Friday, January 6, 2017

River shingle or gravel မြစ်ကျောက်နှင့် crushed stone ခွဲကျောက်

River shingle or gravel မြစ်ကျောက်နှင့် crushed stone ခွဲကျောက်
*******************************************************
Aggregate မှာ fine aggregate နှင့် coarse aggregate ဆိုပြီး ရှိပါတယ်။
5mm (0.2 in.) ထက်ငယ်ရင် fine aggregate လို့  ခေါ်ပြီး ကြီးတာတွေကို coarse aggregate လို့  ခေါ်ပါတယ်။ အဲဒါကြောင့် fine aggregate မှာ sand သဲအပြင် ကျောင်းသေးသေးလေးတွေလဲ ပါပါမယ်။
Aggregate မှာ သဘာဝအတိုင်း ရရှိတဲ့ natural aggregate နှင့် ထုတ်လုပ်ရတဲ့ manufactured aggregate ဆိုပြီး ရှိပါတယ်။
Natural aggregate ဆိုတာက သဘာဝအတိုင်း တွေ့ ရှိရတဲ့ aggregate တွေကို ပြောတာဖြစ်ပြီး manufactured aggregate ဆိုတာက ကျောက်တောင်တွေက ကျောက်စိုင်ကျောက်သား ကျောက်ကြီးတွေကို crusher ခွဲစက်တွေသုံးပြီး လိုချင်တဲ့ အရွယ်အစားရအောင် ထုတ်လုပ်တာပါ။
Natural aggregate တွေဟာ လုံးချောတဲ့ rounded ပုံစံရှိပြီး gravel ကျောက်စရစ်လို့  ခေါ်ပါတယ်။
Manufactured aggregate တွေကတော့ ခွဲစက်တွေနှင့် ကြိတ်ခွဲရလို့  angular ပုံစံရှိပြီး crush stone ခွဲကျောက်လို့  ခေါ်ပါတယ်။
မန္တလေးဒေသမှာ အနီးအနားက ကျောက်တောင်တွေကထွက်တဲ့ ခွဲကျောက်တွေကို အသုံးပြုကြပြီး ရန်ကုန်ဒေသမှာ မြစ်ကျောက်တွေကို သုံးကြပါတယ်။
မြစ်ကျောက်ကို river shingle လို့  yellow book မှာ ပြောပါတယ်။
အဲဒီမှာ ကွန်ကရစ်ဖျော်စပ်ရာမှာ မြစ်ကျောက်က ပိုကောင်းသလား ခွဲကျောက်က ပိုကောင်းသလားဆိုတဲ့ issue က တက်လာပါတယ်။
သီအိုရီအရ အချိုးအစားအားလုံး အတူတူသာ ရောနှောဖျော်စပ်ပြီး test လုပ်ကြည့်ရင် ခွဲကျောက်နှင့် ကွန်ကရစ်က ပိုမို strength ကောင်းမှာဖြစ်ပါတယ်။ angular shape အရ friction ပိုကောင်းမှာ interlocking fit ဖြစ်မှာမို့  ပိုမို rigid ဖြစ်တဲ့ ကွန်ကရစ်ကို ရပါမယ်။
ဒါပေမယ့် မြစ်ကျောက်ဟာ rounded ဖြစ်တယ် ခွဲကျောက်က angular မျက်နှာပြင်စောင်းတွေ ပါလို့  မျက်နှာပြင်များပြီး  pores အပေါက်လေးတွေ ပါတဲ့ texture အရ ရေစုပ်ယူမှုမှာ ခွဲကျောက်က ပိုများပါမယ်။ workability အရ pumpability အရ placeability အရ slump ကောင်းတဲ့ ကွန်ကရစ်ရအောင်လဲ ခွဲကျောက်ကွန်ကရစ်မှာ water-cement ratio ပိုများရပါမယ်။ မဟုတ်ရင် pump ထဲမှာ block ဖြစ်နိုင်ပါတယ်။
သီအိုရီသဘောတရားအရ ခွဲကျောက်နှင့် ကွန်ကရစ်က ပို strength ကောင်းတယ် ဆိုပေမယ့် ကွန်ကရစ်မှာ more water is less strength, less water is more strength မို့ field ထဲမှာ မြစ်ကျောက်သုံးတဲ့ ကွန်ကရစ်က ပို strength ကောင်းသွားတယ် ဆိုပါတယ်။
အဲဒါကို သေသေချာချာ test လုပ်ထားတဲ့ paper တစ်စောင်ကို https://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=1&cad=rja&uact=8&ved=0ahUKEwjh_aTSiYzRAhVMKY8KHfAmB6kQFggZMAA&url=http%3A%2F%2Fwww.iaeme.com%2FMasterAdmin%2Fuploadfolder%2FIJCIET_06_01_003%2FIJCIET_06_01_003.pdf&usg=AFQjCNHBxqFK5krAIdfC69aqcWzi4NHaGg&sig2=naq_rPSoRzq3xSqi1DzvJQ&bvm=bv.142059868,d.c2I မှာ ဖတ်နိုင်ပါတယ်။


3 comments:

  1. CE analysis of rate v5 ပြန်တင်ပေးပါ
    Link သေနေပါတယ်

    ReplyDelete
    Replies
    1. https://www.mediafire.com/download/lhhc6advv2tdsv9

      Delete
  2. https://www.mediafire.com/download/lhhc6advv2tdsv9 ဒီမှာDownload ပါညီ

    ReplyDelete

Disqus Shortname

Comments system