Sunday, November 19, 2017

Understanding_building(2)

အဆောက်အအုံတွေမှာ အဓိက လိုအပ်ချက်က floor slab ဖြစ်ပါတယ်။ မြေကြီးပေါ်တိုက်ရိုက်ခင်းထားတဲ့ slab on grade ကလွဲရင် လေထဲမှာဝဲနေတဲ့ suspended slab ကြမ်းခင်းတွေက အမိုး roof အဖြစ်လည်း အလုပ်လုပ်ပေးပါသေးတယ်။ ကြမ်းခင်းအဖြစ်သာမက အမိုး Roof အဖြစ်ပါ အလုပ်လုပ်ပေးနေတဲ့ suspended slab တွေကို လေပေါ်ဝဲထားနိုင်ဖို့ဆိုရင် ထောက်ပင့်ပေးထားရမယ့် column တိုင်တွေ လိုလာပါတယ်။ column ထောက်တိုင်ဆိုတာ compression member ပါ၊ ဖိအားကို အဓိက ခံရမယ့် member တွေဖြစ်ပါတယ်။ (လောလောဆယ် Structure ကို အခြေခံ ဦးတည်နေတာမို့ column ရဲ့ least dimension နဲ့ clear height တို့ကိုအဓိကထားပြီး အချိုးချယူတဲ့ slenderness ratio ကြောင့်၊ buckling ဖြစ်နိုင်တာတွေကအစ member size design အကြောင်းက နောက်ပိုင်းမှာ ရှင်းပြပေးပါမယ်။)
နမူနာ အနေနဲ့ ဆယ်ပေ×ဆယ့်လေးပေ slab တစ်ခုကို လေပေါ်ဝဲထားပါမယ်။ အလယ်မှာ ထောက်တိုင် column တစ်လုံးပဲ သုံးမယ်ဆိုရင် overturning ဖြစ်ပြီး အဖက်ဖက်ကို ယိုင်လဲသွားဖို့ လွယ်ပါမယ်။ ဆုံလည်ကုလားထိုင်နဲ့ တိုင်တစ်လုံးထမင်းစားပွဲတွေလို အောက်ခံခွာ အရမ်းကြီးဖို့ လိုလာပါမယ်။ slab ကလည်း stability တည်ငြိမ်မှုအနည်းဆုံးနဲ့ ကျိုးကျဖို့ အလွယ်ဆုံး structure ဖြစ်တဲ့ cantilever ဖြစ်နေပါလိမ့်မယ်။
ဒန်းတွေ ဂိုးတိုင်တွေလို တိုင် ၂ လုံး သုံးရင်ကော?
ရှေ့နောက် ယိုင်လဲမသွားအောင်က တိုင်တွေရဲ့ ရှေ့နောက်ခွာတွေ ကြီးဖို့ လိုသေးတာပါပဲ။
ရေအိုးစင်များလို ၃ ချောင်းထောက် သုံးမယ် ဆိုရင် stability တည်ငြိမ်မှုကို စတင် ရပါပြီ။
သို့သော် slab က လေးထောင့်ကျနေတာမို့ အစွန်းတွေမှာ လေပေါ် အလွတ်ဝဲနေတဲ့ cantilevr အဖြစ် ကျန်နေပြီး slab အဖျား ကျိုးကျဖို့တော့ လွယ်နေသေးတာပါပဲ။
ထို့အတူ တိုင်သုံးလုံးအတွင်းက ဒေါင့်ကျဉ်းနေရာတွေကလည်း walling နံရံတွေတက်ပြီး ကာထားချင်တယ်ဆိုရင် အလဟဿ နေရာပုပ်ကုန်ပါတယ်။ ဒီ့အတွက် slab ရဲ့ ဒေါင့် ၄ ဒေါင့်မှာ တိုင် ၄ တိုင်ကို သုံးတာဟာ standard စံဖြစ်လာရပါတော့တယ်။
ကောင်းပါပြီ။ တိုင် ၄ တိုင် သုံးမယ်ဆိုရင် တစ်တိုင်စီထမ်းရမယ့် wt. တွေက ဘယ်လောက်စီ ဖြစ်မှာပါလဲ။ ကိတ်မုန့်ကို ဓားနဲ့လှီးပြီးဝေသလို Slab ရဲ့ အလယ်တည့်တည့်မှာ ကန့်လန့်ဖြတ်မျဉ်းတွေဆွဲပြီး သက်ဆိုင်ရာ column အလိုက် ၄ ပုံ တစ်ပုံစီ ဝေပေးလိုက်ရုံပါပဲ။
.
.
.
.
.
အပိုင်းခွဲ ၂
Slab ထုကို ပါးချင်ပြီး column တွေကိုချုပ်ဖို့ beam ထည့်သုံးမယ်ဆိုရင် slab ရဲ့ loading ကို beam တွေက ကြားခံယူရပါဦးမယ်။ slab ရဲ့ weight က beam ဆီ အရင်ကျပါမယ်။ beam ကမှတစ်ဆင့် column ဆီသွားရတော့မှာပါ။ beam ဆိုတာက အလျားလိုက် horizontal ရှိနေတာမို့ သူ့ဆီကို slab load ဝေရင်တော့ beam အဖျားတွေကနေ 45° လိုင်းစောင်းလေးတွေ ဆွဲလှီးပြီး ဝေရမှာပါ။ ဒါက 2 ways slab တွေရဲ့ သဘာဝပါ။
Slab ရဲ့ ပတ်လည်မှာ Beam ၄ ချောင်း ပါပါလျက်နဲ့ slab ရဲ့ အလျားက အနံထက် ၂ ဆ ကျော်နေရင်တော့ 1way slab ပါ။ slab ကို အလျားလိုက်အလယ်က လှီးပြီး weight မှန်သမျှ beam အရှည် ၂ ချောင်းဆီကိုသာ တစ်ဝက်စီ ထမ်းခိုင်းရတော့မှာပါ။ beam ၂ ချောင်း သို့မဟုတ် support wall ၂ ဖက်ပဲ ပါခဲ့ရင်လည်း ဒီလိုပါပဲ။ အနံဖက်မှာပဲ beam ရှိနေနေ slab ရဲ့ loading ကို support beam ၂ ဖက်ကိုသာ ထက်ခြမ်းခွဲဝေရပါမယ်။ stair ပုံမှန်လှေကားတွေဟာလည်း landing beam ၂ ဖက်ဆီကိုသာ တစ်ဝက်စီ loading ဝေပေးရမယ့် one way slab တွေပါပဲ။
The art of structure
https://drive.google.com/…/0B78-5-JoyB8idWZKN0tHbnhUc…/view…
.
Credit
Seithu Min
 




 

0 comments:

Post a Comment

Disqus Shortname

Comments system