Wednesday, January 11, 2017

Moment of Inertia

Moment of Inertia
x x x x x x x x x x x

Applied force နဲ့ Resisting Force နှစ်ခု ကြားမှာ eccentricity ရှိနေခဲ့ရင် Moment ပေါ်တယ်။ Moment ကြောင့် beam,column,wall စတဲ့ structural member တွေမှာ rotation ဖြစ်တယ်။ အဲဒီ rotation ကြောင့် structural member တွေမှာ deflection ဖြစ်လာတယ်။ In-plane moment ကို bending moment လို့ခေါ်ပြီး Out-of-plane moment ကို Torsional/Twisting Moment လို့ခေါ်ပါတယ်။

Inertia ဆိုတာက အရာဝတ္ထုတစ်ခုရဲ့ လက်ရှိအနေအထားကနေ ပြောင်းလဲသွားမှု မဖြစ်အောင် ထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိကို ဆိုလိုတာပါ။ ငြိမ်နေတဲ့အရာဝတ္ထုတစ်ခု a body at rest ကို force တစ်ခုပေးခြင်းအားဖြင့် သူဟာ မူလရှိနေတဲ့နေရာကနေ လည်ကျလာမယ်ဆိုရင် အဲဒါမျိုး မဖြစ်အောင် ထိန်းထားတဲ့ resistance to rotation ကို ပြောတာပါ။

တစ်နည်းအားဖြင့်ပြောရရင် structural member တစ်ခုရဲ့ bending,torsional stiffness ကို ပြတဲ့ factor တစ်ခုဖြစ်ပါတယ်။
In-plane moment ကြောင့်ဖြစ်တဲ့ rotation ကို ခုခံတဲ့ factor ကို second moment of inertia or area moment of inertia လို့ခေါ်တယ်။ Out-of-plane moment ကြောင့်ဖြစ်တဲ့ rotation ကို ခုခံတဲ့ factor ကို polar moment of inertia လို့ ခေါ်တယ်။

နယူတန်ရဲ့ ပထမဥပဒေသက
“ ပြင်ပက သုညထက်ပိုတဲ့ အသားတင်အားတစ်ခု မသက်ေ၇ာက်မချင်း ငြိမ်နေတဲ့အရာဝတ္ထုတစ်ခုဟာ ဆက်ပြီး ငြိမ်နေမယ်၊ ရွေ့လျားနေတဲ့အ၇ာဝတ္ထုတစ်ခုဟာ ဆက်ပြီးရွေ့လျားနေမယ် “ လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် အရာဝတ္ထုတစ်ခုရဲ့ လက်ရှိရောက်နေတဲ့ အနေအထား ( ငြိမ်နေခြင်း၊ရွေ့နေခြင်း) ကို ထိန်းထားလိုတဲ့ သတ္တိကိုပဲ Inertia လို့ခေါ်တာဖြစ်ပါတယ်။
အဲဒီ ပထမ ဥပဒေသကို Law of Inertia လို့ ခေါ်ကြတယ်။

Moment of inertia လို့ civil engineering မှာ ခေါ်ဝေါ်အသုံးပြုတာက rotational dynamics ကနေစဉ်းစားလာတာဖြစ်ပါတယ်။ Dynamics မှာ rotational နဲ့ translational ဆိုပြီး ၂ မျိုးရှိတယ်။ Rotational က moment ကြောင့် ဖြစ်တာဖြစ်ပြီး translational က force ကြောင့် ဖြစ်တာ ဖြစ်ပါတယ်။ သူတို့နှစ်ခုအတွက် စဉ်းစားရမယ့် parameters တွေလဲ ကွဲပြားသွားတယ်။ ပုံမှာ ကြည့်ကြည့်ပါ။

Moment of Inertia လေးမျိုးရှိတယ်။

(၁) Mass Moment of Inertia
(၂) First Moment of Inertia
(၃) Second Moment of Inertia or Area Moment of Inertia
(၄) Polar Moment of Inertia

(၁) Mass Moment of Inertia

အဲဒါကတော့ civil engineering မှာ မသုံးဖူးထင်ပါတယ်။ ဒါပေမယ့် အဲဒါကို သိရင် Second moment of inertia ကိုလဲ အလွယ်တကူနားလည်သဘောပေါက်နိုင်လို့ ဒါကစပြောပါမယ်။

