Saturday, December 19, 2015

Basics but essentials to know (1) Water - Cement Ratio


Basics but essentials to know (1)
Water - Cement Ratio



အခြေခံလေးတွေဖြစ်ပြီး မသိမဖြစ်သိဖို့ လိုတာလေးတွေကို ရေးဖို့စိတ်ကူးရှိတာ ကြာတော့ကြာပါပြီ။ ဒါပေမယ့် ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူးဖြစ်နေတာ ခုမှပဲ ရေးဖြစ်ပါတယ်။
ဒီလို Series လိုက်ရေးဖို့ အစပျိုးထားတာတွေကလည်း 
"မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ" က အပိုင်း(၁၈) ထိရှိပါပြီ။
"Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ" က အပိုင်း(၁၂) ထိရှိပါပြီ။
"Learning ETABS" က အပိုင်း(၅) ထိရှိပါပြီ။
"ရောထွေးနေတာလေးတွေ ရှင်းကြည့်ခြင်း" က အပိုင်း(၃) ထိရှိပါပြီ။
"Site Engineer's Note" က အပိုင်း(၂) ထိရှိပါပြီ။

ရေးချင်တာက များနေပြီး စာရေးချိန်ကတော့ နည်းနေသေးတဲ့အတွက် ပြတ်တောင်းပြတ်တောင်းတော့ ဖြစ်နေမယ့်အကြောင်း ကြိုတင်တောင်းပန်ပါတယ် smile emoticon

Water - Cement Ratio
Concrete မှာ water-cement ratio နည်းလေလေ Strength တက်လေလေပါပဲ။ ဒါပေမယ့် Complete hydration ဖြစ်ဖို့အတွက် water-cement ratio(by weight) က 0.25 တော့လိုပါတယ်။ Workability ကောင်းအောင်တော့ 0.35 နဲ့ အထက်တော့ (ဘာမှမရောဘူးဆိုရင်) ရှိရပါမယ်။
ပုံမှာ water-cement ratio ပေါ်မူတည်ပြီး Strength ကွာခြားတာကို တွေ့နိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့က concrete ကို 1:2:4 တွေ 1:1.5:3 တွေအပြင် water-cement ratio မများဖို့ကိုလည်း အာရုံစိုက်ပေးဖို့ လိုပါမယ်။
Reference: Structural Concrete Theory and Design 4th edition
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system