Sunday, January 24, 2016

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၅)

Structural Safety
 မေး - ဘာလို့ Structure Design တွက်ချက်ထားတာထက် လျော့ဆောက်တာကို မပြိုရတာပါလဲ။
 ဖြေ - Structure Design တွက်ချက်ရာမှာ ယူထားတဲ့ Safety Margin ကြောင့်ပါ။ှStructure တစ်ခု Failure (ပြို) မဖြစ်ဖို့ဆိုရင် loads (Q) ထက် Strength (S) ခံနိုင်ရည်က များရပါမယ်။ Safety Margin (M) ဆိုတာ Strength(S) ထဲက Loads(Q) ကို နုတ်တာ M=S-Q ပါပဲ။ ဘာလို့ Safety Margin ယူရသလဲဆိုရင် အဓိကအချက်ကြီး(၃) ချက်ရှိပါတယ်။ 1) Variability in Strength သံချောင်းတွေ အနေအထားမမှန်တာတွေ၊ သံချောင်းတွေ member ဆိုဒ်တွေအတိမ်းအစောင်းရှိနိုင်တာတွေ၊ Material Strength တွေ သတ်မှတ်ထားတာနဲ့ ကွဲလွဲနိုင်တာတွေကြောင့် Strength က ခန့်မှန်းထားတာနဲ့ ကွဲလွဲမှုရှိနိုင်ပါတယ်။ 2) Variability in Loadings တကယ် Structure မှာရှိနေမယ့် loadings တွေက ယူဆထားတာနဲ့ ကွဲလွဲနေမှာပါပဲ။ Load distribution ကလဲ ယူဆထားတာနဲ့ ကွဲလွဲနိုင်တာပါပဲ။ 3) Consequences of Failures Safety Level စဉ်းစားရာမှာ members တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။ အကြမ်းအားဖြင့် Beam ထက် Column က မြင့်နေမှာပါ။ အချို့ Structures တွေမှာ member တစ်ခု failure ဖြစ်ပေမယ့် load redistribution နဲ့ ဘေး members တွေက ကူထိန်းသွားနိုင်ပေမယ့် တချို့ Structure မှာတော့ member တစ်ခုပြိုရင် အားလုံးပြိုသွားနိုင်ပါတယ်။ ဒါကြောင့် redistribution မရှိရင် safety level မြင့်ပါမယ်။ ဒီလို ကွဲလွဲမှုတွေရှိရုံနဲ့ Structure ကို Failure မဖြစ်စေချင်တဲ့အတွက် Safety Margin ကို ယူတာပါ။ မဟုတ်ရင် အပေါ်က (1) နဲ့ (2) ကအချက်တွေ လျော့သွားတာနဲ့ Failure ဖြစ်မယ်ဆို ဘယ်လို Safe ဖြစ်တော့မလဲ။ ဒါကြောင့် ဒီလို Devaition တွေရှိတဲ့အတွက် Safety ယူထားတာပါ။ (Deviation တွေနဲ့ Alloawable Tolerance တွေကို ဒီမှာ မပြောတော့ပါဘူး။ ချန်ထားခဲ့ပါမယ်။) လက်ရှိ ကျွန်တော်တို့သုံးနေတဲ့ Strength Design က Safety Margin ရအောင် loads ကို တိုးယူပါတယ်။ ခံနိုင်ရည်ကိုတော့ လျော့ယူပါတယ်။ ဒီလို ACI code အရ load factor တိုးယူတာနဲ့ Strength ကိုလျော့ယူတာက Probability အရ 1/1000 နဲ့ 1/100 အသီးသီးရှိပါတယ်။ Structure တစ်ခုလုံးအနေနဲ့ Failure ဖြစ်ဖို့ Probability က 1/100000 (တစ်သိန်းပုံ တစ်ပုံ) ပဲ ရှိပါတယ်။ Ref: Reinforced Concrete Mechanics & Design by James K. Wight & James G. MacGregor Design of Concrete Structures by Arthur H. Nilson Introduction to Design for Civil Engineers by R. S. Narayanan and A. W. Beeby (ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system