Saturday, October 18, 2014

Shear Wall Basic Detailing


 
*Shear Wall Basic Detailing*

Shear Wall ရဲ့ Vertical Main
Steel က အတွင်းမှာ ရှိရပါတယ် ...
သူ့ကိုပတ်ထားတဲ့ Stirrups/ Ties
တွေက အပြင် က ပတ် ရပါတယ်

မျက်စိထဲမြင် အောင် ပြော ရ ရင်
Column ရဲ့Main Steel ကအတွင်းပါ
ပြီးမှ Ties ကွင်းကိုပတ် ရသလိုပါပဲ

Design Knowledge မပြည့်ဝတဲ့အခါ
Shear Wall ရဲ့Vertical Steel တွေ အတွင်းအပြင် မှားချည်တတ်ပါတယ်
(Ground Tank Wall နဲ့မှားတာပါ)

အမှားခံလို့မဖြစ်ပါဘူး .. [Mostly]
Shear Wall ပါတယ်ဆိုကတည်းက
အဲ့ဒီ Structure က ငလျင်/ မုန်တိုင်းကို
အဓိကစဉ်းစားထားရလို့ပါ ...
(135°seismic hook ပါသုံးရပါတယ်)

Steel/Rebar မှားချည်ထားမှတော့
ငလျင် သာ တကယ်လှုပ် ရင်
မ တွေးဝံ့စရာပါပဲ ... သံချောင်းပါတိုင်း
ခိုင် တာမဟုတ်ပါဘူး ...

ပြောင်းပြန်စဉ်းစားကြည့်ပါ
Cantilever Beam တစ်ခုမှာ
Top Steel/ Bottom Steel တွေကို
အပြင် မှာ ထားပြီး Stirrup ကွင်းတွေကို
အတွင်းက နေ ချည်ကြည့်ပါ ..

တကယ့် Force လဲ သက်ရောက်ရော
ချုပ်မယ့် စတားကွင်းတွေကအတွင်းမှာ
ဖြစ်နေ တော့ Main Steel ကအထိန်းမရှိ ပွင့်ပြီပေါ့

Shear Wall ဆိုတာ
အ ဆောက်အဦရဲ့Foundation က နေ
ဟိုး Roof Top Level ထိပါတဲ့ Wall ပါ

တနည်းအားဖြင့် (G.L)မြေကြီးမှာ
Fixed ဖြစ်နေပြီး (ပုံမှာပြထားသလို)
အ ပေါ်မှာ Supporting မရှိပဲဝဲနေတဲ့
Cantilever Beam ပုံစံပါပဲ ...
(ပုံကို အတည့်မကြည့်ပဲ ...
90° လှည့်ကြည့်ပါ)

Lateral Force တွေသက်ရောက်တဲ့ဖက်က
Tension Zone ... တစ်ဖက်က
Compression Face ပေါ့ဗျာ
ဒါပေမယ့် ငလျင် ဆိုတာ ဘယ်ဖက်က
လာမယ်ဆိုတာ မသိနိုင် တဲ့အတွက်
Face နှစ်ဖက်လုံးကို Identical Steel
အတူတူထည့်ပေးထားမှ စိတ်ချရပါတယ်

အဲ့ဒီ Vertical Steel/Rebar တွေ
မှားရင် တော့ မ တွေးရဲစရာပါပဲ
မှားတတ်တာက Under-ground Tank
Steel Detailing ဆင် နည်းနဲ့ပါ ...

Ground Tank နဲ့ Retaining Wall တွေက
အလွယ်ပြောရ ရင် Floor Slab တွေကို
ထောင် ထားသလိုပါပဲ ... ဒီတော့
Slab သံချောင်းဆင် သလို Vertical
Main Steel က အပြင် .. Horizontal
Distribution Bar တွေက အတွင်း ..
မှန်ပါတယ် ... Action တူတယ်လေ

ဒါပေမယ့် ... သိထားရမှာက
Storey တစ်ထပ်စာ/နှစ်ထပ်စာပဲရှိတဲ့
Ground Tank Wall တွေ
Retaining Wall တွေဆိုတာ
Shear Wall မဟုတ်သလို ...
သံချောင်းပါတိုင်း Shear Wall လို့
ပြောလို့မရပါဘူး ....

Paper Work မှာ Design မှန် ရုံနဲ့
Structure တစ်ခုမခိုင် ခန့်နိုင် ပါဘူး
Construction Procedure မှန်မှ
အ ဆောက်အဦတစ်ခု Servicibility
အပြည့်အဝ အာမခံနိုင် မှပါ ...

ကျနော့် ဆရာထိုက် ရဲ့စကားအတိုင်း
Design တွက်တာက တွက်တာတစ်ပိုင်း
Detailing (Steel ထည့်တာက) ထည့်တာတစ်ပိုင်းပါ

R.C ရဲ့အသက်
Reinforcement တွေ
သူ့နေရာနဲ့သူရှိကြပါစေဗျာ

Reference:Design of Concrete Structures
14th Edition, Arthur H.Nilson
page 628, 18.4-Shear Walls

Horizontal Forces acting on buildings,
e.g., those due to wind or seismic action,
can be resisted by different means.

However, when heavy horizontal
loading is likely, such as would
result from #earthquake, R.C
shear walls are used.

These shear walls, in turn, act as
#cantilever beams fixed at their base
to carry loads down to foundation.

They are subjected to
(1)a variable shear
which reaches maximum at the base
(2)a bending moment
which tends to cause vertical tension
near the loaded age and
compression at the far edge
(3)a vertical compression
due to ordinary gravity loading
from the super-structure.

To allow for reversal of load,
identical reinforcement is
provided for both faces of wall.

Minimum Steel Ratio,p=0.0025
Maximum Spacing for
Horizontal Bars <18", 3h, or
Length of Wall/5
Maximum Spacing for
Vertical Bars <18", 3h, or
Length of Wall/3

မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
အချိန်ပေးပြီးဖတ်တာ ကျေးဇူးပါဗျာ
Aung Myat Thu
Civil(TU-Taunggyi)
YE(MES-Taunggyi)

11:51PM, 15-10-2014
millimetretaunggyi@gmail.com
https://www.facebook.com/millimetretaunnggyi

0 comments:

Post a Comment

Disqus Shortname

Comments system