Monday, January 23, 2017

Wind Load part 2


ဟိုတစ်လောကရေးထားတဲ့ Wind Load အကြောင်းရဲ့ အဆက်ဒုတိယပိုင်းပါ။ ပထမပိုင်းကို ဖတ်ပြီးမှ အခုဒုတိယပိုင်းကို ဖတ်တာပိုပြီးကောင်းပါတယ်။
ပထမပိုင်းကို ဒီ Link ကနေ၀င်ရောက်ဖတ်၇ှုနိုင်ပါတယ်။

https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/

ကျနော် UBC 97 ကိုသုံးပြီး Wind pressure ကိုတွက်ထုတ်တဲ့အကြောင်းလေးရေးမှာပါ ။ UBC 97 ကို Reference လုပ်ရတာက ကျနော်တို့နိုင်ငံမှာ အများဆုံး Lateral load နဲ့ပတ်သတ်ရင် Reference လုပ်ပြီးတွက်ကြလို့ပါ။

Uniform Building Code 1997 (UBC 97 လို့ပဲအတိုကောက်ရေးပါ့မယ်) က American Society of Civil Engineer 7 – 88 (ASCE 7 – 88 ) ကိုအခြေခံပြီး တွက်ရတာလွယ်အောင်လုပ်ထားတဲ့ Code ပါ။ ASCE မှာ 7 ဆိုတာက “Minimum Design loads for Buildings and Other Strucutres” ကိုဆိုလိုတာပါ ။ design လုပ်ရမယ့် Wind speed ကို အမြန်ဆုံးလေတိုက်နှုန်းရယ် 3 sec gust ရယ်ကို နှိုင်ယှဉ်ပြီးယူထားတာပါ ။ Gust ဆိုတာက ရုတ်တရက် လေက တသတ်မတ်တည်းတိုက်ရာကနေ ပိုပြီးပြင်းပြင်းထန်ထန်တိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ 3 sec အတွင်းအပြင်းဆုံးပြောင်းသွားတဲ့လေကို ယူပါတယ်။ Gust က 3 sec to 8 sec ထိရှိနိုင်ပါတယ်။UBC 97 မှာအနီးအနားမှာ၇ှိတဲ့ အဆောက်အဦးရဲ့ မိမိအဆောက်အဦးကို ကာကွယ်တဲ့ shielding effect ကိုမယူရပါဖူး။ ကိုယ့်အနီးအနားမှာ၇ှိတဲ့ အဆောက်အဦးက တစ်ကယ်မှာတော့ Funneling effect (ကျဉ်းမြောင်းတဲ့ တောင်ကြား အပေါက်ကနေလေပိုတိုက်တဲ့ Effect) ဒါမှမဟုတ် Turbulence ကိုတိုးစေပါတယ်။ Turbulence ဆိုတာက ကျနော်တို့လေယာဉ်စီးတဲ့အခါ ပုံမှန်မဟုတ်တဲ့လေစီးကြောင်းနဲ့တွေ့လို့လေယာဉ်တုန်ခါနေတယ် ခါးပတ်ပတ်ထားကြပါဆိုတာမျိုးပြောတာကြားဖူးပါလိမ့်မယ်။ တူတူပါပဲ။ ပုံမှန်မဟုတ်ပဲ Pressure ပိုပြင်းတဲ့လေစီးကြောင်းတွေဖန်တီးနိုင်လို့ပါ။ နောက်ထပ်အကြောင်းရင်းတစ်ခုက ကျနော်တို့စဉ်းစားနေတဲ့ Building ဘေးမှာရှိတဲ့အဆောက်အဦးက ကျနော်တို့building design life မှာ ဖယ်ရှားလိုက်တာမျိုး (building design life ကိုပုံမှန်က နှစ်၅၀ သတ်မှတ်ပါတယ် ။ လွှတ်တော်လိုအဆောက်အဦးကိုတော့ Century building (100 yrs) လို့ Design Life သတ်မှတ်ပါတယ်။) ဖြစ်နိုင်လို့ပါ။

