Tuesday, November 14, 2017

Site Mistake (13)

Site Mistake (13)

Field Bending or Straightening (Column Splice)
ပုံမှာဆိုရင် column size သေးသွားတာကို Floor လောင်းပြီးမှ site မှာ crank (တွန့်) နေတာဖြစ်ပါတယ်။ တကယ်ဆို သံချောင်းလုံးကို 3" အောက် ကျုံ့ရမှာဆိုရင် Floor မလောင်းခင် Beam ထဲမှာတင် 1H:6V ratio ထက်မများစေဘဲ crank (တွန့်)ခဲ့ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သံချောင်းလုံးကို 3" နဲ့အထက် ကျုံ့ရမှာဆိုရင် crank (တွန့်) ခွင့်မရှိပါဘူး။ Dowel bars စိုက်ရမှာဖြစ်ပါတယ်။(ACI 318 အရ) (ဆရာကြီးဦးညီလှငယ်ရေးသားတဲ့ Field Reference Maunal စာအုပ်ကနေ ကောက်နုတ်ထားတဲ့ပုံမှာ လေ့လာနိုင်ပါတယ်။)
နောက်ပြီး ဆိုဒ်ထဲမှာ ကွန်ကရစ်ထဲတစိတ်တပိုင်းမြှပ်နေတဲ့ သံချောင်းလုံးတွေကို ကွေးတာဆန့်တာ လုပ်နိုင်ခွင့်ကို ACI 301 က 16mm (5/8") အထိပဲ ကွေးနိုင်တယ်လို့ပြောပါတယ်။ 16mm (5/8")ထက်ကြီးတာတွေကိုတော့ အပူပေးပြီးတော့မှ ကွေးတာဆန့်တာ ခွင့်ပြုပါတယ်။(comment က ACI 301 ထဲကကောက်နုတ်ထားတဲ့ပုံမှာ လေ့လာနိုင်ပါတယ်။)
ခုလို လောင်းပြီးမှ crank တော့ တိုင်ခြေနားမှာ rebar တွေပေါ်နေတာ cover နဲတာမျိုးတွေဖြစ်ပါမယ်။ ပြီး အပူမပေးဘဲ field bend လုပ်ခွင့်မရှိတဲ့ 16mm အထက်သံချောင်းတွေကို အပူမပေးဘဲ ဒီအတိုင်းကွေးမိရင် သံချောင်းနဲ့ ကွန်ကရစ်နာတာတွေ ဖြစ်ပါမယ်။
မှတ်ချက် ၊ Site Mistake များကို Inspectors များ Site Engineers များ Supervisers များအတွက် ကိုးကားနိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Civil Engineering Knowledge

0 comments:

Post a Comment

Disqus Shortname

Comments system