CE Vip- Beam Design
CE vip - Beam Design
CE - Analysis of rates - version 6
Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။
Ebooks
Civil Engineering နဲ့ပတ်သတ်သော Ebook များ
Etabs
Etabs လေ့လာရန်
Site Mistake
Site Mistake
Etabs Tutorials
Download ဆွဲနည်း
Sunday, February 19, 2017
Site Mistake (11) Composite Slab
Site Mistake (11)
Site Mistake (11)
Composite Slab
(ဗိုလ်ဗိုလ်ကျော်)
Unicode
Site Mistake (11)
Composite Slab
Decking ခင်းပြီး concrete လောင်းထားတဲ့ slabs တွေမှာ Load carring capacity (ဝန်ထမ်းနိုင်အား) ကို Decking နဲ့ Concrete တို့ Shear bond (ပူးကပ်နေတဲ့တွဲဆက်မှု) ကနေရပါတယ်။ အဲ့လို slab ကို composite slab လိုခေါ်ပါတယ်။
Rc slab မှာ concrete ရဲ့ reinforcement က slab အတွင်းထည့်ထားတဲ့ rebars တွေဖြစ်ပြီး Composite slab မှာေတော့ Reinforcement က Decking ပါပဲ။ အပူနဲ့ အကျုံ့အကြွ (temperature & shrinkage) ကို ထိန်းဖို့အတွက်သာ wire mesh လေးတွေကို ထည့်ပါတယ်။
ဒါကြောင့် composite slab မှာ decking နဲ့ concrete ရဲ့ bond ကအရမ်းအရေးကြီးပါတယ်။ အဲ့ shear bond လေးပျက်တာနဲ့ composite slab မဟုတ်တော့ပါ။ Decking က သူ့ဖာသာ load ကိုသီးခြားထမ်းနေမှာဖြစ်ပြီး concrete ကလဲ သူ့ဖာသာ ထမ်းနေမှာပါ။.
ပုံမှာတွေ့ရတဲ့ mistake ဟာဆိုလို့ရှိရင် Decking ရဲ့ မြောင်းလေး(Trough) လေးထဲအုတ်တွေစီထားတာပါ။ အဲ့အုတ်တွေက Decking နဲ့ တွဲဆက်နေမှာမဟုတ်ပါဘူး။ သက်သက်မဲ့သာ ဝန်ပိုစေမှာပါ။ (ဒီနေရာမှာ အုတ်ရဲ့ strength ကိုလဲသွားထည့်တွက်မနေပါပဲ။ ဘာနဲ့မှ bonding မကောင်းနိုင်တဲ့အတွက် ဒါကို ထည့်စဉ်းစားလို့မရနိုင်ပါ)။ အဲ့ မြောင်း (Trough) တွေမှာရှိနေရမယ့် Decking နဲ့တွဲဆက်နေမယ့် concrete မရှိတော့တဲ့အတွက်သက်သာသွားတဲ့ concrete တန်ဖိုးနဲ့မကာမိအောင်ပဲ composite slab ရဲ့တန်ဖိုးကို အများကြီးယုတ်လျော့သွားစေပါတယ်။
နောက် အဲ့မြောင်းလေး(Trough) ထဲမှာ Extral bar တွေထည့်ပြီးတော့လဲ Bending resistance ကို တက်အောင်လုပ်လို့ရတာကို အုတ်ပါနေတဲ့အတွက် လုပ်မရတော့ပါဘူး။
မှတ်ချက် ၊ Site Mistake များကို Inspectors များ Site Engineers များ Supervisers များအတွက် ကိုးကားနိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
CE Pro New Version 1.2
CE pro Version 1.2 ပါ
1.Structure ပိုင်းမှာ
Square footing Design
Combined footing Design
Two way slab Design
Beam Design နဲ့
Axial compression stress တွက်တာပါဝင် ပါတယ် ။
Beam design ကို Etabs ကပြတဲ့ design result လိုပြပေးထားပါတယ်။
