Sunday, January 8, 2017

Seismic Design မိတ်ဆက် (အပိုင်း ၇)


Seismic Design မိတ်ဆက် (အပိုင်း ၇)

Ductile Structure

Ductile Structure ဆိုတာဘာလဲ?

ရှေ့က အပိုင်းမှာ R အကြောင်းပြောတုန်းက အဆောက်အအုံတွေသာ ညွှတ်ပြောင်းမယ် Ductile ဖြစ်မယ်ဆိုရင် အဲဒီ frame ဟာ ငလျင်ကြောင့်ဖြစ်လာတဲ့ အားတွေကို သူ့ Elastic capacity ထက် များစွာ ကျော်လွန်ပြီး ခံဆောင်နိုင်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ အဲဒါကြောင့် Ductile Frames တွေကို Design လုပ်ရာမှာ ငလျင်ကြောင့် အမြင့်ဆုံး ဖြစ်နိုင်တဲ့ အားတွေကို Design လုပ်စရာ မလိုအပ်ပဲ အတိုင်းအတာ တစ်ခုအထိလျှော့ပြီး Design လုပ်လို့ ရပါတယ်။
(Response Modification Factor R အကြောင်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/aunghsu.myat/posts/10201947942215470?pnref=story )

ဒီနေရာမှာ ငလျင်ဒါဏ်ကြောင့် ဖြစ်လာတဲ့ အားကို Elastic ခံနိုင်ရည်အားထက် များစွာ ကျော်လွန်ပြီး စဉ်းစားတဲ့အတွက် ငလျင် တကယ်လှုပ်တဲ့အခါ အဆောက်အအုံဟာ Elastic အခြေအနေကို ကျော်လွန်ပြီး Inelastic range ထဲ ရောက်သွားမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် ခံနိုင်ရည်အားကို ကျော်လွန်သွားတဲ့အတွက် ပျက်စီးမှုတွေ မလွဲမသွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ သို့သော် ထို ပျက်စီးမှုတွေကြောင့် အဆောက်အအုံကို မပြိုကျစေရန် စီမံပေးရမှာဖြစ်ပါတယ်။ အဲဒီလို နည်စနစ်မျိုးနဲ့ ပုံစံထူတ်တည်ဆောက်တဲ့ Design ကို ညွှတ်ပြောင်းသော အဆောက်အအုံ သို့မဟုတ် Ductile Structure လို့ ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။

ဒီတော့ ငလျင်ခံရတဲ့အခါ အဆောက်အအုံ ညွှတ်ပြောင်းစွာ လှုပ်ရှားပြီး မပြိုကျပဲ ခံနိုင်ရည် ရှိစေရန် ဘယ်လို စီမံမလဲ?

ငလျင်လှုပ်တဲ့အခါ အဆောက်အအုံရဲ့ structural members တွေမှာ သေချာပေါက် ပျက်စီးမှုတွေ ဖြစ်လာမှာပဲဆိုတော့ အဆောက်အအုံ မပြိုကျစေဖို့အတွက် အဓိက ထောက်မထားတဲ့ အရေးကြီးတဲ့ members တွေကို failure မဖြစ်စေအောင်၊ ခိုင်ခံ့အောင်နဲ့ အရေးမကြီးတဲ့ Member တွေရဲ့ သတ်မှတ်ထားတဲ့ နေရာမှာသာ fail ဖြစ်ရအောင်၊ အဲဒီလို fail ဖြစ်ရာမှာလဲ ရုတ်တရက် ပြတ်ထွက်ခြင်းမျိုး မဖြစ်ပေါ်စေပဲ ကွေးညွှတ်ခြင်း၊ ဆန့်ထွက်လာခြင်း နည်းလမ်းတို့နဲ့သာ fail ဖြစ်ရလေအောင် စီစဉ်ထားပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို fail ဖြစ်ရမယ့် နေရာ သတ်မှတ်ထားတဲ့ အယူအဆကို Structural Fuse concept လို့ ခေါ်ပါတယ်။ အဲဒီလို သတ်မှတ်ထားတဲ့ နေရာမှာ Fail ဖြစ်ခြင်းအားဖြင့် ငလျင်ကြောင့် ဖြစ်လာတဲ့ Energy တွေကို Absorb စုပ်ယူပြီး Dissipate ဖြေဖျောက်ပေးခြင်းဖြင့် အဆောက်အအုံ ပြိုကျ ပျက်စီးမှု ဘေးကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီ Fail ဖြစ်မယ့် နေရာတွေကို Ductile Behavior အနေနဲ့ပဲ Fail ဖြစ်ရလေအောင်၊ ရုတ်တရက် ပြတ်ထွက်တတ်တဲ့ Brittle behavior မပေါ်ရလေအောင် သေချာစွာ စီမံပေးဖို့ လိုအပ်ပါတယ်။ (အဲဒီအတွက် Yielding Failure ပဲ ဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြား Fail မဖြစ်ရမယ့် Members တွေ အားလုံးကတော့ အဲဒီ Fuse member ရဲ့ အများဆုံး ဖြစ်နိုင်တဲ့ ခံနိုင်ရည်အားထက် ပိုမိုခံနိုင်ရည်အား ရှိဖို့ လိုအပ်ပါတယ်။)
(Structural Fuses တွေအကြောင်းကိုတော့ ဒီ Post မှာ ရေးထားခဲ့ဖူးပါတယ်။ Structural Fuses https://www.facebook.com/notes/aung-hsu-myat/structural-fuse/10201160993302239 )

