Sunday, January 24, 2016

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၃)

About Curing

မေး - Curing လုပ်ရင် ဘာကြောင့် Strength ကောင်းတာလဲ ခင်ဗျာ။
ဖြေ - Concrete သွန်းလောင်းပြီး သွားရင် Concrete ထဲမှာပါတဲ့ ဘိလပ်မြေနဲ့ ရေနဲ့ ဓာတ်ပြုပါတယ်။ အဲဒီဓာတ်ပြုမှုဖြစ်စဉ်ကို Hydration လို့ခေါ်ပါတယ်။
ဒီဓာတ်ပြုမှုဖြစ်စဉ်ကြောင့် paste က မာကြောလာပါတယ်။ Concrete strength က အဲဒီဓာတ်ပြုမှုဖြစ်စဉ်အပေါ်မှာ မူတည်နေပါတယ်။
ဓာတ်ပြုမှု (Hydration) ဖြစ်နေသမျှ strength ကတက်နေမှာ ဖြစ်ပြီး ဓာတ်ပြုမယ့်ရေကုန်ခမ်းသွားရင်ဖြင့် strength တက်ခြင်းလည်း ရပ်သွားမှာ ဖြစ်ပါတယ်။
Concrete သွန်းလောင်းတုန်းကပါတဲ့ရေကလည်း အငွေ့ပြန်တာနဲ့ ဓာတ်ပြုတာနဲ့ ကုန်ခမ်းသွားမှာဖြစ်တဲ့အတွက် နောက်ထပ်လိုအပ်တဲ့ရေကို ပြန်ဖြည့်ပေးရပါတယ်။
အဲလိုရေထပ်ဖြည့်ပေးတာမျိုး၊ Concrete သွန်းလောင်းတုန်းကပါတဲ့ရေကို ဆုံးရှူံးမှုမရှိအောင် (ဥပမာ မိုးကာအုပ်ခြင်း) ကာကွယ်ပေးထားတာမျိုးကို Curing လို့ခေါ်ပါတယ်။
ဒါကြောင့် Curing လုပ်ခြင်းက Strength ကိုတက်စေတာပါ။
Curing လုပ်တဲ့ အကျိုးကျေးဇူးကို Concrete strength တက်မှုနဲ့ ပုံမှာလေ့လာကြည့်နိုင်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)


0 comments:

Post a Comment

Disqus Shortname

Comments system