Sunday, February 19, 2017

Site Mistake (11) Composite Slab


Site Mistake (11)


Site Mistake (11)
Composite Slab

Decking ခင္းၿပီး concrete ေလာင္းထားတဲ့ slabs ေတြမွာ Load carring capacity (ဝန္ထမ္းႏိုင္အား) ကို Decking နဲ႔ Concrete တို႔ Shear bond (ပူးကပ္ေနတဲ့တြဲဆက္မႈ) ကေနရပါတယ္။ အဲ့လို slab ကို composite slab လိုေခၚပါတယ္။

Rc slab မွာ concrete ရဲ႕ reinforcement က slab အတြင္းထည့္ထားတဲ့ rebars ေတြျဖစ္ၿပီး Composite slab မွာေေတာ့ Reinforcement က Decking ပါပဲ။ အပူနဲ႔ အက်ံဳ႕အၾကြ (temperature & shrinkage) ကို ထိန္းဖို႔အတြက္သာ wire mesh ေလးေတြကို ထည့္ပါတယ္။

ဒါေၾကာင့္ composite slab မွာ decking နဲ႔ concrete ရဲ႕ bond ကအရမ္းအေရးႀကီးပါတယ္။ အဲ့ shear bond ေလးပ်က္တာနဲ႔ composite slab မဟုတ္ေတာ့ပါ။ Decking က သူ႔ဖာသာ load ကိုသီးျခားထမ္းေနမွာျဖစ္ၿပီး concrete ကလဲ သူ႔ဖာသာ ထမ္းေနမွာပါ။.

ပံုမွာေတြ႔ရတဲ့ mistake ဟာဆိုလို႔ရွိရင္ Decking ရဲ႕ ေျမာင္းေလး(Trough) ေလးထဲအုတ္ေတြစီထားတာပါ။ အဲ့အုတ္ေတြက Decking နဲ႔ တြဲဆက္ေနမွာမဟုတ္ပါဘူး။ သက္သက္မဲ့သာ ဝန္ပိုေစမွာပါ။ (ဒီေနရာမွာ အုတ္ရဲ႕ strength ကိုလဲသြားထည့္တြက္မေနပါပဲ။ ဘာနဲ႔မွ bonding မေကာင္းႏိုင္တဲ့အတြက္ ဒါကို ထည့္စဥ္းစားလို႔မရႏိုင္ပါ)။ အဲ့ ေျမာင္း (Trough) ေတြမွာရွိေနရမယ့္ Decking နဲ႔တြဲဆက္ေနမယ့္ concrete မရွိေတာ့တဲ့အတြက္သက္သာသြားတဲ့ concrete တန္ဖိုးနဲ႔မကာမိေအာင္ပဲ composite slab ရဲ႕တန္ဖိုးကို အမ်ားႀကီးယုတ္ေလ်ာ့သြားေစပါတယ္။

ေနာက္ အဲ့ေျမာင္းေလး(Trough) ထဲမွာ Extral bar ေတြထည့္ၿပီးေတာ့လဲ Bending resistance ကို တက္ေအာင္လုပ္လို႔ရတာကို အုတ္ပါေနတဲ့အတြက္ လုပ္မရေတာ့ပါဘူး။

မွတ္ခ်က္ ၊ Site Mistake မ်ားကို Inspectors မ်ား Site Engineers မ်ား Supervisers မ်ားအတြက္ ကိုးကားႏိုင္ဖို႔ ရည္ရြယ္ေရးသားပါတယ္။
(ဗိုလ္ဗိုလ္ေက်ာ္)


Unicode






Site Mistake (11)
Composite Slab

Decking ခင်းပြီး concrete လောင်းထားတဲ့ slabs တွေမှာ Load carring capacity (ဝန်ထမ်းနိုင်အား) ကို Decking နဲ့ Concrete တို့ Shear bond (ပူးကပ်နေတဲ့တွဲဆက်မှု) ကနေရပါတယ်။ အဲ့လို slab ကို composite slab လိုခေါ်ပါတယ်။

Rc slab မှာ concrete ရဲ့ reinforcement က slab အတွင်းထည့်ထားတဲ့ rebars တွေဖြစ်ပြီး Composite slab မှာေတော့ Reinforcement က Decking ပါပဲ။ အပူနဲ့ အကျုံ့အကြွ (temperature & shrinkage) ကို ထိန်းဖို့အတွက်သာ wire mesh လေးတွေကို ထည့်ပါတယ်။

ဒါကြောင့် composite slab မှာ decking နဲ့ concrete ရဲ့ bond ကအရမ်းအရေးကြီးပါတယ်။ အဲ့ shear bond လေးပျက်တာနဲ့ composite slab မဟုတ်တော့ပါ။ Decking က သူ့ဖာသာ load ကိုသီးခြားထမ်းနေမှာဖြစ်ပြီး concrete ကလဲ သူ့ဖာသာ ထမ်းနေမှာပါ။.

ပုံမှာတွေ့ရတဲ့ mistake ဟာဆိုလို့ရှိရင် Decking ရဲ့ မြောင်းလေး(Trough) လေးထဲအုတ်တွေစီထားတာပါ။ အဲ့အုတ်တွေက Decking နဲ့ တွဲဆက်နေမှာမဟုတ်ပါဘူး။ သက်သက်မဲ့သာ ဝန်ပိုစေမှာပါ။ (ဒီနေရာမှာ အုတ်ရဲ့ strength ကိုလဲသွားထည့်တွက်မနေပါပဲ။ ဘာနဲ့မှ bonding မကောင်းနိုင်တဲ့အတွက် ဒါကို ထည့်စဉ်းစားလို့မရနိုင်ပါ)။ အဲ့ မြောင်း (Trough) တွေမှာရှိနေရမယ့် Decking နဲ့တွဲဆက်နေမယ့် concrete မရှိတော့တဲ့အတွက်သက်သာသွားတဲ့ concrete တန်ဖိုးနဲ့မကာမိအောင်ပဲ composite slab ရဲ့တန်ဖိုးကို အများကြီးယုတ်လျော့သွားစေပါတယ်။

နောက် အဲ့မြောင်းလေး(Trough) ထဲမှာ Extral bar တွေထည့်ပြီးတော့လဲ Bending resistance ကို တက်အောင်လုပ်လို့ရတာကို အုတ်ပါနေတဲ့အတွက် လုပ်မရတော့ပါဘူး။

မှတ်ချက် ၊ Site Mistake များကို Inspectors များ Site Engineers များ Supervisers များအတွက် ကိုးကားနိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)



0 comments:

Post a Comment

Disqus Shortname

Comments system