CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Friday, December 23, 2016

Sand သဲအကြောင်း နည်းနည်း ပြောကြည့်ရအောင်။



Sand သဲအကြောင်း နည်းနည်း ပြောကြည့်ရအောင်။
သဘာဝတရားကြီးရဲ့  ရာသီဥတုဒါဏ်တွေကြောင့် တိုက်စားခံရ သယ်ယူခံရ အနယ်ကျခံရနှင့် နှစ်ပေါင်းများစွာအကြာ ကျောက်သားတွေ ဘ၀ကနေ နောက်ဆုံးမှာ သဲဖြစ်လာတာပါ။
အဓိကအားဖြင့် silica ( silicon dioxide, SiO2 ) တွေ ဖြစ်ပါတယ်။
သဲကို သဘာဝအတိုင်း ရရှိနိုင်တာအပေါ် မူတည်ပြီး ၃မျိုး ရှိပါတယ်။
Pit sand တွင်းသဲ
River sand မြစ်သဲ
Sea sand ပင်လယ်သဲ တို့  ဖြစ်ပါတယ်။
တွင်းသဲ ဆိုတာက ကုန်းတွင်းပိုင်းမှာ သဘာဝအတိုင်း သဲထွက်ရှိတဲ့ နေရာမှာ တူးပြီး ထုတ်လုပ်တဲ့ သဲပါ။ ကုန်းတွင်းသဲမို့ လို့  ဆားဓါတ်ကင်းစင်ပါတယ်။ sharp angular grain ပါ။ ဒါပေမယ့် ကုန်းတွင်းပိုင်းမို့  clay မြေစေး organic materials စတာတွေ မပါအောင် ဂရုပြုရပါတယ်။
မြစ်သဲကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် အများဆုံး သုံးနေတဲ့ သဲအမျိုးအစားပါ။ fine rounded grain ပါ။ စီးဆင်းနေတဲ့ရေတွေ တိုက်စားမှုကြောင့် ဖြစ်ပါတယ်။ မြစ်ကမ်းစပ် သို့ မဟုတ် မြစ်ကြမ်းပြင်ကနေ ရယူပါတယ်။ ရေထဲကမို့ လို့  clean condition ဖြစ်ပါတယ်။ အရောင်က အဖြူရောင် ဖြစ်ပါတယ်။
ပင်လယ်သဲကတော့ ပင်လယ်ကမ်းစပ်တွေကနေ ပင်လယ်ကြမ်းပြင်ကနေ ရယူပါတယ်။ အရောင်က အညိုရောင်ပါ။ သူလဲ fine rounded grain ပါပဲ။ ပင်လယ်ထဲကမို့ လို့  ဆားဓါတ်ပါပါတယ်။ ဆားဓါတ်ပါလို့  လေထုထဲက moisture ကို စုပ်ယူပါတယ်။ အဲဒါကြောင့် အစိုပြန်တာ ဆွေးမြေ့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းတွေမှာ အသုံးပြုလေ့ မရှိပါဘူး။ land fill လိုနေရာမျိုးတွေမှာ သုံးပါတယ်။
အရွယ်အစားနှင့် ပတ်သက်ပြီး
Fine sand
Coarse sand
Gravelly sand ဆိုပြီး သဲကို ၃မျိုး ခွဲပါတယ်။
1.5875 mm sieve အောက်ကျတဲ့ သဲကို fine sand လို့  ခေါ်ပါတယ်။ နူးညံ့လို့  platering အချောကိုင်ခြင်းလုပ်ငန်းမှာ သုံးပါတယ်။ ဒီမှာတော့ သဲနုလို့  ခေါ်ပါမယ်။
3.175 mm sieve အောက်ကျတဲ့ သဲကို coarse sand လို့ ခေါ်ပါတယ်။ အုတ်စီတဲ့လုပ်ငန်းမှာ သုံးပါတယ်။
7.62 mm sieve အောက်ကတဲ့ သဲကို gravelly sand လို့  ခေါ်ပါတယ်။ ကွန်ကရစ်လုပ်ငန်းတွေမှာ သုံးပါတယ်။
Coarse sand နှင့် gravelly sand ကို ဒီမှာတော့ သဲကြမ်းလို့  ခေါ်ပါမယ်။
Grading of sand ပါဝင်အရွယ်အစား အမျိုးခွဲခြင်းအရ သဲကို ဇုန် ၄ခုခွဲပါတယ်။
10mm, 4.75mm, 2.36mm, 1.18mm, 600 micron, 300 micron, 150 micron sieve တွေမှာ % passing အရ Zone I, Zone II, Zone III, Zone IV ဆိုပြီး ခွဲတာပါ။
ဥပမာအားဖြင့် သက်ဆိုင်ရာ sieve တွေအလိုက် Zone I သဲက % အားဖြင့် 100, 90-100, 60-95, 30-70, 15-34, 5-20, 0-10 ဆိုပြီး ရှိပါတယ်။
နောက်ဆုံးထုတ်ထားတဲ့ 2014 Yellow Book မှာ Grade 20 Grade 25 Grade 30 Reinforced Concrete မှာ Sand (Zone IV) လို့  ဆိုထားပါတယ်။
Finest modulus နှင့် silt content နှင့် ပတ်သက်ပြီး construction work တွေကို ခွဲထားပါသေးတယ်။
Brick work အုတ်စီလုပ်ငန်းတွေအတွက် finest modulus 1.2 to 1.5 ရှိရမှာဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Platering အချောကိုင်လုပ်ငန်းအတွက် finest modulus 1.5 ကျော်ရမှာ ဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Concrete work ကွန်ကရစ်လုပ်ငန်းတွေအတွက် finest modulus 2.5 to 3.5 ရှိရမှာဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Silt content ဆိုတာက သဲထဲမှာ နူန်းဘယ်လောက် ပါသလဲဆိုတဲ့ ရာခိုင်နူန်းပါ။
သဲမှာ silt တွေ clay တွေ ပါမပါ သိချင်ရင် ဖန်ခွက်တစ်ခုထဲ အနည်းငယ်ထည့် ရေထည့်ပြီး မွှေပါ။ အနည်ကျအောင် ထားလိုက်ပါ။ ကြည်သွားတဲ့အခါ ရေထဲက သဲအပေါ်မှာ silt နှင့် clay ကို အလွှာတစ်ခုအနေနှင့် တွေ့ ရပါမယ်။
သဲထဲ organic impurities တွေ ပါမပါသိချင်ရင် သဲထဲကို sodium hydroxide အရည်ကို လောင်းထည့်ပြီး မွှေပါ။ sodium hydroxide ဆိုတာ caustic soda ကိုပြောတာပါ။ အရည်က အညိုရောင်ပြောင်းသွားရင် မသန့် စင်တဲ့ ဓါတ်ပစ္စည်းတွေ ပါလို့  ဖြစ်ပါတယ်။
ဒါလေးတွေက သဲ အခြေခံလေးတွေပေါ့။
Ref; Building Materials – Sand by Ravindra Patnayaka