UBC 97 က တွက်ချက်ရတာမြန်ဆန်အောင်လို့ ရိုးရှင်းတဲ့ ယူဆချက်တွေဖန်တီးပါတယ်။ ဒါကြောင့် ဒီလို ယူဆချက်တွေကြောင့် Flexible building တွေမှာသုံးခွင့် UBC97 ကခွင့်မပြုပါဖူး။ Flexible building ဆိုတာက သူ၇ဲ့ အမြင့်နဲ့ အကျယ်အချိုးဟာ ၅ ဆထက်ကြီးတာ ၊ အဆောက်အဦး၇ဲ့ အမြင့်ဟာ ပေ ၄၀၀ ထက်မြင့်တဲ့ အဆောက်အဦးတွေကိုဆိုလိုပါတယ်။

UBC 97 မှာဖော်ပြထားတဲ့ provision တွေဟာ Normal force method (Method 1) အတွက် အမြင့် ၄၀၀ ပေ ကျော်တဲ့အဆောက်အဦးတွေ ။ Projected area method (Method 2) အတွက် ပေ ၂၀၀ ကျော်တဲ့အဆောက်အဦးတွေအတွက် မသုံးရပါဖူး ။ UBC 97 နဲ့ Cover မဖြစ်တဲ့အဆောက်အဦးတွေက ပေ ၄၀၀ ( Method 1) , ပေ ၂၀၀ (Method 2) ထက်ကျော်တဲ့ အဆောက်အဦးတွေပါ ။ အဲ့လိုအဆောက်အဦးတွေကိုတော့ Wind Tunnel Test result ကရတဲ့ result တွေနဲ့ Design လုပ်ရပါ့မယ်။

ပထမဆုံးကျနော်တို့ Design လုပ်မယ့်အဆောက်အဦးရဲ့ တည်နေရာကိုလိုက်ပြီး Basic Wind Speed ကိုယူရပါ့မယ်။ အခြားနိုင်ငံတွေမှာတော့ Wind speed map ဆိုပြီးရှိပါတယ် ။ကျနော်တို့နိုင်ငံမှာတော့ Myanmar National Building Code(MNBC) မှာ Wind Speed တွေကို မြို့တွေနဲ့တွဲပေးထားတာ၇ှိပါတယ်။ အောက်မှာလေ့လာကြည့်ပါ။ UBC 97 မှာပေးထားတဲ့ Wind speed ကတော့ Exposure C terrain ကို ၃၃ ပေအမြင့်မှာတိုင်းထားတဲ့ အမြန်ဆုံး Wind speed ကိုယူထားတာပါ။ နှစ် ၅၀ စာအတွက် recurrene interval စဉ်းစားထားတာပါ။ ဆိုလိုတာက နှစ် ၅၀ အတွင်းအများဆုံးဖြစ်နိုင်ချေ၇ှိတဲ့ Wind speed ကိုဆိုလိုတာပါ ။ 2% လောက်တိုးသွားနိုင်တယ်လို့ဆိုလိုပါတယ်။

