Tuesday, January 5, 2016

What is BIM?

DEFINITION OF BIM
Building Information Modeling (BIM) is a digital representation of physical and functional characteristics of a facility. A BIM is a shared knowledge resource for information about a facility forming a reliable basis for decisions during its life-cycle; defined as existing from earliest conception to demolition.
ယနေ့ခေတ်မှာ လူသိများလာတဲ့ BIM အကြောင်းလေးကို ကိုယ်လေ့လာမိသလောက် တင်ပြခြင်းသာဖြစ်ပါတယ်။ စတင်လေ့လာနေသူ ကျောင်းပြီးစ အင်ဂျင်နီယာငယ်များကို ရှင်းလင်းပြခြင်း ဖြစ်တာကြောင့် လိုအပ်ချက်တွေရှိရင်လည်း ဆရာကြီး၊ဆရာမကြီးများက ထောက်ပြကြပါဗျာ။


BIMဆိုတာ အရှင်းဆုံးပြောရရင် စက်ရုံတစ်ခုတည်ဆောက်သည်ဖြစ်စေ၊ Plant တစ်ခု တည်ဆောက်သည်ဖြစ်စေ၊ အဆောက်အအုံတစ်ခုတည်ဆောက်သည်ဖြစ်စေ ဘာတွေလုပ်ကိုင်မယ်၊ဘယ်လိုတည်ဆောက်မယ်၊ ဘယ်လို အရည်အသွေးတွေ ထည့်သွင်းစဉ်းစားမယ်၊ လုပ်ငန်းဆိုင်ရာ ဘယ်လိုအလုပ်တွေလုပ်မလဲဆိုတာကို General Worker မှသည် Project Manager,CEO တွေအထိ လူအားလုံးက အလွယ်တကူ သိရှိနားလည် သဘောပေါက်အောင် Digital နည်းပညာဖြင့် ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မိမိတည်ဆောက်မယ့် Facility(e.g building,plant, platform, factory…)အကြောင်းနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ပါဝင်တဲ့လူတွေအားလုံးကို ဖြန့်ဝေပြီး လုပ်ငန်းလုပ်ကိုင်ရာမှာ အမှားနည်းနိုင်သမျှနိုင်အောင် လုပ်ကိုင်ဖို့ပဲဖြစ်ပါတယ်။ မိမိတို့ တည်ဆောက်လိုက်တဲ့ အဆောက်အဦးဟာ သူ့ရဲ့ Life-cyle ရှိနေသမျှကာလပတ်လုံး ထိန်းသိမ်း ပြုပြင်မှုတွေ၊ ချဲ့ထွင်တည်ဆောက်မှုတွေ စသည်ဖြင့် လုပ်ရာမှာလည်း ဒီ သတင်း အချက်တွေက ယုံကြည်စိတ်ချစွာနဲ့ ဆုံးဖြတ်ချက်တွေချရာမှာ ကူညီပေးနိုင်ပါတယ်။ စတင်တည်ဆောက်ဖို့ Planning စတင်လုပ်ချိန်မှ စလို့ ဖျတ်ဆီး ဖြိုဖျက်တဲ့ အချိန်အထိ BIM ရဲ့ သတင်းအချက်အလက်တွေက ထောက်ကူမှုပေးပါတယ်။