https://web.facebook.com/engineerkyitharmyint
Kyithar Myint 

အပိုင်း (၄) One way Slab တွင် temperature and shrinkage steel ထည့်ခြင်း

Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း (၄)
One way Slab တွင် temperature and shrinkage steel ထည့်ခြင်း
ဘာကြောင့် T & S Steel ကိုထည့်တာလဲ ? ? ?
ဒီ steel ကိုထည့်ရမယ်ဆိုတာတော့လူတိုင်းသိပါတယ် ဒီတော့ ဘယ်လိုထည့်မလည်းမပြောခင် ဘာကြောင့်ထည့်ရလည်းဆိုတာကို နားလည်ဖို့လိုပါတယ်
concrete ဆိုတာလောင်းပြီး ခြောက်သွားတဲ့အချိန်ကျရင် ကျုံ့သွားမှာပဲ ဒါကိုဘယ်လိုအခြေအနေကမှရှောင်လွဲလို့မရပါဘူး အကယ်လို့ slab ကို သူ့ရဲ့ support ပေါ်မှာ ပေါ့ပေါ့ပါးပါးလေးတင်ထားမယ်ဆိုရင် လောင်ပြီးလို့ ခြောက်သွားတဲ့အချိန်မှာ သူ့ရဲ့ အနားနှစ်ဖက်စွန်းက နဂိုရှိနေရာကနေ နဲနဲလေး လွတ်သွားမှာပါ ဒါကိုမြင်သာအောင်ပြောမယ်ဆိုရင် slab က တိုသွားတာပါ ဒါပေမဲ့ဒီလိုအခြေနေမျိုးကမရှိသလောက်ပါပဲ ဘာကြောင့်လည်းဆိုရင် slab နဲ့ beam ကို လောင်းတဲ့အချိန်ကတည်းက အသေချုပ်ထားသလိုဖြစ်နေလို့ပါ စာစကားနဲ့ပြောရင်တော့ rigid ဖြစ်တယ်ပေါ့
ဖြစ်လာတဲ့အကျိုးဆက်ကို ဥပမာပေးရင် သရေကွင်းနဲ့တူပါတယ် ဘယ်ညာဆွဲဆန့်ထားရင် သူ့မှာ အလည်ကိုစုချင်တော့ တင်းအားလာဖြစ်ပါတယ် ဒါကို tension stress လိုခေါ်တယ် slab အကြောင်းပြောနေတာဆိုတော့ ဒါကို shrinkage stress လို့ခေါ်လိုက်ပါ
ဒါမျိုးတွေကဘယ်မှာအဖြစ်များလည်းဆိုတော့ outdoor structure တွေမှာပါ temperature အပြောင်းအလဲအရမ်းများတဲ့နေရာတွေပေါ့ ဥပမာ တံတားတွေ နေ့ခင်လိုအချိန်မှာ ကိစ္စမရှိပေမဲ့ ညလိုရောက်တဲ့အခါမှာ အေးသွားပြီ သူကအထဲကို ပြန်ကျုံ့ချင်တယ် ဒါက tensile stress ကိုအစပျိုးပေးလိုက်တာပါ
ကျတော်တို့သိတဲ့ ကွန်ကရစ်တွေက tension member တွေမဟုတ်ပါဘူး ဆိုလိုတာက tension ခံနိုင်တယ်လို အဓိကမယူဆဘူးပေါ့ ဒါကိုတချို့က concrete က tension ဆိုရင်မခံနိုင်ဘူးလုပ်ကြတယ် အဲ့ဒါမဟုတ်ပါဘူး ကွန်ကရစ်ကို tension ကိုလည်း ထိုက်သင့်သလောက်ခံနိုင်ပါတယ် ဒါပေမဲ့ အတွင်းကဖြစ်လာမဲ့ tension force အတွက် သူ့ကိုအဓိကအားမကိုးဘူးလို့ ဆိုလိုတာပါ
ကျတော်မနှစ်ကရေးခဲ့တဲ့ serviceability အခန်းမှာတုန်းကလိုပဲ ဘယ်ကွန်ကရစ်မဆို tension ၀င်ရင် ကွဲပါတယ် မကွဲဘူးဆိုဦးတော့ အနည်းဆုံးတော့ hairline crack ကိုတော့ ရှောင်လို့ရမှာမဟုတ်ပါဘူး
tensile force ကြောင့်ဖြစ်လာမဲ့ cracking တွေကို နဲနိုင်သမျှနဲအောင်နဲ့ ကျုံသွားတာကို နည်းနိုင်သမျှနည်းအောင် slab တလျှောက်မှာ steel ကို အပြိုင်ထည့်ပါတယ် ဒါကြောင့် ဒါကို temperature and shrinkage steel လို့ခေါ်တာပါ main steel နဲ့ ဒေါင့်မှန်ကျတဲ့အတိုင်းပါ
One way slab မှာ main steel ကို bending moment အတွက်ထည့်ပါတယ် ဒီလိုထည့်ခြင်းက shrinkage နဲ့ crack အတွက်ပါ ကောင်းမွန်ပါတယ် ဒါပေမဲ့ main steel ကို one direction အတိုင်းပဲထည့်တာလေ
contraction ဖြစ်တယ်ဆိုတာ one direction အတိုင်းပဲဖြစ်တာမှမဟုတ်တာ လေးဖက်စလုံး equally in all direction ဖြစ်တာဆိုတော့ one way slab မှာ bending moment ဖြစ်မဲ့အခြမ်း support ၂ ခုကြားကို main steel ထည့် ကျန်တဲ့ လွန်နေတဲ့နှစ်ဖက်ကျတော့ T&S steel ကိုထည့်ပါတယ် ဒါကို distribution steel လို့လည်းခေါ်ပါတယ် ဒီတော့ slab ပြင်ကြီးက စကာကွက်ကြီးလိုဖြစ်သွားတာပေါ့
....................
Temperature and Shrinkage နဲ့ပတ်သတ်တဲ့ ACI Code များ
ACI code 7.12.2.1 specifies the minimum ratios of reinforcement area to gross concrete area (based on the total depth of the slab) as shown in table 8.2 but in no case may such
reinforcing bars be placed farther apart than 5 times the slab thickness or more than 18 in .In no case is the reinforcement ratio to be less than 0.0014
ဘယ်လိုထည့်ရမလည်းဆိုတာကတော့ table မှာ ပြထားတဲ့အတိုင်းပါပဲတဲ့ သံချောင်းတခုနဲတခုခြား အဝေးဆုံး spacing က slab အထူထက် ၅ ဆ ... ဒါမှမဟုတ် ၁၈ လက်မထက် မပိုစေနဲ့ပေါ့ ဒါပေမဲ့ ACI
က " may " ဆိုပြီး grammar နည်းအရသုံးထားပါတယ် သူဆိုလိုတာက မဖြစ်မနေတော့မဟုတ်ဘူး အဲ့လိုလုပ်ရင်ပိုကောင်းတယ်လို့ပြောတာပါ တချို့ ACI Code တွေမှာ " prohabit "လို့သုံးပါတယ် ဆိုလိုတာက " မင်းတို့လုံးဝကို မလုပ်နဲ့ကွာ " ဆိုတဲ့အဓိပ္ပါယ်နဲ့ပါ တချို့စာတွေကတော့ " must " လို့သုံးပါတယ် ဆိုလိုတာက " အဲ့အတိုင်းဖြစ်အောင်လုပ် "ဆိုတဲ့သဘောပါ code တစ်ခုချင်းစီမှာ ပါဝါလေးကွာပါတယ်
ကျတော်အင်္ဂလိပ်လိုရေးပေးထားတာ အဲ့ဒါလေးကိုသိစေချင်လို့ ဒါကြောင့်ပြောပါတယ် အင်္ဂလိပ်စာကျွမ်းရင် original ပဲဖတ်ကြပါလို့ -:)
Aung Hla Min Naing
Structute Engineer တစ်ယောက်၏ ခြေလှမ်းများ slab အပိုင်း(၅)
Two way slab အား structure နည်းအရဖြေရှင်းခြင်း
ပုံထဲက ၈ လက်မ မဟုတ်ပါဘူး ၁၈ လက်မပါ