ဒီသဘောတရားအတွက် အချက်တစ်ချက်အနေနဲ့ Moment Frame အဆောက်အအုံ တွေမှာဆိုရင် Strong Column-Weak Beam အယူအဆ အနေနဲ့ တွေ့နိုင်ပါတယ်။ ဒီအယူအဆအရ တကယ်လို့ columns တွေသာ fail ဖြစ်ပါက အဆောက်အအုံ တစ်ခုလုံး ပြိုကျနိုင်ပြီး column fail မဖြစ်ပဲ Beams တွေပဲ fail ဖြစ်မယ်ဆိုရင် တော့ အဆောက်အအုံ ပြိုကျမှုမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် column တွေရယ်၊ column နဲ့ beam ဆုံတဲ့ အဆက်တွေရယ်ဟာ Beam တွေထက် ပိုမိုခိုင်မာနေဖို့ လိုအပ်ပါတယ်။ ဒီသဘောတရားဟာ Special Moment Frames တွေအတွက် အဓိကကျတဲ့ Design Concept တစ်ခုလဲ ဖြစ်ပါတယ်။ 

(Special Moment Frames တွေအကြောင်းကိုတော့ ဒီလင့်မှာ ရေးထားဖူးပါတယ်။ https://www.facebook.com/notes/aung-hsu-myat/introduction-to-reinforced-concrete-special-moment-frames/10201329619157780 )

Concentrically braced frames တွေမှာဆိုရင် Braces တွေကို Yield ဖြစ်အောင် Design လုပ်ပေးရပါတယ်။ (ဒီနေရာမှာ Tension ခံရတဲ့ Brace Member က Yield ဖြစ်မှာဖြစ်ပြီး Compression ခံရတဲ့ Brace Member ကတော့ Buckle ဖြစ်မှာ ဖြစ်ပါတယ်။ Connection တွေကို Failure မဖြစ်အောင် စီစဉ်ပေးရပါမယ်)

Eccentrically Braced Frames တွေမှာတော့ Braces ၂ ခုကြားက Link လို့ခေါ်တဲ့ Beam အစိတ်အပိုင်းလေးကို Yield ဖြစ်အောင် စီမံပေးရပါတယ်။
Buckling Restraint Braced Frame တွေမှာတော့ Braces တွေကို Compression Force ခံရတဲ့အခါ Buckling မဖြစ်ရလေအောင် ချုပ်ထားပေးတဲ့အတွက် Buckling မဖြစ်ပဲ Pure Yielding ပဲဖြစ်မှာ ဖြစ်တဲ့အတွက် ရိုးရိုး Braced Frame တွေထက် ပိုမို ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။

Seismic Design မိတ်ဆက်နဲ့ပတ်သက်ပြီး မှာပဲ ရပ်နားပါမယ်။

ကျေးဇူးတင်ပါတယ်။
Aung Hsu Myat
25 June 2016.



0 comments:

Post a Comment

Disqus Shortname

Comments system