BIM BENEFITS
1. Faster drafting without loss of Cost and Quality
2. High level of Customization and Flexibility
3. Optimization of Schedule and Cost
4. Seamless Coordination and Collaboration
5. Conflict Detection and Risk Mitigation
6. Easy maintenance of Building Life Cycle
BIM ကိုအသုံးပြုတဲ့ အတွက် ရလာမယ့် အကျိုးကျေးဇူးတွေကတော့ ယေဘူယျအားဖြင့် ခြောက်ချက်ခွဲနိုင်ပါတယ်။
၁။ အရင်ခေတ်ကဆိုရင် အလုပ်တွေအတော်များများမှာ Drawing တွေမရှိပဲ လုပ်ကိုင်ခဲ့ကြလို့ အချိန်တွေ အများကြီးကြာပါတယ်။ မှားလိုက်၊ပြင်လိုက်လုပ်ရတော့ ကုန်ကျစရိတ်ရော၊ အလုပ်ချိန်ရော မြင့်မားပြီး အချိန်ကုန်၊လူပန်း၊ငွေကုန်ဖြစ်ကြပါတယ်…။ အနည်းငယ်တိုးတက်လာကြတဲ့ ၂၀ ရာစုမှာတော့ 2D Drawing ပုံတွေ ဖန်တီးပြီး၊3D ပုံတွေကို ကွန်ပျူတာနဲ့ ဆွဲလိုက်တော့ နည်းနည်း ပိုမြန်လာပါတယ်။ အခု ၂၁ ရာစုခေတ်မှာတော့ ပိုမို ကောင်းမွန်လာပြီး Software တွေတစ်ခုနဲ့ တစ်ခုပါ ချိတ်ဆက်သုံးလာနိုင်ပြီး 3D Software(e.g Autocad, Revit, Tekla Structure, Robot Structure, PDMS, Smart Plant,etc)တွေနဲ့ Visualize လုပ်နိုင်လာတယ်။ ကိုယ်တည်ဆောက်မယ့် အဆောက်အဦးကို မတည်ဆောက်မီကတည်းက Analysis တွေလုပ်နိုင်လာတယ်။
၂။ Drawing Board တွေနဲ့ ဆွဲတဲ့ အချိန်တုန်းကတော့ အခက်အခဲတွေရှိတာက Drawing Revisionတွေ၊ Modification တွေလုပ်တဲ့ အခါ ပြင်ရတာ အချိန်တွေကြာပါတယ်။ အခုတော့ ဒီလိုမဟုတ်တော့ပဲ မိမိလိုသလို Customize လုပ်တာ၊ လုပ်ငန်းရဲ့ ပြောင်းလဲမှုအတိုင်း အလွယ်တကူ လိုက်လံ ပြောင်းလဲနိုင်တာ(Flexibility) တွေ ဖြစ်လာပါတယ်။
၃။ကုန်ကျမယ့် စရိတ်နဲ့ လုပ်ငန်း(သို့) ပရောဂျက်ရဲ့ လုပ်ငန်းစဉ်တာတွေကို အကောင်းဆုံးနဲ့ စရိတ်အနည်းဆုံးဖြစ်အောင် တွက်ချက်နိုင်တာတွေလည်း ရှိလာပါတယ်။
၎။ အရင်တုန်းကလို ကုမ္ပဏီတစ်ခု၊အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်လို့ မရတော့ပါဘူး။ အားလုံးဟာ ဒီခေတ်မှာ Owner, Client, Contractor, Sub-contractor စတဲ့ အဆင့်လိုက် သူ့ရဲ့ အလုပ်နဲ့ လုပ်ရမယ့် အရာများ(Scopes) တွေကို ခွဲခြားပြီး အလုပ်ကို WBS လို့ခေါ်တဲ့ Work Breakdown Structure လုပ်ပြီး ဆောင်ရွက်ကြပါတယ်။ ဒီအထဲမှာ ပစ္စည်းတွေနဲ့ အလုပ်လုပ်ရတာ မဟုတ်ပါဘူး။ လူတွေ ရာနဲ့ ထောင်နဲ့ ချီပြီး ပရောဂျက်ကို လုပ်တဲ့ အခါ သူတစ်မျိုး ငါတစ်ဖုံ မလုပ်ကြပဲ ပန်းတိုင်ကို အတူလျှောက်လှမ်းတဲ့ ပုံစံနဲ့ စီစဉ်ဆောင်ရွက်နိုင်မှုကိုလည်း ထောက်ကူပါတယ်။
၅။ Architecture သမားကလည်း ငါပြောတာ အကုန်လုပ်၊ ငါပေးတဲ့ Plan ပုံအတိုင်းနေရာချ၊ Structure သမားကလည်း Columnတွေ၊Beam တွေကို ထောင်ချင်သလိုထောင်၊ ဆက်ချင်သလို ဆက်၊ MEPသမားကလည်း Pipeတွေ၊ Cable တွေ၊ Valve တွေကို ဆင်ချင်သလို ဆင်၊ငါမှန်ရင် ပြီးရင် လုပ်ကြ။ ပြီးမှ တကယ့်ဆိုဒ်ထဲမှာ Clash တွေဖြစ်ပြီး စကားတွေများ လုပ်နေကြရင် ပရောဂျက်လည်း အချိန်မီ ပြီးမှာ မဟုတ်ပါဘူး။ အဲဒီတော့ Trade မတူညီတဲ့ နေရာက ခေါင်းဆောင်များဟာ ပရောဂျက်မစတင်မီကတည်းက Clash Detection တွေလုပ်ရပါတယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတဲ့ နေရာများကို Critical ပြပေးတာမျိုး၊ Work Load များတဲ့ နေရာများကို Man Power ပိုထည့်ပြီး လုပ်ခိုင်းတာမျိုး၊ စသည်ဖြင့် ကြိုတင်စဉ်းစားလို့ ရနိုင်ပါတယ်။
၆။ မိမိတို့ Professional ပီသစွာ လုပ်ခဲ့တဲ့ ဒီ ပရောဂျက်ဟာ သက်တမ်းရှိနေသမျှ ကာလပတ်လုံး ထိန်းသိမ်းပြုပြင်ဖို့အတွက် Information တွေ အကုန်ပါဝင်တဲ့ BIM System ကြောင့် လွယ်ကူသွားပါတယ်။
ကျွန်တော့် Video ဖိုင်ထဲမှာလည်း ကိုယ်သိသလောက်လေးကို ရှင်းပြထားပါတယ်။
(ကျောင်းသားတွေကို ရှင်းနေတုန်း အသံသွင်းထားတာမို့လို့ ဆရာကြီးလေသံပေါက်နေသလို ဖြစ်သွားရင် ခွင့်လွှတ် နားထောင်ပေးကြပါ )


Ko Andrew
EduGate Training Center
E-learning Developer and Freelancer
No.96,1st Floor, Hlae Dan Street, Lanmadaw Tsp
Postal Code: 11131
Yangon, Myanmar
Contact No. 09422 540 237, 09263 281 989
 

0 comments:

Post a Comment

Disqus Shortname

Comments system