အပိုင်း (၃) One Way Slab အား structure နည်းအရဖြေရှင်းခြင်း - Structure Engineer တယောက်၏ခြေလှမ်းများ

Structure Engineer တယောက်၏ခြေလှမ်းများ- အပိုင်း (၃)
One Way Slab အား structure နည်းအရဖြေရှင်းခြင်း
ဒါကိုမဖတ်ခင် ကျတော်ရေးထားတဲ့ One way slab , two way slab အကြောင်းရှင်းထားတဲ့အပိုင်း ၂ ကိုအရင်ကြည့်ပါ ။ အပိုင်း ၂ မဖတ်ထားလည်း တခြား knowledge ရှိထားရင်လုံလောက်ပါတယ် မဟုတ်ရင် two way slab နဲ့ရောသွားမှာစိုးလို့ပါ ...
အခုဟာက one way slab အကြောင်းကို structure နည်းအရရှင်းမှာပါ ကျတော်ရေးသလောက်အမှီလိုက်နိုင်ရင် ဒီအပိုင်းဖတ်ပြီးတဲ့အခါ one way slab ကို design လုပ်ဖို့ ကွန်ပြူတာမလိုပါဘူး Etabs တွေ Safe တွေကို ခဏခေါက်ထားလိုက်ပါဦး Scientific calculator တစ်လုံးရှိရင် လုံလောက်ပါတယ်....
ပုံဆွဲဖို့ဘေးနားမှာ ခဲတံနဲ့စာရွက်မရှိဘူးဆိုရင်လည်း one way slab ကိုမြင်သာအောင်ဥပမာပေးပါမယ် ... ခင်ဗျားတို့ကိုင်ထားတဲ့ ဖုန်းကိုလက်နှစ်ဖက်နဲ့ ဘယ်ညာအစွန်းနှစ်ဖက် ချုပ်ထားလိုက်ပါ .... ပြီးတာနဲ့ အပေါ်ကနေအားထည့်ပြီးဖိကြည့်ပါ အလည်မှာကွေးတယ်လို့ယူဆလိုက်ပါ ဖိတဲ့အားမများတော့ ကွေးတာကိုတော့မြင်ရမှာမဟုတ်ဘူး ဒါကြောင့်ကွေးတယ်ဆိုပြီး စိတ်ကူးထဲမှာပုံဖေါ်ကြည့်ပါ ဒီတော့ လက်နဲ့ချုပ်ထားတဲ့နှစ်ဖက်က အလည်ကိုစုပြီး ကွေးပါမယ် ဘယ်ပုံစံကွေးမလည်းဆိုတော့ " ပ " ပုံစံကွေးသွားလိမ့်မယ် .... အဲ့ဒါ One way slab ပဲ
structure ရဲ့အခြေခံယူဆချက်တွေက အဲ့သဘောအတိုင်းပါပဲ Load တင်ကြည့်မယ် Load ကြောင့်ကွေးသွားတယ်လို့ယူဆမယ် စာစကားနဲ့ပြောရင်တော့ deflection ပေါ့ဗျာ ကွေးတာကိုကြည့်ပြီး bending moment တွေဘယ် direction အတိုင်းရှိမှာလည်းခန့်မှန်းမယ် moment သိတော့ သံချောင်းဘယ်လိုထည့်ရမလည်းဆိုတာသိတာပေါ့ stucture beam design တွေတော်တော်များများကတော့ moment အနည်းအများကိုကြည့်ပြီးတော့သံချောင်းအရေတွက်ကို ရှာတာပါပဲ သံချောင်းရလာပြီဆိုမှ တခြား shear တွေ .... ပြန်စစ်တာ...
ဒီထက်အဆင့်မြင့်ချင်ရင်တော့ ကွန်ကရစ်ရဲ့ကောင်းမွန်သောဝန်ဆောင်မှုကိုစစ်တယ် ဆိုလိုတာက ကွန်ကရစ်က သူ့ကိုအသုံးပြုသူတွေကို ဘယ်လိုဝန်ဆောင်မှု့ပေးမလည်းပေါ့ စာအုပ်ထဲမှာပါတဲ့အခန်းအနေနဲ့ဆိုရင်တော့ seviceability ကိုစစ်တယ် ဒါကတော့ crack နဲ့ deflection ကိုစစ်တာပါ ....
အဲ့ဒီအခန်းက ဘယ်လောက်ထိအဆင့်မြင့်လည်းဆိုရင် construction detail တွေသာအတိကျပေးလိုက် ဆံပင်ထက်သေးတဲ့ crack လိုင်းအကျယ်တွေကိုတောင် အတိအကျတွက်လို့ရပါတယ် အဲ့လောက်ထိတော့မလိုသေးပါဘူး... ကျတော်ဘာလို့ဒါကိုပြောလည်းဆိုရင် seviceability ဆိုတဲ့အခန်းမှာ one-way slab ရဲ့ Flexural cracking ဆိုပြီး ဆရာ့စာအုပ်ထဲမှာ ထူးထူးခြားခြားသီးသန့်ပါလို့ပါ .... ဆရာကတော့မလိုအပ်ပဲနဲ့ထည့်ထားမှာမဟုတ်ဘူး ဖတ်ကြည့်ပါ.... ကျတော်စာကိုဆက်ပါမယ် ...
ဖုန်းကိုအပေါ်ကနေဖိလိုက်လို့ကွေးသွားတာတော့ဟုတ်ပြီ ဒါဆိုသံချောင်းဘယ်လိုထည့်မှာလည်းလို့မေးစရာရှိပါတယ် ကွေးတဲ့ direction အတိုင်းပဲထည့်ပါမယ် လက်နဲ့မြင်သာအောင်ပဲပြောပါမယ် လက်နှစ်ဖက်ချုပ်ပြီးတန်းထားတဲ့ direction အတိုင်း main steel ကိုထည့်ပါမယ် ဘာလို့လည်းဆိုတော့ ကွေးတယ်ဆိုကတည်းက moment ကြောင့်ကွေးတာပါ ဒီတော့ moment ရှိလို့ ရှိတဲ့ moment အတွက် ကွေးတဲ့ direction အတိုင်း main steel ကိုထည့်ပါတယ် လက်နဲ့မချုပ်ထားတဲ့ဖက်ခြမ်းမှာတော့ သူက ဦးဆောင်ပြီးမကွေးပါ တခြားဖက်ခြမ်းကကွေးလို့သာလျှင် သူကအောက်ကို နိမ့်ဆင်းသွားတာပဲရှိမယ် ဒီတော့မကွေးဘူးဆိုရင် moment မရှိဘူး moment မရှိရင် main steel ထည့်စရာမလိုဘူးပေါ့ Temperature & Shrinkage steel တော့ထည့်ပါတယ် ဒီအကြောင်းကို နောက်မှ အပိုင်းသစ်ဆက်ရေးမှာမို့လို့ ဒီအတိုင်းထားခဲ့ပါမယ်
ဒါကိုပဲထပ်ပြီးအဆင့်မြင့်ပါမယ် ကျတော်တို့ချုပ်ထားတဲ့လက်နှစ်ဖက်က simply supported ပါ ... ဖုန်းကို slab လို့ယူဆလိုက်ပါ ချုပ်ထားတဲ့လက်နှစ်ဖက်ကတော့ slab ရဲ့ အောက်မှာထောက်ထားတဲ့ beam ပေါ့
မျက်လုံးထဲမြင်သာအောင်ပြောမယ်ဆိုရင် beam နှစ်ချောင်းအပေါ်မှာ slab တင်ထားမယ် ဒီတော့ beam ၂ ချောင်းက slab အတွက်တော့သူက simply support ပဲ ... slab ဆိုတာ ကျယ်ချင်သလောက်ကျယ်မယ် ရှည်ချင်သလောက်ရှည်မယ် သူမှာအတိုင်းအတာအကန့်သတ်မရှိဘူး ဒီတော့ အဲ့အတွက်သာ ပုံသေနည်းတွေလိုက်ထုပ်နေရင် အဆင်မပြေတော့ပါဘူး ဒီနေရာမှာ slab ကိုဘယ် formula နဲ့တွက်ရမလည်းဆိုပြီး ACI ကစဉ်စားထားတာတော်တော် idea လေးကောင်းပါတယ်
beam formula နဲ့တွက်မှာပါ ဒီတော့မေးစရာရှိပါတယ် slab နဲ့ beam က ဘာဆိုင်လို့လည်းပေါ့ ...
ဘာမှမဆိုင်ပေမဲ့ ဆိုင်တာတစ်ခုတော့ရှိပါတယ် တကယ်တော့ slab ဆိုတာ beam တွေအများကြီးပေါင်းထားတာပါ ........ မြင်သာအောင် ဥပမာပေးပါမယ် ကိတ်မုန့်တစ်လုံးကို တလိုင်းချင်းစီ လှီးထုတ်လိုက်ပါ .... တကယ်တော့ ကိတ်မုန့်ကြီးဆိုတာလည်း ကိတ်မုန့်သေးသေးလေးတွေ စုပေါင်းထားတဲ့အရာပဲ ကျတော်တို့က တလိုင်းစာအတွက်တွက်ပါတယ် သေးသေးလေးတစ်ခုရလို့ အကြိးကြီးလိုချင်ရင် အရေတွက်နဲ့မြှောက်လိုက်ရုံပဲ
ကျတော်ပြောတဲ့သေးသေးလေးဆိုတာ 1 unit length အကျယ်ရှိတဲ့ beam ကိုပြောတာပါ ft နဲ့သွားမယ်ဆိုရင်တော့ ၁၂ လက်မှအကျယ်ရှိတဲ့ beam ပေါ့ ဒီတော့မေးစရာရှိပါတယ် အကိုသမီးကတော့ 1 unit length အကျယ်ရှိတာကိုမယူချင်ဘူး 1.8 အကျယ်ရှိတာကိုယူလို့မရဘူးလားလို့ ....
ကျတော်ကတော့ သင်္ချာကျွမ်းတယ်ဆိုရင် လုပ်ပါလို့ပဲပြောချင်တယ် ကျတော်တို့က ၁ ပေအကျယ်ကိုယူရတာက ၁ ဆိုတဲ့ကိန်းက ကိုယ်လိုချင်တဲ့အရေတွက်နဲ့မြှောက်ရတာလွယ်ပါတယ် ဥပမာ ဈေးသွားဝယ်ရင် ပန်းသီး ၁ လုံးစာ ဒါမှမဟုတ် ပန်းသီး ၁၀ လုံးစာပဲမေးပါတယ် ပန်းသီး ၁၃ လုံးစာဈေးဘယ်လောက်လည်း ဘယ်သူမှမမေးပါဘူး ....
Beam formula နဲ့တွက်လိုက်ရင် slab အတွက်လိုအပ်တဲ့ main steel ရဲ့ area ( As ) ထွက်လာမယ် ထွက်လာတဲ့ကောင်က ၁ ပေအကျယ်စာအတွက်ပါပဲ ဒါကြောင့် slab တွက်ဖူးတဲ့လူဆိုသိပါတယ် သူ့ရဲ့ unit က in2/ft ဒါကိုသိရင် spacing ဘယ်လောက်ထားရမယ်ဆိုတာ table ကြည့်လိုက်ရုံပဲ table ထဲမှာတော့
၁.သံချောင်းဆိုဒ်ရယ်
၂.လိုအပ်တဲ့ steel area,As ရယ်
3.သူတို့ရဲ့ spacing ရယ်ဆိုပြီး
သုံးခုရွေးချယ်စရာပေးထားပါတယ် ကျတော်တို့က ၂ ခုသိရင် လိုအပ်တဲ့ ၃ ခုစလုံးသိပါပြီ
......................
ကျတော်ရေးချင်တဲ့အပိုင်းက တစ်ဝက်တော့ပြီးပါပြီ ကျန်တဲ့တစ်ဝက်ကို ဆရာဦးညီလှငယ်စာအုပ်ထဲက ပုံတွေနဲ့ဆက်ပါမယ် .. ကိုယ့်ဟာကိုယ်ဖတ်ရင် နားမလည်မှာစိုးလို့ မြန်မာလို လက်လှန်းမှီသလောက်ရေးပေးလိုက်ပါတယ် ကျတော်တစ်ခုအကြံပေးချင်တာက အင်္ဂလိပ်စာကျွမ်းရင် ကျတော်ရေးတာဖတ်မနေပါနဲ့ ကျတော်ပြောတာလည်း မယုံပါနဲ့ ဆရာ့စာအုပ်သာ တန်းဖတ်ပါ ... တချို့နေရာတွေက ကိုယ်တိုင်ကသဘောပေါက်ပေမဲ့ မြန်မာလိုရေးရတော့ လွဲသွားတာလေးတွေရှိပါတယ်
အောက်မှာ one way slab ကို အစကနေအဆုံးတွက်ထားတာရယ် design လုပ်ပြီး သံချောင်းဆင်ပြထားတာပါပါတယ် ..... လက်လှမ်းမှီသလောက်ကြည့်သွားပါ....
Aung Hla Min Naing ....

