Saturday, December 2, 2017

Structural designer တစ်ယောက် ဖြစ်ဖို့

Civil အများစုဟာ Structure နဲ့ Design သဘောတရားတွေကို သိနားလည်ချင်ကြပါတယ်။ သို့သော်လည်း ဘယ်ကနေစပြီး လေ့လာရမယ်ဆိုတာကိုတော့ ရေရေရာရာ မသိကြသလို ဖြစ်နေတာမို့ အစဉ်လိုက် ပြောကြည့်ပါ့မယ်။
Structural Design ဆိုတာ အဆုံးသတ် final result ကတော့ member တွေရဲ့ အရွယ်အစား size တွေ၊ ပါဝင်ရမယ့် သံချောင်းအရွယ်အစားနဲ့ အရေအတွက်တွေ၊ အဆက် joint မှာသုံးရမယ့် bolt အရွယ်အစားနဲ့ အရေအတွက်တွေကို ပြောပြပေးခြင်းမျိုးပါ။
ဒါတွေသိဖို့အတွက် Design of concrete structure နဲ့ Design of steel structure တို့ကို ဖတ်ရပါမယ်။ နောက်တစ်ခါ..
Design ရဲ့ သုံးမယ့် material တွေကို နားလည်ဖို့က mechanics of materials MOM ကို ဖတ်ရပါမယ်။
Frame တွေအကြောင်းကို သိပြီး member အလိုက် force တွေ ခွဲဝေတတ်ဖို့ အတွက်လည်း Structural Analysis စာအုပ်ကို example ကောင်းကောင်းနဲ့တကွ ရှာဖတ်ထားရပါမယ်။
Structural Analyse လုပ်တတ်ဖို့ဆိုရင် Statics and Dynamic သဘောကို သိထားရမှာမို့ ဒီတစ်အုပ်ကတော့ အခြေခံပါ။
အစကနေ ပြန်ပြောရမယ်ဆိုရင် Structural designer တစ်ယောက် ဖြစ်ဖို့အတွက်....
Statics and Dynamics
Structural Analysis
Example in Structural Analysis
Mechanic of Materials
Design of Concrete structure
Design of Steel Structure
စာအုပ်တွေကို ဖတ်ထားဖို့ လိုပါမယ်။
လက်တွေ့အသုံးချဖို့အတွက် software အနေနဲ့က Etabs+ Safe သို့မဟုတ် Staad နဲ့
AutoCAD ကို မဖြစ်မနေ တတ်ထားရပါမယ်။
ဒီ့နောက်မှသာလျှင် code တွေကအစ soil test ပါမကျန် နယ်အစုံ သိထားဖို့ ဆက်ကြိုးစားရမှာပါ။ Statics and Dynamics နဲ့ MOM တွေကိုမှ နားမလည်ဘဲ software နဲ့ design တွက်ကြတဲ့အခါ optimum ဖြစ်ဖို့ မလွယ်ပါဘူး။ ဒီ့အပြင် အဆိုးဆုံးကတော့ ကွကို designer ယောင်ယောင် ဟန်ဆောင်မိကြရင်း ရင်တွင်းမှာတော့ သိမ်ငယ်သွားရ တတ်ပါတယ်။
လူဆိုတာကလည်း သိမ်ငယ်သွားရပြီဆိုရင် ဆရာအစစ်ကိုပါ မရှာတတ်ကြတော့ဘဲ ပညာတိုးတက်နှုန်းသည်လည်း အရမ်းနှေးကွေး သွားရတတ်ပါတယ်။
သိမ်ငယ်စိတ်ကြောင့် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ကြိုးစားနေရတာနဲ့တင် ပညာရှင်အစစ်ကို ရွံ့မုန်းလာတတ်ပါတယ်။ တပါးသူကို အထင်သေးခြင်း အထင်ကြီးခြင်းတွေ သရော်လှောင်ပြောင် ရှုံ့ချလိုခြင်းတွေ ဆက်လက်ပေါက်ဖွားလာတတ်ပါတယ်။
မိမိရဲ့ အင်ယာပညာနဲ့ အကြောင်းအရာရဲ့ ပြသနာကို တိုက်ရိုက်ဖြေရှင်းရမယ့်အစား လူပုဂ္ဂိုလ်ကိုသာလျှင် လူယုတ်မာ/သူတော်ကောင်း စသည်ဖြင့် ခွဲခြားဝေဖန်သုံးသပ် နေမိတတ်ပါတယ်။
အပေါ်က စာအုပ်တွေနဲ့ ပတ်သက်လို့ သင့်မယ်ထင်တာလေးတွေ ရွေးတင်ပေးလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ သီးသန့် စာအုပ်နာမည် ပြောရင်လည်း ပြန်ရှာပေးပါ့မယ်။ တစ်ပါးသူဆီက ကြားဖူးနားဝထက်စာရင် ကိုယ်တိုင်ဖတ်ဖူးမှသာ ကိုယ့်ကိုကိုယ် ယုံကြည်မှု self-confidence အမှန်တကယ် ရလာမှာပါ။


Statics and dynamics 14th ed(86.6MB)

https://drive.google.com/…/0B78-5-JoyB8idERfeldoa3A2Z…/view…


1 Structural Analysis 5th ed (50MB)

https://drive.google.com/…/1ncNuRmlMt6RIT4J0vgXE2uxMw…/view…

2 Example in structural analysis 2nd ed (9.8MB)
https://drive.google.com/…/1dPWhRZzdXupwTobvsnMMAf3bT…/view…



3 Mechanic of materials 10th ed (47.5MB)



https://drive.google.com/…/0B78-5-JoyB8ibmg3bVFnQV9OT…/view…


4 Reinforced Concrete design handbook SP 17-14(28.2MB)


5 Steel structure design and behaviour 5th ed (126.8MB)
https://drive.google.com/…/0Bz4-VNxPuIZRNVItYVZBMVFPQ…/view…

ဒါကတော့ နောက်ဆုံးထုတ် edition မို့ အဆစ် တင်ပေးလိုက်တာပါ။
6 Fundamentals of structural analysis 5th ed (2018) 49.8MB

https://drive.google.com/…/1BcQTkHS_UZk-KWyGpKulNE_HR…/view…
.
Credit Seith Min
 

0 comments:

Post a Comment

Disqus Shortname

Comments system