အရာဝတ္ထုတစ်ခုကို force တစ်ခုပေးပြီး လည်ပတ်စေတဲ့အခါ လည်ပတ်တဲ့ ဝန်ရိုး (တစ်နည်းအားဖြင့် support/pivot point) ကိုမူတည်ပြီး လည်ပတ်တဲ့ ပမာဏဟာ ပြောင်းလဲ သွားတယ်။ ဥပမာအားဖြင့် တုတ်တစ်ချောင်းကို အလည်မှာကိုင်ပြီး လှည့်လိုက်မယ်ဆိုရင် သူဟာ လည်လာမယ်၊ ဒါပေမယ့် တုတ်တစ်ချောင်းကို အဖျားကကိုင်ပြီး လှည့်မယ်ဆိုရင် အလယ်မှာကိုင်ပြီးလှည့်သလို လည်လာစေဖို့က အားပိုစိုက်ရမယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ distribution of mass from axis of rotation ကြောင့် ဖြစ်ပါတယ်။

rotational axis ကနေကြည့်လို့ mass တွေက များလာလေလေ လည်နိုင်တဲ့ ပမာဏ နည်းလာလေလေပါပဲ။ ဒီတော့ Mass of Inertia I က m r^2 နဲ့တူပါတယ်။ r ဆိုတာက rotational of axis ကနေ ထောင့်မှန်ကျ အကွာအဝေးကို ဆိုလိုတာပါ။

နောက်ဥပမာတစ်ခုက solid ball တစ်ခုနဲ့ အလယ်မှာ အသားမရှိတဲ့ သံကွင်းတစ်ခု ကို လှိမ့်ကြည့်ပါ။ mass ချင်းတူပေမယ့် solid ball က မြန်မြန်နဲ့ ဝေးဝေးကိုပြေးပါလိမ့်မယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ solid case မှာ ဘောလုံးရဲ့ဗဟိုဝန်ရိုးကနေ အစွန်ကို equally distributed mass တွေအဖြစ်ရှိနေပေမယ့် သံကွင်းမှာတော့ edge of ring မှာသွားစုနေလို့ဖြစ်ပါတယ်။ အဲဒီအတွက် သံကွင်းရဲ့ Moment of Inertia က MR^2 ဖြစ်ပါတယ်။ Solid Ball အတွက်ကတာ့ ½ MR^2 ဖြစ်ပါတယ်။

ဒီတော့ hollow section က solid section ထက် moment of inertia ၂ ဆတောင်ပိုရှိပါတယ်။ ဒါဆိုဘာကြောင့် steel structure မှာ hollow section တွေ အသုံးများလဲဆိုတာ သိနိုင်ပါပြီ။ ဒါပေမယ့် တစ်ခုသတိထားရမှာက solid section နဲ့  hollow section နှစ်ခုစလုံရဲ့ mass ဟာ တူမှသာ ဒီလို အဓိပ္ပါယ်မျိုးကောက်ယူရမှာဖြစ်ပါတယ်။

နမူနာတချို့ကို ပုံမှာပြထားပါတယ်။ axis of rotation ပြောင်းသွားရင်ဖြစ်စေ၊ mass distribution ပြောင်းသွားရင်ဖြစ်စေ I တန်ဖိုးဟာလဲ ပြောင်းသွားပါတယ်။

(၂) First Moment of Area

ဒါကတော့ အားလုံးသိပြီးသားပါ။ Force x perpendicular distance ဖြစ်ပါတယ်။

(၃) Second Moment of Inertia

Mass moment of inertia နဲ့ကွာသွားတာက သူက mass ကိုမစဉ်းစားပဲ geometrical area distribution ကိုစဉ်းစားတာဖြစ်ပါတယ်။

ဥပမာအားဖြင့် beam တစ်ခုဟာ 300 mm (width) x 800 mm (depth) ရှိတယ်ဆိုပါစို့။
၈၀၀ မီလီမီတာကို ဒေါင်လိုက်ထားတာနဲ့ ၃၀၀ မီလီမီတာကို ဒေါင်လိုက်ထားတာ ဘယ်ဟာက ပိုပြီး deflection ဖြစ်မလဲ။
၃၀၀ မီလီမီတာကို ဒေါင်လိုက်ထားတာက ပိုပြီး deflection ဖြစ်မှာပေါ့။

ဘာကြောင့်လဲဆိုတော့ bending stiffness နည်းသွားလို့ ဖြစ်ပါတယ်။ bending stiffness က EI/L နဲ့စဉ်းစားလိုက်ရင် I များရင် bending stiffness များမယ်။ I နည်းရင် bending stiffness နည်းမယ်။ I က rectangular section ဆိုရင် bd^3/12.