/////////////////////////////////////////////////////////////////////

ဒီအခုပြထားတဲ့ပုံက slab ပါပဲ သူ့အပေါ်မှာ uniform dead load ကျမယ် မေးစရာရှိတာက Live Load ကော်မကျဘူးလားပေါ့ 

ကျတော့တို့က structure တွက်ရင်သာ LL ကို uniform shell လုပ်အနေနဲ့ပေးတာပါ အပြင်မှာက အဲ့အတိုင်းကျချင်မှလည်းကျမယ် အပေါ်ကနေ Load ကျလို့ အောက်ကနေ ပြန်ပင့်ထားတဲ့ပုံပါ

ပုံထဲက အပေါ်ပင့်ထားတဲ့မြှားတွေကတော့ beam ကနေ slab ကိုပြန်ကန်တာပါ beam က slab ရဲ့ support ပဲ

ကွေးသွားတဲ့ပုံစံလို့ခေါ်တဲ့ deflected shape ကို solid line နဲ့ပြထားပါတယ် ပုံထဲမှာတော့ curved strip ဆိုပြီးမြှားထိုးထားတယ်

Strip ဆိုတာက လမ်းကြောင်းတွေကိုပြောတာပါ beam နှစ်ချောင်းကြားမှာ ရှိတဲ့ strip တွေက curvature လို့ခေါ်တဲ့ ကွေးတာတွေ bending moment တွေအကုန်တူပါတယ်

ဒါပေမဲ့ beam မရှိတဲ့ဖက်ခြမ်းမှာတော့ bending moment လည်းမဖြစ်ဘူး curvature လည်းမဖြစ်ဘူး ပုံထဲကဆိုရင် long strip နေရာပါ

//////////////////////////////////////////////////////////////////////////////////////////////////////////