Exposure Effect အကြောင်းလေးပြောပါ့မယ်။Exposure ဆိုတာဟာ အဆောက်အဦးနားမှာ၇ှိတဲ့ မြေမျက်နှာသွင်ပြင် အခြေအနေကိုဆိုလိုတာပါ။ အဆောက်အဦးတိုင်းက တခြားဘယ်အဆောက်အဦးနဲ့မှမတူတဲ့ မြေမျက်နှာသွင်ပြင်အနေအထား၇ှိပါတယ် ။ အခုလို ၇ိုး၇ှင်းအောင်လုပ်ထားတဲ့ Code တွေက အားလုံးအတွက် ခြုံငုံမိအောင် မလုပ်ထားနိုင်ပါဖူး ။ (ဒီနေရာကြုံလို့ တစ်ခုလောက်ပြောပြချင်ပါတယ်။ ACI Code ကပထမဆုံး Chapter 1.2.5 မှာအတိအလင်းပြောထားတာက ACI code ဟာ Minimum requirement တွေကိုသာရေးထားတာဖြစ်ပါတယ်တဲ့ ။ တစ်ကယ်လို့ ရေးထားတဲ့ Minimum requirement တွေထက်ပိုပြီးယူမယ်ဆိုရင် Code ကိုဆန့်ကျင်သလိုမဖြစ်ဖူးလို့ဆိုလိုပါတယ်။ တစ်ကယ်လို့ Local Building Code က ACI ထက်ပိုပြီးလွှမ်းမိုးမယ်ဆိုရင်လဲ Local Building Code ကိုယူပါလို့ဆိုပါတယ်။ ဥပမာ Residential building အတွက် live load 40 psf ယူရမယ်လို့ဆိုပါတယ် ။ ဒါပေမယ့် 50 psf လို့ယူလဲ Code ကိုဆန့်ကျင်တယ်လို့မပြောနိုင်ပါဖူး။ ကိုယ့်အဆောက်အဦးအကြောင်း ကိုယ်အသိဆုံးလို့ယူဆလို့ပါ။Designer မှာအဲ့လို ဆုံးဖြတ်ပိုင်ခွင့်၇ှိပါတယ်။ Code ဆိုတာက Designer တွေကို ကိုယ့်ဘာသာစဉ်းစားတတ်တာကို အားနည်းအောင်လုပ်တာမဟုတ်ပါဖူး ။ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှဆိုးလို့ ကာကွယ်ထားတာသူဖြစ်ပါတယ်။ ပေးထားတဲ့ Minimum standard တွေထက်နည်းလို့မရဖူးလို့ဆိုလိုချင်တာပါ။ )

Exposure ကိုဆက်ပါ့မယ် ။ ဒါကြောင့် ကိုယ့်အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် Exposure Categories တွေကိုခွဲပစ်လိုက်ပါတယ်။ UBC method မှာ Exposure 3 ခုခွဲပါတယ်။ ( B,C & D ပါ ). D ကအပြင်းထန်ဆုံးအခြေအနေဖြစ်ပြီး B ကအနည်းဆုံးသက်ရောက်နိုင်တဲ့အခြေအနေပါ ။ အဲဒီမှာမေးစရာ၇ှိတာက B,C,D ပဲပါပြီး A မပါဖူးလားလို့မေးစရာ၇ှိပါတယ်။ အင်္ဂလိပ်အက္ခရာက A ကနေစတာကိုး ။ ပါပါတယ် :D ။ A ဆိုတဲ့ Exposure က မြို့ကြီးတွေရဲ့ အလယ်လိုနေရာ ကိုယ့်ဘေးနားမှာ၇ှိတဲ့ အဆောက်အဦးတွေကလဲ အမြင့်ပေ ၇၀ ကျော်တဲ့ အခြေအနေကိုဆိုလိုပါတယ်။ ဒါပေမယ့် UBC ကဒါကို အသိအမှတ်မပြုပါဖူး ။ အဲ့လိုအခြေအနေကို Exposure B လို့ပဲယူဆခိုင်းပါတယ်။ ဒါကြောင့် A ဆိုတာမပါတာပါ။

