Thursday, November 30, 2017

#Understanding_building(3)

#Understanding_building(3)
Building အဆောက်အအုံ တစ်ခုမှာ အခြေခံ member တွေကတော့ beam, column, slab, wall နဲ့ footing and stair ပါ။ Design တွက်ဖို့ member 6 မျိုး ရှိပါမယ်။
တွက်ရမယ့် Formula နဲ့ Analyse လုပ်ပုံ မတူကြလို့သာ ၆ မျိုးလို့ ယေဘုယျ ပြောလို့ရတာပါ။ တကယ့် member ကတော့ ၂ မျိုးပဲ ရှိပါမယ်။
ပထမတစ်မျိုးကတော့ Loading က ထိပ် ၂ ဖက်ကနေ သက်ရောက်နေတဲ့ Column လို member ပါ။ သူကတော့ crushing ကြေမွတတ်သလို buckling ဖြစ်ကာ ခါးယိုင်တတ်ပါတယ်။ ဆွဲအား tension ဆိုရင်တော့ yield ဖြစ်ကာ ခါးသိမ်ပြီး ပြတ်ထွက်တတ်ပါတယ်။ (truss ဒိုင်းခွေတွေမှာ သုံးသလို purely tension/ compression member တွေပါ)
ဒုတိယတစ်မျိုးကတော့ applied load က member ရဲ့ ခါးကို ဘေးတိုက်သက်ရောက်နေတဲ့ beam လို member ပါ။ သူကတော့ (cracking) ကွဲအက်ကာ ကျိုးတတ်သလို bending ဖြစ်ပြီး ကွေးညွှတ်တတ်ပါတယ်။
Slab, Stair နဲ့ Footing တွေဟာ အခြေခံအားဖြင့်တော့ beam member တွေပါပဲ။
1 unit ( 12" for FPS) ဗျက်ရှိတဲ့ beam တွေကို ပေါင်းစုပူးကပ်ထားသလို စဉ်းစားတွက်ချက်ရပါတယ်။
Column ကို eccentricity ဝင်နေတယ် ဆိုတာကတော့ beam action ဝင်လာတာမျိုးကို ဆိုလိုတာပါ။
Reaction ပြန်ပေးနိုင်တဲ့ အပေါ်အောက် ဝင်ရိုး axis အတိုင်း Loading က တည့်တည့်မကျတဲ့အခါ lever arm တစ်ခုကွာဝေးနေတဲ့ couple of forces လေးပေါ်လာပြီး၊ ကွေးညွှတ်မှု bending ဝင်လာတာမျိုး ဖြစ်ပါတယ်။
column ဆိုသော်လည်း beam သဘာဝကိုပါ ခံနေရပါတော့တယ်။
Wind တို့ Earthquake တို့လို Lateral load ဝင်လာတဲ့အခါ beam တွေ column တွေဟာ ပြောင်းပြန် action ဝင်လာရတတ်ပါတယ်။
Design လုပ်ကြတဲ့အခါ...
Crushing ကြေမွတာနဲ့ Cracking အက်ကွဲတာကို ထိန်းချုပ်နိုင်ဖို့ member size တစ်ခုလိုပါမယ်။ အသုံးပြုမယ့် material ရဲ့ tension နဲ့ compression ခံနိုင်ရည် အပေါ်မူတည်ပြီး member size ရွေးပါတယ်။
ဒါကလည်း သက်ရောက်လာတဲ့ Loading ကို material ရဲ့ ခံနိုင်ရည်အားနဲ့ စားပြီး member ရဲ့ area size ကို ရှာယူလိုက်တာမျိုးပါပဲ။
Code တွေကတော့ safety ဖြစ်ဖို့ D.L ကို 20% တိုးယူခိုင်းပြီး L.L ကို 60%တိုးယူခိုင်းပါတယ်။ တစ်ခါ material တွေရဲ့ ခံနိုင်ရည်အား strength တွေကိုကျ စမ်းသပ်လို့ ရတဲ့ အတိုင်းမယူစေပြန်ပါဘူး။ 0.75 တွေ 0.9 တွေနဲ့ 25% တို့ 10%တို့ လျှော့ယူစေပြန်ပါတယ်။ ဒါ့တွေကြောင့်သာ ကျနော်တို့ အမြင်တွေ ရှုပ်နေရတာပါ။
safety အတွက် code ကပေးထားတဲ့ coefficient တွေ reduction factor တွေကို ခေတ္တဖယ်ကြည့်တတ်ရင် ပိုရှင်းပါမယ်။
တခါ Structural analyse လုပ်တယ်ဆိုတာကလည်း member တွေရဲ့ တောင့်တင်းမှုနဲ့ ဘေးတိုက်ဒေါင်လိုက် ဒီဂရီအလိုက် တည်ရှိနေတဲ့ပုံစံတွေအရ loading တွေကို ခွဲဝေပေးလိုက်ခြင်း သက်သက်ပါပဲ။
ဒီ့အတွက် Loading ရဲ့ ပမာဏနဲ့ direction ကို သိထားဖို့သည်သာ ပထမ ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ frame တွေတည်ဆောက်ထားတဲ့ degree အရ sine, cos တွေနဲ့ loading ဝေတတ်ဖို့ပါ။ သုံးစွဲမယ့် material တွေရဲ့ comp/ten ခံနိုင်ရည်အားကို သိထားဖို့ကတော့ တတိယဖြစ်ပါမယ်။
စတုတ္ထဖြစ်တဲ့ moment of inertia သဘောကို သိဖို့ဆိုရင် သုံးနားညီတြိဂံ၂ခုကို ပုံစံအမျိုးမျိုးနဲ့ ပူးကပ်ကြည့်ပြီး area centroide ၂ ခုရဲ့ အလယ် တတိယဗဟိုချက်နဲ့ အကွာအဝေး အပြောင်းအလဲလေးတွေကို ကိုယ်တိုင်သာ ရှာကြည့်စေချင်ပါတယ်။
Design calculation တွေကို computer နဲ့ လုပ်လို့လွယ်လာတဲ့ခေတ်မှာ အနားညီတြိဂံတစ်ခုဟာ ရွဲ့စောင်းပုံပျက်သွားဖို့အတွက် အခက်ဆုံးသော rigid structure ဆိုတာကိုလည်း သိထားကြဖို့လိုပါမယ်။
Structural Analysis 13.5MB
https://drive.google.com/…/1h0sHM38b2_rphHMZpyTbrTKke…/view…
.
 cREDIT  seithu min












0 comments:

Post a Comment

Disqus Shortname

Comments system