Slab ပေါ်မှာရှိတဲ့ load တွေအကုန်လုံးက သူ့ကိုထောက်ထားတဲ့ beam ကိုပြေးပါတယ် ဒါကြောင့် ပုံမှာပြထားသလို main reinforcement ကို beam ၂ ချောင်းကြားထည့်ပါတယ်

ကျန်တဲ့တဖက်မှာတော့ Temperature and shrinkage အတွက် distribution steel ကိုထည့်ပါတယ် T&S steel လို့လည်းခေါ်ပါတယ်

ကျတော်တို့က slab ရဲ့ bending moment ကို strip တလျှောက်မှာရှိတဲ့ strip ရဲ့ unit width နဲ့သတ်မှတ်ပါတယ် ဒါကြောင့် load per unit area on the slab က load per unit length on the slab strip ပဲ ဘာလို့ strip မှာ area မဖြစ်လည်းဆိုတော့ strip ရဲ့ width က ၁ ပေ အကွာပဲ စဉ်းစားတော့ Area ဘဝကနေ တဆင့်လျှော့ပြီး Length ဖြစ်သွားတာ

/////////////////////////////////////////////////////////////////////////////////////////////////////////////////

ဒါက slab ရဲ့ Steel Ratio ကိုရှာတာပါ ၂ နည်းရှိပါတယ် ဖတ်ကြည့်ပါ
/////////////////////////////////////////////////////////////////////////////////////////////////////////////


Slab ကိုတွက်ဖို့အတွက် Length ကိုစဉ်းစားမယ်ဆိုရင် clear span ကိုပဲယူရမလား beam ရဲ့ center to center ကိုပဲယူရမလား ဒါမှမဟုတ် beam ရဲ့ အပြင်ဖက်ထိ ယူရမလားဆိုတာ ခက်နေရင် ACI ကပြောထားတဲ့ code တွေပါ

Condition 1. Slab က သူ့ support ပေါ်မှာ freely ရှိမယ်ဆိုရင် effective span length ကို သူ့ရဲ့ clear span length ရယ် slab ရဲ့ effect depth ရယ်ပေါင်းရမှာပါ ပေါင်းပြီးတာက center to center ထက်များရင် c to c ပဲယူပါတယ်

Condition 2. အကယ်လို့ ၁၀ ပေထက်မပိုခဲ့ရင် clear span length ပဲယူတယ် ဒါကို knife-edge support လို့ခေါ်ပါတယ်
/////////////////////////////////////////////////////////////////////////////////////


One-Way Slab နှင့် ပတ်သပ်သော ACI code များ

--------------------------------

ACI 9.5.2.1 အနည်းဆုံးရှိရမဲ့ slab ရဲ့အထူက Table 8.1 အတိုင်းပါပဲ L ဆိုတာက ကိုယ်ထားမဲ့ slab ရဲ့အရှည်ကိုပြောတာပါ ဒါက fy60 အတွက်ပဲ ကျတော်တို့ဆီကတော့ အများအားဖြင့် fy40 ပါ modified လုပ်ရင်ရပါတယ် ပုံမှာပေးထားတယ်

Slab ရဲ့ bottom steel ရဲ့အောက်မှာ cover အနည်းဆုံး 3/4 in ရှိရမယ် အများအားဖြင့် 1 in ကို Assumed ယူပါတယ်

Main Steel ရဲ့ spacing က အထူရဲ့ ၃ဆ (3h) ဒါမှမဟုတ် ၁၈ လက်မထက်မပိုရဘူး သူ့ထက်ငယ်ချင်ငယ်ပါ

Main Steel ရဲ့ spacing က အထူရဲ့ ၁ဆခွဲ (1.5h) ထက်မနဲရဘူး (fabrication cost နဲချင်ရင်တော့ straight bar ဒါမှမဟုတ် cutoff တွေစဉ်းစားပေါ့)

Temperatures & Shrinkage Steel ရဲ့ spacing က အထူရဲ့ ၅ဆ(5h) ဒါမှမဟုတ် ၁၈ လက်မထက်မပိုရဘူး

Temperature & Shrinkage Steel ရဲ့ Steel Ratio က 0.0014 ထက်မနဲရဘူး

.......................................

One-Way Slab ရဲ့ အနဲဆုံးထည့်ရမဲ့ minimum steel က သူ့အတွက်လိုအပ်တဲ့ T&S steel ပဲ

/////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////////


One-Way Slab Example Part-1
/////////////////////////////////////////////////////////////////////////////////////

One-Way Slab Example Part-2
////////////////////////////////////////////////////////////////////////

One-Way Slab Example Part-3
//////////////////////////////////////////////////////////////////////////

ဒါကတော့ one-way slab ကို သံချောင်းဆင်ပြထားတာပါ ၂ နည်းရှိပါတယ် bent bar သုံးတာရယ် straight bar သုံးတာရယ်
//////////////////////////////////////////////////////////////////



ဒါကတော့ ကျတော်အပေါ်မှာပြောတဲ့ Table ပါ

Area သိတယ် Bar Size သိတယ် Spacing ထွက်လာမယ်ဂ

လိုအပ်မဲ့ Steel Area က တစ်ပေအကွာပဲ ထည့်ပြီးတွက်ခဲ့တာမို့လို့ သူ့ unit က in2 per feet ပါ
//////////////////////////////////////////////////////////////////////////////////////////////





Friday, December 16, 2016

အပိုင်း (၂) Slab ဆိုသည်မှာ- Structure Engineer တစ်ယောက်၏ခြေလှမ်းများ

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း (၂)
Slab ဆိုသည်မှာ - - -

Introduction - ခင်ဗျားတို့သိထားတဲ့ one way slab,two way slab ဆိုတာကြီးကို ခဏထားခေါက်ထားလိုက်ပါဦး အရင်ဆုံး Slab ဆိုတဲ့အရာကိုအရင်ပြောပါမယ် Slab ဆိုတာ RC အိမ်တစ်လုံးရဲ့အစိတ်အပိုင်းထဲမှာပါပါတယ် ဘယ်လိုနေရာမျိုးလည်းဆိုတော့ အားဖြန့်မဲ့နေရာပါ ဒီတော့အားထမ်းတဲ့ကောင်မဟုတ်ဘူးလားလို့မေးစရာရှိပါတယ် ဒီတော့ကျတော်တို့အနေနဲ့ ဘယ်ဟာက အားထမ်းမှာလည်း ဘယ်ဟာက အားဖြန့်မှာလည်းလို့တွေးစရာ ရှိလာပါပြီ

Slab ကိုအားဖြန့်မဲ့ကောင်လို့ယူဆပါတယ် ဒါလည်းသဘာဝကျတဲ့ယူဆချက်တစ်ခုပါ ဥပမာ ကျတော်က RC အိမ်တစ်လုံးထဲမှာမှတ်တပ်ရပ်နေမယ် ကျတော်သွားတဲ့တလျှောက်ကို Beam လိုက်ခင်းနေရင် အိမ်ကသဘောဝမကျတော့ပါဘူး ကျတော်ကိုယ်တိုင်ကလည်း Beam တွေ Column ပေါ်တွေမှာပဲ လမ်းလျှောက်နေမှာမဟုတ်ပါဘူး ဒီနေရာမှာ Structure သဘောတရားလေးပါလာပါပြီ