Exposure B ဆိုတာကို ဒီလိုဆိုပါတယ်။ Exposure B မှာ မြေမျက်နှာသွင်ပြင်အနေနဲ့ အဆောက်အဦး ၊ သစ်တော ဒါမှမဟုတ် မညီညာတဲ့ မျက်နှာပြင်တွေဟာ ၁ မိုင် ဒါမှမဟုတ် ၁ မိုင်ထက်ပိုတဲ့အကွာအဝေးမှာ ၂၀ ရာခိုင်နှုန်းအနည်းဆုံး၇ှိနေတယ်လို့ဆိုလိုပါတယ် ။အလွယ်ဆိုတစ်မိုင်အတွင်း အနည်းဆုံး ၂၀ ၇ာခိုင်နှုန်းသော အကျယ်အ၀န်းကို အဆောက်အဦးတွေ ၊ သစ်တောတွေနဲ့ မညီညာတဲ့မျက်နှာပြင်တွေနဲ့ ပြည့်နေတယ်ဆိုလိုတာပါ။
(Exposure B has terrain with buildings, forest, or surface irregularities, covering at
least 20% of the ground level area extending 1 mile (1.61 km) or more from the site.)

Exposure C ကိုတော့ မြေမျက်နှာသွင်ပြင်အနေနဲပ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ အနည်းဆုံး ၁ မိုင်ခွဲ ဒါမှမဟုတ် ပိုသောအကွာအဝေးထိ၇ှိတယ်လို့ဆိုပါတယ်။ Building ကိုစက်ဝိုင်းအလယ်မှာထားကြည့်ပြီး လေးစိတ်စိတ်လိုက်ပြီး တစိတ်အပြည့်အခြမ်းတစ်ခုလုံးကို ယူရမယ်လို့ဆိုလိုပါတယ်။ ပြောချင်တာက တစ်ခါတလေမှာ ကိုယ်က ပင်လယ်ဖက်ကို မျက်နှာမူပြီး အဆောက်အဦးတစ်ခုဆောက်တယ်ပေါ့ ။ မျက်နှာမူရာဖက်က ပင်လယ်ဖက်ဆိုတော့ Exposure D (အောက်မှာအကျယ်ဖတ်ပါ) ၊ နောက်ဖက်ခြမ်းက Exposure C ဖြစ်နေနိုင်ပါတယ်။ ဒါမျိုးကို လေးပိုင်းပိုင်းပြီး One quadrant (90 degree) အပြည့်ယူရမယ်လို့ဆိုတာပါ။
အဲ့လိုတစ်ဖက်နဲ့တစ်ဖက်မတူရင် အဆိုးဆုံးအခြေအနေကိုယူရမယ်ဆိုပါတယ်။ Exposure D ကို Design Exposure အဖြစ်ယူရမှာပါ။
(Exposure C has terrain that is flat and generally open, extending one-half mile
(0.81 km) or more from the site in any full quadrant.)

Exposure D ကတော့ အဆိုးဆုံးအခြေအနေလို့ဆိုလိုနိုင်ပြီး Basic Wind speed 80 mph နှင့်အထက်၇ှိ၇ပ့ါမယ် ။ သူမှာ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ ရေပြင်ကြီးက အနည်းဆုံး ၁ မိုင် ဒါမှမဟုတ် ဒီ့ထက်ပိုရမယ်အခြေအနေပါ ။ Exposure D ကို ကုန်းတွင်းမှာ ¼ mile ဒါမှမဟုတ် အဆောက်အဦး အမြင့်ရဲ့ ဆယ်ဆမှာ ကြီးတဲ့တန်ဖိုးအထိယူရမယ်လို့ ပြောပါတယ်။ ဆိုလိုချင်တာက ကိုယ့်အဆောက်အဦးက ရေပြင်ကနေ ဘယ်အကွာထိ Exposure D အဖြစ်သတ်မှတ်ရမလဲဆိုတာကို UBC ကသတ်မှတ်နေတာပါ ။ အခုအတိုင်းဆို ပေ ၁၃၂၀ ( 0.25 x 5280) ဒါမှမဟုတ် အဆောက်အဦး အမြင့်ဆယ်ဆ ထိ Exposure D ထဲပါတယ်လို့ပြောချင်တာပါ။
(Exposure D represents the most severe exposure in areas of basic wind speeds of
80 mph (129 km/h) or greater, and has terrain that is flat and unobstructed facing large Minimum basic wind speeds in miles per hour ( × 1.61 for km/h). Bodies of water over one mile (1.61 km) or more in width relative to any quadrant of the
building site. Exposure D extends inland from shoreline one-fourth mile (0.4 km) or 10 times the building height, whichever is greater.)

