Monday, January 4, 2016

How to Become A Successful;Qualified and Proficient Engineer - Part-2

How to Become A Successful;Qualified and Proficient Engineer
**********************************************
Part-2
‪#‎Ethics‬ and Behaviors
1.‪#‎Honesty‬
အင်ဂျင်နီယာတစ်ယောက်အတွက် စောင့်ထိန်း အပ်တဲ့ ကျင့်ဝတ်တစ်ခုပါ။ လုပ်ငန်းခွင် အသီးသီးမှာ ဝင်ရောက် တာဝန်ယူနေကြရတဲ့ အင်ဂျင်နီယာများ ဟာ ရိုးသားကြရပါမယ်။ မိမိ အလုပ်ထဲမှာ ပြုလုပ်ရမယ့်လုပ်ငန်းဆောင်တာများကို သိရင်သိတယ် မသိရင်မသိဘူးလို့ ရိုးသားစွာ ဝန်ခံခြင်းပါ။ အလုပ်တစ်ခုလုပ်တဲ့အခါမှာ ကိုယ်ကသိသလို တတ်သလို နှင့်တကယ်မသိပဲ ညာဖြီးမယ်ဆိုရင်တော့ ဆုံးရှုံးနစ်နာမှုတွေများစွာ ကြုံတွေ့ကြရမှာပဲဖြစ်ပါတယ်။ မိမိ အထက်အရာရှိ က မေးတဲ့အခါမှာ နည်းပညာရပ်များ အလုပ်နှင့်ဆိုင်သောအကြောင်းအရာများကို သိရင်သိတယ် တတ်ရင်တတ်တယ် မသိရင်မသိဘူး မတတ်ရင်မတတ်ဘူး အမှန်အတိုင်းရိုးသားစွာ ဖြေဆိုကြရမှာပဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာဆိုသည်မှာ တည်ဆောက်ရေး ကုန်ထုတ်လုပ်မှု ဝန်ဆောင်မှု ထိန်းသိမ်းပြု ပြင်မှု တီထွင်ဖန်တီးမှု လုပ်ငန်းကြီးတွေမှာ တာဝန်ယူကြရတဲ့ အတတ်ပညာ အသိပညာရှင် တာဝန်ရှိသူတွေ ဖြစ်တာကြောင့် မိမိရဲ့ လိမ်ညာမှုက မိမိ အလုပ်နှင့် မှီတင်းနေကြသော လူအများ ။ စက်ပစ္စည်း ကိရိယာများအပေါ်တွင် များစွာအကျိုးယုတ်စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မသိသေးရင် လေ့လာပါ။ သိသလိုလိုနဲ့ အပေါ်ယံ လောက်ရမ်းမဖြီးဖို့ ဆိုလိုထားခြင်းဖြစ်ပါတယ်။
2.‪#‎Justice‬
တရားမျှတမှု ရှိနိုင်ပါစေ။ လာဘ် ပေး လာဘ် ယူမှု မျိုး တစ်ယောက်ကို တစ်ယောက် နိုင့်ထက်စီးနင်းပြု တာမျိုး အနိုင်ကျင့်တာမျိုး အခွင့်အရေး ယူသင့်တာထက် ပိုယူတာမျိုး သူတစ်ပါးအားနည်းချက် ကို ချုပ်ကိုင် စော်ကားတာမျိုး မပြုလုပ်ကြပဲ တရားနည်းလမ်းကျကျမျှမျှ တတ ဆောင်ရွက် တတ်အောင် ကြိုးစား ကြဖို့ တိုက်တွန်းထားခြင်းဖြစ်ပါတယ်။
3.‪#‎Courtesy‬
