Wednesday, January 4, 2017

အပိုင်း(၁၃) ACI Code အရ Ties နှင့် Spirals တို့ဧ။် သတ်မှတ်ချက်များ

Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၃)
ACI Code အရ Ties နှင့် Spirals တို့ဧ။် သတ်မှတ်ချက်များ

Ties အကြောင်းကိုအရင်ပြောပါမယ် Ties အတွက်လိုအပ်ချက်က ၂ ခုပဲရှိပါတယ် ဘယ်လိုထားရမလည်းဆိုတဲ့ပုံစံရယ် ဘယ်လောက်အကွာထားရမလည်းဆိုတဲ့ spacing ရယ်ပါ

Ties ရဲ့ တစ်ကွင်းနဲ့တစ်ကွင်းအကွာဝေးဟာ ထိုက်သင့်သလောက်စိတ်ရပါမယ် ဘယ်ထိလည်းဆိုရင် ရှေ့ပိုင်းမှာပြောခဲ့သလို အပေါ်ကနေ Load ကျလို့ တိုင်ထဲက သံချောင်းတွေက ဘေးဖက်ကို concrete cover ကိုဖောက်ပြီး အပြင်ဖက်ကို ကျော်မသွားအောင်ပါ

column တိုင်ထဲမှာ cross tie ကွင်းတွေအများကြီး ကန့်လက်ဖြတ်ထားမယ်ဆိုရင်လည်း concrete လောင်းတဲအချိန်မှာ ပြသနာနဲနဲရှိနိုင်ပါတယ် ဒါကြောင့် သတ်မှတ်ထားတဲ့ code တွေရှိပါတယ်

-------------------------

ACI Code 7.10.5 ( For Ties )

All bars of tied columns shall be enclosed by lateral ties, at least No.3(#10) in size for longitudinal bar up to No.10(#36,#43,#57) and bundle longitudianl bars. The spacing of the ties shall not exceed 16 diameters of longitudinal bars, 48 diameters of tie bar, not the least dimension of the column.

သူဘာရေးထားသလည်းဆိုရင် column ထဲမှာရှိတဲ့ သံချောင်းတိုင်းကို ties ကွင်းတွေနဲ့ဝန်းရံထားရမယ်

ties ကွင်းအတွက်သုံးတဲ့သံချောင်းရဲ့ diameter က အနည်းဆုံး 10 mm bar ကနေ 36mm,43mm,57mm ထိရှိမယ်

tie ကွင်းတစ်ခုနဲ့တစ်ခု အဝေးဆုံးအကွာဝေးက main bar dia ရဲ့ ၁၆ ဆထက်မပိုရဘူး , tie bar dia ရဲ့ ၄၈ ဆထက်မပိုရဘူး , column ရဲ့ အနည်းဆုံး dimension ထက်မပိုရဘူး ဥပမာ ၉x၁၂ တိုင်ဆိုရင် ၉" ထက်မပိုရဘူး

The ties shall be so arranged that every corner and alternate longitudinal bar shall have lateral support provided by the corner of tie having an included angle of not more than 135' , and no unsupported bar shall be father than 6 in. clear on either side from such a laterally supported bar.

ဒီစာက ဘာကိုပြောချင်တာလည်းဆိုတာ ပုံကိုကြည့်ပြီးမှပဲရှင်းသွားပါလိမ့်မယ် column တိုင်ရဲ့ ဒေါင့်တိုင်းမှာ ties ကွင်းတွေနဲ့ချိုးထားရမယ် သူဆိုလိုချင်တာက longitudinal bar တွေကို ဘေးကိုမရွေ့သွားအောင်ထိန်းထားဖို့ပါ အဲ့လို ဒေါင့်ချိုးချိုးတဲ့နေရာမှာ ၁၃၅ ဒီဂရီထက်မပိုရဘူး

သူရေးထားတာ unsupported bar နဲ့ laterally supported bar ဆိုပြီး နှစ်မျိုးရေးထားပါတယ် ဒီနှစ်ခုကိုသေချာကွဲရပါမယ် ပုံထဲမှာလည်းမြှားတော့ထိုးထားတယ် tie ကွင်းရဲ့ ဒေါင့်မှာ ချိတ်မိနေတဲ့ bar ဆိုရင် laterally supported bar ပါ ဒေါင့်မှာ မချိတ်မိနေဘူးဆိုရင်တော့ laterally unsupported bar ပါ သူကို tie ကွင်းက ထိရုံလေးတင်ထိသွားတာ အကယ်လို့ သူတို့နှစ်ခုရဲ့ အကွာဝေးက ၆ လက်မထက်ပိုသွားခဲ့ရင် cross ties ဆိုတဲ့ ties ကွင်းအဆန်းကြီးတွေကို သုံးပေးရပါမယ်

Ties တွေနေရာမှာ rebar တွေမသုံးချင်ဘူးဆိုရင် deformed wire ဒါမှမဟုတ် welded wire fabric တွေနဲ့အစားသုံးလို့ရပါတယ် ဒါပေမဲ့ equivalent area တော့ဖြစ်ရမယ် အကယ်လို့ column တိုင်အနေထားအရ သံချောင်းတွေက စက်ဝိုင်းပုံစံရှိနေခဲ့မယ်ဆိုရင် circular ties သုံးချင်လည်းသုံးကြပေါ့ ဒါက ACI ကပြောတဲ့ code ပါ

---------------------------

ACI Code 7.10.4 ( For Spirals )

Spirals shall consist of a continuous bar or wire not less than 3/8 in. in diameter and the clear spacing between turns of spiral must not exceed 3 in. nor be less than 1 in.

ဒီစာက ဘာကိုပြောချင်တာလည်းဆိုတော့ ကျတော်ရှေ့မှာပြောခဲ့သလိုပဲ မြွေတစ်ကောင်က တိုင်ပေါ်ပတ်ပြီးတက်သွားသလို spirals တွေကလည်း continuous bar တွေနဲ့ တိုင်ရဲ့ အပေါ်ကို တစ်လျှောက်လုံးပတ်ပြီး တက်သွားရပါတယ် bar နေရာမှာ WIRE သုံးချင်လည်းသုံးပေါ့ ဒါက ACI Code ကပြောထားတာပါ ဒါပေမဲ့ သူ့ရဲ့ dia က 3/8 လက်မထက် မငယ်ရဘူး သူတို့ရဲ့ စပလိန်လို အ၀ိုင်းတစ်ခုနဲ့တစ်ခုကြားအကွာဝေးက ၃ လက်မထက်မကြီးရဘူး အနည်းဆုံးရှိထားသင့်တာကတော့ ၁ လက်မပေါ့

spiral ရဲ့ အလုပ်လုပ်ပုံကို ကျတော်ရှေ့မှာရေးခဲ့ပြီးပါပြီ နောက်လာမဲ့အပိုင်းမှာ spiral ပတ်တာနဲ့ circular tie သုံးတာနဲ့ failure ဖြစ်ပုံခြင်းကွာခြားပုံကို ဆက်ရေးပါမယ်

Aung Hla Min Naing
Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၄)
Spiral ပတ်ထားသော column ၏ failure ဖြစ်ပုံ


0 comments:

Post a Comment

Disqus Shortname

Comments system