Structure ပိုင်းကို Hand calculation တွေထက်တင်ပေးမှာပါ ။
ခုက software ရေးနေရတာနဲ့ တခြားစာမရေးဖြစ်သေးလို့ပါ။
နောက်ပိုင်း Etabs , Safe , ASD and hand calculation တွေတွက်တာကိုရှင်းပြပြီး
အခြေခံ ဗဟုသုတတွေပါရှင်းပြသွားဖို့ စီစဉ်ထားပါတယ်။
tutorials တွေပါ ထည့်ပေးသွားမှာပါ ။ သင်တန်းမတတ်ဖြစ်ကျတဲ့engineer တွေ
အလွယ်တကူလေ့လာနိုင်အောင်ပါ။
Structure ပိုင်းရေးနေချိန် Analysis of rates ရေးဖို့တောင် အာရုံမနည်းပြန်ထည့်ရပါတယ် :) ။
2.Ebooks များ အလွယ်တကူဒေါင်းလုပ်ဆွဲရအောင်လုပ်ထားပေးပါတယ်။
3.Civil Engineering Myanmar ကရှင်းပြထားတဲ့ Seismic Design Video ဖိုင်များပါဝင်ပါတယ်။
Analysis of rate အပိုင်းက Brick work (fps and SI) ၂ ခုလုံးထည့်ပေးထားပါတယ်။
Download
အားလုံးကိုကျေးဇူးတင်ပါတယ်
ထွန်းအောင်ဖြိုး
Saturday, February 18, 2017
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)
Torsion အတွက် steel ဆိုတာ Beam ရဲ့ အလယ်မှာထည့်ပေးရပါတယ်။
တော်တော်များများက Torsion အတွက် steel ကို Beam ရဲ့ အလယ်မှာပဲထည့်ပေးရတယ်လို့ပဲ အောက်မေ့တတ်ကြပါတယ်။
Torsion ဆိုတာ member တခုမှာ သူ့ရဲ့ အလျားလိုက် (longitudinal) direction ကို လှည့်ပြီးလည်တဲ့ moment ကို ခေါ်တာပါ။ Torsion ကြောင့်လိုအပ်တဲ့ reinforcement ကို Shear, Bending moment ကြောင့်လိုအပ်တဲ့ reinforcement ကိုသွားပေါင်းပေးရပါတယ်။
အဲ့မှာ Torsion ကြောင့်လိုတဲ့ longitudinal reinforcement တွေကို closed stirrups ကွင်းဘေး (perimeter) တလျောက် ဖြန့်ဝေထည့်ပေးရပါတယ်။ Beam ရဲ့အလယ်မှာပဲ စုပုံထည့်ရတာမဟုတ်ပါ။ အဲ့လို ထည့်ပေးရတဲ့ rebar spacing က maximum အများဆုံး 12" ထက်ပိုဝေးလို့မရပါဘူးလို့ ACI က ကန့်သက်ချက်ပေးထားပါတယ်။
အဲ့တော့ 15" beam depth ရှိတဲ့ beam တစ်ချောင်းရဲ့ Top နဲ့ Bottom rebars တွေက အပေါ် အောက် cover 1.5" လောက်စီလောက်နဲ့ stirrups ထုတွေနဲ့ သူတို့ရဲ့ bar diameter တစ်ဝက်စီလျော့ပြီး တစ်ခုနဲ့တစ်ခု 12" အောက်ပဲကွာဝေးပါတော့တယ်။
အဲ့လို 12" အောက်ပဲကွာတော့တဲ့အတွက် Torsion အတွက်လိုအပ်တဲ့ steel ကို Bending moment အတွက်လိုအပ်တဲ့ Top နဲ့ Bottom reinforcement တွေမှာပဲ သွားပေါင်းပေးပြီး Stirrups ရဲ့ corner ထောင့်ဆုံမှာပဲ ထည့်ပေးမယ်ဆိုလဲ ရပါတယ်။ Beam အလယ်ပိုင်းကို မထည့်လဲရပါတယ်။
12" ထက်ပိုဝေးရင်တော့ Beam အလယ်ပိုင်းပါဖြန့်ထည့်ပေးရမှာ ဖြစ်ပါတယ်။Stirrups တွေရဲ့ ထောင့် corner မှာရှိတဲ့ Rebar တွေကတော့ Torsion အတွက်မဖြစ်မနေ ထည့်ပေးရမှာဖြစ်ပြီးတော့ ဒီ bars တွေက torsion ခံနိုင်ရည်ကိုကောင်းစေပြီး cracks ဖြစ်ပေါ်မှုတွေကိုလဲ ကာကွယ်ပေးပါတယ်.
