Monday, July 13, 2015

*** Self Compacting Concrete (SCC)***

*** Self Compacting Concrete (SCC)***
SCC က တဖြည်းဖြည်းခေတ်စားလာနေတဲ့ နည်းစံနစ်အသစ်တစ်ခုပါ။ ဒီနည်းစံနစ်ကို 1980 ပြည့်လွန်နှစ်များက ဂျပန်နိုင်ငံမှာ Mr. Okamura ဆိုသူကစတင်လေ့လာခဲ့ပြီး တိုကျိုတက္ကသိုလ်မှာ Mr. Ozawa ဦးဆောင်တဲ့ အဖွဲ့ က ဆက်လက် သုတေသနပြုခဲ့ကြပါတယ်။ 1988 ရောက်မှ
“High Perfoemance Concrete” ဆိုတဲ့ အမည်နဲ့ စတင်အသုံးပြုခဲ့ပါတယ်။
SCC ရဲ့ ထူးခြားချက်ကတော့ superplasticizer နဲ့  stabilizer တွေကို ကွန်ကရိဖျော်စပ်ရာမှာ ထပ်ထည့်ပြီး အလွန်ပျော့ပြောင်းချောမွေ့ ပြီးစီးဆင်းမှုကောင်းတဲ့ ကွန်ကရိကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် vibrator သုံးဖို့ မလိုဘဲ formwork အတွင်းပိုင်း နေရာအားလုံးမှာ segregation မဖြစ်စေဘဲ self weight ကြောင့် compaction အလုံအလောက်ရနိုင်ပါတယ်။ Strenght အနေနဲ့ကတော့ 24 နာရီအတွင်း 30-40 N/mm² (Grade 30 to 40) အထိရနိုင်ပါတယ်။
ယခုအခါမှာတော့ နိုင်ငံတော်တော်များများမှာ SCC ကိုသုံးစွဲမှုများလာတယ်လို့လေ့လာ သိရှိရပါတယ်။
ကျွန်တော်တို့  မြန်မာပြည်မှာ သုံးဖို့ အတွက်တော့  ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုကြောင့် အချိန်အတော်ကြာအောင် စောင့်ရဦးမယ်ထင်ပါတယ်။ နည်းပညာပိုင်းနေနဲ့တော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
SCC အကြောင်း စိတ်ဝင်စားသူများရင် သီးခြားခေါင်းစဉ်တစ်ခုအဖြစ် အချိန်ရတဲ့အခါ အကျယ်ထပ်ရေးဖို့ ကျိုးစားပါမယ် ကို Chamm Shwin ရေ့ ။
San Nwe Jun 3, 2015
******************************************************
San Nwe

0 comments:

Post a Comment

Disqus Shortname

Comments system