ကျတော်အိမ်တစ်လုံးထဲမှာ သွားလို့ရတဲ့နေရာ သွားချင်တဲ့နေရာတိုင်းသွားမယ်ဗျာ ကျတော့်အောက်မှာ Slab ရှိနေရင်ရပြီ Slab က ကျတော့်အလေးချိန်ယူပါတယ် သူကလူလည်ကျတယ်လို့ပဲပြောရမလား ကျတော့အလေးချိန်က သူ့ဆီမှာပဲအဆုံးသတ်မှာမဟုတ်ဘူး သူကနေတဆင့် သူ့အောက်မှာရှိတဲ့ Beam ကိုပို့ပါတယ် Beam ကလည်း သူ့ဆီရောက်တာနဲ့တပြိုင်ထဲ Column တိုင်ကိုပို့ပါတယ် Column ကလည်း ချက်ချင်းဆိုသလို သူ့ရဲ့ ဖိနပ်လို့ပဲပြောရမလား Footing ဆီရောက်ပါတယ် ဒီတော့မှတဆင့် မြေကြီးဆီကိုရောက်သွားပါတယ် ကျတော်တို့ရဲ့ အိမ်နဲ့ ဆိုင်တဲ့ structure တွေအကုန်လုံးက မြေကြီးပေါ်မှာအခြေခံထားတာပါ ဒီဖြစ်စဉ်တစ်ခုလုံးကို နောက်ပြန်လည့်ပြီး ပုံဖေါ်ကြည့်မယ်ဆိုရင် ကျတော့်ရဲ့ အလေးချိန်က Slab ကနေတဆင့် မြေကြီးထဲကိုရောက်သွားတာပေါ့

ဒီသဘောတရားကိုသဘောပေါက်ရင် Structure Engineer တစ်ယောက်ဖြစ်ဖို့ မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပါပြီ .... stucture ဆိုတာ ကိန်းဂဏန်းသင်္ချာတွေမဟုတ်ဘူး သဘောဝတရားကို ကိန်းဂဏန်းတွေနဲ့ပုံဖေါ်ထားခြင်းပဲ ..... ဒါတော့ ကျတော့အယူဆပါ...

ခင်ဗျားတို့သိတဲ့ one way slab တွေ two way slab တွေအကြောင်းစပါပြီ.....

..................

One Way Slab & Two Way Slab ဘယ်လိုခွဲမလည်း ????

Nilson ရဲ့စာအုပ်ထဲက Flow အတိုင်းပဲသွားပါမယ် ... slab ဆိုတာသူ့အောက်မှာ Direction တစ်ဖက်ကိုထောက်ထားတာဖြစ်နိုင်တယ် နှစ်ဖက်လုံးကိုထောက်ထားတာလည်းဖြစ်နိုင်တယ် Direction တစ်ဖက်ထဲကိုပဲထောက်ထားမယ်ဆိုရင်တော့ သူ့ရဲ့ ဟိုဖက်စွန်းနဲ့ဒီဖက်စွန်းမှာ Beam ၂ ချောင်းရှိမှာပေါ့ direction ၂ ဖက်လုံးကိုထောက်ထားတယ်ဆိုရင်တော့ သူ့အောက်မှာ beam ၄ ချောင်းရှိမယ်

ရှုပ်ပါတယ်ဗျာ ... မြင်သာအောင်ပဲပြောပါမယ် slab ရဲ့အောက်မှာ beam ၂ ချောင်းအပြိုင်ရှိမယ်ဆိုရင် သူကတစ်ဖက်ထဲကိုပဲကွေးနိုင်တယ် သေချာတာတစ်ခုကတော့ သူကအလည်မှာကွေးမှာပဲ ဒီတော့ ဒီကောင်ကတစ်ဖက်ထဲကွေးမှာသေချာနေပြီ အဲ့ကောင်ကို one way slab လို့ပြောလိုက်

slab ရဲ့အောက်မှာ beam ၄ ချောင်းဘောင်ခေတ်ထားမယ်ဆိုရင်တော့ သူက တစ်ဖက်ထဲလည်းကွေးနိုင်တယ် နှစ်ဖက်လည်းကွေးနိုင်တယ် တစ်ဖက်ထဲကွေးမယ်ဆိုရင် One way slab ပေါ့ နှစ်ဖက်ကွေးမယ်ဆိုရင်တော့ Two way slab ပေါ့ ... ဒီတော့ မေးစရာရှိပါတယ် ဘာလို့ slab အောက်မှာ beam ၄ ချောင်းထောက်ထားတာတောင် သူက ၁ ဖက်ဘဲကွေးနိုင်တဲ့အခြေနေမျိုးရှိရတာလည်း တကယ်ဆိုရင် ၂ ဖက်ကွေးရမှာပေါ့  ?

ဒီအတွက် အဖြေကကျတော့ဆီမှာရှိပါတယ် ရှည်တဲ့အလျှားနဲ့တိုတဲ့အလျှားက ကွာလွန်းနေလို့ပါ စာစကားနဲ့ပြောမှာဆိုရင်တော့ La,Lb ပေါ့ ..... ဒါကိုသဘာဝတရားနဲ့မြင်သာအောင်ပြပါမယ် လေးထောင့်စက္ကူလေးတစ်ရွက်ကို လေးဖက်ချုပ်ပြီး အလယ်ကနေဖိလိုက်ပါ သူက ၂ ဖက်ကွေးပါမယ် အဲ့စာရွယ်ကို rectangular ပုံစံ ရှည်ထုတ်လိုက်ပါ  ဒုတိယအခြေနေမှာ စာရွက်ကအရမ်းရှည်သွားတဲ့ အခါမျိုးမှာ သူ့ရဲ့ direction ၂ ဖက်မှာကွေးနိုင်တဲ့ ပမာဏကမတူတော့ဘူး ပေတံရှည်လေလေ ပိုကွေးနိုင်လေ သဘောမျိုးပဲ ရှည်တဲ့အနားကပိုပြီးကွေးနိုင်ပါတယ် ဒါကြောင့်ဒါကို ၁ way slab ပါ

...............

1 way slab ,2 way slab ဘယ်လိုခွဲမလည်း ???

ဒါကတော့ 1 way , 2 way ခွဲလို့ရတဲ့ နည်းတွေပါ ...

နည်းလမ်း ၁ - ဘယ်လိုကွေးမလည်းဆိုတာကိုပုံဖေါ်ပါ တစ်ဖက်ထဲကွေးရင် one way slab , နှစ်ဖက်ကွေးရင် two way slab အဲ့လိုခွဲနိုင်ဖို့က သူ့အောက်မှာဘာထောက်ထားလည်း ဆိုတာလိုက်ကြည့်ရပါမယ် beam ၂ ချောင်းလား ဒါမှမဟုတ် beam ၄ ချောင်း စသဖြင့်ပေါ့

နည်းလမ်း ၂  - သူ့အောက်မှာ ဘာတွေထောက်ထားလည်း လိုက်စစ်ပါ လေးဖက်လုံးထောက်ရင် ၂ ဖက်ကွေးမယ် (ဒီနည်းအတွက်ကန့်သတ်ချက်ရှိပါတယ် လေးဖက်လုံးထောက်ထားပေမဲ့ ရှည်တဲ့အနားနဲ့ တိုတဲ့အနားအရမ်းကွာသွားရင် သူက ၂ ဖက်ကွေးရမဲ့အစား တစ်ဖက်ပဲကွေးသွားလို့ one way slab ဖြစ်သွားပါတယ်)  -  လေးဖက်ထောက်တာမဟုတ်ပဲ ၂ ဖက်ထောက်ထားရင်တော့ သေချာတယ် တစ်ဖက်ပဲကွေးမှာ ဒါက one way slab

နည်းလမ်း ၃ - အလျှားမတူတဲ့အနား ၂ခု .. ရှည်တာနဲ့တိုတာ  La,Lb ပေါ့ ... သူတို့ကို စားလိုက် .... 2 ထက်ငယ်ရင် အဲ့ကောင်သေချာတယ် 2 way ... ကြီးရင် တစ်ဖက်ထဲကွေးမှာဖြစ်လို့ 1 way ...

