Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၂၁)
Portland Cement
မေး - ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ဘိလပ်မြေကို Portland Cement လို့ ဘာလို့ခေါ်တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ - Porland Cement = Portland + Cement ဆိုပြီး စကားလုံးနှစ်ခု တွဲကို တစ်ခုချင်းကို ရှင်းပြချင်ပါတယ်။
Cement ဆိုတာ ယေဘုယျအားဖြင့် တွဲကပ်တဲ့ (adhesive, cohesive) ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းလို့ ပြောလို့ရပါတယ်။ ဆောက်လုပ်ရေးဝေါဟာရအနေနဲ့ ဆိုရင်တော့ ကျောက်၊ သဲ၊ အုတ်၊ ဘလောက်တုံးတွေနဲ့ သုံးတဲ့ ခိုင်မြဲစွာချိတ်ဆက်ပေးတဲ့ပစ္စည်း (Bonding Materials) လို့ ဆိုလိုပါတယ်။
Portland ဆိုတာကတော့ Dorset မှာရှိတဲ့ Portland ကျွန်းမှာရှိတဲ့ ကျောက်ကျင်းတွေကနေ တူးလို့ရတဲ့ Portland Stone ဆိုတဲ့ ကျောက်တုံးတွေပါ၊
Portland Cement လို့ အမည်ပေးရတာက အဲ့ ဘိလပ်မြေ (cement) က မာသွားရင် သူ့ရဲ့အရောင်နဲ့ အရည်အသွေးက ခုနပြောတဲ့ Potland Stone နဲ့ သွားတူနေလို့ပါ။
Joseph Aspdin ဆိုတဲ့ ပုဂ္ဂိုလ်က 1824 မှာ Portland cement ဆိုပြီး စတင်မှတ်ပုံတင်သတ်မှတ် ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။
အပေါ်ပုံက Portland ကျွန်းမှာရှိတဲ့ Portland Stone ကျောက်ကျင်း ပုံပါ။ အောက်ပုံကတော့ Portaland Stone နဲ့ လုပ်ထားတဲ့ Cenotaph ဆိုတဲ့ London မြို့ Whitehall လမ်းက စစ်ပွဲအောက်မေ့ဖွယ်ကျောက်တိုင်ပါ။
ပုံတွေကို wiki ကယူပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
0 comments:
Post a Comment