Exposure ယူတဲ့အခါ D ကအလွယ်ဆုံးပါပဲ ။ေ၇ပြင်နားဆို D လို့သာယူလိုက် မမှားဖူးရယ် ။ ဒါပေမယ့် C နဲ့ D ကတော့ ယူရတာခက်ခဲပါတယ်။Code ထဲမှာဖော်ပြထားတာတွေက တူသလိုလိုဖြစ်နေတာကိုး ။ တခါတစ်လေမှာ ကိုယ့်အဆောက်အဦးနားက မြေမျက်နှာသွင်ပြင်က တသတ်မတ်တည်းမဖြစ်ပဲ ပြောင်းနေတတ်ပါတယ်။ အဲတော့ကိုယ်က B လို့ယူဆလိုက်တဲ့အချိန်မှာ သူများက C လို့ယူဆနိုင်ပါတယ် ။ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် ပိုပြီးပြင်းထန်တဲ့အခြေအနေကိုယူရပါ့မယ် ။ UBC က Exposure C ကို အကာအကွယ်မဲ့ ပြန့်ပြူးတဲ့မြေမျက်နှာသွင်ပြင်ကို 90 degree အတွင်းမှာ မိုင်ဝက်အတွင်း၇ှိရမယ်လို့ ဆိုထားပါတယ်။ (ကြိုက်တဲ့နေရာကနေ 0 to 90 degree quadrant ဆွဲလိုက်ပါ) ။ ဒါကြောင့် 90 degree ထက်နည်းမယ် ၊ မိုင်ဝက်ထက်နည်းမယ်ဆိုရင် B လို့ယူလိုက်ပါ ။ Exposure B နဲ့ C ကိုယူတာဟာ သင့်တော်တဲ့အခြေအနေကို ယူမိဖို့ ကျနော်တို့အေ၇းကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ခုကြားမှာ ကွာခြားချက်က 65 % ရှိပါတယ်။ ဆိုလိုတာက C ကိုရွေးသင့်တာကို ကျနော်က B လို့ရွေးရင် force 100 သက်ရောက်ရမယ့်နေရာမှာ 35 ပဲသက်ရောက်မိသလိုဖြစ်နိုင်ပါတယ် ။ တစ်ကယ်လို့ ကိုယ့် site ဟာ တောင်ကုန်းပေါ် ၊ အငူပေါ်ရောက်နေတဲ့အခါ Exposure C ကနေ D ကိုပြောင်းယူလိုက်ခြင်းအားဖြင့် ပိုပြင်းတဲ့ Wind ကိုရစေနိုင်ပါတယ်။ Designer အနေနဲ့ မသေချာမှတွေကိုကာကွယ်ဖို့အတွက် ပြောင်းယူလို့လဲရတဲ့ ဆုံးဖြတ်ချက်ကို ချနိင်ပါတယ်။ Designer က Building တစ်ခုလုံး Safe ဖြစ်ဖို့အတွက် တာဝန်အရှိဆုံးကိုး ။

အခုစာလဲ၇ှည်သွားပြီမို့ ဒုတိယပိုင်းကို ဒီနားမှာ ရပ်ခွင့်ပြုပါ ။ တတိယပိုင်းအနေနဲ့တော့ UBC 97 မှာပေးထားတဲ့ Wind pressure တွက်တဲ့ Equation က P = Ce Cq qs Iw ကို တစ်ခုချင်းစီအသေးစိတ်ရှင်းပြပါ့မယ်။

လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။

Ko Tuna (SYE)
14.1.2017
Ref: : UBC – 97 , MNBC
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath


0 comments:

Post a Comment

Disqus Shortname

Comments system