Friday, October 31, 2014

အယူအဆအလွဲများ(၁၅)

Slab သံချီရာတွင် မှားယွင်းနေခြင်း
Slab တစ်ခုမှာ Support မှာ Top steel လိုပြီးတော့ Span မှာကြတော့ Bottom steel လိုပါတယ်။ ဒါကြောင့် သံချီရာမှာ support နားမှာ ဟိုဘက်ဒီဘက် L/4 - L/3 လောက်စီ Top bar ကို Cutoff bar (ကုပ်စီးဘား) အနေနဲ့ ထည့်ကြလေ့ရှိပါတယ်။


ဒါပေမယ့် ဒီနေရာမှာ မှားနေကြတာက Slab တစ်ခု (သို့) တစ်ကွက်ကို စဉ်းစားကြရာမှာ ပုံကလို Column ကို 20' လောက်စီရှိပြီး Main beam တွေအလယ်မှာ Secondary beam ထပ်ကွက်ထားတဲ့အခါ Slab ကို တိုင်နဲ့ကြည့်ပြီး Main Beam ပတ်လည် 20'ကျော်လောက်ကို Slab တကွက်အနေနဲ့ ယူဆပြီး Cutoff bar (ကုပ်စီးဘား) ကို Main beam ပတ်ပတ်လည်ကနေပဲ ထည့်ပြီး လုပ်နေတာတွေပါ။


အမှန်က main beam ဖြစ်စေ Secondary beam ဖြစ်စေ ပတ်လည်ရှိနေတဲ့ 10' လောက်ရှိတဲ့ slab အကွက်တွေကို တစ်ခုချင်း စဉ်းစားရမှာပါ။ ဒါကြောင့် Beam (Main or Secondary) ပတ်လည်မှာ  Cutoff bar (ကုပ်စီးဘား) တွေထည့်ရမှာဖြစ်ပါတယ်။
ပုံမှာ အပြာနဲ့ဝိုင်းပြထားတာတွေမှာပဲ Cutoff bar (ကုပ်စီးဘား) တွေထည့်ထားပြီး အနီနဲ့ဝိုင်းပြထားတဲ့နေရာတွေမှာ မပါတာကို တွေ့ရပါလိမ့်မယ်။
ဒီအမှားတွေကို တော်တော်များများ မှားနေကြတာကို တွေ့နေရပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system