Ixx က 300 x 800 ^ 3 /12 ၈၀၀ မီလီမီတာကို ဒေါင်လိုက်ထားတဲ့ကေ့စ်မှာ
Ixx က 800 x 300 ^ 3 / 12 ၃၀၀ မီလီမီတာကို ဒေါင်လိုက်တားထားတဲ့ကေ့စ်မှာ

ဒါဆို ဘယ်လိုထားရင် bending stiffness ပိုကောင်းမလဲ ဆိုတာ သိပါပြီ။
ဒါက Concrete beam တွေအတွက် ပြောတာပါ။

Steel Beam တွေကတော့ I,H section တွေ သုံးပါတယ်။ ဘာကြောင့် rectangular မသုံးလဲဆိုတော့ stress distribution အရကြည့်ရင် Neutral axis ကနေ အပေါ်ခြမ်းက compression နဲ့ အောက်ဘက်ခြမ်းက Tension အဖြစ်တဖြေးဖြေးများသွားတယ်။ ဒီတော့ အလယ်အသားတွေက မလိုအပ်ပဲ များနေတာပေါ့။ အဲဒါတွေ လှီးထုတ်လိုက်မယ်ဆိုရင် weight လဲပေါ့မယ်၊ economical လဲ ဖြစ်ပါတယ်။ အားတွေပိုများလာရင် depth များတဲ့ beam ကိုယူသုံးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာ ရှင်းပြခဲ့ပါပြီ။

Concrete က ပုံသွင်းရတာခက်လို့ I,H section မလုပ်ပါ။ လုပ်ချင်ရင်လဲ လုပ်ကြပေါ့နော်။ တံတားတွေမှာတော့ Super T section ဆိုပြီးတော့ သုံးကြတယ်။

ဒီ second area of moment or moment of inertia က In-plane အတွက် စဉ်းစားတာဖြစ်လို့ x,y axis မှာသက်ရောက်နေတဲ့ force တွေအတွက် စဉ်းစားတာဖြစ်ပါတယ်။
Z axis လို out of plane ကလာတဲ့ force ဆိုရင် ဘယ်လိုလုပ်မလဲ။

(၄) Polar moment of inertia

ဒါကတော့ z-axis ကလာတဲ့ force တွေအတွက် သုံးပါတယ်။ ရှာရတာ မခက်ပါဘူး။ Ixx နဲ့ Iyy ကိုပေါင်းပေးရုံပါပဲ။

နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာက parallel axis theorem ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ moment of inertia ကို သက်ဆိုင်ရာ structural element ရဲ့ centroid ကနေမစဉ်းစားပဲ x or y parallel axis တစ်ခုကနေ စဉ်းစားရမယ်ဆိုရင် အသုံးပြုပါတယ်။

အဲဒါမျိုးက axis ကိုမူတည်ပြီးစဉ်းစားသလို geometrical shape နဲ့ဆိုင်ပါတယ်။

Axis ဆိုတာ ၂ မျိုးရှိတယ်။ Local axis နဲ့ Global axis ဖြစ်ပါတယ်။
Local axis အရ beam တစ်ချောင်းကို x,y,z တစ်မျိုးသတ်မှတ်ပေမယ့် Global axis မှာတော့ အဲဒီ beam ဟာ local axis အတိုင်း ထားတဲ့ x,y,z axis မှာ ရှိချင်မှရှိမှာပါ။ ဥပမာပြောရင် plan ကနေကြည့်လို့ beam တွေဟာ Gloabal X and Y မှာ set-up လုပ်ထားတယ်။ horizontal axis မှာရှိတဲ့ beam တွေရဲ့ length ကို x-axis လို့မြင်ကြမယ်ဆိုရင် အဲဒီ beam ကို cross-section ကြည့်တဲ့အခါ Y axis ဟာ width ဖြစ်နေပြီး Z-axis ဟာ depth ဖြစ်နေပါလိမ့်မယ်။

