Wednesday, January 4, 2017

အပိုင်း (၁၀) Short Column ဆိုတာ ...Structure Engineer တယောက်၏ခြေလှမ်းများ

Structure Engineer တယောက်၏ခြေလှမ်းများ အပိုင်း (၁၀)
Short Column ဆိုတာ ...

short column ဆိုတာတော့ခဏလောက်ထားပါဦး column အကြောင်းအရင်ရေးပါမယ်

Column ဆိုတာကအဓိက Compression ကိုထမ်းရမဲ့ compression member ပါ။ ဒါပေမဲ့ compression တစ်ခုဘဲရှိမယ်မထင်ပါနဲ့ သူ့ဘေးပတ်လည် Beam တွေရဲ့ Direction ၂ ခုကနေလာတဲ့ moment တွေကြောင့် tension လည်းထမ်းနိုင်ချေရှိတယ် biaxial compression ပေါ့ဗျာ

ဒါကြောင့် ACI code အရ design အရ compression only ဖြစ်ခဲ့ရင်တောင် minimum tension capacity ကိုထည့်စဉ်းစားရမယ်ဆိုတာပါပါတယ်

Nilson ရဲ့ စာအုပ်ထဲမှာ Column ကိုအုပ်စုသုံးခုခွဲပြီးလေ့လာပြထားပါတယ်

အုပ်စု ( ၁ ) Column ဟာ longitudinal reinforcing ထည့်ထားတဲ့သံချောင်းရယ် tie ရယ် Column ရယ် ... square column ကိုပြောတာ

အုပ်စု (၂) Column ဟာ Longitudinal steel တော့ပါတယ် tie ကွင်းတော့မဟုတ်တော့ဘူး spiral ဖြစ်သွားပြီ circular column ကိုပြောတာ 

အုပ်စု ( ၃ ) composite member ... ဒါက steel section ကို ဘောင်ခက် formwork လုပ်ပြီး ကွန်ကရစ်လောင်းထည့်လိုက်တာပဲ ဒါပေမဲ့မေးစရာရှိတာက ဒီကောင့်ကိုလုပ်ရင်ကော် သံချောင်းသေးသေးလေးတွေမထည့်ဘူးလား /// ဒါကတော့ ထည့်ချင်လည်းရတယ် မထည့်ချင်လည်းရတယ် ကိုယ့်ရဲ့ design ပေါ်မှာမူတည်ပါတယ် ပြီးတော့ tie တွေလည်း မပတ်ဘူးလားဆိုတော့ ပတ်ချင်လည်းရတယ်မပတ်ချင်လည်းရပါတယ် စာအုပ်ထဲမှာတော့ အဲ့လိုပဲရေးထားပါတယ်

နောက်တခုက compostie member အခန်းက BE ရောက်မှပါတာပါ ကျောင်းလေးနှစ်တက်ပြီးရင်တော့ အပေါ်က နှစ်မျိုးအကြောင်းကိုကောင်းကောင်းသိပါပြီ...

.................................

နောက်ထပ်တခုက Longitudinal Steel ကိုဘယ် Direction အတိုင်းထည့်လည်းဆိုတာပါ .... Beam ရဲ့ Longitudinal steel ကိုကျတော့ horizontal direction အတိုင်းထည့်တယ်

Column ရဲ့ Longitudinal steel ကျတော့ vertical အတိုင်းထည့်ရတယ် ... ဘာကြောင့်လည်းဆိုတော့ load ကျတဲ့ direction ချင်းမတူကြလို့ ဒါကြောင့် column မှာ load ကျတဲ့ direction အတိုင်းထည့်ရပါမယ်

........................

column နဲ့ steel ratio ပြသနာ .....

