Saturday, January 7, 2017

Seismic Design မိတ်ဆက် (အပိုင်း ၁)

Seismic Design မိတ်ဆက် (အပိုင်း ၁)

ကျွန်တော် Seismic Design ကို လေ့လာရင်းနဲ့ ကိုယ်လေ့လာထားတာတွေကို ဂျူနီယာ ညီ ညီမတွေကို ပြန်လည် ပြောပြချင်တဲ့ သဘောမျိုးနဲ့ သဘောတရား အခြေခံလေးတွေ ရေးသွားပါမယ်။ ပါဝင်ဆွေးနွေးမှုများကိုလဲ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

Seismic Design ဆိုတာ ဘာလဲ?

Sesimic Design ဆိုတာ ငလျင်လှုပ်တဲ့အခါ အဆောက်အအုံတွေကို အဲဒီ ငလျင်ဒါဏ်ကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိအောင် Design လုပ်တာ ဖြစ်ပါတယ်။ Seismic Design ရဲ့ အဓိက ရည်ရွယ်ချက်က ငလျင်လှုပ်တဲ့အခါ အဆောက်အအုံမှာ နေထိုင်သူတွေကို ဘေးအန္တရာယ် မဖြစ်ရစေအောင် အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒီတော့ အဆောက်အအုံတွေကို Seismic Design လုပ်ဖို့အတွက် Design တွက်ချက်ရာမှာ Seismic Loading ကို ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။

Seismic Loading ဆိုတာ ဘာလဲ?

Seismic Loading က ငလျင်လှုပ်တဲ့အခါ ဖြစ်လာတဲ့ ကမ္ဘာမြေရဲ့ လှုပ်ရှားမှုတွေကို အဆောက်အအုံတွေအပေါ် သက်ရောက်စေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေ ဘယ်နေရာကနေ သက်ရောက်မလဲဆိုတာ့ အဆောက်အအုံနဲ့ မြေကြီး ထိစပ်တဲ့နေရာ သို့မဟုတ် အဆောက်အအုံ တစ်ခုနဲ့ တစ်ခု ထိစပ်တဲ့ နေရာတွေမှာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ (Building Codes တွေမှာ အဆောက်အအုံတွေအပေါ် သက်ရောက်တဲ့ Total Seismic Loading ကို Base Shear အနေနဲ့ တွက်ချက်ဖို့ Guidelines တွေ ပေးထားပါတယ်)

Seismic Performance ဆိုတာ ဘာလဲ?

Seismic performance ဆိုတာက ငလျင်လှုပ်ချိန်နဲ့ လှုပ်ပြီးတဲ့အခါမှာ အဆောက်အအုံဟာ သူ့ရဲ့ အရေးကြီးတဲ့ function တွေဖြစ်တဲ့ safety နဲ့ Serviceability ကို ဆက်လက်ထမ်းဆောင်နိုင်မှုပဲ ဖြစ်ပါတယ်။
Building codes တွေမှာ ဖော်ပြထားတဲ့ Earthquake Engineering ရဲ့ အခြေခံ အယူအဆကတော့ ဖြစ်ခဲတဲ့ အလွန်ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်ချိန်မှာ အဆောက်အအုံဟာ ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ပေမယ့်လည်း အဆောက်အအုံ တစ်ခုလုံး ပြိုကျတာမျိုး မဖြစ်စေရပါဘူး။ အခြားတစ်ဘက်မှာ မကြာခဏ လှုပ်တတ်တဲ့ ငလျင်သေးသေးလေးတွေ လှုပ်ချိန်မှာတော့ အဆောက်အအုံဟာ ပျက်စီးမှု အနည်းငယ်မျှပဲ ဖြစ်ပေါ်စေပြီး operational condition ရှိနေရမှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်
Aung Hsu Myat
08 May 2016



0 comments:

Post a Comment

Disqus Shortname

Comments system