Courtesy ဆိုတာက ယဉ်ကျေးစွာ ပြုမူ ဆင်ခြင် ခြင်းနှင့် လေးစာသမှု ထားရှိခြင်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ထဲ မှာ မိမိ ထက် အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အလုပ်အတွေ့ အကြုံ များစွာ ရှိထားတဲ့ အင်ဂျင်နီယာ အကြီးအကဲများ။ အင်ဂျင်နီယာမဟုတ်တဲ့ ဝါရင့်ကျွမ်းကျင်သူများကိုလည်း လေးစာသမှု နဲံဆက်ဆံ တတ်ဖို့လိုပါတယ်။ အရမ်းကြီးရိုကျိုးနေဖို့မလိုပဲ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် လေးစားသမှုနဲ့ လုပ်ကိုင်ကြရမှာပဲဖြစ်ပါတယ်။ အလုပ်ခွင်မှ အကြီးကဲ များ မိမိထက် ပညာ အတွေ့အကြုံ ကြီးရင့် သူများစကားကို နာထောင်ပြီး ဝေဖန် ပိုင်းခြားနိုင်စွမ်းရှိရပါမယ်။ အင်ဂျင်နီယာတွေ ဟာ နည်းပညာရပ်များ အတွေ့အကြုံကောင်းများကို လုပ်ငန်းခွင်အသီးသီးမှာ လေ့လာသင်ယူနေကြရတာဖြစ်ဖို့အလုပ်ထဲ က သင်ဆရာမြင်ဆရာ ကြားဆရာများရဲ့ ပညာနဲ့ အတွေ့အကြုံတွေ ကိုယူတတ်ရပါတယ်။ မိမိ ကိုယ်ကို တက်ကြွနေပြီး အစဉ်အမြဲ သင်ယူမှု တံခါးကိုဖွင့်ထားကြရမှာပဲ ဖြစ်ပါတယ်။ မိမိရဲ့ အထက် အင်ဂျင်နီယာ ကို လိုက်လျောညီထွေ စွာပေါင်းသင်းထားရမှာဖြစ်ပြီး လူရိပ်လူကဲ မျက်နှာရိပ် မျက်နှာကဲ ကြည့် မသိတာ မေးသင့်တာမေး ဆွေးနွေးသင့်တာဆွေးနွေးရပါမယ်။ အများကြီး မေးဖို့ တော့ မလုပ်ပါနှင့်။ နည်းနည်း နည်းနည်းဖြင့် များများရအောင်စုကြရမှာ ပါ။ ဒါကြောင့် courtesy ဟာ အလွန်ပင်အရေးကြီးပါတယ်။
သက်ဆိုင်ရာအထူးပြု ဘာသာရပ်အလိုက် အင်ဂျင်နီယာ ဘွဲ့ များရရှိခဲ့ကြတဲ့ ကျွန်တော် တို့ အနေနဲ့ ပညာရေးမှာ် ဘွဲ့ရရုံဖြင့် ပြီးဆုံးပြီ လို့ မခံ ယူပဲ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် လေ့လာသင်ယူကြဖို့ လိုအပ်ပါတယ်။
ကောင်းမွန်တဲ့ အပြောင်းအလဲများနဲ့ အတူ မိမိကိုယ်ကို ပညာရည် တိုးတက်မြင့်မားအောင် စွမ်းဆောင်ကြိုးပမ်းကြရမှာပဲ ဖြစ်ပါတယ်။
တဖြည်းဖြည်း အရည်အချင်းပြည့်ဝ တဲ့ အင်ဂျင်နီယာ များဖြစ်လာအောင် အားထုတ် ကြရမှာဖြစ်သလို အရည်အချင်းပြည့်ဝ လာတာ နှင့် အမျှ အပြောအဆို၊ အနေအထိုင်၊ အကျင့်သိက္ခာ မြင့်မားစွာ ထိန်းသိမ်းနေထိုင်သွားကြရမှာပဲ ဖြစ်ပါတယ်။
သင်ကြားတတ်မြောက်ပြီးတဲ့ နည်းပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ် မှာ ကောင်းမွန်မှန်ကန်စွာ အသုံးချ နိုင်ဖို့ ကြံဆောင်ကြရမှာ ပါ။ အချိန်နှင့်အမျှ စဉ်ဆက်မပြတ် မြန်ဆန် စွာ တိုးတက်ပြောင်းလဲ နေတဲ့ နည်းပညာသစ်များကိုလည်း လက်လှမ်းမှီစွာ လိုက်နိုင်ဖို့ အရေးကြီးလှပါတယ်။