Ratio ဆိုကတည်းက အနည်းဆုံး ၂ခုပါရတော့ပါမယ် ဘာတွေရဲ့ အချိုးလည်းဆိုတော့ section area တွေရဲ့အချိုးပါ As/Ag

steel ရဲ့ cross sectional area နဲ့ concrete ရဲ့ gross cross sectional area အချိုးပါ ဒါပေမဲ့ Beam ကျတော့မတူဘူးဗျ ဒါမသိလို့ ကွဲကုန်ပါဦးမယ်

beam မှာကျတော့ steel ratio = As/bd  cover နုတ်ပြီးသား effective depth နဲ့သွားတာပါ column မှာကျတော့ gross နဲ့သွားပါတယ် effictive depth ဆိုတာမရှိဘူး ဆိုဒ်အပြည့်နဲ့သွားပါတယ် slab မှာလည်း ဆိုဒ်ကပါးတော့ ဒီအတိုင်းပဲသွားပါတယ်

column တွေမှာဆိုရင် steel ratio ကို 1 percent ကနေ 8 percent အထိထားခွင့်ရှိတယ် ဒါကိုကျတ်ထားရပါမယ် အခုကျတော်ပြောတာ လက်တွက်ပါမကဘူး စက်တွက်ပါရပါတယ်

column ကို software နဲ့ design လုပ်ရင် အဆင်မပြေဘူးဗျ အနီရောင်လေးပြတယ်ဆိုတာ 8 percent ထက်ကြီးသွားလို့ပါ ဒါက ACI Code အရပါ

critical အဖြစ်ဆုံးကတော့ 3 percent ပါ ဘာကြောင့်လည်းဆိုတော့ အပြင်မှာလည်း သံချောင်းဆင်ရတာအဆင်ပြေတယ် practical သုံးလို့လည်းရတယ်

ဘာကြောင့် 8 percent နဲ့အထက်မသုံးလည်းဆိုတော့ သံချောင်းအရမ်းများသွားပြီ အပြင်မှာလည်းသံချောင်းဆင်ရတာအဆင်မပြေတော့ဘူး အလုပ်လုပ်ရတာလည်း မလွယ်ကူတော့ဘူး သံချောင်းကျပ်ပြီ

မေးစရာရှိတာက beam မှာက သံချောင်းကျပ်တာတွေမပြောဘူး ဘာလို့ column ကျမှ ဘာလို့ကျပ်တာတွေလာပြောလည်းဆိုတော့ လောင်းတဲ့သဘာဝချင်းမတူလို့

beam ကျတော့ depth သေးသေးလေးကိုလောင်းရတာပါ column ကျတော့ အမြင့်ကြီးကနေ ၉ပေ ၁၀ပေ အောက်ရောက်တဲ့အထိ လောက်ထည့်ရတာကြောင့်ပါ ဒါကြောင့်ပိုပြီး ပြသနာဖြစ်ရတာပါ

column မှာသုံးတဲ့သံချောင်းဆိုရင် ကြီးတဲ့ဆိုဒ်သုံးပါမယ် သေးတဲ့ဆိုဒ်ကိုရှောင်ရမယ် တကယ့် super size တွေသုံးပါတယ် ဘာကြောင့်လည်းဆိုရင် သေးတဲ့ဆိုဒ်သုံးမိရင် သံချောင်းတွေအများကြီးဆင်ရမယ် သံချောင်းကျပ်ခြင်းကိုဖြစ်မယ် ဒါကြောင့် column မှာကျတော့ ဒီ flow အတိုင်းသွားမှာပါ choose No.14 or No.15 Like this.....

Practical ဖြစ်အောင်စမ်းပြီးသုံးပြပါမယ် 9×12 တိုင်ကိုသံချောင်းဘယ်လောက်ထည့်မလည်း ???

critical ဖြစ်တဲ့ steel ratio 3 percent ကိုရွေးလိုက်ပါမယ် ... As=9×12×0.03 ( steel ratio = As/Ag)

...............

Column နဲ့ပတ်သတ်သော တခြား ACI Code များ

ACI Code က ဘာထပ်ပြောထားသေးလည်းဆိုတော့ square နဲ့ rectangular တိုင်ဆိုရင် သံချောင်းအနည်းဆုံး ၄ လုံးနဲ့အထက် spiral တိုင်ဆိုရင် အနည်းဆုံး 6 လုံးနဲ့အထက်ရှိရမယ်

ထက်ပြီးအဆင့်မြင့်ရရင် square ကိုဆတိုးရင် ပြသနာဖြစ်ပါတယ် ဒါကြောင့် 4 ဆတိုးသွားသင့်ပါမယ် ဒီလိုမှမဟုတ်ရင် ဘက်ပဲ့နေလိမ့်မယ်

နောက်တစ်ခါထပ်ရှိသေးတာက minimun 1 percent steel ratio ပါ အနည်းဆုံးကတော့ သံချောင်းထည့်ပေးရပါမယ် ဘာကြောင့်လည်းဆိုတော့ creep & Shrinkage effect ကြောင့်ပါ ခုဏက ACI code ကလို moment effect ကိုထည့်စဉ်းစားပေးရမယ်ဆိုတဲ့အတိုင်းပါ တကယ်တော့ moment ဆိုတာက beam တွေကနေလာတဲ့ moment ပါပဲ column ကို tension ဖြစ်စေနိုင်တဲ့ effect တွေပါ ဒါတွေကြောင့် 1 percent ကိုကိုယ်စားပြုတာ

တွက်လိုက်လို့ tension လုံးဝမပါဘူးဆိုပြီး မထည့်ပဲလည်းမနေပါနဲ့ အပူချိန်ကြောင့် အကျုံ့အကြွတွေရှိသေးတယ် နောက်ပြီး အချိန်တွေအကြာကြီးအားထမ်းရလို့ ညောင်းသွားတဲ့   creep တွေလည်းရှိသေးတယ်ပေါ့ဗျာ...

...............

Column ကိုဆက်ခွဲလိုက်မယ်ဆိုရင် Short Column ရယ် Long Colum ရယ်ဆိုပြီးထပ်ရှိပါသေးတယ်။ဒီမှာ Long Column လို့တော့မခေါ်ဘူးပေါ့ဗျ Slender Column လို့ခေါ်တယ် ...

အခုကျတော့ခေါင်းစဉ်က Short Column ဆိုတော့ ဒါကိုအရင်သွားပါမယ်

ဒါပေမဲ့ short column နဲ့ပတ်သတ်ပြီး သိပ်ဦးနှောက်ခြောက်နေစရာမလိုပါဘူး ပုံမှန်ဆို slide way မဖြစ်နိုင်တဲ့ တနည်းပြောရရင် braced လုပ်ထားတဲ့ အိမ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နုန်းက short column ထဲပါတယ်

slide way လည်းဖြစ်နိုင်တယ် braced မလုပ်ထားဘူး Unbraced ပေါ့ဗျာ အဲ့ဒါရဲ့ ၄၀ ရာခိုင်နနုးလည်း short column ဖြစ်နိုင်ပါတယ် ဒါဆိုဘာအဓိပ္ပါယ်လည်းဆိုတော့ column တွေထဲမှာ short column တွေရဲ့ percent ဟာအများကြီးပါနိုင်တယ်

ဒါက ACI ရဲ့ ASCE ( American Society of Civil Engineering ) ရဲ့ စစ်တန်းကနေလာတာပါ

short column က percentage များတယ် ဒါကြောင့် short column ဘဲလေ့လာမယ် မလုပ်လိုက်ပါနဲ့

ကျတော်တို့နောက်ပိုင်းပစ္စည်းတွေက ဆိုဒ်သေးသေးလေးနဲ့ ခိုင်ခန့်မှု့   ရှိအောင်  high strength material တွေ သုံးလာကြတဲ့အတွက် slenderness column လည်း ဒီနောက်ပိုင်းခေတ်စားလာပါတယ်  slenderness column တွေက တွက်ရတာပိုခက်သလို ပိုရှုပ်ပါတယ်

Aung Hla Min Naing
Structure Engineer တယောက်၏ခြေလှမ်းများဂအပိုင်း ( ၁၁ )
Slender Column ဆိုတာ ...


0 comments:

Post a Comment

Disqus Shortname

Comments system