နည်းလမ်း ၄ - သံချောင်းထည့်တဲ့ပုံစံကြည့်ပြီး ခွဲတာပါ ... ဒါကတော့ နောက်ပိုင်းမှာ ကျတော်အသေးစိတ်ရေးမှာမို့လို့ ဒီမှာပဲထားခဲ့ပါမယ်....

-------------------

Slab အမျိုးစားတွေကိုပြောပါ ????

ကျတော်တို့က One way slab , two way slab တော့သိပြီ .... ဒါပေမဲ့ အဲ့ဒါနဲ့ရပ်နေလို့မရပါဘူး ... Archi သော် ၄င်း ... Structure Engineer သော်၎င်း .... site Engineer သော်၎င်း သူတို့အားလုံး skill ရှိရင်ရှိသလိုထွင်နိုင်သေးလို့ပါ

ဒီတော့ ကျတော်တခြားအမျိုးစားတွေကိုလည်းလိုက်ရှာမနေတော့ပါဘူး ဆရာဦးညီလှငယ်ရဲ့စာအုပ်ထဲမှာရှိတဲ့ Slab ၆ မျိုးကိုရေးပါမယ်.... ကျတော့်အမြင်တော့ ဒါတွေသိထားရင် လုံလောက်ပြီထင်ပါတယ် ကျတော့်ရဲ့နောက်ပိုင်း အပိုင်းတွေမှာ သူတို့ အားလုံးကို structure နည်းအရ ဖြေရှင်းတာတွေကိုပါ ရေးမှာပါ

1. One - way slab
2. Two - way slab
3.One way slab (by Length and width >2)
4.Flat Plate slab (No Beam)
5.Flat slab (No Beams)
6.Grid or Waffle Slab

ဒီတိုင်းရေးနေရင် မမြင်မှာစိုးလို့ ပုံတစ်ပုံစီကိုထောက်ပြီးဖတ်ပေးပါ ...

Aung Hla Min Naing ....
Structure Engineer တယောက်၏ခြေလှမ်းများ အပိုင်း ( ၃ )
One Way Slab အား structure နည်းအရဖြေရှင်းခြင်း



Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း(၁) Civil Engineering Books Review

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း(၁)
Civil Engineering Books Review

အိမ်တစ်လုံးကို human body လို့ယူဆရင် structure engineer ဆိုတာ skeleton ကို design လုပ်ရတာပဲ ဒူးခေါင်းမှာရှိတဲ့အရိုးကို ပုခုံးမှာသွားတပ်ပေးလို့မရဘူး ကျန်တဲ့အလှအပ မိတ်ကပ်လိမ်းဖို့ကတော့ architect တွေကလုပ်လိမ့်မယ် လူတစ်လုံးသူတစ်လုံးမွေးထုတ်ပေးဖို့ကတော့ site engineer သမားတွေရဲ့အလုပ်ပေါ့ ကလေးတစ်ယောက်ကြီးလာအောင် ငွေးကြေးအရထောက်ပန့်ပေးမှု့ ပိုင်ဆိုင်ဖို့ သက်သေအထောက်အထားတွေကတော့ အိမ်ပိုင်ရှင်နဲ့ ကန်ထရိုက်တွေရဲ့အလုပ်ပေါ့ ဒီလောက်ဆိုရင် ကျတော့ဥပမာက ရှင်းလောက်ပါပြီ

structure engineer ဖြစ်ဖို့က site အတွေ့ကြုံရင့်နေဖို့လိုပါတယ် ကိုယ်ပေးလိုက်တဲ့ဒီဇိုင်းကို ဘယ်လိုလုပ်ရမလည်းဆိုတာကို site engineer တွေကမသိရင်တောင် သူတို့ကို လမ်းညွန်နိုင်ရမယ် ကျောင်းဆင်းဆင်းခြင်း ငါက structure engineer လုပ်မှာဆိုပြီး ထိုင်နေလို့မရပါဘူး ကိုယ့်ကိုဘယ်သူမှ လာမခိုင်းဘူး စာဖတ်မယ်ဆိုရင်လည်း ငွေးရေးကြေးရေးအရ ကိုယ့်မှာ အဲ့လောက်အချိန်မရတော့ပါဘူး ဒီတော့ ဆိုဒ်ထဲကိုအရင်ဝင်ပြီးမှ ဆိုဒ်အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပါ အဆက်သွယ်လေးတွေရလာမှ ဒီဇိုင်း ဖက်ကိုပြောင်း ဘာလို့လည်းဆိုတော့ sturcture engineer တစ်ယောက်နဲ့ site engineer တစ်ယောက်က ပင်ပန်းရတာချင်းလည်းကွာတယ် ရတဲ့ဒီဇိုင်းခဆိုရင် ဆယ်ဆ တစ်ဆ ကွာနေလို့ပါ ဥပမာ တစ်လ ၃ သိန်းနဲ့အလုပ်လုပ်မယ် ၉ သိန်းရဖို့ဆိုရင် ၃ လလောက်ဆိုဒ်ထဲဆင်းရမယ် structure သမားကတော့ အခြေနေကောင်းလို့ အိမ်လေးတစ်လုံး design လုပ်ခွင့်ရတယ်ဆိုရင် ၉ သိန်းဆိုတဲ့ငွေပမာဏက တစ်ပတ်ထဲလည်းဖြစ်သွားနိုင်တယ်

structure သမားက ပင်ပန်းစရာမလိုဘူးလို့ပြောတာမဟုတ်ပါဘူး လောကကြီးမှာ ဘယ်အရာမှ အလကားမရပါဘူး သူ့မှာလည်း နေပူထဲမှာမပင်ပန်းရင်တောင် ညအိပ်ရေးပျက်ခံပြီး စာတွေဖတ်ရတယ် အားနေရင် အင်တာနက်ဖွင့် သူများလုပ်ထားတဲ့ design တွေကိုလေ့လာ code တွေကိုဖတ် အလွတ်မရရင်တောင် ဘယ်စာက ဘယ်နားမှာရှိလည်းဆိုတာ သိထားရတယ် ကိစ္စတစ်ခုခု အငြင်းပွားစရာကြုံလာရင် ငါက ဘယ်စာအုပ် ဘယ် code ထဲက အတိုင်းလုပ်ထားတာပါဆိုပြီး ငြင်းချက်ထုတ်နိုင်ရတယ်

ကျတော့်ကို သူများတွေရဲရဲဝံ၀ံခိုင်းရနိုင်လောက်ထိ နမ်မည်မရှိသေးပါ PE(Structure) ဆိုတာ ကျတော်နဲ့အဝေးကြီးပါ ဒါပေမဲ့ ကျတော်နဲ့ လျှောက်တဲ့လမ်းချင်းတူတဲ့ အကိုအမတွေ ညီတွေညီမတွေကို တူတူခေါ်သွားချင်လို့ဒီလိုအပိုင်းဆက်တွေကို ရေးမှာပါ

ကျတော့်ရဲ့ sturcture engineer တစ်ယောက်ဧ။် ခြေလှမ်းများဆိုတဲ့ခေါင်းစဉ်အောင်မှာ အောက်ပါအတိုင်း အပိုင်းတွေအများကြီးခွဲပြီးရေးပါမယ်

၁။ RC အိမ်တစ်လုံးဧ။် အစိတ်ပိုင်းများ
၂။ Steel Structure ၏အဆင့်မြင့်သော တည်ဆောက်ပုံများ
၃။ Structure လောကနှင့်သဘာဝတရား