အဲဒါက Etabs လို ဆော့ဝဲတွေသုံးရင် သတိထားရပါတယ်။ Beam တွေကို စဆွဲတော့ centre-to-centre ဆွဲထားတယ်။ အဲဒါကို column face ရောက်အောင် ပြန်ချုံ့တဲ့အခါမှာ reference axis ကို နားလည်မှ အဆင်ပြေပါလိမ့်မယ်။

ပြောချင်တာကတော့ shear wall,lift core လိုမျိုး individual member တွေဟာ building centre of rigidity ကနေ eccentricity ဖြစ်နေတဲ့အခါ stiffness ကို parallel axis theorem သုံးပြီး ရှာရပါမယ်။

နောက်တစ်ခု Geometrical Shape ဆိုတာက composite member လိုမျိုး T ပုံစံ ၊ L ပုံစံတွေဖြစ်နေရင် parallel axis theorem ကိုသုံးပြီး moment of inertia ကိုရှာရမှာဖြစ်ပါတယ်။

တွက်ပုံတွက်နည်းတွေကိုတော့ သက်ဆိုင်ရာ Text Book တွေမှာ ဖတ်ကြည့်ပါ။

ရှာရခက်နေရင်လဲ အောက်မှာ Russell Hibbeler ရေးတဲ့ Statics and Dynamics-12th edition ကို Textbook နဲ့ အဖြေစာအုပ်ပါ တွဲပြီး လင့်ရေးထားပါတယ်။ လေ့လာကြည့်ကြပါ။

ဗီဒီယိုဖိုင်နဲ့ လေ့လာချင်ကြရင် ဒေါက်တာ ရီဟန်ဝမ်ရဲ့ Mechanics of Materials လက်ချာစီးရီးအတွဲလိုက်ကို youtube မှာကြည့်နိုင်ပါတယ်။ လင့်လဲ ပေးထားပါတယ်။
အင်္ဂလိပ်စာလဲ လေ့လာပြီးသားဖြစ်တာပေါ့။

ဒေါင်းချင်ရင်တော့ address bar ကိုသွား www.youtube....... မှာ www.ssyoutube.... ဆိုပြီး ရိုက်ပြီး enter ခေါက်ရင် နောက်ပေ့ကိုရောက်မယ်။ အဲဒီမှာ ဒေါင်းရုံပါပဲ။ နားနားပြီးဒေါင်းပါ။ တစ်ခါဒေါင်းရင် ၅ ဖိုင်ထက်ပိုရင် သူက လင့်ကို ခဏပိတ်တတ်ပါတယ်။

အခြားဆရာတွေရဲ့ လက်ချာဗီဒီယိုဖိုင်တွေကိုလည်း လင့်ရှာပေးထားပါတယ်။
အဆင်ပြေကြပါစေ။

မေတ္တာဖြင့်
သူရ

Mechanics of Materials: Statics and Dynamics by Russell Hibbeler
https://drive.google.com/open?id=0BzLc9i_t0Z8WaWJlZWZSTW04cGM

Solution Manual-Mechanics of Materials: Statics and Dynamics by Russell Hibbeler
https://drive.google.com/open?id=0BzLc9i_t0Z8WUE0yVTVwNTZNcHM

Mechanics of Material lecture videos by Dr.Yifeng Wang
https://www.youtube.com/watch?v=eFB2l8XErP4&list=PLLbvVfERDon1pceRKOjAxiqFTEvghmZKh&index=32

Mechanics of Materials Lecture videos
https://www.youtube.com/watch?v=TjISqHs2eDQ&index=1&list=PLPmZdvqdyoV_-rYWb68bm_ZLF0MbQJVyy

https://www.youtube.com/watch?v=-NwrrjXlokU&t=17s
https://www.youtube.com/watch?v=W9fPGXyvrVM



0 comments:

Post a Comment

Disqus Shortname

Comments system