Thursday, November 30, 2017

#Understanding_building(4)

#Understanding_building(4)
အဆောက်အအုံတစ်ခုအတွက် လိုအပ်တဲ့အလှအပနဲ့ minimum floor area များအပါအဝင် ခန်းဖွင့်ကျဉ်းတာ ကျယ်တာတွေ၊ တခါးပြူတင်း အရွယ်အစားတွေအတွက်က Architect လိုအပ်ပါတယ်။
သို့သော် ကနေ့ခေတ်မှာတော့ Civil တွေကပဲ column grid ချတာကအစ အစအဆုံး လုပ်လာကြပါတယ်။ ဒါ့ကြောင့်မို့ ခန်းဖွင့်တွေရဲ့ minimum dimension တွေနဲ့ အသုံးပြုလေ့ရှိတဲ့ အရွယ်အစား၊ walling အမျိုးအစားတွေကို သိထားဖို့လိုပါမယ်။ ဒီ့အတွက် drawing တွေကို ရသမျှစုဆောင်းထားခြင်းဟာ တကယ့်ကို effective ဖြစ်စေပါတယ်။
Design တွက်တဲ့အခါ Loading က အဓိက ကျပါတယ်။ ဒါ့ကြောင့် ASCE 7 ကိုလည်း ဆောင်ထားသင့်ပါတယ်။
Applied load ကို မှန်ကန်အောင်ပေးပြီး member တွေမှာ သက်ရောက်နေတဲ့ axial force, shear force နဲ့ moment တို့ကို ရှာဖွေလိုက်ခြင်းကိုသာ Structural Analysis လုပ်တယ်လို့ ခေါ်တာပါ။ Structural designer တစ်ယောက်ဖြစ်ဖို့က Loading ဝေတတ်ပြီး သဘာဝတရားကို မြင်တတ်ဖို့သည်သာ အဓိက ကျပါတယ်။ moment coefficient method လို approximate method လိုမျိုးတွေနဲ့ moment, shear ကိုလည်း ရှာတတ်ရပါမယ်။
(SS ပြပေးထားပါတယ်)
အသုံးပြုမယ့် material ရဲ့ strength f'c နဲ့ fy တွေအရ Shear တွေ moment တွေအပေါ် သက်ဆိုင်ရာ formula သုံးပြီး Av, As တွေ ထပ်မံရှာဖွေလိုက်ခြင်းကိုပဲ RC design လုပ်တယ်လို့ ခေါ်ဆိုကြတာပါ။ (simplified design စာအုပ် ပူးတွဲတင်ပေးထားပါတယ်)
Etabs တို့ Staad pro တို့လို software တွေနဲ့ ရှာယူရင်လည်း member size ကို inatialize လုပ်ဖို့နဲ့ ပြန် check ပြန်စစ်ဖို့ကတော့...
Approximate method နဲ့ Std drawing တွေကသာ အထောက်အကူ ပြုပါလိမ့်မယ်။
Beam တစ်ချောင်း တွက်တဲ့အခါ L.L နဲ့ D.L အတွက် Slab area ကို စရှာပါတယ်။ ဒီ့နောက် WL/9 ကို သုံးတာမျိုးပဲ ဖြစ်ဖြစ် moment ရှာပါမယ်။
As= M/.9fy(d-a/2) မှာ a ကို 2 လောက် assume ခဏထားပြီး တွက်ရင်ကို As ရပါပြီ။
ထွက်လာတဲ့ As ကို ကိုယ်အသုံးပြုချင်တဲ့ သံတစ်ချောင်းချင်းစီရဲ့ area နဲ့ ပြန်စားတဲ့အခါ သံချောင်းအရေအတွက် ရလာတာပါပဲ။
သဘာဝတရား အမြင်ရှိထားပြီးသူ တစ်ယောက်အတွက် Civil design တွေက တကယ့်ကို လွယ်ပါတယ်။ လုပ်ငန်းခွင်မှာ တကယ်တွက်နေတဲ့ စီနီယာ တစ်ယောက်ယောက်ဆီ အနီးကပ် သင်ယူဖြစ်မယ်ဆိုရင် Lowrise building လောက်ကတော့ ခဏနဲ့ကို တတ်ပါတယ်။
အထူးတလည် ပြောချင်တာကတော့ software ဆိုတာ လက်သုံးကိရိယာပဲ ဖြစ်ပါတယ်။ AutoCAD တတ်လို့ ပုံဆွဲတတ်လာတာ မဟုတ်ပါဘူး၊ ပုံဆွဲတတ်သူကသာ AutoCAD ကို သပ်ရပ်လှပဖို့ပဲ သုံးတာဖြစ်ပါတယ်။
ထို့အတူ Etabs တတ်လို့ design တတ်တာမဟုတ်ပါဘူး။ Design တတ်သူကသာ Etabs ကို မြန်ချင်လို့ သုံးရတာပါ။
Standard drawings
https://drive.google.com/…/0B78-5-JoyB8iOUlQSnBDMG0ya…/view…
ASCE 7-10
https://drive.google.com/…/0Bz4-VNxPuIZRMWdmcG8tREdwV…/view…
Example in Structural Analysis
https://drive.google.com/…/1dPWhRZzdXupwTobvsnMMAf3bT…/view…
ACI 318 -14M
https://drive.google.com/…/0B78-5-JoyB8iby16dHBnay1MS…/view…
Simplfied design for RC
https://drive.google.com/…/0B78-5-JoyB8iNTYxSWpqLTBoY…/view…
Etabs equivalent Lateral load design
https://drive.google.com/…/0Bz4-VNxPuIZRbXNEaWV2ZkZEc…/view…
RC detailing
https://drive.google.com/…/0Bz4-VNxPuIZRYjVyU2liNGYzZ…/view…
.











0 comments:

Post a Comment

Disqus Shortname

Comments system