Saturday, November 4, 2017

Practical ပေဗူး အ​ခေါ်အ​ဝေါ်များ


==========================
ပူး​တွဲ​ဖော်​ပြထားတဲ့ ပုံထဲကအတိုင်းပါပဲ။
ပေဗူးရဲ့ တစ်​ခြမ်းမှာ ​ပေ​တွေ၊ လက်​မ​တွေ ရှိပြီး​တော့ ကျန်​တစ်​ခြမ်းမှာ စင်​တီမီတာနဲ့ မီတာ​တွေ ရှိပါတယ်​။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အလုပ်သမား​​တွေက ကိုယ့်​ကို ​ပေ​တွေ၊ လက်​မ​တွေနဲ့
လာ​ပြောတုန်း​တော့ ​အေး​ဆေး​ပေါ့။
မူး​တွေ၊ မတ်​​တွေ လာ​ပြောတဲ့အခါ ရူးချင်​သလိုလို၊ ထွက်​​ပြေးချင်​သလိုလို ဖြစ်​လာတတ်​ပါတယ်​။
အဲ့လို မဖြစ်​ရ​အောင်​ လက်​သမား​တွေ၊ သံသမား​​တွေ၊ ပန်းရန်​တွေ ပေဗူးကို ဘယ်​လိုဖတ်​ကြသလဲ ဆိုတာ ​ဖတ်​ထား၊ မှတ်​ထားကြပါခင်​ဗျ။
•••••••••••••••••••
၂ ပဲ = ၁ မူး
၂ မူး = ၁ မတ်
၂ မတ်​ = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
•••••••••••••••••••
**(1/16)"********= ၁ ပဲ
**(2/16)" = (1/8)" = ၁ မူး
**(3/16)"********= ၃ ပဲ
**(4/16)" = (1/4)" = ၁ မတ်
**(5/16)"********= ၅ ပဲ
**(6/16)" = (3/8)" = ၃ မူး
**(7/16)"********= ၇ ပဲ (၃ မူး၊ ၁ ပဲ)
**(8/16)" = (1/2)" = ၅ မူး
**(9/16)"********= ၉ ပဲ (၅ မူး၊ ၁ ပဲ)
*(10/16)" = (5/8)" = ၆ မူး
*(11/16)"********= ၁၁ ပဲ (၆ မူး၊ ၁ ပဲ)
*(12/16)" = (3/4)" = ၃ မတ်​ (မတ်​တင်း)
*(13/16)"********= ၁၃ ပဲ (၃ ပဲ​တင်း)
*(14/16)" = (7/8)" = မူးတင်း
*(15/16)"********= ၁၅ ပဲ (ပဲတင်း)
*(16/16)" = (1)" = ၁ လက်​မ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဲ့ဒီအတိုင်းပါပဲဗျာ။
စင်​တီမီတာ၊ မီတာ​တွေ ရှိတဲ့ဘက်​ခြမ်း မှာဆိုရင်​ ...
သူတို့​ပြောတဲ့ ၁၀၊ ၁၀၀၊ ၁၁၀၀ ဆိုတာ​တွေက မီလီမီတာယူနစ်​နဲ့ ဆက်​သွယ်​​ပြီး ပြောဆို​နေကြတာပါ။
ပေဗူးထဲကအတိုင်း ၁ စင်တီမီတာ၊ ၂ စင်တီမီတာ၊ ​၁ မီတာ၊ ၂ မီတာ လို့သွားပြီး မ​ပြောမိပါ​စေနဲ့။
၁၀၊ ၂၀၊ ၁၀၀၀၊ ၂၀၀၀ လို့​ပြောမှ ​လေ​ပေး​ဖြောင့်​ပြီး အဆင်​​ပြေနိုင်​မှာပါ။ (မီလီမီတာ)
ပေဗူး​ပေါ်မှာြ​မင်​ရတဲ့ ဂဏန်းကို သုညတစ်​လုံး တိုးပြီး​ပြောရုံပါပဲ။
(ဥပမာ။ ။၁၀ စင်​တီမီတာ ဆိုတာ ၁၀၀ မီလီမီတာ ​ပေါ့)
မီတာအတိအကျဆိုရင်​​တော့ မီတာနဲ့လည်း ​ပြောတတ်​ကြပါတယ်​။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

1 comment:

  1. Practical ပေဗူး အ​ခေါ်အ​ဝေါ်များ ~ Civil Engineering Knowledge >>>>> Download Now

    >>>>> Download Full

    Practical ပေဗူး အ​ခေါ်အ​ဝေါ်များ ~ Civil Engineering Knowledge >>>>> Download LINK

    >>>>> Download Now

    Practical ပေဗူး အ​ခေါ်အ​ဝေါ်များ ~ Civil Engineering Knowledge >>>>> Download Full

    >>>>> Download LINK

    ReplyDelete

Disqus Shortname

Comments system