Saturday, December 19, 2015

Basics but essentials to know (2) Reinforced Concrete (Compatibility of Concrete & Steel)

Basics but essentials to know (2)
Reinforced Concrete
(Compatibility of Concrete & Steel)




အားလုံးသိတဲ့အတိုင်းပါပဲ Concrete ထဲကို Steel ထည့်ထားတာကို (တိတိကျကျ ပြောရရင် Reinforcement ထည့်တာကို) Reinforced concrete လို့ခေါ်ပါတယ်။

ဒီနေရာမှာ Concrete နဲ့ Steel က အတော်တွဲဖက်ညီတဲ့ အတွဲဖြစ်ပါတယ်။
တစ်ခုရဲ့ အားနည်းချက်ကို တစ်ခုရဲ့ အားသာချက်က ဖြေဖျောက်ပေးထားပါတယ်။

Concrete က tensile strength နည်းပါတယ်။ ဒါပေမယ့် Steel ကတော့ concrete ထက် အဆ ၁၀၀ ဝန်းကျင် tensile strength ရှိပါတယ်။ အဲ့မှာ Concrete နဲ့ steel ဟာ bond ကောင်းကောင်းနဲ့ တစ်ခုနဲ့တစ်ခု ပေါင်းစည်းပြီး တစ်ခုတည်းအနေနဲ့ Forces တွေကို resist လုပ်ပါတယ်။

နောက် Steel က Corrosion (သံချေးတက်ပါတယ်) ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို steel ကိုငုံထားတဲ့ Concrete တွေက Corrosion (သံချေးတက်တာ) ကနေ ကောင်းကောင်းကာကွယ်ပေးထားပါတယ်။

ဒါ့အပြင် Steel က Fire resistance နည်းပါတယ်။ ဒါပေမယ့် သူ့ကို ဝန်းရံထားတဲ့ ဖုံးအုပ်ထားတဲ့ concrete ကြောင့် မီးသင့်ဒဏ်ကို တော်တန်ရုံ ခံနိုင်ရည်ရှိပါတယ်။ သူတို့ နှစ်ခုရဲ့ Thermal expansion ကလည်း သိပ်မကွာဘူးဆိုတော့ အပူပြောင်းလဲမှုကို အတူတကွ ပူးပေါင်းပြီး ခံနိုင်ရည်ရှိပါတယ်။
Steel ရဲ့ Thermal coefficient က 0.0000065 ဖြစ်ပြီးတော့ concrete ကတော့ ပျမ်းမျှ 0.0000055 ဖြစ်ပါတယ်။

အပေါ်က ပြောသမျှက Basics တွေဖြစ်ပြီး အားလုံးလဲသိပြီး ဖြစ်မှာပါ။

အဲ့ကနေ ဘာအရေးကြီးမလဲ ဆိုရင် Concrete နဲ့ Steel က တသားတည်း နှစ်ခုကနေ တစ်ခုတည်းအနေနဲ့ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် Bond ကောင်းဖို့လိုပါမယ်။ အဲ့အတွက် Bond ကို ထိခိုက်စေမယ့်အရာအားလုံးရှောင်ရပါမယ်။ (ဥပမာ အင်္ဂတေချိုးတွေ သံချောင်းမှာ ကပ်နေတာမျိုး သံချောင်းကို ဆီတွေ ပေစေတဲ့အဖြစ်မျိုးတွေ)
နောက် Steel ကို corrosion နဲ့ fire resistance ကနေ concrete က ကာကွယ်ထားတာဖြစ်တဲ့အတွက် လုံလောက်တဲ့ concrete cover တွေရှိဖို့လိုပါတယ်။
Basics တွေကို အသုံးချတတ် စဉ်းစားတတ်အောင် ကြိုးစားပြီး ရေးကြည့်တာပါ။ အချိန်မရတဲ့အတွက် အားတော့မရပါဘူး။ ကြိုးစားပါဦးမယ် smile emoticon
Reference: Design of Reinforced Concrete 7th edition, McCormac J.C.
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system