Sunday, November 12, 2017

"Press piling work"

ဒီနေ့အဖြစ်အပျက် owner ကိုပြောပြရင်း
မသိသေးတဲ့သူသိနိုင်ဖို့ ဝေငှခြင်းပါ။
Press piling ကြောင့်ပတ်ဝန်းကျင်အိမ်ကို
ထိခိုက်လို့ပြဿနာရှင်းရတဲ့ကိစ္စအကြောင်းပြောရင်း
သတိထားသင့်တာပြောချင်ပါတယ်။
ကျနော်တို့ဆီမှာ code of practices အနေနဲ့မသတ်
မှတ်သေးပေမဲ့ တစ်ချို့နိုင်ငံ ဥပမာ-BS code လိုမျိုးမှာ
တော့ရှိပြီးသားပါ။
Driven piling လောက် press piling ဟာ ဆူညံသံ
နဲ့ မြေတုန်ခါမှု (Noise and ground vibration)
နည်းပေမဲ့ ပတ်ဝန်းကျင်အဆောက်အဦးနဲ့သိပ်နီးနေလို့
ခံနိုင်တဲ့ တုန်ခါမှု(Allowable vibration limit)
ထက်ကျော်ရင် ပတ်ဝန်းကျင်မှာရှိတဲ့ အဆောက်အဦး
ထိခိုက်မှုရှိစေပါတယ်။
တုန်ခါမှုဖြစ်လာရင် မြေသားတလျှောက်
Compression wave (P-wave) နဲ့
Shear wave (S-wave) ဖြစ်လာပါတယ်၊
တုန်ခါမှုအားနည်းရင်တော့ surface wave နည်းပါတယ်။ ဒါကြောင့် wave direction ကို X-Y-Z directions
အရတိုင်းပါတယ်။Wave ရဲ့ velocity ကို Peak Particle Velocity (PPV)နဲ့တိုင်းပါတယ်။
ပတ်ဝန်းကျင်ရဲ့အဆောက်အဦးအပေါ်မူတည်ပြီး ခွင့်ပြု PPV ရှိပါတယ်။
ဥပမာ-ကျနော့်အတွေ့အကြုံအရ
- ဘီလူးချောင်း No-2 လျှပ်စစ်စက်ရုံကို Allowable PPV 20 mm/sec အတွင်းမှာလုပ်ခဲ့ရပါတယ်၊
- မလေးရှား standard အရ kuala lumpur မြို့တွင်း project မှာ
ရှေ့ဟောင်းအဆောက်အဦး ကို 12mm/sec with frequency 40Hz နဲ့လုပ်ခဲ့ပါတယ်၊
- ပုံမှန် reinforced structures ဆိုရင် 50 mm/sec
စသဖြင့်သတ်မှတ်ထားတာထက်မကျော်ရပါဘူး။
အဆောက်အဦးရဲ့ခံနိုင်ရည်ထက်ကျော်ရင်
အဆောက်အဦးမှာ cracks ဖြစ်လာမယ် ဒီထက်လဲ
ပိုပျက်စီးနိုင်ပါတယ်။
ဒါကြောင့် Noise and ground vibration နည်းပါတဲ့ဆိုတဲ့
press piling work မှာလဲ site condition, soil condition,
adjacent structures, အသုံးပြုမဲ့ piling machine စတဲ့အနေအထားပေါ်မူတည်ပြီး
- piling sequence
- duration of piling work (to reduce the induced stress)
- piling direction
- working hours
- piling methods
- ground vibration monitoring
- disturbance ပြုလုပ်ခြင်း စတာတွေ
သေသေချာချာ plan လုပ်သင့်ပါကြောင်း။
အသေးစိတ်လုပ်ဆောင်မှုကို
သီးခြားလေ့လာသင့်ပါကြောင်း။

ပုံ(၄) ကတော့ press piling work လုပ်ရင်
ဖြစ်လာမဲ့ vibration vs distance ပါ။
ထိခိုက်နစ်နာမှုမရှိဘဲ လုပ်ငန်းအောင်မြင်ကြဖို့ရည်ရွှယ်သည်။
10:15pm
8-11-2017

Credit Dr Yu Maung





 

0 comments:

Post a Comment

Disqus Shortname

Comments system