ကျတော့်ရဲ့ ဒီခေါင်းစဉ်ကြီးကို ၃ ခုကိုခွဲလိုက်ရင် RC + Structure + Steel ရယ် ဒီသုံးမျိုးပဲရှိတာပါ

ကျတော်ရေးချင်တဲ့စတိုင်က ဒီလိုပါ ဥပမာ Column ရဲ့ Structure ကိုရေးမယ် ပြီးရင် RC Column Design ရေး ပြီးရင် Steel Column Design ရေးမယ် အဲ့သုံးခုပေါင်းပြီး နှိုင်းယှဉ်မယ်

Column နဲ့ပတ်သတ်တဲ့ Structure ကိုဖတ်ပြီးသွားရင် Design ခန်းထဲမှာပါတာတွေရဲ့ တစ်ဝက်လောက်ကို မဖတ်ပဲ ကျော်သွားလို့ရပါတယ် တော်တော်များများက MOM ထဲကနေကူးထားတာပဲ

Mechanic Of Material စာအုပ်ကိုလည်းရွေးတတ်ဖို့လိုသေးတယ် လွယ်တဲ့ဆရာ ရေးထားတာနဲ့တိုးလို့ ကိုယ်ကသဘောပေါက်သွားတော့ design စာအုပ်ဖတ်တဲ့နေရာမှာ တော်တော်လေးကိုရှေ့ရောက်ပါတယ်

လွယ်တဲ့ Structure စာအုပ် ကိုအရင် မဖတ်ပဲ Nilson ရဲ့ RC သွားဖတ်ရင်တော့ ချာလပတ်ရမ်းသွားပါလိမ့်မယ် ဖတ်ကြည့် နားမလည်တော့ရှေ့မရောက် ရှေ့မရောက်တော့မဖတ်ချင် ... ဒါနဲ့တင် အသက် ၆၀ ကျော်သွားလိမ့်မယ်...

လောလောဆယ် အပိုင်း ၂ ကနေစပြီး slab အကြောင်းကို ရေးပါမယ် structure စရေးဖို့ကတော့ ကိုယ်သိထားတာတွေကို သိပ်အားမရသေးလို့ပါ slab မှာလည်း အပိုင်း ၉ ပိုင်းလောက်ရှိပါတယ် ခွဲရေးမှာပါ ကျတော့်ရဲ့ ဒီအပိုင်းတွေအောက်မှာ အပိုင်း ၁၀၀ လည်းဖြစ်သွားနိုင်ပါတယ် ဒီထက်တော့ မအောက်ပါ ဖတ်လိုက်ရေးလိုက်လုပ်ဖို့စဉ်းစားထားပါတယ်
................

ဘာသင်တန်းတက်ရမယ် ဟိုဟာတက်ရမလား ဒီဟာတက်ရမလားဆိုတဲ့သူတွေကို နဲနဲလောက် ပြောချင်လို့ပါ ဘယ်သင်တန်းမဆို ၂ လထက်ပိုမသင်နိုင်ပါဘူး ၂ ထက်ကြာရင် သူ့အတွက်လည်းတွက်ခြေမကိုက်တော့ဘူး ဆရာနဲ့ ကျောင်းသားလည်း ငြီးငွေ့လာပြီ

ကျတော်တို့ကျောင်းမှာ သင်ခဲ့တဲ့စာတွေက ၅ နှစ်စာရှိပါတယ် ဒီတော့ အဲ့လောက်သင်ရတဲ့စာတွေကို ၂ လထဲနဲ့ရနိုင်မလားဆိုတာပါ ၅ နှစ်သင်တုန်းကတော့ ကောင်းကောင်းမလုပ်ဘူး ၂ လ သင်တာကျမှ ဆီကုန်ဆားကုန်လုပ်မယ် ဆိုတာကတော့ မဖြစ်သင့်ဘူးထင်တယ်

ကျတော်ပြောချင်တာက သင်တန်းတက်ချင်လည်းတတ်ပါ ကျတော်တို့ အကိုစီနီယာတွေဖွင့်တာတွေ အများကြီးရှိပါတယ် တက်ပြီးရင် သူတို့ အိုင်ဒီယာကိုယူပါ သူတို့လည်း ကိုယ့်ကို အချိန်ပြည့် guide line မလုပ်ပေးနိုင်ပါဘူး သူတို့ပြောနေတုန်း အကုန်မှတ်ထား ဖြစ်နိုင်ရင် ကျောင်းစာအုပ်တွေယူ မရှင်းတာရှိရင် သူတို့ကိုတခါထဲမေး ကိုယ်တိုင်လည်း အချိန်ပေးပြီးကြည့်မယ်ဆိုရင် အများကြီးရှေ့ရောက်ပါတယ် အဲ့လိုမဟုတ်ရင် သင်တန်းပြီးသွားတာနဲ့ ပြီးပြီဆိုပြီး certificate လေးယူ ပြီးတော့စာအုပ်တွေ အကုန်ပြစ်ထား အဲ့လိုလုပ်
နေရင် သင်တန်းပြတဲ့ အကိုတွေပဲ အလကားနေ အချိန်ကုန်တာပဲရှိပါတယ် ဘယ်အရာမဆို ကြာရင်မေ့ပါတယ်

ကျတော်တို့ အင်ဂျင်နီယာ လောကဆိုတာ ကျဉ်းကျဉ်းလေးပါ တစ်ယောက်နဲ့တစ်ယောက်က သိဖို့လွယ်ပါတယ်...

ညီတွေ ညီမတွေ ကျောင်းတက်နေတုန်းပဲဖြစ်ဖြစ် ကျောင်းပြီးသွားလို့ပဲဖြစ်ဖြစ် တစ်ခုလောက်တိုက်တွန်းချင်လို့ပါ အွန်းလိုင်းပေါ်မှာ ကိုယ်သိသမျှ ရေးပြီးတင်ပါ first year civil ကျောင်းသားဆိုရင်လည်း ကျောင်းမှာ သင်ခဲ့သမျှစာတွေကို အွန်လိုင်းပေါ်မှာ ရေ့းပြီး share ပါ ကိုယ်ကသာ ငါရေးတာ first year စာဆိုပြီး အားငယ်ချင်ငယ်နေလိမ့်မယ် အပြင်မှာ အလုပ်လုပ်နေတဲ့လူအတွက်ကတော့ အဲ့စာတွေက သူတို့အတွက် ဖတ်ပြီးရင် ၀မ်းသာလွန်းလို့ မျက်ရည်ကျလောက်အောင်ကို တန်ဖိုးကြီးနေလို့ပါ

မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ မှားတာရေးလို့ ဝေဖန်ခံရမှာလည်း မကြောက်ပါနဲ့ အကိုတို့သိရင်လည်း ပြင်ပေးမယ် မသိရင်လည်း ပြင်ပေးမဲ့ ဆရာတွေ တပုံကြီးရှိပါတယ်....

.................

အခု ဒီအပိုင်းမှာ နောက်ဆုံးအနေနဲ့ ကျတော့်ဆီမှာရှိတဲ့စာအုပ်တွေ ကျတော်လက်ရှိဖတ်နေတဲ့စာအုပ်တွေကို နဲနဲလောက် Review လုပ်ချင်ပါတယ်

Aung Hla Min Naing
(structure engineer တစ်ယောက်၏ခြေလှမ်းများ)
အပိုင်း ၂ - Slab ဆိုသည်မှာ .....



Disqus Shortname

Comments system