Friday, August 17, 2018

လမ်း၊တံတားအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတ



Basic concept လေးပါ။ မေးတဲ့သူလဲရှိလို့ တင်ပေးလိုက်တယ်။ PE exam တွေမှာ မေးထားတာလဲ တွေ့မိပါတယ်။ Simplify လုပ်ပီး ပေါ့ပေါ့ပါးပါးဘဲ စဉ်းစားကြည့်ပါမယ်။
- Girder တစ်ချောင်းအပေါ်ကို ကားဘီးဖြတ်သွားရင် Max moment တန်းဘိုးကိုရှာဖို့ အရင်ဆုံး AASHTO ကသတ်မှတ်ထားတဲ့ HS loading အမျိုးအစားဆိုပါတော့။ သူ့မှာ axle ဘီးဝန်ရိုး - ၃ ခုပါပါတယ်။HS15-44,HS20-44 နဲ့ HS25 ဆိုပီးရှိပါတယ်။H-type loading အမျိုးအစားမှာ axle ဘီးဝန်ရိုး - ၂ခုပါပါတယ် H15-44, H20-44 စသဖြင့်ရှိပါတယ်။ 44 ဆိုတာ AASHTO က ၁၉၄၄ ခုနှစ်မှာ adopted အတည်ပြုထားတာဖြစ်ပါတယ်။ ဒုတိယကမာစစ်ပြီးတဲ့အချိန် အမေရိကန်ပြည်ထောင်စုမှာ စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးလာပြီး Heavy Truck တွေ တံတားပေါ် ဖြတ်သန်းနိုင်ဖို့ HS25 Class load ကို Upgrade လုပ်လိုက်တာပါ။
- ဒီဇိုင်းတွက်ချက်ရင် ရှေ့ဘီး axle နဲ့ အလယ်ဘီး axle ကို ၁၄ ပေအကွာ၊ အလယ်ဘီးဝင်ရိုးနဲ့ နောက်ဘီးဝန်ရိုးကို ၁၄ ပေကနေ ၃၀ ပေအထိ maximum stress ဖြစ်တဲ့အထိ ယူပါဆိုပီး AASHTO ကသတ်မှတ်ထားတယ်။ အခုပြထားတဲ့ပုံမှာတော့ ၁၄ ပေ - ၁၄ ပေစီဘဲယူထားပါတယ်။
- Girder တစ်ချောင်းပေါ်ကို axle load ဖြတ်တဲ့အခါမှာ ဒီဇိုင်းတွက်တဲ့သူ အဖို့ ဒီဇိုင်းတွက်ဖို့ max moment ကိုရှာဖို့လိုပါတယ်။ HS 25 class က HS20-44 ရဲ့ axle load ကို ၂၅% ထပ်တိုးထားတာပါ။ HS 20-44 axle wheel load ကို ၁.၂၅ နဲ့မြှောက်ရင် HS25 class ရဲ့တန်ဘိုးရပါတယ်။ HS20-44 ရဲ့ (ပုံ-၃ ကို ကြည့်ကြည့်ပါ 1kip=1000lb) ရှေ့ဘီးတစ်ဘီးက ပေါင် ၄၀၀၀၊ အလယ်ဘီးတစ်ဘီးက ပေါင် ၁၆၀၀၀ နဲ့ နောက်ဘီးတစ်ဘီးက ပေါင် ၁၆၀၀၀ စီရှိပါတယ်။ ၂၅% ထပ်ဆောင်းလိုက်ရင် HS 25 class ရဲ့ ရှေ့ဘီးတန်ဘိုးက ပေါင် ၅၀၀၀၊ အလယ်ဘီးတန်ဘိုး ပေါင် ၂၀၀၀၀ နဲ့ နောက်ဘီးတန်ဘိုး ပေါင် ၂၀၀၀၀ စီရပါတယ်။ ဒါကြောင့်မို့ HS 25 class load ရဲ့ ရှေ့ဘီးဝန်ရိုးဘီးနှစ်ဘီးအတွက် ဆိုရင် ပေါင် ၁၀၀၀၀၊ အလယ်ဘီးဝန်ရိုးနှစ်ဘီးအတွက် ပေါင် ၄၀၀၀၀ နဲ့ နောက်ဘီးဝန်ရိုးနှစ်ဘီးအတွက် ပေါင် ၄၀၀၀၀ ရှိပါတယ်။ တစ်တန်ကို ပေါင် ၂၀၀၀(short ton) နဲ့တွက်ရင်((10000+40000+40000)/2000) = 45 tons) HS25 class vehicle ရဲ့ ယာဉ်တစ်စီးအလေးချိန်က ၄၅ တန် 45tons/vehicle ရှိပါတယ်။