ကိုယ်ကျင့်တရားမြင့်မားမှုမရှိရင် မိမိနှင့် ပတ်ဝန်းကျင်ကိုများစွာ ထိခိုက်နစ်နာ စေမှာဖြစ်လို့ ကိုယ်ကျင့်တရားမြင့်မားသော စွမ်းရည်ထက်မြက်သောအင်ဂျင်နီယာ နည်းပညာရှင် တွေ ဖြစ်ဖို့ မိမိကိုယ်ကို ဆက်လက်ထိန်းသိမ်းကြိုးစားသွားရမှာ ဖြစ်ပါတယ်။
အင်ဂျင်နီယာ ကောင်းများ လိုက်နာစောင့်ထိန်းရမယ့် ပညာရှင်ကျင့်ဝတ် တွေ ကိုလည်း လိုက်နာစောင့်ထိန်းဖို့ လိုအပ်သလို လုပ်ငန်းခွင်စည်းကမ်းများ ကိုလည်း စနစ်တကျ ရိုသေလေးစားစွာ လိုက်နာပြီး စံနမူနာ ယူထိုက်တဲ့ ရှေ့ဆောင်လမ်းပြ အင်ဂျင်နီယာ ပညာရှင်များ ဖြစ်လာအောင် အစဉ် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
‪#‎Success‬
အောင်မြင်မှု
အောင်မြင်မှု ဆိုတာက တော့ လူတိုင်းအာသီသ
အ ဖြစ်အလိုရှိကြတာချည်းပါပဲ။ အောင်မြင်ခြင်းကို တိုင်းတာတဲ့ပေတံ တွေ တော့ တစ်ယောက်နှင့်တစ်ယောက်တူညီကြမှာမဟုတ်ပါဘူး။ လူတိုင်း နီးပါးအောင်မြင်ချင်ကြလေ့ရှိကြပါတယ်။ တကယ်တော့ အောင်မြင်မှု ဆိုတာ မိမိဝါသနာပါရာ အလုပ်မှာ နှစ်သက်မြတ်နိုးစွာ လုပ်ရခြင်း။ မိမိ အရည်အချင်းတွေ ကို စိန်ခေါ် ထုတ်သုံးရခြင်း။ မိမိ အလုပ်ကို ကောင်းသထက်ကောင်းအောင်တီထွင်ဖန်တီး တွေးတော လုပ်ကိုင်ရခြင်း။ တစ်ဆင့်ထက်တစ်ဆင့် မြင့် မားစွာ ခေါင်းဆောင်နိုင် တာဝန်ယူလာနိုင်ခြင်း။ နေ့စဉ်နှင့်အနှင့်အမျှ မိမိကိုယ်ကို တိုးတက်လာစေခြင်း။ အများအကျိုးပြုနိုင်ခြင်း။ မိမိကျွမ်းကျင်သော ဘာသာရပ် လုပ်ငန်းကိုအများအတွက် မျှဝေ သင်ကြားပြသပေးနိုင်ခြင်း
တို့ ဟာ မိမိရဲ့ အောင်မြင်ခြင်းပဲ မည်ပါတယ်။ ထိုကဲ့သို့သောအောင်မြင်မှုမျိုးရဖို့ တစ်ဦးနှငိ့တစ်ဦးတော့ အခြေအနေ အချိန်အခါ အခွင့်အလမ်း နေရာ အသိဥာဏ် ကိုယ်ရည်ကိုယ်သွေး တူညီကြမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ရည်မှန်းရာ အောင်မြင်မှု ကိုရဖို့ဆိုတာ အပတ်တကုတ် ကျားကုတ်ကျားခဲ့ကြိုးစားကြရမှာဖြစ်ပြီးအခက်ခဲ ကြုံမဖြုံစတမ်း ပြသနာကြုံ မကြောက်စတမ်း ရင်ဆိုင် နိုင်ဖို့ စိတ်အားတင်းထားရပါမယ်။ မိမိ ရဲ့စိတ်က အရေးကြီးပါတယ်။ အောင်မြင်ချင်ရင်အောင်မြင်အောင်လုပ်ဖို့ စိတ်အားထက်သန်မှု က အရေးကြီးဆုံးပါ။ စိတ်အားထက်သန်မှလည်းမိမိ အလိုရှိရာကိုတွေးတော လုပ်ဆောင် ကြိုးစားရယူနိုင်မှာပဲဖြစ်ပါတယ်။ အောင်မြင်ဖို ကြိုးစားရာမှာ သူများရဲ့ အောင်မြင်မှုကို လုယူလို့ မရပါဘူး။ ကိုယ်နည်းကိုယ့်ဟန် ဖြင့် အောင်မြင်အောင် တိုးထွက်ကြရမှာပဲ ဖြစ်ပါတယ်။ သူများရဲ့ အောင်မြင်နေတဲ ရာထူးနဲ့ လုပ်ပိုင့်ခွင့်ကိုမတရားသောနည်းလမ်းနဲ့ လုယူလိုက်တာ ဟာ စစ်မှနိသောအောင်မြင်ချင်းမျိုးမဟုတ်ပဲ အောက်တန်းကျသောစိတ်ဓာတ်သာ ဖြစ်ပါတယ်။
မိမိ က သူ့နေရာကိုရောက်ချင်ရင် သူ့လိုအရည်အချင်းအချင်းမျိုး သူ့ထက်သာသောခေါင်းဆောင်မှုတာဝန်ယူမှုမျိုး အများထက်သာသော တီထွင် ဖန်တီးမှု စိတ်ကူး မျိုး အကောင်းမြင်စိတ်ထားမျိုး ထားရှိမွေးမြူလေ့ကျင့်သွားကြရမှာ ဖြစ်ပြီး တစ်နေ့မှာ မိမိအလိုရှိတဲ့ ပန်းတိုင်းကိုမလွဲမသွေ ရကြရောက်ကြမှာပဲ ဖြစ်ပါတော့တယ်။
Resources:
၁။ ဆရာကောင်းထက်ညွန့် -ACMV ၏ ဆုံးမ စကား
၂။ ဆရာချောလွင် ဆရာအောင်ကြွယ်ညွန့် တို့၏ ဆုံးမ စကားများ
၃။ စင်ကာပူ မှ ကိုဘုန်းမြတ်ကျော်၏ ပြော စကားများ
၎။ သက်လင်း (အလုပ်ရှာလမ်းညွှန်) စာအုပ်
၅။ တစ်ပတ်အတွင်း Cover Letter ကောင်း တစ်စောင် ရေးနည်း
အောင်စည်သာ( မြန်မာပြန် ) စာအုပ်
၆။ လင်းသိုက်ညွန့် ( မြန်မာ့မြေ ) Success & Motivation Books
၇။ ဦးကျော်ကျော်လှိုင် (Smart) ၏ ပြော စကား များ
Photo: Internet
အထက်ပါ အချက်အလက်များကိုလိုက်နာရမယ်လို့ မဆိုလိုပါ။ မိမိ အသိဥာဏ်ဖြင့် စဉ်းစားဝေဖန် ဆုံးဖြတ် လုပ်ဆောင်နိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တွေးမိဖတ်မှတ်မိတာလေးတွေ ကို စနစ်တကျ အစီစဉ်အလိုက် မှီငြမ်းပြု ချဲ့ကားရေးထားခြင်းသာဖြစ်ပါတယ်။ တစ်သက်လုံးအသုံးဝင်နိုင်မှာ ဖြစ်ပါတယ်။
တစ်စုံတစ်ရာအမှားအယွင်း ရှိပါ က ဆရာများ၏ မှားယွင်းမှုမျိုးမဟုတ်ပဲ မိမိ ၏ နုနယ်သော အသိပညာကြောင့် အမှားဖြစ် သွားခြင်း သာ ဖြစ်ပါမည်။ အသိပညာ ပေးခဲ့သောဆရာများ ကိုရိုသေစွာရှိခိုးကန်တော့လိုက်ပါတယ်။စာတွေ ရှည်သွားလို့ part 1 and part 2 ဖြစ်သွားပါတယ်။
Johnny Arkar
Can download as pdf version in the following link;
https://www.dropbox.com/…/How%20to%20become%20A%20good%20En…

0 comments:

Post a Comment

Disqus Shortname

Comments system