Wednesday, June 29, 2016

Concrete Admixtures - အပိုင်း (၁)

ကျွန်တော် post မတင်နိုင်တာတော့ အတော်ကြာသွားပါပြီ။ ခုတော့ ရတဲ့အချိန်လေးထဲကနေ Concrete Admixture တွေအကြောင်း ဆွေးနွေးချင်ပါတယ်။
*********************
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (၁)



(၁) နိဒါန်း
ကွန်ကရိတွင် အဓိကပါဝင်သည့် ပစ္စည်းများမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် နှင့် ရေတို့ပင်ဖြစ်ပါသည်။
ယခုခေတ်ကွန်ကရိလုပ်ငန်းအများစုတွင် သာမန်ထက် ပိုမို ကောင်းမွန်သည့် ကွန်ကရိရရှိရန်၊ လုပ်ကိုင်ရလွယ်ကူစေရန်စသော အကြောင်းများ ကြောင့် ကွန်ကရိAdmixtureများကို တွင်ကျယ်စွာ အသုံးပြုကြပါသည်။
Admixture များကို အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စု (၂) ခွဲနိုင်ပါသည်။
(၁) Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) ဖြစ်ပါသည်။
Mineral Admixture ကို Supplementary Cementitious Material (SCM) ဟုလည်း သုံးနှုံးကြပါသည်၊ ဓါတုအရောများကို များသောအားဖြင့် အရည်ပုံစံဖြင့်တွေ့ ရလေ့ရှိပြီး တွင်းထွက်သတ္တုအရောများကိုမူ အမှုန့် ပုံစံဖြင့်တွေ့ နိုင်ပါသည်။
ပုံ (၁) Mineral Admixtures (SCM)
ပုံ (2) Chemical Admixtures
ပုံ (၃) Admixture အမျိုးအစားများ ခွဲခြားထားပုံ
ASTM C 494 အရ Chemical Admixture Type များကို အောက်ပါအတိုင်း အသေးစိတ် သတ်မှတ်ထားပါသည်။
Type A: Water-reducing admixtures
Type B: Retarding admixtures
Type C: Accelerating admixtures
Type D: Water-reducing and retarding admixtures
Type E: Water-reducing and accelerating admixtures
Type F: Water-reducing, high range admixtures
Type G: Water-reducing, high range, and retarding admixtures
Type S: Specific performance admixtures
ပုံ(၃) တွင်ပြထားသည့် Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) အကြောင်း တစ်ခုချင်းစီကို အပိုင်းများခွဲ၍ ဆက်လက်ဆွေးနွေးသွားပါမည်။

အပိုင်း (၂) တွင် Mineral Admixtures များမှ Fly Ash အကြောင်း ဖတ်ရန် အောက်ပါ Link ကို နှိပ်ပါ။
+++++++++++++++++++
San Nwe 22/Jun/2016
+++++++++++++++++++

0 comments:

Post a Comment

Disqus Shortname

Comments system