Photo from Structural Concrete Theory and Design 6th edition by Nadim Hassoun
(ဗိုလ်ဗိုလ်ကျော်)
Monday, February 13, 2017
Fc' သတ်မှတ်ခြင်း - Basic 1
တချို့အရာတွေလွယ်တယ်ဆိုပေမယ့် မသိတဲ့ junior တွေက မသိကျပါဘူး။ ဒါကြောင့်အခြေခံကစပြီး စာတမ်းပြုစုရေးသားနေပါ ။ Etabs အတွက် သင်ခန်းစာတွေရေးနေရင် စာတချို့ကိုပြန်တင်ပေးလိုက်ပါတယ်။
ဖုန်းဆက်ပြီး သင်တန်းတတ်ချင်လို့မေးကျတဲ့ CE USER တွေအတွက် စာအုပ် DVD ထွက်အောင်
ကြိုးစားပေးပါ့မယ် ။ လောလောဆယ် ကျွန်တော်ပြင်ဆင်နေတာက Etabs , Safe , ASD , Hand
Calculation and CE pro ကိုတွဲပြီး အသုံးပြုနိုင်အောင်ကြိုးစားနေပါတယ်။
Friday, February 10, 2017
Engineering Ebooks - Thura Zinsoe
စာအုပ်တွေ တင်ပြီးပါပြီ။
အင်္ဂလိပ်စာအုပ်တွေက စလို့ အင်ဂျင်နီးယားရင်းစာအုပ်မျိုးစုံကိုပါ စုစည်းပေးထားပါတယ်။
ပေးထားတဲ့ လင့်မှာ အလိုရှိတဲ့ စာအုပ်ကို ဒေါင်းလို့ရပါပြီ။
...
ကျနော့်ဝေါပေါ်မှာ တင်မက၊ Myanmar Professional Civil Engineer ပေ့မှာလဲ တင်ပေးထားမှာပါ။
လင့်ကို save ထားရင် ရှာရ လွယ်ပါလိမ့်မယ်။
ထပ်မံ အသိပေးချင်တာက ဒီ storage က ကို Htun Naing Oo အထောက်အပံ့ နဲ့ ဝယ်ထားတာ ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် နှစ်စဉ်ကြေးပေးရပါတယ်။
တစ်နှစ်တော့ သုံလို့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နောက်နှစ်တွေတော့ ဆက်ထိမ်းသိမ်းထားဖို့ မသေချာပါ။
ကျနော်တို့က နည်းပညာပျံ့ပွားရေးကို ရည်၇ွယ်လုပ်ဆောင်တာဖြစ်လို့ အကျိုးအမြတ် မရှိပါ။
Copyright တွေ claim လာမယ်ဆိုရင်လဲ ဖျက်ပစ်ရမယ့် စာအုပ်တွေကို ချက်ချင်း ဖျက်ပစ်မှာ ဖြစ်ပါတယ်။
တစ်နှစ်အတွင်း ဒေါင်းလုပ်ဆွဲထားဖို့ကို တိုက်တွန်းလိုပါတယ်။
စာအုပ်တွေဒေါင်းပြီးရင်လဲ ဖတ်ရှုကြပြီး အပြန်အလှန်ဆွေးနွေးကြလို့ မိမိတို့ရဲ့ အသိပညာများ ဆထက်တပိုး တိုးတက်ပါစေကြောင်း မေတ္တာရည်၍ ဆုတောင်းအပ်ပါသည်။
ခင်မင်စွာဖြင့်
သူရ
Note:
Terms and Conditions
(1) Our primary purpose is to contribute to the knowledge of young engineers,knowledge-seekers,researchers and the like in the context of non-business or non-commercial sharing.
(2) If anyone claims copyright over uploaded eBooks, we will remove them immediately.
(3) If there is anyone who makes use of uploaded eBooks for business purposes, it is not our responsibility...