-maximum moment ကိုရှာဖို့ရန် အရင်ဆုံး ရှေ့ဘီး၊ အလယ်ဘီးနဲ့နောက်ဘီးမှာရှိတဲ့ wheel line load တွေရဲ့ load တွေသွားစုနေတဲ့ Resultant load ရဲ့ c.g(center of gravity) တည်နေရာကို ရှာဖို့လိုပါတယ်။ resultant load ရဲ့ တည်နေရာကိုရှာဖို့ ဘီးတစ်ဘီးနေရာကနေ moment လည်လိုက်ရင် ရပါတယ်။ Resultant load တန်ဘိုးက ဘီး ၃ ဘီးရဲ့ load တန်ဘိုးကို live load distribution factore နဲ့ မြှောက်ထားတဲ့ စုစုပေါင်းတန်ဘိုးဖြစ်ပါတယ်။ resultant load ရဲ့ position (ပုံ-၁ မှာပြထားတဲ့ x တန်ဘိုး) ရှာရမှာဖြစ်တဲ့အတွက် မသိကိန်းတစ်လုံးတည်းရှိပါတယ်။ Determinate ဖြစ်ပါတယ်။ moment လည်ပီးရှာလိုက်ရင် ပုံ-၁ မှာပြထားတဲ့ Resultant loadရဲ့ တည်နေရာ နောက်ဘီးကနေ resultant load ရဲ့ position အကွာအဝေး x တန်ဘိုးကိုရပါတယ်။
-ပုံ-၁ မှာ ဘီး-၃ ဘီးရဲ့ resultant load ဟာ နောက်ဘီးကနေ 9.33 ft မှာ သက်ရောက်နေပါတယ်။ အလယ်ဘီးနဲ့ resultant load ရဲ့ အကွာအဝေးကို လိုချင်ရင် 14 - 9.33=4.67 ft မှာ resultant load ကသက်ရောက်နေတာဖြစ်ပါတယ်။ ရရှိလာတဲ့ 4.67 ft ကို တစ်ဝက်ဝက်(4.74/2 = 2.33 ပုံ-၁ မှာ Girder တစ်ဝက်အနီလိုင်းရဲ့ ဘယ်ဘက်နဲ့ညာဘက်တစ်ဝက်စီခွဲထားပါတယ်) ပီးရင် girder mid span ရဲ့ တစ်ဝက်မှာ တစ်ဖက်ကို တစ်ဝက်စီထားလိုက်ရင် HS loading တွေရဲ့ maximum live load moment တန်ဘိုးကိုရပါတယ်။ Staad pro နဲ့ တွက်လဲဒီတန်ဘိုးဘဲရပါတယ်။ စမ်းကြည့်လို့ရပါတယ်။
-ဘီးကြောင့်ဖြစ်တဲ့ maximum live load shear ကို လက်တွက်နဲ့တွက်ချင်ရင် ပုံ-၂ မှာပြထားတဲ့အတိုင်း girder ရဲ့ support နေရာမှာ နောက်ဘီးကိုထားလိုက်ရင် maximum live load shear တန် ဘိုးကိုရပါတယ်။ staad နဲ့တွက်လဲ ဒီတန်ဘိုးပါဘဲ။

Credit Thet Lwin




1 comment:

  1. Civil Engineering MCQ questions and answers for an engineering student to practice, GATE exam, interview, competitive examination and entrance exam from mcqquestions.net.

    ReplyDelete

Disqus Shortname

Comments system