၇တယ်။ ဒါကြောင့်မို့ Table မှာပေးထားတဲ့ Pressure coefficient တွေကိုကြည့်ရင် Primary frame and structure ကနည်းနေပြီး Building components လေးတွေအတွက်ပေးထားတဲ့ Pressure ကများနေတာတွေ့ရမှာပါ ။
Wind pressure နဲ့ Suction ဟာ Primary system အတွက်ဆိုရင် အဓိကက Building Height ပါ ။ အဆောက်အဦးပုံစံ ၊ အဆောက်အဦးအပြင်မျက်နာပြင် ကြမ်းတမ်းမှု ၊ အဆောက်အဦးအလျားနဲ့ အနံ အချိုးတွေက သက်ရောက်မှု၇ှိပေမယ့် UBC 97 က ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး ။ ဥပမာ ကျနော်အရင် Telecom Tower design လုပ်တုန်းက ဖတ်ဖူးတဲ့ TIA-222G မှာဆိုရင် Radio antenna တွေရဲ့ Shape ဟာ EPA (Effective Projected Area) ကိုသက်ရောက်မှု၇ှိပါတယ်။ တစ်ကယ်လို့ အ၀ိုင်းပုံစံဖြစ်ခဲ့တယ်ဆိုရင် Shape factor (0.8) နဲ့မြှောက်ပေးရပါတယ်။ ပြောချင်တာက လေးထောင့်ထက်စာရင် အ၀ိုင်းမျက်နှာပြင်က Area နည်းတယ် ။ 80% လောက်ပဲ၇ှိတယ် ။ ဒါ့ကြောင့် shape factor ဆိုပြီး မြှောက်ခိုင်းတယ် ။ ဒါပေမယ့် UBC-97 ကဒါမျိုး လျှော့ချတာကို လက်မခံပါဖူး ။
Primary frame အတွက် UBC 97 မှာ Method 2 ခု၇ှိပါတယ် ။ Method 1 ကို Normal force Method လို့ခေါ်ပြီး သူကို Structure အားလုံးမှာသုံးလို့ရပါတယ် ။ ဒီ Method ဟာ Gable roof building အတွက် သုံးဖို့ရာတစ်ခုတည်းသော method ပါ ။ သူက Wind load တွေက နံရံ နဲ့ ခေါင်မိုးမျက်နှာပြင်တွေကို ထောင့်မှန်ကျပြီးသက်ရောက်တယ်လို့ ယူဆပါတယ် ။ နောက်တစ်ခုက တော့ Method 2 Projected Area Method လို့ခေါ်ပါတယ် ။ သူက Wind pressure and suction ကို တန်ဖိုးတစ်ခုပဲယူခိုင်းပါတယ် ပြီးတော့ အဆောက်အဦးရဲ့ entire projected area တိုင်းကို သက်ရောက်တယ်လို့ယူပါတယ်။ ဒီ Method ၂ ခု၇ဲ့ အဓိက ခြားနားချက်နောက်တစ်ခုက Method 1 မှာ Ce တန်ဖိုးတစ်ခုပဲ၇ှိပြီး roof ရဲ့ အမြင့်ကို mean ယူပြီး Winward and leeward ကိုတွက်ချက်ပါတယ်။ Method 2 ကတော့ Ce တန်ဖိုးဟာ အမြင့်နဲ့ ဆိုင်ပါတယ် အမြင့်ကိုလိုက်ပြီးပြောင်းလဲပါတယ် ။ ဒါကြောင့် Method 2 ဟာ ပိုမြင့်တဲ့ Structure တွေမှာ wind load ကိုလျှော့ယူသလိုဖြစ်သွားပါတယ် ။ ဒါကြောင့်မို့ Method 2 ကို အမြင့် ၂၀၀ ပေနဲ့အောက်မှာပဲယူပါလို့ UBC ကပြောတာပါ ။ Leeward ဖက်မှာလျှော့ယူထားတာကို ကာကွယ်ချင်လို့ဖြစ်ပါတယ် ။
Import factor (Iw) အကြောင်းဆွေးနွေးရအောင်ပါ ။ ဟိုးအရင်က Code တွေမှာ Important factor ဆိုတာမပါပါဖူး ။ နောက်ပိုင်းမှ သဘာဝဘေးအန္တရာယ်ဖြစ်ပြီးတောင်မှ ဆက်ပြီးကျန်ခဲ့ရမယ့် အဆောက်အဦး (ဥပမာ ဆေးရုံ ၊ ရဲစခန်း ၊ ဓာတ်အားပေးစက်ရုံ) စတာတွေရယ် ၊ Failure ဖြစ်ရင် အန္တရာယ်များတဲ့ Structure ( Nuclear Plant , Toxic Plant , Chemical Plant ) စတာတွေကြောင့် Important factor ကိုထပ်ပြီးထည့်သွင်းထားတာပါ။ UBC မှာတော့ Categories 5 မျိုးခွဲလိုက်ပါတယ် ။ အရေးကြီး တဲ့အဆောက်အဦးတွေကို Load ကို 15% တိုးပြီးယူခိုင်းပြီး Failure ဖြစ်မယ့် Probability ကိုလျော့ချပါတယ်။
UBC-97 နဲ့ Wind Load စဉ်းစားတဲ့ အကြောင်းကို အခုတတိယအပိုင်းမှာပဲ အဆုံးသတ်ပါ့မယ် ။
လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။
Ko Tuna (SYE)
18.1.2017
Ref: : UBC – 97 ,
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath







0 comments:

Post a Comment

Disqus Shortname

Comments system