ASTM နဲ့ JIS H-Section Steel
ဒီ Post က MPE(Mdy) မှာရေးခဲ့တာကို Ko Phyo Aye ပေးခဲ့တဲ့ comment နဲ့အတူ ဒီမှာထပ်ဖော်ပြပေးတာပါ။ နောက် JIS Standard H-Beam Properties တွေကို Table နဲ့ ပုံတွေကို ထပ်ဖြည့်ပေးလိုက်ပါတယ်။
H-Beam တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့ရတာက ASTM (American Society for Testing and Materials) Standards တွေပါ။ မြန်မာပြည်မှာ တကယ်ရှိတာက (တင်သွင်းတာက) JIS (Japanese Industrical Standards) Standards တွေပါ။ ဘာဖြစ်လို့ ဒါကိုပြောရသလဲဆို ASTM W-ဘယ်လောက်ဘယ်လောက် ဆိုပြီး Structure designer က ပေးထားတာ တွေ့ဖူးလို့ပါ။ ဒီ ASTM နဲ့ JIS က Section တွေက မတူပါဘူး။ တစ်ခုကနေ တစ်ခု ပြောင်း (convert) လို့လည်း မရပါဘူး။
Section တွေကိုဖော်ပြရာမှာ
(ASTM) W 40x328 ဆိုရာမှာ Depth = 40 in, Weight = 328 lb/ft ပါ။
(JIS) H 300x150x6.5/9 ဆိုရာမှာ Depth=300mm, Flange Width=150mm, Web thickness=6.5mm, Flange thickness=9mm ပါ။
Etabs ယခင် version တွေမှာ AISC section တွေဘဲ သုံးလို့ရပြီး နောက်ပိုင်း version တွေမှာတော့ အခြား Standards တွေပါ သုံးလို့ရလာပြီး JIS section တွေပါ အသုံးပြုလာနိုင်ပါတယ်။ (Default ကတော့ AISC section တွေပါ၊ Etabs မှာ Chinese section ဆိုပြီးပါပါတယ် JIS နဲ့ အတူတူပါပဲ။)
Steel grade တွေကိုဖော်ပြရာမှာ
(ASTM) A36, A53, A242,.... လို့ရှိပါတယ်
(JIS) SS 330, SS 400, SS 540 ဆိုပြီး သုံးမျိုးရှိပါတယ်။ ကိန်းဂဏန်းတွေက (330,400,540) Tensile strength ကိုဆိုလိုပါတယ်
JIS SS 400 ဟာ ASTM A36 နဲ့ တူညီပါတယ်။
Wai Phyo > FPC နဲ့ Mill Certificate အကြောင်းသိရင်လည်း ရှင်းပြစေလိုပါတယ်
Phyo Aye > FPC ဆိုတာ Factory Production Certificate ကိုဆိုလိုတာထင်တယ်။ Factory Production Control လို့လဲတွေ့ရတယ်။ ဒါက ယေဘူယအားဖြင့် စက်ရုံကထုတ်လိုက်တဲ့ material တွေက သက်မှတ်ထားတဲ့ Design Criteria တွေနဲ့ ကိုက်ညီမှုရှိမရှိကို control လုပ်တာပါပဲ။ Third Party တွေက စစ်ဆေးရပါတယ်။ ဒါက QA/QC control ပါ။ Singapore မှာတော့ ဘယ်လို construction ကိုမဆို BCA က control လုပ်ပါတယ်။ စက်ရုံတွေက BCA မှာ FPC ( Factory Production Certificate) လျောက်ရတယ်။ စက်ရုံတွေက သူတို့ ထုတ်တဲ့ material တွေကို Quality အာမခံပေးရတယ်။ Contractor တွေက သူတို့ အသုံးပြုချင်တဲ့ material တွေကို အဆိုပါ FPC ရှိတဲ့ supplier တွေဆီက ၀ယ်ယူရပါတယ်။ ဒါက FPC အကြောင်း အကြမ်းဖျင်းပါ။ တကယ်လို့ SPC မပြနိုင်ရင် အဆိုပါ material ကို Laboratory မှာ စမ်းသပ်ပြီး result အရ အသုံးပြုပါတယ်။
Mill Certificate ကတော့ စက်ရုံတွေက မိမိထုတ်တဲ့ material တွေကို ဘယ်လောက် strength ရှိတယ်ဆိုတာကို အာမခံတာပါပဲ။ အဲဒီမှာ စက်ရုံတွေက မိမိတို့ရဲ့ ထုတ်ကုန်ကို သူတပါးက အတုလုပ်မှာကို ကာကွယ်တဲ့အနေနဲ့ Heat Number နဲ့ မိမိတို့၏ ထုတ်ကုန် material တွေကို record လုပ်ထားပါတယ်။ အဲဒီ heat number က အရေးကြီးပါတယ်။ မိမိ၏ ထုတ်ကုန်ပစည်း ဟုတ်မဟုတ်ကို ပစည်း sample ကို Lab မှာစစ်ဆေးခြင်းအားဖြစ် ခွဲခြားနိုင်ပါတယ်။
အပေါ်က ဓါတ်ပုံမှာ ပြထားတဲ့ Heat No. P29834. ဆိုတာပါ။ အဲဒီမှာ SS400 ဆိုတာက Tensile strength 400N/mm2 တနည်း Minimum Yield strength 245 N/mm2 ကိုဆိုလိုတာပါ။ Singapore မှတော့ Yield Strength ကို Grade အနေနဲ့ သတ်မှတ်တယ်။ Grade S275 နဲ့ S355 ကို အသုံးများပါတယ်။ S275 နဲ့ S355 ဆိုတာ minimum yield strength ပါ။ N/mm2 ပါ။
(ဗိုလ်ဗိုလ်ကျော်)
0 comments:
Post a Comment