Monday, July 13, 2015
လမ်းအမျိုးအစားများ - အပိုင်း (၂) - Cold Mix Asphalt (CMA) နှင့်  Warm Mix Asphalt (WMA)
လမ်းအမျိုးအစားများ - အပိုင်း (၁) မှာ Flexible Pavement နဲ့ Rigid Pavement အကြောင်းကို မိတ်ဆက် အနေနဲ့  ဆွေးနွေးခဲ့ပြီး Flexible Pavement တည်ဆောက်ရာမှာ အသုံးများတဲ့ Hot Mix Asphalt နဲ့ Penetration Asphalt အကြောင်းကို အနည်းငယ်ဆွေးနွေးခဲ့ပါတယ်။ 
လမ်းအမျိုးအစားများ - အပိုင်း (၁) ကို မဖတ်ရသေးသူများ အောက်ပါ link မှာကြည့်နိုင်ပါတယ်။
https://www.facebook.com/notes/862260583836744
Flexible Pavement နဲ့  Rigid Pavement နှိုင်းယှဉ်ချက်ကိုတော့ အောက်ပါ link မှာပြထားပါတယ်။
https://www.facebook.com/notes/san-nwe/လမ်းအမျိုးအစားများ-အပိုင်း-၁-flexible-နှင့်-rigid-pavement-နှိုင်းယှဉ်ချက်များ/869839276412208
Cold Mix Asphalt (CMA) အကြောင်းကိုတော့ အသုံးနည်းတဲ့အတွက်ရော မြန်မာပြည် မသုံးဘူးလို့  ထင်တဲ့အတွက်ရောကြောင့် ရှင်းမပြဘဲ ချန်လှပ်ခဲ့ပါတယ်။ လမ်းအမျိုးအစားများ -အပိုင်း (၂) မှာ Flexible Pavement တည်ဆောက်နည်းများကို Japan နည်းစံနစ်ကို အခြေခံပြီး ဆွေးနွေးသွားမယ်လို့  ကြိုတင်စကားစခဲ့ပါတယ်။
ဒါပေမဲ့  မိတ်ဆွေတစ်ယောက်က comment မှာ CMA အကြောင်းရှင်းလင်းပေးဘို့ တောင်းဆိုထားတာကြောင့် ယခုအပိုင်း (၂) မှာဆွေးနွေးပေးပါမယ်။ တစ်ဆက်တည်းဘဲ ယခုအချိန်မှာ တဖြည်းဖြည်း ခေတ်စားလာနေတဲ့ Warm Mix Asphalt (WMA) အကြောင်းလည်း ထပ်ဖြည့်လိုက်ပါတယ်။ Flexible Pavement တည်ဆောက်နည်းများကိုတော့ အပိုင်း (၃) မှာဆွေးနွေးပေးပါမယ်။
၁- Cold Mix Asphalt (CMA)
Cold Mix Asphalt (CMA) ကို အပူပေးရန်မလိုခြင်း၊ ကြီးမားသောလမ်းကြိတ်စက်များမလိုခြင်းတို့ ကြောင့် လက်ဦးပထမကာလများက လမ်းပြင်ရာတွင် သုံးခဲ့ကြပါတယ်။
HMA နဲ့ CMA တို့ရဲ့ အဓိကကွဲပြားချက်ကတော့  CMA ဖျော်စပ်ရာတွင် ရောစာကျောက်နဲ့  ကတ္တရာကို အပူပေးရန်မလိုပဲ ပါတ်ဝန်းကျင်အပူချိန် (10°C-30°C) မှာရောစပ်နိုင်ပြီး HMA ကို (138°C-160°C) မှာရောစပ်ရတာဖြစ်ပါတယ်။ [Ref.3]
CMA ကို ရေဖျော်ထားတဲ့ ကတ္တရာ (water-based asphalt emulsion) နဲ့ ကျောက်စရစ် (သို့) ခွဲကျောက်ကို job nix formula အတိုင်း ရောနှောထားပါတယ်။  ကျောက်အစား ကတ္တရာလမ်းဟောင်းတွေက ပြန်ထုတ်ထားတဲ့ (asphalt millings) ကိုလည်း ကုန်ကျစရိတ် သက်သာဘို့ သုံးနိုင်ပါတယ်။ ကတ္တရာနဲ့  ကျောက် တွဲတဲ့အားကို (bonding) ကို ရေဖျော်ထားတဲ့ ကတ္တရာကရေတွေ အငွေ့ ပြန်ပြီး curing ဖြစ်သွားတဲ့အခါမှာ ရရှိပါတယ်။ အမေရိက နဲ့  ကနေဒါနိုင်ငံတွေမှာတော့ CMA ကို ready-mix အဖြစ် အိပ်တွေနဲ့ ထည့်ပြီးသားကို အဆင်သင့် ၀ယ်ယူအသံုးပြုနိုင်ပါတယ်။
Cold Mix Asphalt BagCold Mix Asphalt Bag
CMA in handCMA in hand
CMA in Road RepairCMA in Road Repair
အာရှနိုင်ငံတွေမှာတော့  India ဒေသအချို့ မှာသုံးတယ်လို့ သိရပါတယ်။ Brazil, Iraq, United Kingdom, Australia စတဲ့ နိုင်ငံတွေမှာလည်း သုံးတယ်လို့  လေ့လာသိရှိရပါတယ်။ (Ref. 2)
