အဆင့်(၁) ပထမဦးစွာ Unit Command (UN) ဝင်ကာ Length Type တွင် Decimal ၊ Insertion Scale တွင် Milimeters ထားပါ။
အဆင့်(၂) Limits Command (Limits) ဝင်ကာ Lower Left corner = 0,0 ၊ Upper Right Corner = 500 , 500ထားပေးပါ။
ပြီးလျှင် Circle Command (C) ဝင်ကာ Tan Tan Radius ကိုရွေးကာ အောက်ပါပုံတွင် ပေးထားသည့် အတိုင်း R = 70 , R = 65 ရှိသော အဝန်းပိုင်းလေးကိုရေးဆွဲပါ။ လိုသောအစိတ်အပိုင်းများကို Trim Command (TR) ဖြင့် ဝင်ကာ မလိုချင်သော အစိတ်အပိုင်းများကို ဖျက်ပေးပါ။
အဆင့်(၄) Home > View Group > SW Isometric ကိုရွေးပါ။ Closed Area ကိုထုတင် ချင်သောကြောင့် Presspull Command (PRESSPULL) ဝင်ကာ ထုကို 30 mm တင်ပေးပါ။
အဆင့်(၅) အောက်ခြေအနားများကို Fillet Command (F) ဝင်ကာ R = 15 ထားပေးပါ။ 3D Shape ကိုလိုချင်သောကြောင့် Visual Style တွင် Shaped With Edges ကိုရွေးပါ။
အဆင့်(၆) Home > View group > Front ကိုရွေးကာ အောက်ပါပုံတွင်ပေးထားသည့်အတိုင်း ရေးဆွဲပါ။ ပြီးလျှင် Presspull Command (PRESSPULL) ဝင်ကာ ထုကို 70 mm တင်ပေးပါ။
အဆင့်(၇) Subtract Command (SU) ဝင်ကာ လိုချင်သော Object ကိုမှတ်ကာ မလိုချင်သော Object ကို ဖယ်ထုတ်ပေးပါ။ ဒါဆိုအောက်ခြေဖောင်းကြွပုံစံလေးကိုရရှိလာမည်ဖြစ်သည်။
အဆင့်(၈) Home > View Group > Visual Style တွင် Shaded With Edgesကိုရွေးပါ။ ခေါင်းပွဖြစ်ချင်သောကြောင့် မူလ 2D Shape ကို Presspull Command (PRESSPULL) ဝင်ကာ ထု 2mm ထားပေးပါ။
အဆင့်(၉) Midpoint မှ ကိုင်ကာ မူလ Solid Shape ၏ Midpoint တွင်ထားပေးပါ။ Subtract Command (SU) ဝင်ကာ အပြင် Solid ကို Select မှတ်ကာ ဖယ်ထုတ်မည့်အတွင်း solid ကို Select မှတ်ပါ။ ဒါဆိုအောက်ပါပုံလေးကို ရရှိလာမည်ဖြစ်သည်။
အဆင့်(၁၀) Home > View Group > Top ကိုရွေးပါ။ ပြီးလျှင် Home > View Group > SW Isometric ကို ဝင်ကာ Presspull Command (PRESSPULL) ရွေးကာ ထုကို 50mm တင်ပေးပါ။
အပေါက်ဖေါက်ချင်သောကြောင့် Subtract Command (SU) ဝင်ကာ အပြင်ဘက် Object ကိုselect မှတ်ကာ လိုချင်သောအတွင်း object ကို select ပေးပါ။ ဒါဆို ဆပ်ပြာခွက်လေးကို အပေါက်ဖေါက်ထားသည့် ပုံစံလေးကို ရရှိလာမည်ဖြစ်သည်။
Post ကို Offline eBook လေးအဖြစ်ဒေါင်းချင်တော့…AutoCAD ဖြင့် Soap တစ်ခုဖန်တီးခြင်း
Drawing file လေးဒေါင်းချင်ရင်တော့…..soap case design
Credit http://www.mmdataworld.com/
0 comments:
Post a Comment