Wednesday, January 4, 2017

အပိုင်း(၁၇) Development Length ဆိုတာ

Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း(၁၇)
Development Length ဆိုတာ ...

****************
development length ဆိုတာ  ကွန်ကရစ်နဲ့သံချောင်းဟာ bond force အပြည့်ဝရအောင် အနည်းဆုံးထိစပ်ထားရမဲ့အလျှားလေးပါ။ development length အကြောင်းကတော့ နည်းနည်းကျယ်ပြန့်ပါတယ်။ RC မှာ ကွန်ကရစ်နဲ့ သံချောင်း အလုပ်တူတူတွဲလုပ် ချင်ရင် အရင်ဆုံး သံချောင်းကို ကွန်က၇စ်ထဲမှာမြှတ်ထားရပါမယ်။ မြှတ်ထားမယ် ကိုယ်သုံးမဲ့သံချောင်းကလည်း ချောမနေဘူးအရစ်ပါတယ်ဆိုရင် RC ဟာ bond force ကိုရသင့်သလောက်ရနေပါပြီ ။

ဒါပေမဲ့ မေးစရာ ရှိတာက bond force ဟာ ဘယ်လောက်ထိရမှ လုံလောက်မှာလည်းဆိုတာပါ။ ဒီနေရာမှာ ACI ကစဉ်းစားထားတာ နည်းနည်းအဆင့်မြင့်ပါတယ်။

RC ရဲ့ basic assumption မှာ Newton Law အရ RC ပေါ်ကျရောက်မဲ့ external force နဲ့ internal force ဟာ ညီပါတယ်။ external force ကြောင့် internal အနေနဲ့ moment လာဖြစ်ပါတယ်။ ဖြစ်လာတဲ့ moment ဟာ stress အနေနဲ့ ကွန်ကရစ်ကိုပေးလိုက်ပါတယ်။ ကွန်ကရစ်ကနေမှတဆင့် bond force အနေနဲ့ သံချောင်းကိုဆက်ပေးပါတယ်။

ကွန်ကရစ်ထဲမှာ သံချောင်းဟာ အားအပြည့်မထမ်းဘူးဆိုရင် ရေသာခိုနေသလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ACI ကသံချောင်းကို လုံးဝ ရေသာခိုခွင့်မပြုဘူး။ ဒါကြောင့် သံချောင်းဆီရောက်လာမဲ့ bond stress ဟာ သံချောင်းရဲ့ အမြင့်ဆုံးထမ်းနိုင်တဲ့ Ultimate strength အထိရှိရပါမယ်။

အချုပ်ပြောရရင် development length ဆိုတာ သံချောင်းအားအပြည့်ဝထမ်းနိုင်ဖို့ လိုအပ်တဲ့ ကွန်ကရစ်နဲ့ သံချောင်း ထိစပ်နေရမဲ့ အလျှားလေးဖြစ်ပါတယ်။

Development Length မလုံလောက်ရင် bond failure ဖြစ်ပါတယ်

နေရာအရ ထပ်ရှည်ပေးလို့မရရင် hook ထည့်ပါတယ်

Hook ဟာ Bond Failure ဖြစ်တဲ့အချိန်မှာတောင် Tied -Arch Action နဲ့ သံချောင်းကို အားဆက်ထမ်းခိုင်းစေပါတယ်

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း(၁၈)
Structure နှင့်ပတ်သတ်သော အမေးအဖြေများ


0 comments:

Post a Comment

Disqus Shortname

Comments system