Wednesday, January 4, 2017

အပိုင်း(၁၆) Column တိုင်သာ compression နဲ့ bending တပြိုင်ထဲ ခံရမယ်ဆိုရင်

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း(၁၆)
Column တိုင်သာ compression နဲ့ bending တပြိုင်ထဲ ခံရမယ်ဆိုရင်

column ပေါ်မှာ ကျတဲ့ Load အခြေနေတော်တော်များများကတော့ axial အတိုင်းတည့်တည့်ကျမှာပဲ ဒါပေမဲ့ တချို့အခြေနေတွေမှာ တည့်တည့်မကျပဲ distance တစ်ခုအနေနဲ့ ကျပြီး moment ၀င်သွားတာလည်းရှိနိင်တယ်

design အရတွက်ချက်ပြီး လုံးဝ axial load ပဲထွက်မယ်ဆိုရင်တောင် ဒီအတိုင်းတော့လက်ခံလို့မရဘူး site အမှားကြောင့် eccentricities ၀င်သွားပြီး moment လေးတွေရှိနိုင်တယ်

column ထဲမှာသာ load တွေက moment အနေနဲ့ ၀င်လာရင် bending လည်းဝင်ပြီပဲ compression member ကနေ bending member လည်းဖြစ်သွားနိုင်တယ်

ဒါကြောင့် column design လုပ်မယ်ဆိုရင် အများစုက compression နဲ့ bending တွဲပြီး စဉ်းစားပေးရတယ်

ပုံမှာပြထားတာကတော့ column တိုင်တစ်လုံးက compression P နဲ့ moment M တစ်ပြုင်ထဲ ခံနေရတဲ့ပုံပါ

ဒါပေမဲ့ ဒီလိုအခြေနေမှာ သိပ်ပြီး ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး ကျလာတဲ့ moment ကို Load အဖြစ်ပြောင်းပြီး distance တစ်ခုကနေ လွဲပြီးကျခိုင်းလိုက်ရုံပဲ

ဆိုလိုတာက moment ကို Load နဲ့စားလိုက်မယ် distance တစ်ခုထွက်လာမယ် ရလာတဲ့ distance ကနေ load,P သက်ရောက်နေတယ်လို့ ယူဆလိုက်မယ်

ဒါကို equivalent eccentricity လို့ခေါ်ပါတယ် column တွေအကုန်လုံးကို ဒီနည်းနဲ့ပဲ classified လုပ်ကြပါတယ်

M/P = e , e ဆိုတာက လွှဲပြီးကျလာမဲ့ eccentricity distance ပါ.

အကယ်လို့ e တန်ဖိုးကသာ ငယ်မယ်ဆိုရင် အပေါ်ကနေကျလာတဲ့ load များလို့ failure ဖြစ်မယ်ဆိုရင် bending အနေနဲ့တော့ မဖြစ်ပါဘူး သွေဖက်ပြီး အားသက်ရောက်နေတဲ့ဖက်ခြမ်းကတော့ သံချောင်း yield ဖြစ်ပြီး ကွန်ကရစ်တွေ တဖက်စောင်းနှင်း ကွဲသွားနိုင်တယ် ပုံ c မှာပြထားပါတယ်

e တန်ဖိုးများရင်တော့ ပေတံတစ်ချောင်းကို ထိပ်ကနေ လိမ်ချိုးလိုက်သလိုမျိုး tension ၀င်ပြီး failure ဖြစ်ပါမယ်

ပုံထဲမှာတော့ eccentricity နဲရင် eccentricity ဖြစ်တဲ့ဖက်ခြမ်းမှာ သံချောင်း yield  ဖြစ်မယ်

များရင်တော့ သူနဲ့ ဆန့်ကျင်ဖက်ခြမ်းမှာ သံချောင်း yield ဖြစ်မယ်

e တန်ဖိုးများတာကို ပုံထဲမှာ large ecc.e လို့ရေးထားပါတယ်

column ပေါ်မှာ ကျတဲ့အလေးချိန်က column ရဲ့ ခံနိုင်အားထက်နဲနေရင်တော့ ပြသနာမရှိပါဘူး ကျတော်တို့က design စဉ်းစားကတည်းကကို factor လုပ်ပြီးသား load တွေနဲ့ စဉ်းစားခဲ့တာပါ ဒါပေမဲ့ အပြင်မှာ တကယ်လက်တွေ့ကျမှာက service load အဆင့်လောက်ပဲရှိပါတယ်

service load နဲ့ factor load ကို နဲနဲလေးခွဲပြီးပြောချင်ပါတယ်

Service load ဆိုတာက တကယ်အလုပ်လုပ်မဲ့ load ပါ ... ဆိုလိုတာက အိမ်ဆောက်ပြီးပြီဆိုရင် အဲ့ဒီအိမ်ထဲမှာ တကယ်ရှိနေမဲ့လူတွေရဲ့ Load

Factor load  ဆိုတာကတော့ design လုပ်ဖို့အတွက် safe ဖြစ်အောင်တိုးယူထားတာပါ

ကျတော်တို့လုပ်တဲ့ design တွေက factor load ပေါ်မှာအခြေခံထားတာပါ မှတ်ရလွယ်အောင်ပြောမယ်ဆိုရင်တော့ ဒီဇိုင်းခံနိုင်အားက အပြင်ကသက်ရောက်တာထက် ကြီးရင်ကြီး မကြီးရင် ညီရမယ်

အပြင်မှာရှိလာမှာထက်ကို နဲနဲပိုယူထားတဲ့အပြင် ပစ္စည်းရဲ့ ခံနိင်အားကိုလည်း လျှော့ပြီးခွင့်ပြုပါတယ်

ကျတော်ဒီအပိုင်းမှာ အဓိကပြောချင်တာကတော့ column ရဲ့ ထိပ်မှာ တည့်တည့်ကျလာမဲ့ compression ရှိမယ် beam တွေကနေ လာတဲ့ moment လည်းရှိမယ် ဒါကို ပုံ B မှာပြထားသလို moment တန်ဖိုးကို load နဲ့စားပြီး အကွာအဝေးတစ်ကနေ load ကျနေတယ်လို့ ယူဆပြီး compression plus bending ကို design လုပ်တာပါ

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း(၁၇)
Development length ဆိုတာ


0 comments:

Post a Comment

Disqus Shortname

Comments system