English
https://drive.google.com/drive/folders/0B6TNM5NgcnkoamFtRWRRQkhpWDA?usp=sharing
Engineering Mathematics
https://drive.google.com/drive/folders/0B6TNM5NgcnkoM3czaC1pcEkyWlU?usp=sharing
Architecture
https://drive.google.com/drive/folders/0B6TNM5NgcnkodE5GWFRYYlJoTjQ?usp=sharing
Building Construction
https://drive.google.com/drive/folders/0B6TNM5NgcnkocklENF9lRTk5YTQ?usp=sharing
Building Materials and Services
https://drive.google.com/drive/folders/0B6TNM5NgcnkoZnlHaW5rdi1SU3c?usp=sharing
Composite Structures
https://drive.google.com/drive/folders/0B6TNM5NgcnkocUZ2T045UGxzUU0?usp=sharing
Concrete
https://drive.google.com/drive/folders/0B6TNM5NgcnkoNHlOdVYwSE9tWmc?usp=sharing
Design of Formwork
https://drive.google.com/drive/folders/0B6TNM5NgcnkoS29tenVRMGhzQjQ?usp=sharing
Design of Masnory Structures
https://drive.google.com/drive/folders/0B6TNM5NgcnkoOUp0NlJUMF91Nk0?usp=sharing
Design of RC members
https://drive.google.com/drive/folders/0B6TNM5NgcnkodzhCdXRnNGhsTEk?usp=sharing
Design of steel structures
https://drive.google.com/drive/folders/0B6TNM5NgcnkoU1FLUDQzOTNSa0U?usp=sharing
Detailing and reference manual
https://drive.google.com/drive/folders/0B6TNM5NgcnkoWnNfSGFpbS1NU2s?usp=sharing
English
https://drive.google.com/drive/folders/0B6TNM5NgcnkoamFtRWRRQkhpWDA?usp=sharing
Environmental Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoZlJvb1BjZExIWjQ?usp=sharing
Forensic Engineering,Retrofitting,Repair and Refurbishment
https://drive.google.com/drive/folders/0B6TNM5NgcnkoRU05bkFXTXBfTUk?usp=sharing
Foundation Engineering and Design of Deep Excavation
https://drive.google.com/drive/folders/0B6TNM5NgcnkoVGk4UVNsYnYzbmM?usp=sharing
Fundamental of Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoODFYTmxtNk1ZOHM?usp=sharing
Geotechnical Engineering-Soil and Rock
https://drive.google.com/drive/folders/0B6TNM5NgcnkoZnlaNjlET0UwU0k?usp=sharing
ICE Manual
https://drive.google.com/drive/folders/0B6TNM5NgcnkoaER5T2tscXRGS3M?usp=sharing
Irrigation, Fluid Mechanics, Hydraulic Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoSm8xdnRnQ3BqV1k?usp=sharing
Mc Graw Hill- Encyclopedia of Science and Technology
https://drive.google.com/drive/folders/0B6TNM5NgcnkoWm5xMkxmSXFNdDQ?usp=sharing
Mechanics of Materials
https://drive.google.com/drive/folders/0B6TNM5NgcnkoOVFyUERYWUZsVjA?usp=sharing
Offshore and Marine Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoeVNkZFFwcnRtXzg?usp=sharing
PE Exam Books
https://drive.google.com/drive/folders/0B6TNM5NgcnkoQU9nM29TNmR0SlE?usp=sharing
Pre-stressed and Post-tensioning structure
https://drive.google.com/drive/folders/0B6TNM5NgcnkoMjY0aUplVzFoTWM?usp=sharing
Project Management,Construction Method and Planning
https://drive.google.com/drive/folders/0B6TNM5NgcnkoTWZGMDkyUWVjbzQ?usp=sharing
Reference
https://drive.google.com/drive/folders/0B6TNM5NgcnkoamI4YnBFRExsYzA?usp=sharing
Reinforced Concrete Structures
https://drive.google.com/drive/folders/0B6TNM5NgcnkoZUNRWGl1Q1djVjQ?usp=sharing
Seismic Design
https://drive.google.com/drive/folders/0B6TNM5NgcnkoeENrNUN6MzN6YXc?usp=sharing
Singapore Supervision Guide Books
https://drive.google.com/drive/folders/0B6TNM5NgcnkocVRGUTVHU3owSXM?usp=sharing
Special Topics
https://drive.google.com/drive/folders/0B6TNM5NgcnkoTXhIbGVmaEl5N1k?usp=sharing
Structural Analysis and Design
https://drive.google.com/drive/folders/0B6TNM5NgcnkoaHVUajNWUy01QXc?usp=sharing
Sustainable Design
https://drive.google.com/drive/folders/0B6TNM5NgcnkoUXNrZWtaYkVnOFE?usp=sharing
Timber Structure
https://drive.google.com/drive/folders/0B6TNM5NgcnkoajlrTk5VSF8zYjA?usp=sharing
Transportation, Bridge, Tunneling
https://drive.google.com/drive/folders/0B6TNM5NgcnkoUnJ0aC1NbVI5dUE?usp=sharing
နောက်ထပ်ကြည့်မည်
Credit Thura Zinsoe
Thursday, February 2, 2017
SketchUp တွင် ဓါတ်ပုံကို 3D Model ပြောင်းနည်း
Tutorials ကို PDF file နဲ့ပဲတင်ပေးလိုက်ပါတယ်
 Download ဆွဲပြီး လေ့လာနိုင်ပါတယ်
ထွန်းအောင်ဖြိုး
Disqus Shortname
Comments system