လမ်းခင်းပြီးလို့  Initial curing (အကြမ်းဖျင်း ၂၄ နာရီခန့်) ရပြီးတာနဲ့  သုံးလို့ ရပါပြီ။
CMA ရဲ့  အားသာချက်အချို့ ကတော့
  • ပျော့ပြောင်းပေမဲ့ အပူချိန်ပြောင်းလဲမှုကို ခံနိုင်ခြင်း
  • ဗဟိုဖျော်စက်ဖြင့်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ ထုတ်လုပ်နိုင်ခြင်း
  • ရေဖျော်ထားတဲ့ ကတ္တရာ (water-based asphalt emulsion) နဲ့ ကျောက်စရစ် လွယ်ကူစွာ ရောနှောနိုင်ခြင်း
  • သယ်ယူစရိတ်သက်သာခြင်း
  • အလွယ်တကူသိမ်းဆည်းနိုင်သည့်ပြင် တစ်ကြိမ်သုံးပြီး ပြန်လည်သုံးနိုင်ခြင်း (recyclable)
  • Hot Mix Asphalt မရနိုင်သည့် ကျေးလက်ဒေသလမ်းများအတွက် အလွယ်တကူသုံးနိုင်ခြင်း
CMA ထဲကို ဘိလပ်မြေ ၊ ထုံး စတဲ့ additive များထပ်ထည့်ပြီး ပိုမိုကောင်းမွန်အောင်လုပ်ခြင်းအားဖြင့် HMA နီးပါးခိုင်ခန့်အောင် လုပ်နိုင်ပါသေးတယ်။ [Ref. 3]
CMA နည်းစနစ်ကို အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။
https://youtu.be/noTpwZd-PwM
၂- Warm Mix Asphalt (WMA)
WMA နည်းစနစ်ကတော့ HMA နည်းစနစ်ထဲကို additive တွေထပ်ထည်ါပြီး ဖျော်စပ်ခြင်းနဲ့  လမ်းခင်းခြင်းတို့ကို HMA ထက်ပိုမိုနိမ့်ကျတဲ့ အပူချိန် (0°C-38°C) မှာ ပြုလုပ်နိုင်အောင် ဓါတုဗေဒအရောများနဲ့ ပြုပြင်ထားတဲ့ Mix Design ကိုသုံးပါတယ်။[Ref. 4]
WMAWMA
WMA ConstructionWMA Construction
WMA ရဲ့  အားသာချက်အချို့ ကတော့
  • ဖျော်စပ်ရာတွင် လောင်စာဆီကုန်ကျမှုသက်သာခြင်း
  • လမ်းခင်းရန်၊ သယ်ယူရန်၊ သိပ်သည်းအောင်ကြိတ်ရန်အတွက် အချိန်ပိုမိုရရှိခြင်း
  • လောင်စာဆီသုံးစွဲမှုနည်းသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
WMA အသုံးပြုမှုမှာ ယခုအခါ တဖြည်းဖြည်းပိုမိုခေတ်စားလာနေပြီဖြစ်ပါတယ်။ 2012 နှစ်စစ်တမ်းကောက်ယူမှုအရ အမေရိကန်နိုင်ငံတွင် ကတ္တရာထုတ်လုပ်မှု၏ ၂၅% မှာ WMA ဖြစ်ပြီး 2009 နှင့် နှိုင်းယှဉ်လျှင် 416% တိုးလာသည်ဟုဆိုပါသည်။
WMA နည်းစနစ်ကို အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။
https://youtu.be/r0Zr23C76MU
----------------********------------------------------------
References and further readings;
1. http://www.asmg.com/services_mixes_cma.html
2. http://www.coldasphalt.com/
3. Use of Cold Mixes for Rural Road Construction, International Conference on Emerging Frontiers in Technology for Rural Area (EFITRA) 2012
4. Pavement Design Guide, Texas Department of Transportation, January 2011
Credit
San NweSan Nwe
1 comment:
  1. I really like your blog. I really appreciate the good quality content you are posting here for free. I was looking to buy an cold mix asphalt but was looking for all the characteristics. Thanks for sharing all the information with us.
    ReplyDelete
Disqus Shortname
Comments system